Sunday, August 25, 2013

25th August 2013

 



















မနေ့က အတော်ဖျားသည် ထင်သည်တစ်နေလုံးအိပ်ရာထဲမှ သိတ်မထနိုင် ကွန်ပြူတာနင့် အိပ်ရာသာသွားနိုင်သည် ဝမ်းလဲလျောသည်. မသွားစဘူး dinner party တွေ သွားမစားမစားစဘူး dinner party များသွားမိခြင်းကြောင့်ဖြစ်နိုင်သည်။ မနက်ထ ဆေးသောက်ပြန်အိပ် ညနေ ထ ဆေးသောက်ပြန်အိပ် ညနေက အိပ် ည တစ်ခါထ ဆေးပြန်မသောက်ဖြစ် ရေလဲ မချိုးဖြစ်. ထမင်းလဲမစားဖြစ် မနေ့က မနက်က ဘာစားသနည်း အော်ထမင်နင်ဲ ငါခြောက်ဖုတ်ဖြင့်ဖြစ်သည်။ ညနေစာမစေားဖြစ်ရာ ထမင်းများပိုသွားသည်။ ပိုသွားတော့ဘာဖြစ်သနည်း ထမင်းကြမ်းဖြစ်သည်ပေါ့.

ညတစ်ရေးနိုး ပြန်သည် ချမ်းသည် အတော်ချမ်းသည် စောင်အထူကြီး ကို ကုန်းကောက်  (ကုတင်အောင်ရောက်နေ) ကို ဆွဲခြုံက အချမ်းဒဏ် တွန်းလှန်ရသည် မီးယပ်ချမ်းဟုခင် ဆိုချင်သညအလကားနေရင်းထချမ်းခြင်းဖြစ်သည် ချမ်းသည်မှ အေးစက်တုန်နေအောင်ချမ်းသည် စောင်အမထူကြီးမရှိလျှင် မသက်သာ.

မနက်မိုးလင်းတော့တအိမ်လုံးတိတ်ဆိနေသည် မနက် ရှစ်နာရီဃခွဲဖြစ်သည် ဘာနေ့ပါလိမ့်ကိုယ့်ဘာသကိုယမ်မရေရာ တစ်နဂ်နွေလား တစ်နလာလား.။ တစ်ယောက်ထဲနေသညမ်မှာ ဂွကျလှသည် သို့သော်လည်းအနေကြာသော် သူများနင့်မနေချင်တော့ကိုယ့်ဘာသာကာ ကောင်သည် ဆိုးသည် တစ်ယောက်ထဲနေချင်တော့သည် မောင်သာအနားမှာရှိလျှင်တော့မောင်နင့်နေမည်ပေါ့ မောင် အိမ်မှာမရှိလျေင်တော့လဲ မည်သူနင့်မျှ မနေချင်ပေ။

ပြောသာပြောရဥည် ခြေထောက် နာတုံးကတော့ညီမလေးတစ်ယောကို အကူအညီတောင်းက တစ်ပါတ်ခန့်အိမ်လာနေခိုင်းရသည် မည်သို့ပင်မာစေကာမူ နေမကောင်းလျှင်တော့စိတ်ကျသည်သာ သူလေးကို မြင်လျှင် အားတက်ရသည် အိမ်သည နဲနဆြူညံကာ အသံထွက်ရသည် သက်သာလာလျှင်တော့ညီမလေးကို သူ့အိမ်သူပြန်ခိုင်းလိုကသည် မချစ်သည်တော့မဟုတ် တစ်ယောက်ထဲနေသားကျနေခြင်းဖြစ်သည် အိပ်ချင်း စားချင်းများကို သူများနင့်ညှိစရာမလိုချေ.

ယနေ့သည် ခြေထောက်အနာ လုံးဝကောင်းသွားသော တစ်လနင့် ၂၅ ရက်ကြာသော နေ့ဖြစ်သည် ယခုလောက်ကြာမည်ဟု သူမမျှော်လင့်မိ ဆီးချိုမရှိသည်ကိုတောင် တစ်လေကြော်ကြာလေရာ ဆီးချိုရှိသူများအတွက် မတွေးဝံန့ဘာာဘဲပြောပြောလူနာတွေ ရဲ့ ဘက်က ခဏဝင်ကြည့်ဘူးသွားသည်။ ဘုရားစာ နားထောင်ရမှန်းသိလာသည် အမြတ်ဘဲပေါ့။

ယနေ့သည် တစ်နင်္ဂနွေ ဖြစ်ကြောင်းကို ကွန်ပြူတာမှ ၂၅ ရက် တစ်င်္ဂနွေ ဆိုသည် ကို အတည်ယူရသည်.။ အလုပ်သွားရလွန်းသောကြောင့်အလုပ်မသွားရလျှင် တေကြာင်တောင်တောင်ဖြစ်နေသည် ဒီနေ့မှ ရုံးတက်ရမလို အလုပ်သွားရမလို မသွားရသည်ကို မယုံနိင်သလိုဖြစ်သည်။

ထမမင်းကို ကြက်ဥနစ်လုံးဖြင့်ဆားအချိုမှုန့်အနည်းငယ်ကာ ပဲပြုတ် freeze ထားသည်ကို ဖဲ့ချကာ အိုးထဲထည့်ကာ ချေလိုက်သသည် (အိုဗင် မဝယ်ရသေး). ဒါဘဲပေါ့ သံပရာသီး ရှိသည်ကို ပျင်းရိစွာ အချဉ်ထမလုပ်ချငမျက်စထေဲ့တှောုမမြင်ယောင်သား ကြက်သွနန်နီ ဥကွန်းနင့် သံပုရာသီးညှစ်လိုက်လှင် ပိုအရသာ ရှိသွားည်ြပေါ့ နေပါစေ ပျင်းရိလှသည်။

Nyi Linn Thit ဖဘကနေ ဘလော့ ကို သွားဖတ်မိလျင်တော့ကိုယ်တို့ဘလော့ခတ်ကလေးကို လွမ်းချင်လှသည်. ခဥမတို့ကြီးပွားခဲ့စဥင်္ကပေါယေ့ခုတော့ခြောက်ကပ်ကပ်ဖြင့် . သို့သော်လည်း ဘလော့ပြတ်သွားသည်ကို ဝမ်းသာမိသည်။ နဲနဲတော့ဖတ်သေးသပေါ့ ယခင်ကလေိုတော့မဟုတ်တော့. ဘလော့ဖြင့်အချိန်ကုန်ခဲ့သည်များကို နမျောတသလှသည် ဘဝတွင် နစ်ခါပြန်မရနိုင်သောအချိန်များဖြစ်သည်. ကွန်မက်မျာကို ကြည့်လိုက်လျှင်တော့လဲ စိတ်မကောင်းမိ.

ခင့်ကို ချစ်လှသည် ဆိုသော သူများသည် စိမ်းကားသွား၏. စိမ်းကားသွားသောသူများကို ခင်အပြစ်မဆို. ကိုယ့်ဘဝကိုယ်သာ အပြစ်ဆို၏. တစ်ယောက်သွားသော် နစ်ယောက်လာမည်ဟု မဆိုလို ခင့်ကို ချစ်သူများစွာ ရှိလှသည် မချစ်တော့သူများကို ချစ်ပါရန် ပြောလို့မရ..။

ဒါပါဘဲလေ. လောကကြီး နောက်ဆုံးတော့ကိုယ့်ဘာသာကိုသာ ရပ်တည်နိုင်ဘို့ကြိုးစားရသည်. ငိုနေသူများကို လူအများစိတ်ကုန်ကြသည် ပျော်ရွင်နေသူများကို ချစ်ခင်ကြသည် အောင်မြင်သူများကို လူဝိုင်းသည်။ မိမိကိုယ်ကိုသာ စောင့်ရှောက်ရာသည်။

5 comments:

Anonymous said...

ချစ်စရာ ရိုးစင်းတဲ့ အရေးအသားလေးတွေက အေးအေးချမ်းချမ်းရှိမှုကို ပြနေပါတယ်လေ။ ဘ၀က နေတတ်ရင် ကျေနပ်စရာကြီးပါ။

Aunty Tint said...

င်္ဖေ့ဘုတ်မှာဖတ်ခဲ့ပြီးပြီး ရေးထားတာ သဘောကျလို့ ဘလော့မှာ တစ်ခေါက်ပြန်လာဖတ်တာ :)
ကွမ်ပြောသလို.. ပြန်မရနိုင်တော့တဲ့ အတိတ်ကာလလေးကို တွေးမိတိုင်း ကြည်နူးမှုလေးများနဲ့အတူ ခြောက်သွေ့သွားတဲ့ ဘလော့လောကကြီးကို နှမြောမိတယ် ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီလင်းသစ် said...

ဘလော့ဂ် လောကကြီးက တိတ်ဆိတ် ခြောက်ကပ်သွားတာ မှန်ပေမယ့် အခုထိတော့ ချစ်ခင်စွာနဲ့ တွယ်ကပ်နေမိ တုန်းပါပဲ..၊း) အရှိန်အဟုန်ကြီးစွာနဲ့ ရေးခဲ့ဖူးတဲ့ အစ်မခင်ဦးမေတို့လို ဘလော့ဂါတွေ (နည်းနည်းပဲဖြစ်ဖြစ်) ဆက်ရေးနေသေးတာ ဝမ်းသာမိတယ်၊

အမြဲတမ်း ကွန်မန့် မချန်ဖြစ်ပေမယ့် ဟောဒီဘလော့ဂ်လေးကို စိမ်းကားသွားသူတွေထဲ ကျနော် မပါ,ပါဘူးဗျာ...။း)

Anonymous said...

Ma Ma,

Be strong.

Candy said...

နောက်ဆုံးပိုင်းလေးတွေ အရမ်းမှန်တာပဲ...