Sunday, November 1, 2009

newspaper










ဒီနေ့သတင်းစာထိုင်ဖတ်တယ်။ ထိုင်ဖတ်တယ်ဆိုတာ ကြီးကြီး ကျယ်ကျယ်ပြောတာပါ။ အမှန်တော့အရုပ်တွေ ထိုင်ကြည့်တာပါ။ စိတ်ကူးနဲ့ဈေးဝယ်ထွက်တယ။် လမ်းထွက်ပြီးလျောက်ကြည့်တာကို window shopping လို့ခေါ်ရင် သတင်းစာနဲ့ စိတ်ကူးနဲ့ဈေးဝယ်ထွက်တာ ကို ဘယ်လို ခေါ်မလဲ။


သတင်းစာမှာ တယ်လီဖုံးကြော်ငြာများသလို ကိုယ်က လဲ တယ်လီဖုံးစိတ်ဝင်စားနေတယ် လက်ရှိဖုံးက နစ်နစ်ရှိပြီဆိုတော့ နောက်လိုင်းတစ်လိုင်းကို ပြောင်းရင် စလုံး ၁၀၀ hand set ဘိုးလျော့ပေးမယ်ဆိုတာနဲ့ဘယ်ဖုံးယူရမလဲ စိတ်ကူးယဉ်နေတယ်။

အခုသုံးနေတဲ့လိုင်းက မလေးရောက်သွားတာနဲ့ မလေးလိုင်းပြောင်းသွားပြီး auto roming ဖြစ်သွားတာ အတော်အီတယ်။ နယ်စပ်မှာလဲ မလေးဖုံးက စလုံးလိုင်းဝင်။ စလုံးဖုံးက မလေးလိုင်းဝင်နဲ့လည်း ကိုယ့်မှာ အတော်အီပါတယ်။ အဲဒါနဲ့ နောက်တစ်လိုင်းပြောင်းပြီးစမ်းသပ်မလို့ ။ ပြီးခဲ့တဲ့ နစ်နစ်ကလည်းလိုင်းကြေးသာ မှန်မှန်ပေးလိုက်ရတယ။် ကိုယ့်မှာလဲ ဖုံးကို သိတ်မသုံးလိုက်ရပါဘူး။ HTC , I phone. Nokia .. ရွေးစရာတွေ များလွန်းလို့ဘာရွေးရမှန်းကို မသိတော့ဘူး။ တစ်ချို့ဖုံးတွေကလည်း တီဗွီကို ကြည့်လို့ရပြန်တယ။်


Robison ကလည်းဈေးက မနည်း။ ကိုယ်မဝယ်ရက်ဘူး။ ဟိုတုံးက အဲဒီနေရာမှ sogo ထင်တယ် ။ sogo ပိတ်ခါနီးတုံးကလည်းအတော်ဈေးချတယ်။ မှတ်မိဦးမယ်ထင်ရဲ့။

စိတ်ဆင်းရဲလို့ သေချင်လို့ ဆိုပြီးကျားတွင်းထဲ ခုန်ချသွားတဲ့သူအကြောင်းလဲ ခေါင်းစဉ်ဘဲ ဖတ်လိုက်နိုင်တယ်။ စာကြည့်မျက်မှန်မေ့လာတာနဲ့။ မျက်မှန်မပါရင် မမြင်တော့ဘူး။ ကျွန်မအသက် သိချင်ရင် မျက်မှန်ကိုကြည့်ပါ အစ်ကို ဆိုသလိုဖြစ်နေပြီ။

ကွန်ပြူတာ ကတော့မဝယ်လိုသေးဘူး လက်ရှိသုံးနေတာ သုံးနစ်ကျော်ပေမဲ့ ဟောင်းပေမဲ့ လည်းကောင်းနေဆဲပါဆိုတော့ပစ်ရခက်နေတယ်။ တီဗွီတွေ တော့ အိမ်မှာနစ်လုံးရှိနေ တယ်ဆိုတော့ ရှိစေတော့။ ကြည့်တာလဲ မဟုတ်ဘူး။

ဟော . Bedroom clear out ..ဟမ် မှန်တင်ခုံ ဘာညာ ဘာညာ ကို ၃၈၀ ဆိုပါလား ။ မဖြစ်နိုင်တာ။ မယ်ဆင်တော့နာပြီ။ မောင်ကြီးဆူတော့မယ်. အို…ပြောလိုက်ပါလေ။ တီဇက်အေ ပစ္စည်းကပိုကောင်းတယ်မတူပါဘူးလို့။

Carrefour ကတော့မရောက်တာ ကြာနေပြီ။ ဆန်းတက်ဘက် မှာဟာဗေးနောမန်က လျော့နေပြန်တယ်။ အဲဒီဖြစ်လဲ မရောက်ဖြစ်တာ ကြာပြီ ဆိုတော့ကာ မျက်စေ့လည်လည်သွားတယ်။ shop and save ဈေးချတယ်ဆိုပေမဲ့လဲ ကိုယ်က ဟင်းမချက်တော့တယ်ပြီးမထူးလှဘူး။

ကျန်တဲ့ဈေးကြီးတာတွေကတော့် မဝယ်နိုင်လို့ မသွားတော့ပါ။ အဲဒါနဲ့ နောက်ဆုံး ဒီနေ့ ဒါဘဲ ပါလာတော့တယ်။

19 comments:

ck said...

hello

ရွှေရတုမှတ်တမ်း said...

တော်တော်လျှော်မယ့်.ဂျီးတော်ပဲ

စူးနွယ်လေး said...

:)

AMK said...

LCDတွေဈေးချပြီလား မမkom Aus မှာတော့ sony LCD selected Model ၀ယ်ရင် 120GB PS3 slim bonus ၇မယ်နော် ဒီဇင်ဘာအထိ

ဂျပန်ကောင်လေး said...

:)...

Rita said...

မယ်ဆင်တော့နာပြီ
:D

သားကြီး said...

“ကျမအသက်ကိုလေ မေးရန်မလို
ကျမမျက်မှန်ကို ကြည့်တော်မူပါအစ်ကို”ဆိုတဲ့
ရှေးဟောင်းဗမာသီချင်းလိုလားဗျ :P

သံလွင် HeRo said...

လာမဲ့အိုင်တီရှိုးကျရင် blackberry ဝယ်ပေး
ပါတီကွန်း)

TZA said...

ဟာ.. ဒါယူရိုငွေနဲ့ဖြစ်မှာပါ.. ကျနော့်ဈေးက မဆိုးပါဘူး.. :P

ရေတမာ said...

;)

ဧပရယ်လ်ပူး@ပူးတေ said...

ကိုသားကြီး comment ကို သဘောကျသွားတယ်။ ကျွန်မရဲ့  ပုံကိုကြည့်ရန်မလို....... :)

khet myint myint said...

ဖုန်းကုမ္ပဏီတို့၏ ပလန်ပေါင်းစုံ မက်လုံးပေါင်းစုံတို့တွင် နှစ်မျောနေဦးမည်လော။ M1 super pac card ဆိုတာရော အသို့ရှိသနည်း။ လူကြီးကိုင် ခန့်ခန့်ညားညားရှိအောင် ဘလက်ဘယ်ရီလေး ရွေးသင့်ပါသည်။
အန်တီဆင် .. ကိုတီ မနက်အစောကြီး တန်းစီထားရတာကို ထောက်ထားပါ။

သက်ဝေ said...

နောက်တခါကျရင် Breeze ဝယ်ကြည့်ပါလား မမ...
Breeze က သုံးလို့ ပိုကောင်းသလိုပဲ...

TZA စင်စင့်ကို ဈေးအများကြီးတင်ပြီး ရောင်းလိုက်တယ် ထင်တယ်... ဟီဟိ
(TZA ကို သွားမပြောနဲ့နော် မမ)

:P said...

ဒီတစ်ခါ စာဖတ်ရင်း ခေါင်းထဲ မိုက်ကနဲဖြစ်သွားလို့ ရှူဆေးလေး ထုတ်ရှူလိုက်ရသေးတယ်။

ရ..ရ..ရ ပါတယ် တီဇက်အေ..... ။

:P said...

အချင်းချင်းတွေပဲဟာ...အဟိ... ။

တီဇက်အေခမျာလည်း ရည်ရွယ်ဝယ်ထားပြီးမှ မရောင်းချင်ပဲ ရောင်းလိုက်ရတာ...၊(ဟမ်... ဘာကိုရည်ရွယ်တာလဲ..)
စက်လုံးပြတ်ပုံ ခွေးခြေလေးလည်း အလကားရတယ်...။
ဘီဒို၊ စားပွဲပု၊ မှန်တင်ခုံတွေပါ ပါတာ..။

(ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်တာမဟုတ်ရပါကြောင်း... ၊ ရှင်းပြတာ ဖြစ်ပါကြောင်း... :D)

Ko Boyz said...

မယ်ဆင် ရသေ့စိတ်ဖြေ လုပ်တာ တစ်အား သိသာတာပဲ။
မောင်တီဇက်အေလဲ ဈေးတင်ရောင်းလိုက်တာ သိသာတယ်။
ဒီမှာ မမ.. လေဒီဖုန်း လား ခင်ဖုန်းကြည်လား.. ဘယ်ဒင်းကို ကြိုက်လဲ....။

Ko Boyz said...

ဒီမှာ ပေါပေါပဲပဲ ဘောပန် စက္ကူတွေနဲ့ ကင်မလာ အစုတ်နဲ့ လာရိုက်မပြပါနဲ့...။
ဒီက နှစ်ထောင်ကျော်တန် လပ်ပ်တော့ပ်နဲ့ ဘလော့ဖတ်နေတာကို အားနာပါ....။

Bino said...

It is nice! The lady with the three phone.
Here in Middle East, all modern latest phones are useless.
Let me explain.
When we arrived in Port such as, Kuwait, Iraq, Iran and Saudi(KSA),
The cameras, all kind of CD, VCD,DVD,magazines, including Myanmar magazine and photos must be stored in secured place and sealed by custom. Not allowed in cabin or public space in ship under the muslin law.
Lucklly, my phone is old modern without built in camera. So, not necessary to put in bond store.
You are lucky. Malaysia is not strict as Muslin country.
Bino

ကောင်းကင်ပြာ said...

နွားနို့ က တဘူးပိုနေရင် ပေးနော် မမ၊ ကျန်တာတော့ မလိုဘူး မမ သုံးလိုက်..