Sunday, October 14, 2012

11-2



ဆယ့်တစ်ရက်အားလပ်ရက် ရ.ရာ နစ်ရက်ကုန်သွားပီဖြစ်သည် သူမစိတ်မကောင်းပါ. ဆယ့်တစ်ရက်ဆိုသည်မှာ အများကြီးလုပ်လို့ရသည် သူမစိတ်ကူးထဲတွင် ပထမဆုံးနေ့တွင်ပင် လေယဉ်ပေါ်ရောက်နေပြီ ဖြစ်သည် လေယဉ်ပေါ်မှဆင်းသော် တက္ကစီစီးမည် . မည်သူ့မှ လာမကြိုခိုင်းတော့ပါ လေဆိပ်သို့လာလျင် အချိန်ကုန်သည် ဓါတ်ဆီကုန်သည် လူကုန်သည် ကြိုသူအတွက်ပင်ပန်းသည်. သူမ့အတွက်လည်း ထူးမခြားနား. လေဆိပ်အထွက် ကိုယ်ပိုင်ကားလေးဖြင်ကထွ့်သွားရသော်လည်း မထူးဆန်းပါ.။

အငှားကားစီးမည်. အိမ်ရောက်မည် အထုတ်များချမည်. ချပြီးသည်နင့် ယဉ်မောင်းလိုင်စင် မှတ်ပုံတင် ကြိုထည့်ထားသောအိတ်. သူမ ကြိုသိမ်းထားသော ပိုက်ဆံတစ်သိန်းဖြင့် ထိုတသိန်းသည် ယူလာရာယခုအခါ နစ်ပေါက်တော့မည်ဖြစ်သည် အထွက်တွင် ဟင် ဒါတွေ ဘာလုပ်ဘို့လဲ မေးသူများကို အပြန်မှာ လာကြိုမဲ့သူမရှိဘူးအေ့. အဲသလောက်တော့ပါမှပေါ့တော် ဟု ဆိုလာကာ ယူလာခြင်းဖြစ်သည်။

မြို့ထဲသို့သွားမည် ပန်းဆိုးတန်းတွင်ကားထိုးမည်. ဟိုလျောက်ဒီလျောက်လျောက်မ်ည် သို့မသဟုတ် အစ်မ အလတ်အိမ်သို့အရင်သြွးမည်. ပြီးလျင် ထိုအိမ်တွင် ဖျာခင်းကာ လဲလျောင်းရင်တူ. တူမ များအားကြည့်ကာ့ ပီတိဖြစ်မည်။ မြန်မာပိုင်းအစီအစဉ်းကြည့်ပြီး ..... သူမတူသည် သူမအားချစ်သည် စကားမပြောသော်လည်းအနားတွင် ထိုင်ကာ အိမ်စာလုပ်တတ်သည် ။ အငယ်မကာတော့အခန်းတစ်ခါးပိတ်ကာ သီချင်းနားထောင်နေမည်ဖြစ်သည်။  ကြည့်ချင်သော်ခေါ်ကြည့်ရသည်။ မိုးချုပ်လျင် ခင်မောင်သိန်းထွန်းဝင်းအားလျင်တရုတ်တန်းတွင်အအေးသောက်ကာ ခေါက်ဆွဲကြော်စားကာ. သို့မဟုတ် ပြည်သူ့ဥယသ်နား ကားထိုးက သောင်တင်ယဉ်မရများပြောမည်။ သန်းကောင်းတွင်  ပြန်လာမည်. အိမ်သို့ဝင်ကာ ပါလာသောပစညမ်းျားထုတ်မည်. မည်သို့မည်ပုံဝေပု့ချရမည်နည်းစဉ်းစညးမည် အိပ်မည်။ ကြောက်သောကြောင့်ခလေးမတစ်ယောက်အားအနားတွင်ထားကာ အိပ်မည်။

မိုးလင်းသော်ကော်ဖီသောက်မည်။ ပစည်မျးာက ထုတ်ကာ သော်လည်းကောာင်း အစ်မအကြီးအား ဖုံးဆက်ခေါ်ရွေ့သော်လည်းကောင်း ညီအစ်မနစ်ယောက် ပစည်းပုံများထဲတွင်ရွေးချယ်ကာသောင်တင်ရေမရများပြောကြမည် နေ့လည်တွင် အပြငထွက်ာ စားမည်. ညနေတွင် ဆူးလေဖက်လျမ်းသလားမည် မောင်လေးမိသားစုနင့်တွေ့မည်. ရည်းစားများသော . စာတော်သော တူကိုလည်း ကြည့်ရဦးမည်။ အမျိုးများအိမ်သို့လည်ပတ်မည်။

ဤသို့ဤပုံနေပြီးသော် တစ်ရက်နစ်ရက်အကြာတွင် သူမသည် အဝေးပြေးကားပေါ်သို့ရောက်နေပြိဖြစ်သည်. ထိုမှ တစ်ဆင်ကသွားလိုရာမြို့များသို့ဆက်လက်သသွာမည် ဖြစ်သည် သည်တစ်ခါ စိတ်ကူးသည်မှာ တောင်ကြီးဖက်ဖြစ်သည်. အင်းလေးဘက်ခြေဆန့်မည်. ပြန်လျင် မန်းဒလေးတွင်သူမဘော်ဒါအသစ်များရနေပြီဖြစ်သည် ယခင်ကမသိသောကြောင့်ဝင်မလည်ရချေ. ယခုသော်မန်ဒလေးမောင်လှတို့သခင်ကြီးတို့ကိုမြင်ရပေတော့မည် ပျော်စရာကြိးပါပေ.

စိတ်ကူးယဉ်သည်စိတ်ကူးယဥင်္ဖြစ်သည်. ထမင်းချက်သည်မပါ. မောင်မပါချေ. :(

7 comments:

မိုးသက် said...

မန်းဒလေး ရောက်မှတော့ ထူးဘူးရယ်.။ ပြင်ဦးလွင်နောက်တစ်ခေါက်ထပ်သွား မမကွန်..။

ရှမ်းပြည်ကတယောက်သောသူ said...

အမ တောင်ကြီး အင်းလေး ပင်းတယ ထမ်စန်းဂူ :lets-go:

Thamee Su said...

မန္တလေးရောက်ရင် ၀င်လည်ဦးနော် မမ

ညိမ်းနိုင် said...

ခုဒါဖြင့်ဘာလုပ်နေသတုန်း.......

Candy said...

စိတ်ကူးထဲလည်း လည်မယ်ဆိုတာချည်းပဲ :D

လရိပ်အိမ် said...

ဪ ရောက်သွားပြန်ပြီပေါ့လေ

Green said...

မန္တလေးရောက်ရင် ၀င်လည်ဦးနော် မမ