ဗိုလ်တထောင်ဘုရားရောက်တယ်။ ညဘက်ဘဲ .လူရှင်းတယ။် မိုးဘဲချုပ်လို့လာဲးမသိ. ကိုယ်တို့ ငယ်စဉ်က ဝင်ဝင်ပြီးပတ်ကြည့်တဲ့ထဲကိုဝင်လို့မရဘူး။ အဝင်ကို သော့ ခတ်ထားတယ်။ အကြွေစေ့တွေ အထဲကိုပစ်ချတာ မှတ်မိသေးတယ။် မိုးတွင်း ဆိုတော့မိုးကလဲဖွဲတယ်။ ဘုရားရောက်ရင်လူတိုင်းထိုင်ဖြစ်ကြသလို ကိုယ်လဲ ထိုင်ဖြစ်ပြီး အတွေးတွေနဲ့ စကားပြောခဲ့ တယ်။ အရင်တုံးက လိပ်ကန်လဲ ရေနည်းနေတယ်။ လိပ်တော့တွေ့တယ်။ အရင်တုံးက ပွဲပြသလိုပြတဲ့ အရုပ်တွေလည်းငြိမ်နေတယ်။ ကိုယ်လဲငြိမ်နေတယ်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
24 comments:
hello
အင်း....ငါ့အမကြီးလဲ
ဘု၇ားသွားလိုက်....တစုံတယောက်သောသူကို
အလိုမကျလိုက်နဲ့.....
တ၇ားမှတ်ပေါ့နော်....နောက်တာပါ..
တခါတလေ တည်ငြိမ်ချမ်းမြေ့တဲ့ နေရာတခုမှာ အေးအေးဆေးဆေး သွားထိုင်လိုက်ရတာလည်း ကောင်းပါတယ်...
သတိရတယ် ... ခဏခဏ ရောက်ဖြစ်ခဲ့တဲ့ နေရာတွေမို့... ဘုရားမှာ ရုပ်ရှင်မင်းသမီး ခိုင်ခင်ဦးနဲ့ ဆုံခဲ့သေးတာလည်း မှတ်မိနေသေးတယ်... တိုးရစ်စ် မ
ကြီးတယောက်က နှုတ်ခမ်းနီ တဗူးလက်ဆောင်ပေးလို့
ရခဲ့တာလည်း သတိရနေတုန်း...
ဟုတ်တယ် ဆံတော်တွင်းက ညဆို ပိတ်တယ် မမ။
ကျနော်လည်း ပြန်တိုင်း ရွှေတိဂုံရယ် ဆူးလေစေတီရယ် ဗိုလ်တထောင်စေတီရယ် ဖူးဖြစ်အောင်ဖူးခဲ့တယ်။
အကြွေလေးတွေ ပစ်ချပြီး စံပါယ်ပန်းကုံး လေးတွေ လှူရတာရယ်၊ လိပ်စာ ကျွေးရတာ ရယ်၊ အကုန် သတိရသွားပါတယ် မမ ရယ်၊
ဒီက ဗိုလ်တထောင်မှာ မွေးတာမို့ ဗိုလ်တထောင်ဘုရားဖူးရရင် စိတ်ထဲမှာ တမျိုးကြီးပဲ...
ကိုယ့်ကို သိုက်နန်းက ပြန်ခေါ်မှာပဲ ကြောက်သလိုလို...
မမရေ နောက်တာ မဟုတ်ပါဘူးနော်...ငယ်ငယ်က စိတ်ထဲက အစွဲတွေကို သတိရမိလို့ ကြုံကြိုက်တုန်းလေး ချရေးလိုက်တာပါ။
မမ ပူးတေလဲ ဒီတခေါက်ပြန်ရင် ဗိုလ်တထောင်ဘုရားသွားဖူးဦးမယ်။ ဒီတခါ ကမ်းနားဘက်ရော သွားမကြည့်ခဲ့ဘူးလား။ ဗိုလ်တထောင်ဘုရားသွားပြီးရင် ကမ်းနားဘက်ကို သင်္ဘောတွေ လူတွေ သွားကြည့်ရမှ ပိုပြည့်စုံသွားသလိုပဲ ခံစားရလို့ပါ။ မမကျေးဇူးကြောင့် မဖူးရတာကြာနေတဲ့ ဗိုလ်တထောင်ဘုရားကို ဖူးလိုက်ရတာကျေးဇူးပါနော်။
ခင်မင်စွာဖြင့်
ဘုရားလဲဖူး..လိပ်ဥလဲတူး..
လိပ်ထီးကြီးဓါတ်ပုံထဲမပါပါ့လား..
အင်းးးး အဝေးကပဲ လွမ်းလိုက်ပါတယ်။ :)
အင်း မရောက်တာတောင် ကြာနေပြီ..
ပုံထဲကပဲ ဖူးသွားပါတယ်။
ကမ္ဘာ့ ရုပ်အဆိုးဆုံး ဓတ်ပုံဆုကို မမ ကွန်ကို အဆို တင်သွင်းချင်တယ်။ ဘယ်လောက်လှတဲ့ ရှုခင်း မြင်ကွင်းဖြစ်ပါစေ မမ ကွန် ရိုက်လိုက်ရင် သောက်ကျိုးနဲ့သွားတယ်။ ဒါကို အနုပညာ လို့ ခေါ်မလား အနူပညာလို့ ခေါ်ရမလား။ ဒါပေမယ့် အားလုံးကောင်းတယ်။ နောက်မရိုက်နဲ့တော့ ။ :) :)
ကျွန်တော်ကတော့ ဗိုလ်တစ်ထောင်သွားဖြစ်ရင် တခါတည်း ရွှေဘုန်းပွင့်ကို ရောက်အောင် ၀င်တယ်
အစ်မမေရော ရွှေဘုန်းပွင့် မ၀င်ခဲ့ဘူးလား
မင်းအိမ်ဖြူ
အမရေ ... ကျောက်တုံးကောမခဲ့သေးလားဗျး)
အင်း
အဲ့ဒီဘုရားကော
အဲ့ဒီဘုရားနားမှာ နေတဲ့ လူကြီးတယောက် ကိုကော
သတိရမိတယ်
အရင်ချိန်တွေ ပြန်ပေးပါလား
လွမ်းတယ်.........................
မမရေ ရန်ကုန် ရောက်နေတာလား...
Blogger ko 9 said...
အင်း....ငါ့အမကြီးလဲ
ဘု၇ားသွားလိုက်....တစုံတယောက်သောသူကို
အလိုမကျလိုက်နဲ့.....
တ၇ားမှတ်ပေါ့နော်....နောက်တာပါ..
=============================
မှန်လိုက်တာ ko 9 ရယ်၊ kom က အမြဲစိတ်ဂယောက် ဂယက်၊ ယောက်ကျားကဂရုမစိုက်တော့ အငယ်လေးတွေလဲထားချင် တဖက်ကလဲ အသက်အရွယ်ကြောင့်ဘုရားတစ်ရားလုပ်ချင်၊ ဘလော့ဂါတွေကြားမှာလဲနာမည်ကြီးချင် လို့ထွင်ရတာလဲ အမော၊ ကြာရင်တော့ အရူးထောင် ရောက်မှာမြင်ယောင်သေး......
လူတိုင်းထိုင်ဖြစ်ကြသလို ကိုယ်လဲ ထိုင်ဖြစ်တယ်။
အရုပ်တွေလည်းငြိမ်နေတယ်။ ကိုယ်လဲငြိမ်နေတယ်။
လိပ်ကန်လဲ ရေနည်းနေတယ်။ ကိုယ်လဲ...အဲ......
အဟီး.....
ရန်ကုန်က ပြန်လာတာ တမေ့တမောရှိမှ ရန်ကုန်ပို့စ်တွေ ထတင်တယ် ကြည့်စမ်း....။
ဓာတ်ပုံလေးတွေကလည်း အလန်းလေးတွေ....
"တော်ပြီကွာ ဒီဖုန်းစုတ်ကြီးကို... လွှတ်ပစ်လိုက်စမ်းဘာာာ"
( ဓာတ်ပုံတွေ လန်းလွန်းလို့ ဝိုင်ဝိုင်း သီချင်း ဆိုသွားတာ... ဟီးးးးးးးး)
မမရေ… ပြန်ရောက်ရင် ရွှေတိဂုံသာရောက်ဖြစ်တာ… ဆူးလေ၊ ဗိုလ်တထောင် မရောက်ဖြစ်ဖူးသိလား… ဒီတခေါက်ပြန်ရင် သားကို လိုက်ပို့ ဦးမှ…
ွှ့Thanks for posting.
BINO
လာဖတ်သွားတယ်နော်....အတွေးတွေက တူနေလို့...ရင့်ကျက်အရွယ်ရ လာတဲ့ ဟာကိုပြောတာပါ...
ဒီလိုပဲ ဘုရားရိပ် ရောက်တိုင်း ရင်တွေ ချမ်းမြေ့ရတယ် .....
ဘုရားဖူးရလို့ ကျေးဇူးတင်ပါတယ်။
In my opinion, it is an interesting question, I will take part in discussion. Together we can come to a right answer. I am assured.
Post a Comment