Monday, May 9, 2011

silence

ကမ္ဘာလောကကြီးတိတ်ဆိတ်နေတယ်။ စလုံးကလက်လုပ်လက်စားလေးတွေ အိပ်ကြပလားကွဲ့ဆိုတဲ့ မြို့မေတ္တာခံယူတဲ့သားလေးလဲ ပျောက်နေတယ်။ ပျောက်နေတာတွေ ကတော့အများကြီးပါဘဲ. မလွမ်းလောက်ပါဘူးလို့မပြောနိုင်ပါဘူး လွမ်းရပါတယ်။ ရှိနေတာကိုကျော်ပြီးလွမ်းတယ်လို့တော့ :anr: မဖြစ်စေချင်. ချစ်တာက ချစ်သလို လွမ်းတာကလဲလွမ်းတာဘဲ။

တိတ်ဆိတ်နေတဲ့ကိုယ့်ကမ္ဘာကို janifer lopez နဲ့နှိုးလိုက်တယ်နေ့လည်က channel five မှာကြည့်လိုက်ရတယ်။



အဲဒီသီချင်းကလည်း zzz တို့ကို အမြင်ကပ်နေတဲ့သင်္ကြန်သီချင်းတွေ ထဲကတစ်ပုဒ်ဘဲ. ရန်ကုန်မြို့ကြီးလဲခေတ်မှီပါတယ်။ ချမ်းသာတဲ့သူတွေ အများကြီး ခေတ်မှီတဲ့သူတွေလည်းအများကြီး....ပြန်ကြည့်ရင်သိပါတယ်။ မပြန်ဘဲနေရင်တော့လဲ မျက်ခြေပြတ်ကျန်ခဲ့မပေါ့. janifer lopez လဲပိန်သွားလိုကတာ ဘာမှ မစားဘူးထင်တယ်. ပိုလဲလှလာတယ်။ ကိုယ်လဲမနက်ဖြန်အစားလျော့မှဘဲ အသက်ကြီးလာရင် ပိုဘဲလှချင်လာသလားမသိ. သယ်ချင်းတစ်ယောက်ကတော့အားကြိုးမာန်တက်ထောက်ခံတယ်။ funncy တွေလည်းပိုကြိုက်လာတယ်။ ပြင်ပမှာနေတာရယ် သားသမီးမရှိတာကြောင့်ရယ်လဲပါမယ်ထင်တယ်။ ထင်တာတွေပါဘဲ။


ဖြစ်နိုင်ရင် electronic sale သွားတုံးက TV ရှေ့ချပြီးအက ကျင့်လို့ရတဲ့ အကွက်မှ TV ကလာသလိုလိုက်ကကျင့်နေတဲ့ကောင်လေးကိုကြည့်ပြီး ကိုယ်လဲလိုက်ကကျင့်ချင်ပါသေးတယ်။ အိမ်ထဲမှာပေါ့. အဲသည်မှာတော့ဘယ်ဖြစ်မလဲ. ကိုယ့်ရန်ကုန်ကသယ်ချင်းကတော့ ရေပုံးကလေးဆွဲပြီး. ထွက်တာ သားက မားမားက ရေပက်ဦးမလို့လားဆိုတာနဲ့အရှိန်သတ်သွားသတဲ့. ကိုယ်သာဆိုရင် ပက်မှာဘဲ . ဘယ်သူဘာပြောပြော zz ပြောချင်သလောက်ပြော.။ စိတ်ပျော်ရတယ်ဆိုတာ လွယ်တာမှတ်လို့. ပျော်ချင်တာ ပျော်လို့ရတာမှတ်လို့..




ပင်နီစူလာသွားတာ ချစ်သူတစ်ယောက်ရှိတယ် ဆိုလို့ အပြင်မထွက်ရဲဘဲကုတ်ပြီးပြန်လာရတယ်။ :anr: စိတ်ဆိုးလိုက်တာ..တွေ့တော့ဘာဖြစ်သလဲ. ဘာဖြစ်သလဲ ဘာမှ မဖြစ်ပါဘူး. ကိုယ့်ရောဂါနဲ့ကိုယ် လူတွေ နဲ့မတွေ့ချင်တာ.. ဘယ်နဲ့လုပ်မလဲ. ဒါပေမဲ့ ဒါကလည်းးလူတိုင်းသိတတဲ့လှို့ဝှက်ချက်ကြီးဖြစ်နေပြီ။ တတ်နိုင်သလောက်တော့ဖွက်သေးတာပေါ့. ဘယ်လိုနေနေ ဘယ်လိုရိုက်ရိုက်လှတဲ့ဘလော့ဂါ မမ များလို လှရင်တော့လည်း တို့လည်း လူရှေ့ထွက်ချင်ပါသေးတယ်။ ခုတော့လဲ လေနဲ့ဘဲ ကျယ်နေရသပေါ့.

12 comments:

အလင်းသစ် said...

ကောင်းတယ်။။ကိုယ့်အတွေးနဲ့ ကိုယ်ပဲ
ငြိမ့်မယ်။။။ဟီးးးးးးး။။

Anonymous said...

လေနဲ့ တင်တော်တော်လှနေပြီ။
အိုင်အိုရာ

စော(အဝါရောင်မြေ) said...

သြ မတွေ့ ခြင်တာများ
မမြင်ခြင်ယောင်ဆောင်လိုက်၊ ကိုယ့်ရဲ့  ဘာမှန်း မသိတဲ့ ကိစ္စနှင့် အလုပ်ရူတ်ခြင်ယောင်ဆောင်လိုက်ရောပေါ့။
ဒါမှ အလိုက်မသိ လိုက်ခေါ်ရင်လဲ မအားသေးလို့ နော် ဆိုပြီ လစ်ခဲ့ရောပေါ့။

Anonymous said...

peninsula လဲရောက်ပါတယ်။
clementi လဲရောက်ပါတယ်။
KOM ကိုလိုက်ရှာနေတာပါ။
မြင်ဘူးချင်လို့။

ှSR

ဖိုးတုတ် said...

မမကွန်းကြီးရဲ့ ပို.စ်တွေက ကျွန်တော့်ကို တော်တော်လေးရန်တွေ.ထားကို သတိထားမိ ပါတယ်၊ အမှန်ကတော့ အဲ့ဒီဗွီဒီယိုသီချင်းကို နားမထောင်ရသေးပါဖူး၊ အိမ်ရောက်မှ နားထောင်လိုက်ဦးမယ်၊

သင်္ကြန်အကြောင်းတွေပဲရေးနေလို. ကိုယ့်အဖြစ်နဲ. နှိုင်းယှဉ်ပြီးရေးလိုက်ရတာပါ၊

I'm really sorry, if I hurt your feeling.

အင်္ဂလိပ်စာကောင်းကောင်းမရေးတတ်ပါဖူး ၊ ဘယ်လိုဖော်ပြရမှန်းမသိလို. အင်္ဂလိပ်လို မတောက်တစ်ခေါက်နဲ. တောင်းပန် လိုက်တာပါ၊

တကယ်တော့ မမကွန်း သင်္ကြန်ချိန်မှာ ရန်ကုန်ကို ပြန်နိုင်တာက ကိုယ့်ကုသိုလ်နဲ.ကိုယ်ပါ၊ မမကွန်း ပြန်ပြီး သင်္ကြန်အကြောင်းတွေမျှဝေတာလဲ ကျေးဇူး တင်မိပါတယ်၊

ကျွန်တော်လဲသင်္ကြန်ပြန်ချင်သော်လည်း စလုံးမှာ ကလေးကျောင်းပိတ်ရက်မဟုတ်လို. ကျွန်တော့်မပြန် နိုင်ပါ၊ သင်္ကြန်ကိုလွမ်းမိပါတယ်၊ ကျွန်တော်လည်း ရန်ကုန်ကို ခဏခဏပြန်ဖြစ်ပါတယ်၊ မတ်လ၊ ဇွန်လ နဲ. ဒီဇင်ဘာလတို.မှာ ပြန်ဖြစ်ပါတယ်၊

စိတ်မဆိုးပါနဲ.ဗျာ ..(မြန်မာလို) ထပ်ပြီး တောင်းပန်ပါတယ်

ကျွန်တော်လဲ အချိန်မပေးနိုင်တာနဲ. ဘလော့တိုင်းလဲ သွားမလည်နိုင်ပါဖူး၊ မသက်ဝေ၊ မဆွိနဲ. မမကွန်းတို.ဘလော့တွေကိုပဲ အလည်ရောက်ဖြစ်ပါတယ်၊ မမကွန်းက ကျွန်တော်ရဲ့ ဖေးဘရိတ်ဘလော့ဂါတွေထဲက ဘလော့ဂါ တစ်ယောက်ဖြစ်တယ်ဆိုရင် ၀မ်းသာနော်

မမကွန်းပို.စ်ကိုဖတ်လိုက်တော့မှာ ကျွန်တော့်မှာ ပြူးသွားပါတယ်၊ (မျက်လုံး)၊ ဟာ ဘယ်နဲ. ငါ့နာမည်နဲ. ဒေါသထွက်နေတာလဲ၊ ကျွန်တော်လည်း စိတ်ပူသွားတာနဲ. ယခုလို ရှည်လျားလှတဲ့ ကွန်မန်.ကြီးကို ရေးလိုက်ရပါကြောင်း ...

ဘလော့ဂါကြီးကို ကမန်းကတန်း တောင်းပန်တဲ့ ကွန်မန်.ကို ရုံးမှာခိုးရေးနေတာနဲ. အလုပ်တော့ ပြုတ်တော့မယ်၊ စားကောင်း သောက်ကောင်းအောင် ရုံးအလုပ်လေး လုပ်လိုက်ဦးမယ်၊

နောင်ဆိုရင် I'd better keep my mouth shut အဲလေ ယောင်လို. .... ကျွန်တော့် လက်တွေကို ကီးဘုတ်ပေါ်မှာ ဆင်ခြင်ပါ့မယ်၊


အရမ်းအရမ်းကိုခင်မိတဲ့


ZZZ

သက်ဝေ said...

ပင်နီစူလာသွားတာ ချစ်သူတစ်ယောက်ရှိတယ် ဆိုလို့ အပြင်မထွက်ရဲဘဲ ကုတ်ပြီးပြန်လာရတယ်...

မမ.. အဲဒီနေ့က အဲဒီမှာ မမကို ချစ်တဲ့သူ နောက်တယောက်လည်း ရှိနေပါသေးတယ်... ခွိခွိ...း))

Cameron said...

ဂျေလို တော်တော်ပိန်သွားတယ် ဟုတ်တယ်...။
မမကွန်ဆီ ကော်မန့်လာမရေးတာကြာပေါ့...။

ခင်တဲ့
မိုးငွေ့

ညိမ်းနိုင် said...

ပန်နစူလာရောက်တိုင်း အစ်မကွန်ကိုချောင်းနေတယ်နော်..
ဟွန်း...မိလို့ကတော့လား....:)))ဘလော့ဂါမမလှလှပုံကို
တင်ပလိုက်မယ်....:D

Anonymous said...

တို့လဲလွမ်းပါတယ်
mm

Steve Evergreen said...

စင်ကာပူက လက်လုပ်လက်စားတွေ အိပ်တုန်းလား ကွဲ့

Anonymous said...

ရန်ကုန်သူတွေ ခေတ်မှီနေတယ် ရန်ုကုန်မြို့ကြီးလည်း ခေတ်မှီနေပြီ။ပြန်ကြည့်ကြမယ်။

Anonymous said...

အင်း သွေးဆုံးခါနီးမှ နောက်မီးလင်းချင်နေတာလား
ရှိနေတာကို ကျော်ပြီးလွမ်းနေတယ်ဆိုပဲ
လင်းချင်လဲ လင်းစရာလူရှားနေလားမသိ
ဒီဘိုလန်းနီးအခြောက် စတိ ကိုမှတဲ့
မြင်ပြင်းကြားပြင်းကတ်လိုက်လေ