ုkom ၏ ဖြစ်ကတတ်ဆန်းမှူကိုကော်ဖီဖျော်ခြင်း တွင် ထင်ရှားစွာတွေ့ နိုင် သည်. တွေ့သောခွက် တစ်ခုကိုကောက်ဆွဲ့ကာ တွေ့သောပန်းကန်ကိုအောက်တွင်ခံရွေ့ ကော်ဖီမစ်အထုတ်ထဲသို့ နက်စ်တစ်ထုတ် ထပ်ထည့်သည်. ရန်ကုန်တွင်နေပြီးကော်ဖီမစ်ကို နံနက်စာစားရသည်မှာတော့ စိတ်နာစရာကောင်းလှသည်။ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ နံပြား စမူဆာဖြစ်သင့် သော်ငြားလည်း မဖြစ်သည်ကိုတော့ စိတ်မကောင်းသော်လည်း မတတ်နိုင်ချေ။ ကော်ဖီသောက်ရလျှင် မဆိုးလှ။
မနက်လမ်းထွက်သောအချိန်သည် နေ မြင့်နေပြီဖြစ်သည်. ရွေဂုံတိုင်မီးပွိုင့်သည်ကားအားကြီးကြပ်သည်။ သမတရုံပ်ရှင်ရုံသို့တက်သောလမ်းသည်လည်းကြပ်သည် ကျောင်းဆင်းချိန် နင့်မကြာခဏတိုးလေရာ ကားနင့်ပို့ကြိုသော မိဘများကို ငြိုငြင်မိလေသည်။ ကြပ်သည်မှာနေရာတိုင်းတွင်ဖြစ်သည်. မြို့ကြီးဖြစ်ရွေ့ကားကြပ်သည်ကို မညည်းညူသင့်ချေ။ သို့သော်လည်းကားပြန်မောင်းသည်မှာ မကြာသေးသူဖြစ်ရွေ့ စိတ်ညစ်ရလေသည်.။ ကုန်းမြင့်များကို half ကလပ်မသုံးချင်ရွေ့ရှောင်မောင်းသည်. မောင်ကတော့ဘရိတ်နင့်လီဗာကို လျှင်မြင်စွာပြော့င်းုနိင်သူဖြစ်ရွေ့ half ကလပ်သိတ်မလိုဟု ကြွားဝါသည်. သူမသည်လည်း ကြွားဝါနိုင်သူဖြစ်သော်လည်း အသာငြိမ်နေရသေးသည်. လက်ရည်ကျ၏။
ဒလသို့သွားမည်မှန်းသည်။ မည်သို့သွားရမည်နည်း. ကမ်းနားအတိုင်းဆင်းရွေ့ ပန်းဆိုးတန်းရောက် လျှင် ရောက်ပီဆိုသည်. ပန်းဆိုးတန်းရောက်လျှင် ဆိပ်ကမ်းဘက်သို့ကွေ့ရန်ဖြစ်သည် မီးပွို့င့်ရှိသည်. ကွေ့ချင်တိုင်းမကွေ့ရ. မီးနီလျှင်စောင့်ပါ. မစောင့်လျှင် ခက်မည်။
လက်မှတ်ဝယ်သည်. ငါးဆယ်ကျပ်ဟုထင်သည်.။ သဘောင်္စီးရမည်။ စောင့်ပါ.သိတ်တော့မစောင့်ရ. ခဏလေးသာစောင့်ရသည်။ စောင့်ချိန်တွင် rest room ၀င်ချင်သည်မှာ ရောဂါစိတ္တဇဖြစ်သည်. သွားလေရာ rest room များမှာ ငါးဆယ်ကျပ်. သို့မဟုတ် တစ်ရာကျပ်ဖြစ်သည်. ငါးဆယ်ကိုပေးနိုင်သော်လည်း တစ်ရာကျပ်ကို နဲနဲနမျော၏. အသုံြး့ပုချိန် ငါးမိနစ်ခန့် ကို တစ်ရာကျပ်မှာများသည်ထင်၏.။ အများသုံးဖြစ်ရွေ့အချို့နေရာများကိုသည်းခံရ၏။ kom အတွက်တော့ပြသာနာမရှိချေ။ အချို့သောသူများမှာ အများသုံးကို မခံနိုင်သောကြောင့် ခရီးထွက်ရန်ခက်နေသူများရှိ၏။
လက်မှတ်ဝယ်သည်. ငါးဆယ်ကျပ်ဟုထင်သည်.။ သဘောင်္စီးရမည်။ စောင့်ပါ.သိတ်တော့မစောင့်ရ. ခဏလေးသာစောင့်ရသည်။ စောင့်ချိန်တွင် rest room ၀င်ချင်သည်မှာ ရောဂါစိတ္တဇဖြစ်သည်. သွားလေရာ rest room များမှာ ငါးဆယ်ကျပ်. သို့မဟုတ် တစ်ရာကျပ်ဖြစ်သည်. ငါးဆယ်ကိုပေးနိုင်သော်လည်း တစ်ရာကျပ်ကို နဲနဲနမျော၏. အသုံြး့ပုချိန် ငါးမိနစ်ခန့် ကို တစ်ရာကျပ်မှာများသည်ထင်၏.။ အများသုံးဖြစ်ရွေ့အချို့နေရာများကိုသည်းခံရ၏။ kom အတွက်တော့ပြသာနာမရှိချေ။ အချို့သောသူများမှာ အများသုံးကို မခံနိုင်သောကြောင့် ခရီးထွက်ရန်ခက်နေသူများရှိ၏။
သဘောင်္ဆိုက်၏. လူအများနင့်ရောကာ ဆိပ်ခံဘောတံတားအတိုင်း ဆင်း၏။ ပျော်ရွင်၏. ဟိုကြည့်ဒီကြည့်ကြည့်သည်။ လူများကိုကြည့်သည်။
အပေါ်ထပ်သို့တက်၏။ အများထိုင်ရန် ခုံတန်းကလေးများရှိသော်လည်း အခပေးခုံသေးသေးလေးများရှိသည်။ တစ်ဆယ်ကျပ်ဟုထင်သည်. ခုံလေးတစ်ခုဆွဲထိုင်သည်။ သက်တောင့် သက်သာရှိ လှသည်။ ဈေးသည်ကလေးများဈေးလာရောင်းကြသည်. လက်သည်းညှပ်မပါလာသောကြောင့် လက်သည်းညှပ်ရန်ရှိရာ. ဝယ်ရန်စိတ်ကူးသဖြင့်ဈေးမေး၏. ခြောက်ရာကျပ်ဟုထင်သည်. ၀ယ်မည်လုပ်ပြီးမှ အသစ်မှ ဟုတ်ရဲ့လား သူများတွေများညှပ်ထားသေးဦးမလားဟု ဈေးရောင်းသူကလေးကိုမေးမိရာအသစ်ပါ ဟုဖြေသည် စိတ်ထဲ အင်း . ဆိုင်ကြီးမှ ဘဲဝယ်ပါတော့မယ်လေဟုစိတ်ကူးကာမဝယ်သေးဟု ဆိုလိုက်သည်.
ပြီးကာမှ စိတ်မကောင်းဖြစ်ကာ ငါသည် သူများကိုစိတ်ထိခိုက်အောင်လုပ်မိနိုင်သည်ဆိုပြီး အပြန်တွင်ထိုသူကိုရှာရွေ့ပြန်ဝယ်သည်. ရောင်းသူနစ်ယောက်ရှိရာမည်သူ့ကိုမေးပြီး မည်သူ့ ထံကဝယ်မိသည်မသိချေ။ နောင်တွင်ဆင်ခြင်ရမည်။ အိမ်ရောက်မှ ညှပ်ပါမည် သိမ်းထားလိုက်သည်။
ပြီးကာမှ စိတ်မကောင်းဖြစ်ကာ ငါသည် သူများကိုစိတ်ထိခိုက်အောင်လုပ်မိနိုင်သည်ဆိုပြီး အပြန်တွင်ထိုသူကိုရှာရွေ့ပြန်ဝယ်သည်. ရောင်းသူနစ်ယောက်ရှိရာမည်သူ့ကိုမေးပြီး မည်သူ့ ထံကဝယ်မိသည်မသိချေ။ နောင်တွင်ဆင်ခြင်ရမည်။ အိမ်ရောက်မှ ညှပ်ပါမည် သိမ်းထားလိုက်သည်။
ထိုင်ခုံတွင်ထိုင်သည်ငေးမောသည် ရေတွေ ကိုကြည့်သည် တိမ်တွေ ကိုကြည့်သည်.
လူစည်သည်။ ဓါတ်ပုံရိုက်လျှင်လူမပါအောင်ရှောင်ရိုက်သည်.တတ်နိုင်သမျ. မိမိကို ဓါတ်ပုံရိုက်လျင် ခွင့်မတောင်းဘဲရိုက်လျှင်မကြိုက်သူဖြစ်ရွေ့သူများကိုလည်းတတ်နိုင်သမျမရိုက်ချေ.။ တစ်ခါက ဖုံးနံပါတ်ချင်းအမျိုးသမီးတစ်ဦးနင့်ဖလှယ်ရာ ထိုအမျိုးသမီး၏ဖုံးနံပါတ်ကို မှတ်၏. ထိုသူသည် မိမိနံပါတ်ကို မှတ်ကာ သူမ၏ အိုင်ဖုံးဖြင့်မိမိကို လှမ်းချိန်ကာ ဖတ်ကနဲဓါတ်ပုံရိုက်သည်. စိတ်ဆိုးသည်မှာပြောစရာမရှိချေ. စိတ်ထဲမှဆဲဆိုလိုက်သည်မှာလည်းစုံသွား၏. သူမ၏ဖြေရှင်းချက်မှာ မိမိဖုံးဆက်လျှင် မိမိ ဓါတ်ပုံပေါ်လာမည်ဖြစ်သောကြောင့်ရှင်းပြ၏။ ပက်သက်ရာပက်သက်ကြောင်းဖြစ်ရွေ့ သည်းခံကာ ထိုသူမ၏ ဖုံးကို တစ်ခါမျှ မဆက်ချေ. မိမိအလိုအရဆိုလျှင် ထိုပုံကို ဖျက်ခိုင်းလိုက်မည်ဖြစ်သည.် ဤတစ်ခါသာ ဤအပြုအမူကိုမြင်ဘူး၏. ခွင့်တောင်းလျှင်လည်းငြင်းဆိုမည်သာဖြစ်သည်။
မိုးဖွဲကလေးများရွာလာရွေ့ အနောက်သို့ဆုတ်ထိုင်ရသည်။ မိုးစက်ကလေးများပက်ဖြန်းလာသည်ဟု ကဗျာဆန်စွာတွေးနိုင်သည်.လှသောရှူခင်းတစ်ရပ်ပေ.ရှုခင်းအသစ်အဆန်းလေးများမြင်ချင်ပေသည်။ သို့မို့ကြောင့်ခရီးထွက်ခြင်းကို ခုံမင်ကြခြင်းဖြစ်မည်.
ဆိပ်ခံတံတားသို့ကပ်၏.ကပ်သွားပုံမှာအနုပညာတစ်ပါးဖြစ်သည်.ကမ်းနားတွင်လည်းလူစည်၏. ဈေးသည်များထံမှ မုန့်ဝယ်စားလိုသော်လည်း မုန့်ဟင်းခါးတစ်ရာတန်စား လမ်းဘေးအသုတ်ပေါင်းစုံစား တွေ့သမျှစားရာ အန်ပြီး ဝမ်းသွားသည်မှာလေးရက်ကြာသည်မှ နာလံထံစဖြစ်ရွေ့ မစားရဲချေ. ငါးပေါင်ကျ၏. အရည် သာ သောက် နိုင် သည်. မလှူပ်နိုင်. အားမရှိ .ဆေးများသောက် သည်မှာ ဆေးသောက်ကြမ်းသူ ဖြစ်သောကြောင့် မရေတွက်နိင်။
တံတားမှ အပေါ်သို့တက်သည့် ကွမ်းခြံကုန်းသို့ကားခငါးရာဖြစ်သည် လိုက်သွားဦးမည်စိတ်ကူးသော်လည်း မဖြစ်သေးပါဘူးဆိုကာပြန်လှည့်သည်. ကားများကတော့စုံသည် ဘယ်ကို ညာကို ဟု လူခေါ်ကြသော်လည်းခေါင်းထည်းမရောက်ချေ. မုန့်လည်းမစားဖြစ်တော့. အပြန်လက်မှတ်ဝယ်ပြီး သဘော်ပေါ်သို့ကမန်းကတန်းပြန်တက်သည်. နေ့လည်တွင် လုပ်စရာလေးများချိန်းထားတာရှိသည်. သုတ်ချေတင်ရမည်ဖြစ်သည်။
အပြန်တွင် ဟိုကြည့်ဒီကြည့်ကြည့်ကာ လဘက်ရည်ဆိုင်ရှိသောကြောင့်ဝင်ထိုင်သည်. ဟိုမှာဒီမှာကာ ဟိုစားဒီစားလုပ်သည်.
သောက်လို့ပင်မပြီးသေး ဒီဘက်ရန်ကုန်ပြန်ရောက်လာသည်. အတော်မြန်သည်. ဆယ်မိနစ်ခန့်သာစီးရသည်ထင်၏.ထ င်တာတွေ များနေသည် . ဘုတ်အုတ်နင့်လည်းမမှတ်ဖြစ်. စိတ်နင့်သှာမှတ်၏ ဘုတ်အုတ်တစ်ကိုင်ကိုင်လည်းလုပ်မနေနိုင်တော့.သေငှေးဖြစ်သောကြောင့် ဘာစားစား တစ်ထောင်တန်ထုတ်ထားရန်လိုအပ်သည်. ပြန်အမ်းလျှင်ယူ. လိုအပ်လျှင်ထပ်ပေး.............အော် ဘဝသည် အေးချမ်းပေစွ...............အစ်မတို့ဘဲကောင်းပါတယ်ဟု ပြောသူမမှားချေ။
ဘာစားစား တစ်ထောင်တန်ထုတ်ထားရန်လိုအပ်သည်. ပြန်အမ်းလျှင်ယူ. လိုအပ်လျှင်ထပ်ပေး.............အော် ဘဝသည် အေးချမ်းပေစွ...............အစ်မတို့ဘဲကောင်းပါတယ်ဟု ပြောသူမမှားချေ။
