
ဟာ.. အစ်မ ..အမှိုက်ပုံထဲက ဟာတွေကောက်စားနေသလား မမေးပါနဲ့။ အကောင်းစားတွေပါ။ ဘဝက ဆိုင်မှာ သွားစားဘို့အချိန်မရလို့.. လမ်းမှာ ကမန်းကတန်းဆွဲသွားရပါတယ်။ ။ ice tea ကို ကမန်းကတန်းသောက်.. ဝမ်တန်းမီးနဲ့ မျောချ။ မိုင်းကိုင်စက္ကူထဲက တော့ နေ့လည်စားဘို့ chicken rice ။ ပေါက်စီကတော့ဘိုက်ဆာတတ်လို့ ဆာတဲ့အချိန် ကောက်ဝါးဘို့။ ရေဘူးလဲ ပါပါတယ်။ ……..ဘဝများ ဇိမ်မကျပါဘူး။
25 comments:
You made me my mouth watering.
BINO
ဘယ်သူပြောလဲ အမှိုက်ပုံက ဟာတွေလို့...
ကျနော်တို့မှာ အဲဒါမျိုး စားချင်လို့တောင် ဝယ်လို့မရ...း(
(အပြောင်အနောက်သဘောနဲ့ ရေးထားတဲ့ စာကို စိတ်မဆိုးဘူး ဆိုလို့ ကျေးဇူးပါ မမKOM ရေ)
မိုင်းကိုင်စက္ကူထဲက ထမင်းကြော်စားမယ်...
ဒီစက္ကူနဲ့ ရင်းနှီးနေတယ်..
တခါကပေါ့...
တခါက...
နေပါဦး...။ ဒါလဲ ပို့စ်တစ်ခု ဖြစ်သွားတယ်လား...။
(သက်သက် မူးမူးနဲ့ ရန်စခြင်း ဖြစ်သည်။)
မမ ဗိုက်ဆာတယ်...
ရန်စချင်လို့ ပြန်ထလာတယ်လို့ ဆင်ခြေမပေးပါနဲ့..
အပြောနဲ့ အလုပ် တချဲစီ...
အလုပ် pressure များနေချိန်မှာ..
ဂျီးတော် post တွေက စိတ်အပန်းပြေတာအမှန်ပဲ...
ဟယ် စားဖို့သောက်ဖို့တောင် အချိန်ရှားလှချည့်လား။ ၀ိတ်ကျနေဦးမယ်နော် အစ်မ ဟိ ဟိ
မက်စရာ ဘာမှ မရှိပါဘူး။ ဘီယာမှ မပါပဲ။
ပေါက်စီ ပဲ စားမယ် မမ၊ အဲ ဟုတ်သေးပါဘူး၊ မမ ဗိုက်ဆာရင် စားဖို့ဟာ၊ ဆောတီးး
ဟွန့် မာမီနော် မီးက ဗိုက်ဆာနေပါတယ်ဆိုမှ ရှလွတ် ပလပ် ဂလု
ရေးနိုင်ပေ့ ရေးနိုင်ပေ့။ :D
ဟုတ်တယ် မှန်တယ်၊ စားသောက်တာ ပကာသန မလိုပေါင်။ ဆာတဲ့အချိန် ဝမ်းမီးငြိမ်းနိုင်ရင် အဆင်ပြေပေါ့။
ကြိုက်ဖူး....
လက်တွေ့မှာ ဝယ်မကြွေးလို့ ပါ
ခုတကတည်းက ဖိုးစိန်လာရင်ဝယ်ကျွေးဖို့ ပိုက်ပိုက်တွေစုထားပါအုံး
ချစ်ခင်လေးစားခြင်းများစွာဖြင့်
ဖိုးစိန်
ပထမစာကြောင်းဖတ်ပြီးရီလိုက်၇တာဗျာ. ဟီဟီ
ice tea နဲ. ပေါက်စီ အမြန်ဝါးပြီးပြေးရတာချင်းတူနေပြီး)
ဒါနဲ့ ကိုကြီးလူထွင်းကဘယ်အရပ်မှာနေတာမို. ဒါတွဝယ်မရတာလဲဟင် (ခေါင်းကုတ်သွား)း-))
တော်တော် စုံတာပဲ။ ကောင်းလိုက်တာ။ ဒီမှာတော့ ပြီးလွယ်စီးလွယ် sandwich က standard လိုဖြစ်နေပြီ
စားချင်ထှာ
မမကလဲ မချက်ရတာကိုကကောင်းလှပီ
မိုက်စ်
ဘာဘီကျူးပေါင်း လေးနဲနဲကျွေးး)
မမရဲ့ ပြီးလွယ်စီးလွယ် ကမန်းကတန်းကလည်း
များကြီးပဲ ပိန်အုံးတော့မယ် ...
ဘယ်သွားလို့ ဝယ်သွားတဲ့ဟာတွေပါလိမ့် ...
ကိုယ်တိုင် မလုပ်ရရင် ပြီးရော... အကုန်ကောင်းတယ်။ (ဂျီးများလို့မှ မရတာ။ အိမ်မှာဆိုရင်တော့ တမျိုးပေါ့)
ဒီလိုပဲ ဒီလိုပဲ ဝယ်စားစရာ ဆိုင်ရှိတာ တော်သေးတယ်လို့ မှတ်ရမယ်..
တို့တော့ အခု ဘာမှ ready made ဝယ်စားစရာ မရှိတဲ့နေရာ ရောက်နေလို့..
မမ
ပူးတေမှာ ဆိုက်ကိုတမျိုးရှိတယ်။ အဲဒီ စက္ကူနဲ့ ထုတ်ထားတာ စားရတဲ့နေ့ဆို အရမ်းငိုချင်တာ။ ကိုယ့်ဘဝကို သနားလာသလို။ လူဖြစ်ကျိုးမနပ်တော့သလိုနဲ့။ :,(
တခါက အသိအစ်မတွေနဲ့ ဆန်တိုဆာသွားကြတာ၊ သူတို့က မိသားစုလိုက်ဆိုတော့ ပူးတေကို ဘာမှမထည့်လာနဲ့ သူတို့ထည့်လာမယ်၊ အတူတူစားကြမယ်တဲ့။ ပူးတေလဲ ဟုတ်ပြီပေါ့။ စားခါနီးကျတော့ အဲဒီစက္ကူတွေနဲ့ ကြာဇံကြော်၊ ဆီထမင်း၊ ကြက်သားကြော် နဲ့ မုန့် အစုံပဲ။ ပူးတေကြိုက်တာတွေပါတယ်။ ဒါပေမယ့် ပူးတေပြောလိုက်တာ အစ်မလို့ ပူးတေအဲဒီ စက္ကူတွေနဲ့ မစားချင်ဘူးလို့။ သူတို့လဲ ပင်ပင်ပန်းပန်းလုပ်လာပြီး ပူးတေပြောလိုက်တော့ နင်သွားကြတယ်။ တော်သေးတယ် စိတ်မဆိုးသွားကြလို့။ :) တခါတလေ အလုပ်မှာ ထမင်းသွားစားဖို့ အဆင်မပြေရင် သူများနဲ့မှာလိုက်ရတယ်။ ပြန်လာရင်စက္ကူတွေနဲ့ ထုတ်လာတယ်။ :,(
သာမီးက မျက်စိနဲ့စားတာ
အမရာ ... ဇိမ်မကျလို့ပဲ .. ကျွန်တော်သွားရည်တောင်ကျတယ် ..
ငတ်ကြီးကျတယ်ပြောပြော
စက္ကူနဲ့ ထုပ်ထားတဲ့ chicken rice ကို လွမ်းတယ်
Post a Comment