ရေးချင်တာရေးပါ. (ငါးမှတ်)
Saturday, April 9, 2011
Thursday, April 7, 2011
ဖိုတို၊ ရှော့ပင်အန်ဖွတ် ဘလော့ 2
သူမသည် စာကြီးပေကြီးရေးသူများကိုအားကျသော်ငြားလည်း ရေးနိုင်သော အရည်အချင်းမရှိပါ. ရှိသောအရည်အချင်းများကိုလည်း အသုံးမချလိုပါ. ဘဝကို ပေါ့ပါးစွားဖြတ်သန်းလို သူတစ်ဦးဖြစ်ပါသည်။

ပန်နီဆိုနစ် ကက်ဆက် ရီကောဒါလေးဖြစ်ပါသည် လွန်ခဲ့သော နစ်ပေါင်းဆယ်နစ်ခန့်က သူမ သည် စလုံ့း ၂၀၀ ဝန်းကျင်ခန့်ဖြင့်ဝယ်ခဲ့သည်ဟုရေးတေးတေးထင်မြင်မိသည်. ကက်ဆက်ဖွင့်ရသကဲ့သို့အသံဖမ်းရွေ့လည်းရပါသည်. လိုအပ်သောအရာများကို သူမသည် အသံဖမ်းရွေ့ထပ်တလဲလဲနားထောင်ခဲ့ရပါသည်. ရေဒီယိုလဲရပါသည်. သူမအသုံးမလိုတော့သောအခါ. ဦးမြတ်ခိုင်အားမေတာလက်ဆောင်ပေးရန် စိတ်ကူး မိသော်ငြား လည်း မပေးဖြစ်ခဲ့ပါ။ ထိုအချိန်က မြတ်ခိုင်သည် ဗျုးကောင်းတုံ့းဖြစ်သည်။

စလုံးတစ်ခွင်လှည့်လည်စဉ်က ဈေးချသည်ကိုမြင်သော်ကြောင့်သူမဝယ်ခဲ့ခြင်းဖြစ်သည်. တစ်ခါတည်းကို နစ်ခု သုံးခုဝယ်ခဲ့သည်. လက်ဆောင်ပေးခြင်းများဖြင့် ယခုအခါတစ်ခုကျန်နေပါသည်.။

ဤဓါတ်ဗူးကို သူအလွန်နစ်သက်ပါသည်.မြန်မာပြည်တစ်ခွင် ခရီးသွားလျှင်သယ်သွားမည်ဟု စိတ်ကူးယဉ်ထားသည်မှာ ဆယ်နစ်ခန့်ရှိပါသည်. အော်ချတ် အီစီတန်မှဝယ်ထားသည်ဟုထင်သည် ထိုအချိန်ကသူမတို့ နစ်ယောက်သည် ရှော့ပင်သွားလျှင် အတူသွားလေ့ရှိပါသည်. သူစိတ်ဝင်စားသောအရာများကို သိုစိတ်ဝင်စားရွေ့သူမ်စိတ်ဝင်စားသောအရာများကို သူစိတ်ဝင်စားပါသည်. ဖစ်တင်ရွန်းသို့ ရှာပေးရွေ့အပေါက်ဝတွင်စောင့်ကာ သင့်၏ မသင့်၏ ကြည့်ပေးသောအချိန်ကာလက ဖြစ်ပါသည်။

ပလက်စတစ်ဖြင့်လုပ်သည်ဟုထင်ရသော အအေးဗူးဖြစ်ပါသည်. ကရန်းချိတွင်ဈေးချသည်မှာ အရမ်းသက်သာသောကြောင့် သူမ နစ်ခုဝယ်ပါသည်. မသုံးဖြစ်ပါ။ အအေးလဲမဖျော်ဖြစ်ပါ. (တစ်သက်နင့် တစ်ကိုယ်) လိမ်မော်ရည်သောက်ချင်လျင် ဗူးလိုက်ဝယ်သောက်လိုက်ခြင်းဖြင့် ဘဝကိုအေးချမ်းစေပါသည်.

ညီမဝမ်းကွဲ လာကန်တော့ထားသော ဖိလစ်ပေါင်မုန့်မီးကင်စက်ဖြစ်ပါသည် သူမသည်ပေါင်မု့န်စားနိုင်သူ တစ်ဦးဖြစ်ပြီး မီးကင်စားရသည်ကို နစ်သက်သူဖြစ်ပါသည်။ ယိုသုတ်လေ့မရှိပါ. ယခင်က ထောပတ် သုတ်သော်လည်းယခု ကော်လက်စရောတက်မည်ဆိုးပြီး ရံဖန်ရံခါသာစားပါသည်. သူမတွင်သုံးလက်စက မပျက်သေးရာ ယခုစက်ကို မသုံးရသေးပါ. ။
သူမတို့အိမ်တွင်ပစည်းများများစားစားမရှိပါ. ဤသည်မှာ ရှိသမျှ ရှာဖွေ ထုတ် လာခြင်းဖြစ်သည်.။ ပုံများစောင်းနေရခြင်းမှာ ရိုက်သူအရိပ်ပါမည်စိုး သောကြောင့် ဘေးတိုက်ရိုက်ရခြင်းဖြစ်သည်. ။

ကြောင်များကို မိမိ မချစ်သလိုသူတို့ကလည်းမုန်းသည်ထင်၏.ကြည့်ပုံက ကိုအမုန်းပါသည်ဟုထင်ရသည်။ ကြောင်ချစ်သူကိုတော့မိမိချစ်ပါသည်.။
သရက်သီးများသီးပြီ။

ဖိနပ်တစ်ရံသာစီးလေ့ ရှိသောသူမတွေင်ဖိနပ်များများစွာရှိသည်မှာ အံသြစရာ ကောင်းလှသည်. ထိုနေ့က စိတ်ထိန်းထားသည့်အထဲမှာ တစ်ရံဝယ်လာပါသည်. စီးမည်ဟုတော့ စိတ်ကူးသည်။

ယခုတစ်လောသူမသည် အရည်သောက်များကိုသာ အစားများနေသည်. ။ သိတ်တော့ မကောင်းလှ. မကောင်းသော်ငြားလည်း စားစရာရှိသည်. ဝယ်စားနိုင်သည်မှာ ဝမ်းသာစရာမကောင်းလှပေလော။

သူမတစ်ယောက်ထည်းစားနေရာသို့ ဝင်ရောက်ရွေ့ အဖော်လုပ်ကာ စားသွားသူ၏ စားပြီးသောအခါ သိမ်းဆည်းသွားပုံဖြစ်သည်. ။ အတုယူစရာပါပေ။

မျက်မှန်နစ်လက်ဖြစ်ပါသည်. ။ ဖတ်နေရင်းမျက်မှန်ပျောက်. ကျိုးမည်ကိုစိုးသောကြောင့် မျက်မှန် သုံးလက်ရှိသည့်အပြင် နစ်ကျပ်တန်မျက်မှန်များကို သူမသည် ဆောင်ထားလေ့ရှိပါသည်။

ယမန်နေ့က စားသော ရှမ်းထမင်းချဉ်ဖြစ်ပါသည်.မချဉ်ဘဲနင့်ဘာလို့ချဉ်ထည့်ခေါ်သလဲသူမမသိပါ. မုန်ညင်းချဉ် ကတော့ချဉ်ပါသည် အခြားဆိုင်မျာိးကု သူမသည် နစ်သက်သကဲ့သို့ ထိုဆိုင်ကိုလည်း သူမ နစ်သက်ပါသည်.။ ဆက်ဆံရေး ကျေနပ်ပါသည်။ မိသားစုဝိုင်းဆန်ပါသည်။

စီတီဟောမှာ ပန်းကိုရိုက်ထားခြင်းဖြစ်ပါသည်။ သုံးစက်ကိုသတိရပါသည်. .။စီတီဟောမှာ ကင်မရာထုတ်တာ မြင်ရင် အဲဒါ ဆရာလားဆိုပြီးလက်လာဆွဲမည့်သုံးစက်ကိုလွမ်းမိပါသည်. မြင်ရင်မှတ်မိပါတော့မလား။ မေ့သွာြး့ပီထင်ပါသည်။

စိတ်ညစ်သောကြောင့်စိတ်ပြေလက်ပျောက် တစ်ယောက်ထဲစားသောပီဇာဖြစ်ပါသည်. Set လိုက်စားလျှင် တစ်ကျပ်ဘဲပိုပေးရမည်. ဆွပ်ရမည်ဆိုသောကြောင့် ထည့်သောက်သော်ငြားလည်း . ဖရဲသီးဖျော်ရည်ကိုသာ ပိုနစ်သက်ပါသည်။

Labels:
general
Wednesday, April 6, 2011
Yangon 20
ပုံ့ ၁။ ရု့ပ်ရှင်ရုံ့ကို မော့ကြည့်မော့ကြည့် လမ်းလျောက် ခလုပ်တိုက်မှာ စိုးရိမ်ရ.

ပုံ၂။ ဟိုဘက် ဒီဘက် ငေးမော။

ပုံ ၃။ ရောက်ခဲ့တယ်ဆိုတဲ့ သင်ဇာအေးကို သတိရလိုက်တာ.

ပုံ ၄။ ဘာလုပ်ရမလဲ အကြံယူနေစဉ်.

ပုံ ၅။ မြေပုံလမ်းညွန်တစ်အုပ်ဝယ် မြန်မာငွေ တစ်သောင်းခွဲပေးရသည်.။

ပုံ. ၆။ အကယ်ဒမီပေးတုံးကပေါ့။

ပုံ ရ။ လမ်းဘေးအသုပ်.။

မှတ်ချက်.
ဘလော့ဂါ စိတ်ဆင်းရဲ့မည့်ကွန်မက်များမပေးရ.မြှောက်ပင့်ရွေ့သာရေးသားရမည်။

yangon trip 4
Subscribe to:
Posts (Atom)