Thursday, May 8, 2014

Yangon Thingyan

Myanmar version.

သင်္ကြန်တုံးက ခဥမ ပျောက်သွားသည် ပျောက်သွားသည်မှာ ရေတွေထဲဝင်သွားသောကြောင့်ဖြစ်သည်။ အကြိုနေ့ တွင် ကန်တော်ကြီး ကမာအေး လှည့်လည် ကြည့်ရူသည် ကမာအေးထက် ကန်တော်ကြီးကို ပိုကြိုက်ရာ အကျနေ့နေလည်တွင် အိုင်ဖုံးကို သိမ်းရွေ့ နိုကီရာ အဟောင်းလေး ကိုင်ကာ ရေတောထဲ ဝင်သွားလေသည် ပရိသတ်ကို ပေးဆပ်ချင်သောခဥမသည် သက်ြန်မတိုင်ခင်က ရေစိုခံဖုံးလိုက်ဝယ်သေးသည် လေးသောင်းခန့်သုံးရမည် ကို နမျောသည် ပြီးတော့လြ ဖုံးအစုတ်. ကင်မရာပါတာသာ ရှိသည် အင်တာနက်သုံးမရ အင်တာနက်သုံးရမည် ဆိုလျှင် ဈေးပိုပေးရဦးမည် နေပါစေတော့ပရိသိတ်ကို ပေးဆပ်ဘို့ထက်ငါပိုက်ဆံကုန်ဘို့သက်သာ ရင် ပြီးတာဘဲ ဆိုကာ ကင်မရာပါသော ဖုံးကို မဝယ်ခဲ့တော့ဝယ်ပြိး အင်တာနက် ထဲ ထည့်ဘို့လမ်းကြောင်းသည် complicated လမ်းကြောင်းဖြစ်သည်။

မဏပ်ကို သု့းသောင်း ခွဲ all day ကို နစ်သောင်းခွဲနင့်ဆစ်လို့ရသည် ဘယ်သူမှ မြေ့ပာနဲ့နော်ဟု ရောင်းသူကောင်မလေးက ပြောသည်။ အအေးသောက်ရင်းတွေ့သော ကောင်လေးတစ်ယေယာကိုမေးကြည့်ရာသူက အလကားရသည် ပက်သက်ရာပက်သကကြောင်းဆိုရာ ပက်လက်လန်သွား၏ ကိုယ့်ကိုယ်ကို တော်လှ ထင်ရာ မတော်သေးချေ

စင်ပေါ်တွင် ရေမစိုသေးသောကြောင့်ကိုယ့်ဘာသာ ကိုယ်ရေပန်ေးအာက်ဝင်ကာ ရေစိုအောင်လုပ်ရသည် သို့မသာ ခြောက်ခြောက်ကြီးမသိသာမည် မဟုတ်လေ။ ရေစိုပြီးသော် တန်းပေါ်တက်ထိုင်သည် အရင့်ကရေပက်သည် အဆင့်မြင့်လာသော နောက်က တန်းပေါ်တွင် ထိုင်ကာ ရေပက်သည် ရေပန်းကလေးကို ကိုင်ကာ သီချင်းစည်းချက်နင့်အညီ ဟုတ်သည် ရှိ မဟုတ်သည် ရှိယိမ်းကြ ယိုင်ကြသည် ကိုယ့်ကိုယ်ကို စင်မြင့်မင်းသမီါ်ဟု ထင်၏။ ယခု နစ်တွင်ကားပို အဆင့်မြင့်လေရာ ရေပိုက်ကို မကိုင်တော့ချေ. ဘေးမှ ပေးလာသူကို လက်ကာပြ၏ ထိုင်ရုံသာ ထိုင်က ဟို လှူပ် ဒီလှူပ်နင့်နေ၏။

ခဏတွင်ကောင်မလေးတတစ်ယောက်မှ ဝိုင်လာတိုက်သည် spy ဝိုင် ဖြစ်သည် ခဥမ ဘီယာ အရက်မသောက်ဘူးပါ. မိဘမျိုးရိုးကောင်း၏. သောက်သူများကို မကောင်းဟု မဆိုလု.ိ မြန်မာ အမျိုးသမီးပီသ၏. ဟင်.မိန်းကလေး အရက် မသောက်ရဘူးဆိုတာ ကို နားထောင်သည် မသောက်ချေ. တစ်သက်လုံးမသောက်ခဲ့။ ယခုသော် သောက်ချင်သည် သောက်ချင်စရာအကြောင်းများလည်းရှိသည်။ သောက်မည် ဟုလည်းဆုံးဖြတ်ထားရ.ာ ထိုေုကာင်မလေးတိုက်သော spy အနီရောင်ဝိုကိသောက်၏ထိုကောင်မလေးသည် ထိုင်နေသော ခဥမကို အတင်းလက်ဆွဲခေါ်က dancing floor ပေါ့်တွင် အတူတွဲကသည် သူ့တွင် ကောင်မလေးသုံးယောက် ကောင်လေးသုံးယောက်စြဖ်သည် အတွဲဖြစ်ပုံ ရသလိုလည်းအတွဲ မဟုတ်ဟု ကောင်မလေးက ပြောသည် သူ့အစ်ကို ဟု မိတ်ဆက်ပေးသည်ယုံလိုက်လေသည် အစ်ကို ဆို အစ်ကိုပေါ့ .

သူတို့သည် ဖက်ရက်မနေကြချေ. ခပ်ခွာခွာနေ၏. ကောင်မလေးများအနီးတဝိုက်တွင် နေသည် ဖက်ခြင်းရက်ခြင်းများမရှိ. ပူးခြင်း ခွားခြင်းများမရှိ.ကောငမလေးသုံးယောက်နင့်ခဥမသည်တွဲ dance လေသည်။ ပျော်၏ သူတို့တိုက်သော ဝိုင်ကိုသောက်ပြီးသော် ကိုယ်လည်းပြန်ဝယ်တိုက်သည် တစ်ပုလင်းတစ်ထောင် ထင်တာပါဘဘဲလေ. ပိုက်ဆံကို ပိုက်ဆံမထင်သော ခဥမသည် သိတိမတွက်။ သူတို့က တိုက်ုလိုက်ကိုယ်ကို တိုက်လိုက်နင့် နောက်သော်အမဲရောင် spy ကိုပြောင်းသောက်သည် နဲနဲမူးလာသည်ပိုပျော်၏. ကိုယ့် feel လေးနင့်ကို ငြိမ့်နေ၏. တီးလုံးလေးနင့်အတူ လှူပ်စိ လှူပ်စိလုပ်နေလေသည် နဲနဲ မူးလာလျှင် ရေပန်းအောက်သို့ဝင်ကာ ခေါင်းထိုးသည် အေးသွားရာနေလို့ကောင်းသွားပြန်သည်။

ကရင်းပျင်းလာလျှင် နောက်ဆုံးတန်း စင်မြင့် စင်တန်းပေါ်တွင် ထိုင်၏. ဟိုကြည့်ဒီကြည့်ကြည့်သည် ရေပိုက်ကို မကိုင်သလောက်ဖြစ်သည်လက်ညောင်းသည် ဟုထင်သည် ဝမ်းနည်းစရာများတွေးမိရာ တိုင်ကို ဖက်ကာ ငိုသည်။ ကောင်မလေးသည် လက်လာဆွဲပြန်သည် စင်ပေါ်မှ ခုန်ဆင်းကာသွားက ကြပြန်သည် နေ့လည် ရောက်သော်အောက်တွင် ထမင်းဘူးဝေသည်နဲနဲလေးဖြစ်သည်စားရာကုန်သည်. ကိုကာကိုလာ တစ်ဘူးသောက်ပြန်သည်. အားရှိဘို့လိုသည် မဟုတ်လား။

ယခုနစ်တွင် အိမ်သာအနေအထား တိုးတက်လာသည် မနစ်ကအိမ်သာမှ ကျူဖျာ နံရံဖြစ်ရာ စိတ်ပုတ်သောကောင်လေးအချို့သည်ချောင်းကြည့်ကြသည် ယခုနစ်ကတော့ သစ်သားဖြစ်ရာ မဆိုးလှ. အနဲငယ်လုံခြုံသည် ဆိုးသည်မှ.ာ ရေမြောင်းကို ခွကာ အိမ်သာ လုပ်ထားရာ မူးနေသော. ဘောင်းဘီကျပ်ကျပ်ဝတ်ထားသော ခဥမသည် ဇစ်ကို မနည်းဆွဲဖြုတ် ပြန်တတ်ရသည် ခြေချော်ကျလျှင်အောက်က မြောင်းထဲ ကျဦးမည် နောက်နစ် ဆင်ခြင်ပိုကောင်းအောင်လုပ်ပေးပစူးခါးဘယက် ။ မူးနေသော်ေ ကာင်မလေးတစ်ယောက်သည် toilet ထဲ အတင်းတိုးဝင်လာကာ ခဥမဘေးဝင်ထိုင်သည် ခဥမသည် ထိုင်ရမလို ထရမလို ဖြစ်သည်. ဖိုးစိန်ကြွက်ဝင်သည် ထက်ဆိုး၏။

အချို့လူများထင်မင်းဘူး မရ. ပွစိ့ပွစိ လုပ်ကြသည်။ ဖဘထဲ ရေးလိုက်ပြီ။ နင်တို့မဏပ် အစုတ်ဆုံးဘဲ ဟု ရေးလိုက်ပြီ ဟု ပွစိပွစိလုပ်ရာ ငါလည်း ဖဘ နာမည်ကြီး ဘဲ ဟုလိုက်ပြောသော်ငြားလည်းဘယ်သူမှ မကြာားချေ. လက်လျော့လိုက်ရသည်။

ညနေတွင် စင်ပေါ်မှ ဝိုင်အားလုံးကုန်သည်ဘီယာသာကျန်တော့သည်။ ရေခွက်စာလောက်ဘီယာကို တစ်ထောင်ပေးရသည်. စင်အောက်မှ ခေါက်ဆွဲပြုတ်တစ်ခွက်သည်လည်းတ်စထောင်ကျပ်ဖြစ်သည် စင်နောက်မှ ကိုကာကိုလာ တစ်ဘူးသည်တစ်ထောငှ်ုငါးရာ ဖြစ်သည် လူကြည့်ပြီးများယူကြသလားမသိ. ခဥမစိတ်လေလသွားသည်. ဘီယာခွက် တစ်ထောင်လည်းဘာဖြစ်လဲ သောက်တာပေါ့တစ်ခါတစ်လေဘဲ ထိုကောင်မလေးများနင့်သာနေ၏. ဘယ်လိုကြောင့်မှန်းမသိ ထိုကောင်မလေးမ်ျားသည် ခဥမကို အတော်ချစ်ခင်ကြသည်။ ယနေ့အတွက် ကံကောငးချေပြီ။ ကိုယ့်အဖွဲ့သူ့အဖွဲ့လေးများဖြစ်သည် သိတ်မရောကြလျ အချင်းချင်းမထိခိုက်မိအောင်နေ၏ မထိခိုက်မိအောင်ကကြသည်။ မတော်တဆ ထိမိလျှင် လက်အုပ်ကလေးချီသည်. စကားမပြော. ထိရောက်သည်အားလုံးကျေအေးကြသည်။

သူတိုက်ကိုယ်တိုက်ဖြင့်အနည်းငယ်မူးလာသည် နောက်ပိုင်းမူးလာရာ ပိုက်ဆံမရေနိုင်တော့ ပိုက်ဆံထည့်ထားသော ကြွတ်ကြွတ်အိတ်ငယ်ကို ဘီယာကောင်တာသို့သွားပြသည် ထိုကောင်တာမှ ကျသလောက်နှိုက်ယူကာ ပြန်ပေးသည်။ ကောင်းမလေးသည်နိုင်ငံခြားမှ လာသော အသွင်ရှိသည် သူ့နာမည် မပြော ကိုယ်လည်းမမေး ကိုယ့်လဲ မမေးချေ. ဘိုဆန်ကြလှသည်။ လမ်းခွဲသော်ပါးချင်းကပ်ကာ နှူတ်ဆက်ကြသည်.

အနည်းငယ်မှောင်လာသော် တွဲကမည့်သူ အမျိုးသား များပေါ်လာသည် ခင်သည် ခေတ္တတွဲကပြီး ကပ်လာသော်ပြေးလေ၏. လင်းတုံးက တော့ဘယ်သူမှ မကပ် စိတ်နာလှသည်.ထိုညက အနီရောင် spy ဝိုင် .အမဲရောင် spy ဝိုင် .. ကိုကာာကိုလာ ဘီယာ စုံပြီးသော်တစ်ည လုံးပူ၏ အိပ်လို့မရ. အိပ်မရသော် အိပ်ဆးသောက်ရာ ဒိုင်ကြောင်ကြောင်သွား၏။ ခုတင်ဘေးတွင် ငုတ်တုတ်လေးထိုင်ကာကုတင်ကို မှေးရွေ့နေရသည်။ ဤတွှုင် တစ်ခန်းရပ်ဇတ်ပြီးသည်။

Saturday, March 22, 2014

22 March 2014

ခင်ဦးမေ ကိုးတန်းအောင် ဆယ်တန်းတက်သောအချိန်တွင် စာကျက်သည် စာကတော့တစ်သက်လုံးကျက်သည်ပင်. ငယ်ငယ်ကလေးထဲက ကျက်သ်ည ကျောင်းသား စာကျက်ရမည် မဟုတ်ပါလား။ စာကျက်သည်. နစ်စဥင်္လို ဆုရသည် ဥာဏ်ကောင်းလွန်းသောကြောင့်မဟုတ်. ကြိုးစားသောကြောင့်ဖြစ်သည် စာကျက်တော့ ဆုတွေ ရသည် နစ်စဥင်္လိုလိုဆုရသည်. ။

လသာနစ်လို ကျောင်းကြီးတွင် နစ်စ ဉ် ဆုရသည်. Top 10 တွင် ဝင်သည်. တော်သည်တော့လည်းမ ဟုတ် ကြိုးစား သောကြောင့်ဖြစ်သည်။

ဆယ်တန်းတွင် စာကျက်ချက်ကတော့လက်ကုန်သည်တစ်ရက်လျာင် ဆယ်နာရီခန့်ရှိမည်။ အချိန်ဇယယာဒဆွဲသေးလားတော့မမှတ်မိသေချာသည်ကတော့ ဆယ်နာရီရိသည်. မိဘသည်ဝန်ထမ်းဖ်ြစည်သည် ရိုးရိုးဖြစ်သည် စီးပွါားရေးလုပ်ငန်းမရှိပါဘ လခနင့်နေသည် ဆိုလျင် ထမင်းစားဘို့တောင် မနည်း နေရသည်။ အမေ့အမွေရသည်လေးများ ထုခွဲ ရာ ကုန်လောက်သည် ဖခင် ငယ်စဥင်္းက နယ်တွင် နေစဥင်္က စုဆောင်းထာဲး့သည်များကုန်သည် ထင်၏ ကုန်သည်များကို မေ့လိုက်ပါ. ခဥမသည် အငယ် ဖြစ်သည်. ရေးရင်းနင့် မိဘများကို သတိရသည် မျက်ရည်ကျသည် မျက်ရည်များကို သုတ်ခါ ဆက်ရေးသည်။

ဆယ်တန်းတွင် ...................................သုံ့းဘာသာ ဂုဏ်ထူးပါသည်. မောင်ပေးသော သမိုင်းအထူးထုတ် ကို ဖတ်ရွေ့ဂုင်္ဏထူးထွက်ခြင်းဖြစ်သည်။ ထိုစာအုပ်ကိုမောင်မဖတ်ခဲ့ပါ.။သူဝယ်ပြီးခင်ဖတ်ရန် ပေးခဲ့သည်။

ဆေးကျောင်းရောက်သည်.။ စာမလိုက်နိုင် ကျုရှင် ကြိတ်တက်သူတွေ ရှိသည်ကို နောင်မှ သိရသည်. စာမလိုက်နိုင်ပါ.ဖတ်စာအုပ်လည်းမဝယ်နိုင် Li bray သွားလျင်လည်းစာအုပ်သည် ငှား ရွေ့မရ နစ်စကထည်းက ငှားသော စာအုပ်သည် နစ်ကုန် မှ ပြန်ေေ၇ာက်သည်ထင်သည်. လက်ချာ် notes တွေ ကို အားကိုးရသည် အင်တာနက် ဆိုတာ မကြားဘူးပါ။ ဆရာက သင်လိုက်သော စာကို သင်နေသော စာကို အမြန်လိုက်ကူးရသည် အချိန်ကုန်လျှင် လူသုံးလေးယောက်စုပြီး အပေါက်ဖာရသည်. သူက ထို words ကိုက ထို words ကို စုကာ sentence လုပ်ရသည်. လက်ရေးကလည်း ဆိုးသေးသေည် အကြောင်းအရာ တစ်ခုကို ဖြေနိုင်ပါလျှက် လေးမှတ်သာ ရကာ လက်ရေးလှသောဝေဝေဆာဆာရေးတတ်သော သူငယ်ချင်းသေည် ခုနစ်မှတ်ရသည်.

စာများသည် အင်္ဂလိပ်လိုဖြစ်သည် မလိုက်နိုင် နားလည်းမလည်. မြန်မာစားကျွမ်းကျင်သော်လည်း အင်္ဂလိပ်စာ အားနည်းလှသည် နည်းလှဆို ငါးတန်းရောက်ကာမှ ABCD ကို စသင်ရသူဖြစ်ကဲ့သို့ဖြစ်သည် သူများတွေ ဒေါင်းဒေါင်းပြေးနေချိန်တွင သူသည် ABCD သာ ရှိသေးသည် ငါးတန်ူးတွင် ငိုရချေသေးသည်.

ဆေးကျောင်းတွင်ေ ကျာင်းပြေးသည်. နီးနီနားးနညး ဘောလုံးကွင်းတွင်မောင်နင့်ထိုင်နေခြင်း ကျောင်းဘေးက ရုံးအမြင့်ကြီးလှေခါးတွင် ထိုင်နေထြခင်း ရုံပ်ရှင်ကြည့်ခြင်း နည်းမျိုးစုံဖြင့်ကျောင်းပြေးသည

ညနေသော် သူငယ်ချင်းပေါင်းစုံ အိမ်သို့ရောက်ကာ စာလိုက်ကူးသည် အင်္ဂလိပ်လိုရေးထားသော စာအုပ်ကို သူငယ်ချင်းက ဘာသာပြန်ကာ ရှင်းပြသည် ခဥမက နားထောင်ကာ မြန်မာလိုနားလည်သည် မြန်မာလိုနားလည်သော ဆေးစာကို စာမေးပွှဲတွှုင်အြင်္ဂလိပ်လိုပြန်ဖြေသည် တန်းစဥင်္ supple ဖြစ်သည်. ခင်တို့ ခေတ်တွင် အုပ်စု တစ်ခု ရှိသည် ထို အုပ်စုသည် နစ်တိုင်း supple ဆွဲလေသည်. ပြန်ဖြေသော် အောင်ကြသည် ခင်သည် One of them ဖြစ်သည် ခင် ရိုက်သော စပေါ့တိုင်းလွဲသည်.

ဒုတိယနစ်တွင်embryo လက်ချာ တစ်ခုလုံးလွတ်သည်။ စာမေးပွဲမေးသော် နစ်နာရီမေးခွန်းကို ၁၅ မိနစ်နင့်အပ်ရသည် ဆရာသည် မျက်နာပျက်၏.ခ ဥမသည် လလည်း အားနာသည် သို့သော်ဖြေစရာ စကားလဖုံးမရှိချေ။

တတိယနစ်စာမေွးှ့ပွှဲ အောင်စာရင်းကို အဖေ လာကြည့်သည်ကို ဘယ်လိုက ဘယ်လို သတင်းပြန့်သည် မသိ ခင်ဦးမေ အဖေ လာကြည့်သွားသည် ဟု နာမည်ကြီးလေသည် အဖေသည် ပီတိ ဖြစ်ရွေ့လား သမီးအောင်မအောင် သေချာချင်ေ၇ွ့လား မမေးလိုက်ရ.

ခဥမ သူငယ်ချင်းကတော့ သူ့အဖေ လာမကြည့်နိုင်ရာ စာမေးပွဲ့ကျသသည်ကို ခပ်တည်တည်နင့် နောက်တစ်တန်းတက်နေသလေယာက် လပေါင်းများစွာ အိမ်ကို လှည့်စားနိုင်ခဲ့သည် ခင်သည် သူ့လောက်တော့မဆိုး။

ွှThen, One of ခင်ဦးမေသူငယ်ချင်းအဖေသည် လူကြီးဖြစ်သည် လူကြီးကြီးဖြစ်သည် ခုံနံပါတ်ချင်းဆက် လျှက် နာမည်ချင်းလည်း ဆင်သော်ခင်ဦမေ ကို ဆရာကြီးများသည် ရံဖန်ရခါ ခေါ်တွေ့ကြသည် အဖေ နေကောင်းလားမေးရာ နေကောင်းသည်ဟု ဖြေသည် ဟုတ်သည်လေ ကိုယ့်အဖေ ကို မေးသည် ထင်တာကိုး နောက်တော့မှ အဖေ ခြင်းမတူသည် ကို နစ်ဦးနစ်ဘက်သိကာ အားနာရလေ၏။

နောာက်ဆုံးနစ်တွင်ကလေး စာမေးပွဲတွင် ဆရာ က သူဘယ်သူလဲ မေးသည်ခင်ဦးမေ မဖြေနိုင်ချေ. စာမဖြေနိုင်သည် မဟုတ် ။ ဆရာ ဘယ်သူလဲ မေးခွန်းကို မဖြေနိုင်ခြင်းဖြစ်သ်ည ကျသည်မှ နစ်ဘာသာ ဘဲ ကျသည်မှာ ဝမ်းသာ စရာကောင်း လွန်းပြီး ပြန်ဖြေရာ အောင်ပြန်သည်.

ခင် ဆရာဝန်ဘွဲ့ ရချေပြီ။
(လူအများ ရင်ဘတ်ဖိကြသည်)

Friday, March 7, 2014

ရန်ကုန်ည



ထိုည က ခင် ကားမပါချေ.။ ခုနစ်မိနစ်ခရီးကို တစ်က္ကစီ တစ်ထောင်ကျပ်ပေးရသည် ထိုနေရာတွင် ဟိုလျောက် ဒီလျောက် လျှောက်ပြီး. နောက်တစ်နေရာသို့ သွားသည် . နောက်တစ်နေရာသည်စားသောက် ဆိုင်ရိုးရိုးဖြစ်သည် ညဘက် ဖွင့်သည်. ခင်နေသော အိမ်နင့် ဆယ်မိနစ် ဆယ်ငါးမိနစ်ခင်္န့ရှိမည် ထင်သည်။ ခင်သည် အထုတ်အပိုးများပါသည်သွာေးလရာ သယ်တတ်သော အနွေးထည်. ရေဘုးး အစုံပလုံထည့်ကာ လျောက်သွားတတ်သ်ည.

ပြန်သောအချိန်တွင်ညည့်နက် ပြီ မဆိုသာသ်ေလည်းအတော်လေးတော့မှောင်နေပြီ ဖြစ်သည်. ခင့် ထံသို့ တက္ကစီ ဆရာများဝိုင်းလာသည်. ကားနင့်ခေါ်သော သူများတော့ဝိုင်းမလာပါ.

တကကစီစဆရာများနင့် ဈေးညြှိသည် ခင့်အနေအထားကတော့ တစ်ထောငှ်ုငါးရာခန့်ပေးနိုင်သည် ရန်ကုန် ရောက်စ အနေအထားဖြင့် ဟိုနား ဒီနား နစ်ထောင်ကို လက်မခံနိုင်ချေ. ခင်တို့ငယ်စဉ်းက ဆိုက်ကားများကို တမ်းတမိသည်. ခုတော့ ဟိုနားဒီနားတစ်ထောင့်ငါးရာမက. နစ်ထောင် တောင်းလေ ရာ ခင်မကျေနပ် လုံးဝမကျေနပ်. ခင်သည် စကားပြော ညင်သာသည် ချိုသည်. အပြောချို အမူကောင်းသော်လည်း ထုံးစံပါဘဲ ဆိုသော တက္ကစီဆရာများ၏. စကားကို မနိုင် ခင်သည် ငါးရာ ကို ပြောချင်သောကြောင့်မဟုတ် ခင်သတ်မှတ်သော တစ်ထာငှ်ုငါးရာကျပ်နငင့်သူတို့သတ်မှတ်သော နစ်ထောင်ကျပ် ဟနေသည် ခင့်အိတ်ထဲ တွင် သိန်းချီရှိသည် .ငါးရာ ကိုလွတ်ပလိုက်နိုင်သေည် သို့သော်လည်း ခင် နစ်ထောင်ကျပ် မပေးချင်ပါ။

မည် သို့မျှျှ ညှိမရသော် ခင်သည် ဘာမှ ဆက်မပြောတော့ချေ. အထုတ်ကို ညာဘက် ပုခုံးသို့ပစ်တင်ကာ စတင် လမ်းလျောက်သည် မောင် ငိုမယ် မိုးသည်းထဲမှာကို သတိရသည် မိုးမရွာသော်လည်း ခင် မငို နှတ်ခမ်းကို ကိုက်၏. လျှောက်မယ် လျောက်တာပေါ့ ဘာဖြစ်လဲ အချိန်တန် အိမ်ရောက်မှာဘဲ ဟု စဉ်းစားသည် ဖုံးဆက်ကာ ခေါ်လိုက်လျင် ရောက်လာမည် ဟု သေချာသူ မသေချာသူများကို ခေါင်းထဲ မထည့်တော့ .ခင်လမ်းလျောက်လျှင် စိတ်မကောင်းဖြစ်မည့်သူများကိုခေါင်းထဲ မထည့်တော့ လျောက်မည် လျှောက်မည်ပေါ့ ယခုလည်းတစ်နေ့တစ်နေ့လျှောက်နေသည် မှာ မိုင်ချီသည် မနက် ခူုနစ်နာရီမထိုးခင်က အိမ်က စထွက်ကာ ည ၁၁ နာရီမှ ပြန်ရောက်သောခ င့်လမ်းလျောက်သော ခင့်ခြေသလုံး ဆိုက်ကားသမားခြေသလုံးကို သူတို့ မမြင်.

ခင်လျောက်သည်. အေးအေးဆေးဆေး နှူတ်ခမ်းကိုက်ကာ လျှောက်သည်. အတော် လျှောက်လာပြီးသော်တက္ကစီတစ်စီးအ နောက်က လိုက်လာလေသည် ခင့်ဘေးတွင် ရပ်သည် ချိုချိုသာသာ ပြောသည် အစ်မ ကားပေါ်တက်ပါ ကျွန်တော် တစ်ထောင့်ငါးရာကျပ်ဖြင့်ပို့ပါမယ်ဟု တောင်းတောင်းပန်ပန် ပြောသည် ဝမ်းနည်းနေသော ခင်သည် စကားတစ်ခွန်းမ မပြော ကားပေါ်သို့တက်ထိုင်သည်နောက်ခန်းတစ်ကား ကို ဆွဲ ဖွင့်ကာ ထိုင်သည ညာမောင်းများဖြစ်ရာကားမောင်းသူ နောက်ခန်း ဖြစ်သည်.

ထိုသူသည် တောင်းပန်၏ အစကတည်းက ကျွန်တော် တစ်ထောင့်ငါးရာနဲ့လိုက်မလို့ပါ ဒါပေမဲ့ ကျွန်တော်တို့က အလှည့်နဲ့ လိုက်တာမဟုတ်လား ကျွန်တော့အနေနဲ့ ကြားဖြတ် ဈေးနဲ့ လိုက်လို့မရလို့ပါ ဟု ပြန်ပြောသည.် ခင်သည် ဘာမျှ ပြန်မပြောချေ. ငိုမိမှာ စိုးသောကြောင့်ဖြစ်သည်. အိမ်သို့ပြန်ရောက်သည်ခင်သည် ဘာမျှ မပြော တစ်ထောင်တန် နစ်ရွက် ကို ထုတ်ကာ ကားမောင်းသူကို ရိုရိုသေသေ ပေးသည် ကားပေါ်မှ တိတ်တိတ်ဆိတ်ဆိတ်ဆင်းသည်. ကျေးဇူးပါနော် ဟု တိုးတိုးပြောသည်. ။

ခင်မငိုပါ. နားထောင်သူများ ငိုသွားကြသည်။