Monday, May 9, 2011

silence

ကမ္ဘာလောကကြီးတိတ်ဆိတ်နေတယ်။ စလုံးကလက်လုပ်လက်စားလေးတွေ အိပ်ကြပလားကွဲ့ဆိုတဲ့ မြို့မေတ္တာခံယူတဲ့သားလေးလဲ ပျောက်နေတယ်။ ပျောက်နေတာတွေ ကတော့အများကြီးပါဘဲ. မလွမ်းလောက်ပါဘူးလို့မပြောနိုင်ပါဘူး လွမ်းရပါတယ်။ ရှိနေတာကိုကျော်ပြီးလွမ်းတယ်လို့တော့ :anr: မဖြစ်စေချင်. ချစ်တာက ချစ်သလို လွမ်းတာကလဲလွမ်းတာဘဲ။

တိတ်ဆိတ်နေတဲ့ကိုယ့်ကမ္ဘာကို janifer lopez နဲ့နှိုးလိုက်တယ်နေ့လည်က channel five မှာကြည့်လိုက်ရတယ်။



အဲဒီသီချင်းကလည်း zzz တို့ကို အမြင်ကပ်နေတဲ့သင်္ကြန်သီချင်းတွေ ထဲကတစ်ပုဒ်ဘဲ. ရန်ကုန်မြို့ကြီးလဲခေတ်မှီပါတယ်။ ချမ်းသာတဲ့သူတွေ အများကြီး ခေတ်မှီတဲ့သူတွေလည်းအများကြီး....ပြန်ကြည့်ရင်သိပါတယ်။ မပြန်ဘဲနေရင်တော့လဲ မျက်ခြေပြတ်ကျန်ခဲ့မပေါ့. janifer lopez လဲပိန်သွားလိုကတာ ဘာမှ မစားဘူးထင်တယ်. ပိုလဲလှလာတယ်။ ကိုယ်လဲမနက်ဖြန်အစားလျော့မှဘဲ အသက်ကြီးလာရင် ပိုဘဲလှချင်လာသလားမသိ. သယ်ချင်းတစ်ယောက်ကတော့အားကြိုးမာန်တက်ထောက်ခံတယ်။ funncy တွေလည်းပိုကြိုက်လာတယ်။ ပြင်ပမှာနေတာရယ် သားသမီးမရှိတာကြောင့်ရယ်လဲပါမယ်ထင်တယ်။ ထင်တာတွေပါဘဲ။


ဖြစ်နိုင်ရင် electronic sale သွားတုံးက TV ရှေ့ချပြီးအက ကျင့်လို့ရတဲ့ အကွက်မှ TV ကလာသလိုလိုက်ကကျင့်နေတဲ့ကောင်လေးကိုကြည့်ပြီး ကိုယ်လဲလိုက်ကကျင့်ချင်ပါသေးတယ်။ အိမ်ထဲမှာပေါ့. အဲသည်မှာတော့ဘယ်ဖြစ်မလဲ. ကိုယ့်ရန်ကုန်ကသယ်ချင်းကတော့ ရေပုံးကလေးဆွဲပြီး. ထွက်တာ သားက မားမားက ရေပက်ဦးမလို့လားဆိုတာနဲ့အရှိန်သတ်သွားသတဲ့. ကိုယ်သာဆိုရင် ပက်မှာဘဲ . ဘယ်သူဘာပြောပြော zz ပြောချင်သလောက်ပြော.။ စိတ်ပျော်ရတယ်ဆိုတာ လွယ်တာမှတ်လို့. ပျော်ချင်တာ ပျော်လို့ရတာမှတ်လို့..




ပင်နီစူလာသွားတာ ချစ်သူတစ်ယောက်ရှိတယ် ဆိုလို့ အပြင်မထွက်ရဲဘဲကုတ်ပြီးပြန်လာရတယ်။ :anr: စိတ်ဆိုးလိုက်တာ..တွေ့တော့ဘာဖြစ်သလဲ. ဘာဖြစ်သလဲ ဘာမှ မဖြစ်ပါဘူး. ကိုယ့်ရောဂါနဲ့ကိုယ် လူတွေ နဲ့မတွေ့ချင်တာ.. ဘယ်နဲ့လုပ်မလဲ. ဒါပေမဲ့ ဒါကလည်းးလူတိုင်းသိတတဲ့လှို့ဝှက်ချက်ကြီးဖြစ်နေပြီ။ တတ်နိုင်သလောက်တော့ဖွက်သေးတာပေါ့. ဘယ်လိုနေနေ ဘယ်လိုရိုက်ရိုက်လှတဲ့ဘလော့ဂါ မမ များလို လှရင်တော့လည်း တို့လည်း လူရှေ့ထွက်ချင်ပါသေးတယ်။ ခုတော့လဲ လေနဲ့ဘဲ ကျယ်နေရသပေါ့.

Sunday, May 8, 2011

snare




ရန်ကုန်သင်္ကြန်တုံးက အသားကုန်ခုန်ခဲ့တဲ့သီချင်းတွေ ထဲကတစ်ပုဒ်ဖြစ်တဲ့ ဂျုံးဂျုံးကျနေပြီဆိုတဲ့သီချင်းပါ. ကိုယ့်ကိုများစောင်းပြောလေသလားလို့ထင်ယောင်ထင်မှား အနေခက်စေတဲ့သီချင်းပေါ့. စိတ်ဝင်စားလို့ ရန်ကုန်ကို လှမ်းမေးပြီးယူကျုမှာသွားရှာတာတွေ့ပါတယ်။ သင်္ကြန်တုံးကသာ နားမထောင်ခဲ့ရရင် ဒီသီချင်းကိုအ စအဆုံးကြည့်မိလိမ့်မယ်လို့အာမမခံနိုင်ပါဘူး. မကောင်းဘူးလို့မဆိုလို. ခေတ်ရေစီးကြောင်းနဲ့ gap ဖြစ်နေတဲ့သဘော.

ဟိုနေရာကိုဂိုး
ဒီနေရာကိုဂိုး. ဟိုဟာစားလိုက်နဲ့ ဒီဟာ စားလိုက်မို့.
အဲဒီလိုကောင်မလေးတွေ ကြိုက်သူမရှိလို့
အခုတော့ ၃၉ ဘိုက်ပူကြီးလို
ဂျုံးဂျုံးကျနေပြီ. ဂျုံးဂျုံးကျနေပြီ.
ဂျုံးဂျုံးကျနေပြီ. ၃၉ ဘိုက်ပူကြီးလို
ဂျုံးဂျုံးကျနေပြီ. ဂျုံးဂျုံးကျနေပြီ.
ဂျုံးဂျုံးကျနေပြီ. ၃၉ ဘိုက်ပူကြီးလို

ထူးဆန်းတာက ဒီသီချင်းလိုမျိုးသူတို့နစ်သက်တဲ့သီချင်းတွေ ထွက်လာတာနဲ့ အားရပါးရလိုက်ဆိုကြတာရယ်. စာသားတွေအားလုံးရကြတာရယ်. စာသားတွေ ကိုကြည့် ဒီလောက်ခက်တာ ဘယ်လိုအလွတ်ရကြသလဲမသိ. ဝါးချရတာ ကိုယ့်အပြစ်မဟုတ်ဘူး.

ဂျုံးဂျုံးကျနေပြီ. ဂျုံးဂျုံးကျနေပြီ. ဆိုတဲ့နေရာမှာ မတိုင်ပင်ရဘဲနဲ့အားလုံးကခြေကို စုံပြီး ခုန်ကြတာရယ်. ကိုယ်ပါဝင်ခုန်ပြီး ပျော်ခဲ့ရတာရယ် ယုံနိုင်ကြမှာမဟုတ်ဘူး။ ကိုယ်လဲမယုံနိင်ပါဘူး။ dementia ရနေပြီလားတောင်တွေးမိတယ်။

Friday, May 6, 2011

ပေါ်လီကွန်




ခဥမ သည် အန်မတန်စိတ်ကောင်းရှိသောသူ တစ်ဦးဖြစ်သည်ကို ဤသို့သရုပ်ဖော်အံ့. တနေရာတွင် အကြောင်းတစ်ခု ဖြင့်ထိုင်စောင့်နေရာ ပျင်းလွန်းသောကြောင့် မုန့်ထဝယ်စားပြီး သကာလ အချဉ်ထုတ်. ကရင်ဆိုဒါ. မုန့်လေပွေကဲ့သို့ အရာများထိုင်စားပြီးသကာလ ငုံ့ကြည့်လိုက်ရာ.





မုန့်လေပွေ အကြီးမှ ပဲ့ကျသွားသော အပိုင်းကြီးကို ပရွတ်ဆိတ်များ ကြိုးစားသယ်နေသည်ကိုတွေ့လေ၏. မုန့်မှာကြီးလွန်းလှသဖြင့် ပရွတ်ဆိတ်များမနည်းကြိုးစားနေသည်ကိုမြင်ရလေရာ ကူညီတတ်သော ခဥမသည် မုန့်လေပွေ ကြီးကို အသာလေးပြန်ကောက်ရွေ့ အစကလေးများချွေချပေးလိုက်ရာပ၇ွတ်ဆိတ် ထုကြီးတစ်ထုလုံးသည်အားရဝမ်းသာ လျှင်မြင်စွာ သယ်သွားလေရာ ခဏအတွါင်းတွင် မုန့်လေပွေကြီးမှာ လေယူရာမပါဘဲ ပွတ်ဆိတ်များနောက်သို့ ပါသွားရလေ၏. ခဥမ ကားပီတိဖြစ်ရွေ့မဆုံးချေ။