Khine Soe Lung ၏ ထမင်းစားပွဲဝိုင်းကိုကြည့်ပြီးသော အခါ သူသည် ရန်ကုန် ထမင်းဝိုင်းကို သတိရလေသည်. ထိုဝိုင်းမှာ မမျှော်လင့်သော ဝိုင်းဖြစ်သည်. အိမ်မှ မထွက်ဘဲ ပျင်းရိစွားဟိုဘက် လှည့် ဒီဘက်လှည့် နေသောသူသည် မနက်ခင်းနှောင်းပိုင်းတွင် ထွက်ဦးမှပါဟို စိတ်ကူးကာ သူငယ်ချင်းထံသို့ဖုံးဆက်သည်. ထမင်း စားချိန်ရောက်ပြီ မို့ ထမင်းစားရန် ထမင်းဆိုင်သို့သွားသည် ဆိုသော် ရန်ကုန်တွင်နေပြီး ထမင်းကောင်းကောင်းမစားရသောသူသည် စိတ်ဝင်စားကာ လိုက်သွားသည်.
ထိုနေရာသည် ရွေဂုန်တိုင်တွင် ဖြစ်သည် နာမည်ကြီးဆေးရုံနင်က မလှမ်းမကန်းတွင် ဖြစ်သည် သူငယ်ချင်း တို့ကားနင့်သူ့ကားသည် မရှေးမနောင်းရောက်သည်။
ထမင်းဆိုင်သည် လမ်းမကြီးပေါ်၏မြေညီထပ်တွင်ရှိသည် ထမင်းဆိုင်ဆိုမှတော့မြေညီထပ်တွင် ရှိသင့်သည်ပေါ့. မှန်ပေသည်. ဟင်းများ အမျိုးအမည် စုံလင်သည် အပြင်တွင် တခန်း အတွင်း တွင် တခန်းရှိသည် အတွင်းခန်း တွင်ရျိသော သူငယ်ချင်း ထံလိုက်ဝင်သွားသည် စားနေကြပြီ ရောက်ရာအရပ်မှ လိုက်စားရန်ဖြစ်သည်။ စုံလိုက်သည်မှ ဘာစားရမည်ကို မသိ.. good eater ဖြစ်သောသူသည် ထမင်းကို မကြာခဏ ထည့်သည် ဟင်းကို မကြာခဏယူသည်. ဟင်းရည်သောက်သည်. ဒါတ်ပုံကိုတယ်လီဖုံးကင်မရာနင့်ခိုးရိုက်သည် စားနေသူများမရိပ်မိချေ.။
လက်ဘက်ပန်းကန် တို့စရာပန်းကင်များပြင်ဆင်ထာုး့ပုံ့မှာအားရစရာဖြစ်သည် စားပင်မစားရက် အလှပျက်သွားမှာစိုးမိသည်.
ကောင်းခန်းမှာ အခုမှစသည်.။ သမီး သူ့ကိုသိလား ဟု ဆိုသောအမေးကို ဘယ်လိုဖြေရမည်မသိ. မသိသည် ကို မသိဟုဖြေရမည်ကို အားနာလှသည်။ ရောယောင်ချရင်းဖြင့်သိသွားသည်. .သူစကားပြောသည် ကို နားထောင်ခဲ့ရသည်။ သူ့ကဗျာ ကို ဖတ်ခဲ့ရသည်. ရေးပြီး အများမဖတ်ရသေးသောကဗျာကို လည်းဖတ်ရသည်. အရေးလည်းကောင်းပါသည်. ဖတ်ရင်း ငြိမ်နေသော သူ့ကို ကဗျာဆရာသည် ချစ်ခင်သွားပေမည်.


19 comments:
ဟင်...................................
အမှတ်တမဲ့ပေါ့လေ.။
Hi, very Interesting blog you have here... It would be my pleasure if you visit my website too. Here's the link
http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_so
ဒီတစ်ခါလာ ရင် ကိုယ်တိုင်ချက် လက်ရာနဲ့ ဧည့်ခံမယ် :)
အဓိပတိ (ဖြူး) ထမင်းဆိုင်
ခိုးရိုက်တာကလည်း တော်ပါ့.. ဟီး
ကဗျာဆရာတဲ့ အဟတ် :D
ကဗျာဆရာ စောဝေ ???
သမီး သူ့ကိုသိလား......
.
.
.
ဆိုတဲ့ စကားက သဲလွန်စပဲ... ဟင်းဟင်းဟင်းးးး
pifxHk
ပုံလေးတွေမှာ ခလက်ဒစ်လေးတွေ
တပ်ထားတာတွေ့တယ်..း))
အဓိပတိ(ဖြူး)ထမင်းဆိုင်၊ ကဗျာဆရာကိုစောဝေ ရဲ.ဆိုင်ဖြစ်ပါတယ်ညီမလေး။
ဒါ့ပုံတွေမှာ နာမည်လေးတွေထိုးထားလို့ပါလား...။
ကောင်းလေစွဗျား....။
ထူးအိမ်သင်ရဲ့ ချစ်သူငယ်ချင်းကြီးလည်းဖြစ်
ရဲဘော်ရဲဘက်ကြီးလည်းဖြစ်သော
ကဗျာဆရာ
ခဥမ တို့ကတော့ ဘလော့ဂရက်ဖာ ဖြစ်နေပါရောလား။ ဂွတ်ဒ်ပ။
“အလှပျက်မှာစိုးရိမ်၏” :D
သူများစားပီးကုန်သော ပန်းကန်ကို ရိုက်အိ။ လွှတ်တော်ထိ တက်ရပေလိမ့်မည်။
မခင်ဦးမေ ရဲ့ စကားပြေ အရေးအသားတွေ မိုက်တယ် ..။ တိုတို နဲ့ လိုရင်း ပဲ ... ။ Good Eater ဆိုတာလေး သဘောကျမိတယ် ... :)
ခပ်တည်တည်ပဲ...
ပုံတွေသေချာကြည့်သွားတယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)
Hi your blogs looks so impormative and interesting.would you come and visit us back too
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog
ပစ်ပစ်ကတော့ သူ့ကိုမသိဘူး
တို့စရာပန်းကန်ကြီးကတော့
စားချင်စရာမမကွန်ရယ်...
Post a Comment