Sunday, May 8, 2011

snare




ရန်ကုန်သင်္ကြန်တုံးက အသားကုန်ခုန်ခဲ့တဲ့သီချင်းတွေ ထဲကတစ်ပုဒ်ဖြစ်တဲ့ ဂျုံးဂျုံးကျနေပြီဆိုတဲ့သီချင်းပါ. ကိုယ့်ကိုများစောင်းပြောလေသလားလို့ထင်ယောင်ထင်မှား အနေခက်စေတဲ့သီချင်းပေါ့. စိတ်ဝင်စားလို့ ရန်ကုန်ကို လှမ်းမေးပြီးယူကျုမှာသွားရှာတာတွေ့ပါတယ်။ သင်္ကြန်တုံးကသာ နားမထောင်ခဲ့ရရင် ဒီသီချင်းကိုအ စအဆုံးကြည့်မိလိမ့်မယ်လို့အာမမခံနိုင်ပါဘူး. မကောင်းဘူးလို့မဆိုလို. ခေတ်ရေစီးကြောင်းနဲ့ gap ဖြစ်နေတဲ့သဘော.

ဟိုနေရာကိုဂိုး
ဒီနေရာကိုဂိုး. ဟိုဟာစားလိုက်နဲ့ ဒီဟာ စားလိုက်မို့.
အဲဒီလိုကောင်မလေးတွေ ကြိုက်သူမရှိလို့
အခုတော့ ၃၉ ဘိုက်ပူကြီးလို
ဂျုံးဂျုံးကျနေပြီ. ဂျုံးဂျုံးကျနေပြီ.
ဂျုံးဂျုံးကျနေပြီ. ၃၉ ဘိုက်ပူကြီးလို
ဂျုံးဂျုံးကျနေပြီ. ဂျုံးဂျုံးကျနေပြီ.
ဂျုံးဂျုံးကျနေပြီ. ၃၉ ဘိုက်ပူကြီးလို

ထူးဆန်းတာက ဒီသီချင်းလိုမျိုးသူတို့နစ်သက်တဲ့သီချင်းတွေ ထွက်လာတာနဲ့ အားရပါးရလိုက်ဆိုကြတာရယ်. စာသားတွေအားလုံးရကြတာရယ်. စာသားတွေ ကိုကြည့် ဒီလောက်ခက်တာ ဘယ်လိုအလွတ်ရကြသလဲမသိ. ဝါးချရတာ ကိုယ့်အပြစ်မဟုတ်ဘူး.

ဂျုံးဂျုံးကျနေပြီ. ဂျုံးဂျုံးကျနေပြီ. ဆိုတဲ့နေရာမှာ မတိုင်ပင်ရဘဲနဲ့အားလုံးကခြေကို စုံပြီး ခုန်ကြတာရယ်. ကိုယ်ပါဝင်ခုန်ပြီး ပျော်ခဲ့ရတာရယ် ယုံနိုင်ကြမှာမဟုတ်ဘူး။ ကိုယ်လဲမယုံနိင်ပါဘူး။ dementia ရနေပြီလားတောင်တွေးမိတယ်။

9 comments:

မိုးယံ said...

ဟယ် ဂျုံးဂျုံးကျနေပြီလား...တိပါဘူး...

မမြင်ဖူးတော့ မူးမြစ်ထင်နေတာ

ဟီးဟီး နောက်တာ

Anonymous said...

၃၉ ဗိုက်ပူကြီးတောင် မစီးရတာကြာပြီ။ လွမ်းလိုက်တာနော် ...

သီချင်းရီရတယ် အမ။ သီချင်းရှယ်ပေးတာ ကျေးဇူးးးး

ညိမ်းနိုင် said...

သီချင်းကလည်းနော်....အနှောင့်မလွတ်အသွားမလွတ်....:)
ကျ

Anonymous said...

အပေါ်မှာ ရေးထားတာ ဖတ်မှ ရေးရေးနားလည်တယ်.. ၃၉ ဗိုက်ပူဆိုတာ ဘတ်စ်ကားကို ပြောတာကိုး

Uထုံ

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်ခဲ့တယ်ဆိုရင် မြန်မာပြည်ပြန်ရတာ အဖိုးတန်အချိန်လေးတွေ ရခဲ့တာပေါ့။
စိတ်ပျိုကိုယ်နုဆိုတဲ့စကားလည်း ရှိသားဘဲ။
ကိုယ့်ကိုယ်ကို နုပျိုနေတုန်းလို့ အမြဲတွေးရင် တကယ်လဲနုပျိုတယ်တဲ့။
ဒါကြောင့် ဂျုံးဂျုံးကျနေပြီလို့ ဘယ်တော့မှ မတွေးဘူးး)

Anonymous said...

Snare or share..??

Anonymous said...

snare ပါ
မမက အဖွဲ့နာမည်ကို တင်ထားတာ..
Uထုံ ဒီတခါ မထုံ.. :P

...အလင်းစက်များ said...

လိုက်ခုန်တုန်းက ဘာတွေ ပြုတ်ထွက်ကုန်လဲ ဟင်.. ဟိဟိ...။

ဖိုးတုတ် said...

ကျောင်းသားဘ၀က သင်္ကြန်မှာ သူငယ်ချင်းတွေနဲ.အတူ ကားနဲ.လည်ဖြစ်တယ်၊ အရက်သောက်၊အော် နဲ. (ငွေကုန်၊ သံပြာ) သင်္ကြန်ပြီးတဲ့အခါ နှစ်ရက်လောက် အသံဝင်ပြီး နေလို.မကောင်းဖူး၊

မမကွန်းကြီးရဲ့ ပို.စ်တွေဖတ်လိုက်တော့ မှ အော် ... ငါ့တို.ထက်ဆိုးတဲ့ အမကြီးတစ်ယောက် ရှိနေပါ လားလို.ထင်မိတယ်၊ သင်္ကြန်ကိစ္စက ခုထက်ထိမပြီးနိုင်တော့ဖူး၊ ကြည့်ရတာ သင်္ကြန်ချမ်းချမ်းမှာ ကိုမဆလာ ကြီးက နွေးအောင် မလွတ်တမ်းဖက်ထားပုံ ရတယ် ....

ခင်တဲ့

Z