Thursday, February 11, 2010

Feb 11

အလုပ်များတယ်။အလုပ်များတယ်လို့ပြောရင် အမြင်ကပ်စရာဖြစ်မယ်။ လူတိုင်း အလုပ်များ နေကြ တာပါဘဲ။ ကပ်ချင်လဲကပ်ပစေ. ပြောရမှ ဖြစ်မယ်။မနက် ခြောက်နာရီကျော်က ထွက်သွားတာ မိုးချုပ်မှချည်းဘဲပြန်ရောက်ရောက်လာတယ်။ ကိုယ့် ကိုယ်ကို တမင်မအားအောင် နေတာလဲပါတယ်။ အားရင် ကွန်ပြူတာရှေ့မှာဘဲထိုင်နေတာ အချိန်ကုန်တယ်။ အကျိုးမရှိဘူး ။ စိတ်တော့ချမ်းသာပါတယ်.. ဘာလိုလိုနဲ့ ဘလော့ လုပ်နေတာ သုံးနစ်ဝန်းကျင်ရှိလာပြီ.။ ကျောင်းသွားတက်ရင် ဘွဲ့လွန်တစ်ခုလောက် ရ တော့မယ်။

စီပုံးနဲ့ဘလော့ဖတ်ချင်သော်ငြားလည်းအားလုံးကို ဘလော့လုပ်ထားလို့ဖတ်လို့မရဘူး မေလ်းလေးရ လို့တော့တော်သေးရဲ့။ တစ်မျိုးတော့လည်းကောင်းတာပေါ့ သံယော ဇဉ်င်္ပြတ်တယ် မပြတ်လို့လဲမရဘူးလေ. ဖြတ်ပေးထားတာကိုး။

ဒီနေ့ အလုပ်များပေမဲ့အလုပ်ပါးတယ်။ နေ့လည်က ကန်တင်းမှာထူးထူးဆန်းဆန်း လူနဲနဲစုံတယ် ။ ကိုယ်တို့အလုပ်သဘာဝအရ တစ်ယောက်နဲ့တစ်ယောက် ထမင်းစားချိန် သိတ်မတူကြဘူး ။ ခင်တဲ့သူချင်းတွေ့ဘို့လဲ ခဲယဉ်းတယ်။ ဒီနေ့တော့ငါးယောက်လောက် ကင်တန်းမှာ တွေ့တာနဲ့ ဝင်ပြီး ထိုင်လိုက်မိတယ်။ များသောအားဖြင့်ကိုယ်က နားထောင်သမားပါ။ သူတို့စကား အဂ်လိပ်လို သိတ်မပြောတတ်တာလဲပါတယ်။

တစ်ယောက်ကပြောတယ် ။ သူက subway ဆိုင်မထိုင်ဘူးဘူး ဆိုတဲ့အကြောင်း အဲဒါ ရောက်သွားတာမှာ ဘယ်လိုမှာရမယ်မှန်းမသိလို့ နောက်လူကို ရှေ့တန်း တင်လိုက် ရတဲ့အကြောင်း။ နောက်တစ်ယောက်ကလဲ အလုပ် ထွက်ပြီး အလုပ်ပြောင်းရင် ကောင်းမလား ဆိုတဲ့အကြောင်း။ နောက်တစ်ယောက်ကလဲ တရုတ်နစ်ကူးမှာ သူအိမ်မှာလဲနေ အမျိုးတွေ ဆီလဲရှောက် လည်မယ် ဆိုတဲ့ အကြောင်း စိတ်ကူးပေါက်ရာ တွေပြောကြတယ်။ ကိုယ့်အတွက်ကတောူ့သူတို့ ပြောတာတွေ ဟာ ကလေးတွေလိုဘဲ ။ ချစ်စရာ ကောင်းကြပါတယ်။

မြန်မာတွေနဲ့ သွားမထိုင်ဘူးလား...မမေးပါနဲ့ ။ လက်ချိုးရေလို့ရတဲ့သူတွေကို ဖုံးဆက်လို့ မရပါဘူး ။ အကြောင်းအမျိုးမျိုးနဲ့ မကိုင်ကြတာ တွေများနေတယ် ။ ကိုင်တဲ့သူ ပြန်ဆက်တဲ့ သူကထပ်ပြီး လက်ချိုး ရေလို့ ရတယ်။ နောက်ဆုံးတော့ ကိုယ်လဲ မေ့ ထား လိုက် တော့ဘို့ကြိုးစားလိုက်တော့တယ်။

35 comments:

khin oo may said...

မှန်မှာပေါ့။
သေချာပြင်ထားတာကိုး။

ချမ်းမြေ့ရင် said...

အမစီပုံးကိုဘယ်သူဘလော့ထားလို့တုံး ပြောပါအုံး

khin oo may said...

ချွန်းသွားမှာတော့စိုးသား။

khin oo may said...

ဟမ်. မေးစရာလား။

Anonymous said...

ရေးပါ ရေးပါ...

များများရေးပါ....

khin oo may said...

သူကလာဖတ်တာကြနေတာဘဲ။ ဖမ်းမမိတဲ့သူကများ။

Khyl said...

အမ စီဘုံး အသစ်တတ်လိုက်...

khin oo may said...

စာလုံးပေါင်းမှားရင်အားကြီးစိတ်ဆိုးတယ်။ဘီးဇီးမိုးဇီး

အိုက်ခီလောက် said...

မကြီးရေ
ဘာမှဟုတ်ဘူးးးးးးးလို့ အဟတ်
ကော့မန့် လာဖွ တာ

ကောင်းကင်ပြာ said...

မမ နှစ်ကူးရော မနားရဘူးလား..နားပါဦး..း)

စူးနွယ်လေး said...

မမခင်...စာလာဖတ်တယ်

Bino said...

အလုပ်များတယ်။အလုပ်များတယ်လို့ပြောရင် အမြင်ကပ်စရာဖြစ်မယ်။
Nobody hate you.
Most of blog writers and readers love you.

လူတိုင်း အလုပ်များ နေကြ တာပါဘဲ။
Do you believe it?
I had worked yesterday 13:00 to today morning 09:30 without sleeping or without resting.
Total working 20.5hr.
According to ILO regulation, Every seaman must rest 10 hour for 24 hour period.
Every seaman got opposite way.
Sometime the whole day working.

BINO

ADDRESSEE said...

အမရေစာလာဖတ်ပါတယ် ခင်ဗျား

ShwunMi- said...

ထူးဆန်းလိုက်တာ မခင်ဦးမေတစ်ယောက် ကော်မန့်မှာ စကားပြန်ပြောနေပါလား။

Moe Cho Thinn said...

သတ္တိရှိရင် ဖုန်းနံပါတ် မေးလ်နဲ့ ပို့လိုက်ပါ။
အပြတ်ဆက်ပစ်လိုက်မယ်။ :D

khin oo may said...

အိုက်ခီလောက်
တို့လဲဖွနေတာဘဲ

ကောင်းကင်ပြာ
နားဘို့မနားဘို့ကို အသည်းအသန်စဉ်းစားနေတယ်။

စူးနွယ်
ဘိုက်ဆာတယ် ဂွီတဲ့။

ဘီနို
ဒါပေမဲ့ဘီနိုတို့က ဘောစ်ပါ ဘော့်ဆိုတာ ခေါင်းဘဲစားတာ လူမပါဘူး။။

ADDRESSEE
မတွေ့တာကြာ
ရှိနေတယ်လို့တော့မျော်လင့်တာဘဲ

ဟုတ်တယ်ကြွက်မီ
စိတ်မှ မှန်ရဲ့လားမသိဘူး

မိုးချိုသင်း
မဖြစ်ဘူး မဖြစ်ဘူး

မနေ့ကပြန်လာတဲ့ ကိုကျော်ဝဏဖက်တဲ့ scene လေးကိုမြင်ယောင်ပြီးပြုံးမိသေးတယ်။

Vista said...

အေးလေ အေးလေ ဆက်မယ့်လူတွေကျတော့မပေးပဲနဲ့ 
မမ မေးလ်နဲ့ ဖုန်းနံပါတ်ပို့ လိုက်ပါ ၊ လိပ်စာပါပေးအုံးမလား အိမ်ပါလာလည်အုံးမယ် ဟွင်း။

ရွှေဘ၇ူနိုင်း said...

မ KOM ,
စိတ်မကောင်းမဖြစ်ပါနဲ့...
အရွှယ်ကြောင့်ပါ။
ငယ်သူငယ်ချင်းအ၇င်းတွေတောင
်ဒီအရွှယ်မှာစကားပြော၇တာ
သိပ်ကီးမကိုက်ချင်တော့ဘူးလေ...ဟဟဟ

ဒဏ္ဍာရီ said...

အတူတူပါပဲ အမရယ်.... တခါတလေ သူတို့ကလည်း မအားတော့ ဖုန်းမကိုင်ဘူး။ ဒီတော့ နောက်ပိုင်း ဘယ်သူ့ကိုမှ မခေါ်တော့ဘူး။ တစ်ယောက်တည်း နေတတ်လာတယ်။

နှစ်ကူးက ရုံးမပိတ်ဘူးလား အမ။
ပျော်ရွှင်ဖွယ် နှစ်ကူးလေးမှာ နားရပါစေ..။း)

ခင်မင်လေးစားလျှက်

ရွှေရတုမှတ်တမ်း said...

စကားတွေပြန်ပြောနေတာ ဒို့ဂျီးတော်အစစ်မှဟုတ်ရဲ့လား
KOM မှာ R ဆိုတာပါမပါသေချာကြည့်အုန်းမှ

ဇွန်မိုးစက် said...

သူမအား ကိုယ်မအားနဲ့ မောင်နှမအရင်းအချင်းချင်းတောင် မတွေ့ဖြစ်၊ ဖုန်းမပြောဖြစ်တဲ့အခါတွေရှိတယ်။

သက်ဝေ said...

တို့မမ Comment တွေမှာ စကားပြန်ပြောနေပါလား...
မမ... နှစ်ကူး နားရတယ် ဟုတ်...
စာတွေအများကြီးရေးပါ..
အမြဲလဲ လာဖတ်တယ်... ဖမ်းရင်လဲ မိပါတယ်...း))

ချစ်သမီး said...

မမကွမ်းးးး

ဖုန်းချက်မယ်..
ဖုန်းနံပတ်ပေးးး
မီးမီး ညနေတိုင်း ဖုန်းချက်မယ်..
နားငြီးတယ်. နားအူတယ်လို့  မငြီးရဘူးနော်..
ဖုန်းချက်တာ ကြာလို့  နားပူနေပီလို့ လည်း
ပြောရဘူးးးး..

ဟိ
nn

ချစ်ကြည်အေး said...

မမကွန် ထမင်းအတူလာစားပေးပါ့မယ်ဗျ...ဖုန်းသာဆက်လိုက်စမ်းဘာ.....မမကွန် ဖုန်းနံပါတ်ပေးချင်လဲ ပေးလေ...ခိခိ...:))

ZT said...

မိုဘိုင်း Broadband တစ်ခု ဝယ်ထားပါ။ ပေါပါတယ်။
Block ချင်သလောက် Block အသာလေးပဲ။

Steve Evergreen said...

ဗမာတွေ ခတ်ကင်းကင်းနေတာ ကောင်းတယ်။ နို့မဟုတ် ပိုက်ဆံတွေဘာတွေ ချေးနေဦးမယ်။ ဝမ်းနဲစရာ မလိုပါဘူး။ ကိုယ်က ဗမာတွေနဲ့ မနေချင်လို့ စင်ကာပူ ကို ထွက်လာပြီဘဲဟာကို

ဖိုးသင်္ကြန် said...

အမဆီလာဖို့လဲ မေ့ထားတယ်

???

မေ့သမီး said...

အမရေ သူများပြောတာတွေသိပ်အရေးမစိုက်ပါနဲ့။ စာလုံးပေါင်းမှန်တာကောင်းပေမယ့် ညီမတို့က မြန်မာအဘိဓာန်ရေးနေတာမှမဟုတ်တာ။ သိပ်ပြီး သူများကိုအကျိုးပြုတဲ့စာရေးချင်ရင် အင်တာနက်သုံးနိုင်တဲ့ လူနည်းနည်းပဲဖတ်တဲ့ ဘလော့ရေးပါ့မလဲ။ သတင်းစာတို့၊ ဂျာနယ်တို့ မဂ္ဂဇင်းတို့ တက်ရေးပလိုက်မှာပေါ့။ အမတော့ မသိဘူး။ ညီမတော့ ပျော်လို့ရေးတယ်။ ကိုယ်ရေးချင်တာရေးမယ်။ ကိုယ့်ကိုချစ်တဲ့ ခင်တဲ့သူတွေဖတ်လိမ့်မယ်။ ကိုယ့်ကိုစေတနာ မေတ္တာထားပြီး အလေးထားတဲ့သူတိုင်းကို အပြန်အလှန်တလေးတစား စေတနာထားမယ်။ ဒါဆိုတော်ပြီပေါ့။

နေ၀သန် said...

:P... ဒါဆိုလည်း ဘလော့ခ်မာစတာဘွဲ့ ယူဗျာ.... ကျွန်တော်ကိုယ်တိုင် ချီးမြှင့်မယ်... ဟဲဟဲ....

သူကြီးမင်း (တုံးဖလား) said...

ပျော်ပျော်နေ သေခဲ။
တော်ရာနေ ကွေကွဲ။

RePublic said...

ဟက်ပီးနယူးရီးယားပါ မဂွိစ် - အံပေါင်း ပေးပါ

mae said...

မမ.. နှစ်သစ်ကူးပိတ်တယ်ထင်တယ်၊ comment တောင် ဖြေနေတယ်

ဖုန်းမကိုင်တဲ့သူတွေ အကြောင်း သိသလိုပဲ၊ မမက ကိုင်မယ့်လူတွေကျ မဆက်ပဲကို..

khin oo may said...

Vit
အပြောကောင်းယုံရမှာလား။

ရွေဘ ဂူနိုင်း
ဟုတ်တယ်။အဲံသလိုဘဲ အဲသလိုဘဲ။

ဒန်နာရီ
တစ်ယောက်ထဲ နေတတ်မှဘဲဖြစ်မယ် နိုငှ်ုငံခြားမှာ မဟုတ်ရင်ရူးသွားလိမ့်မယ်။
နားရတယ်ညီမဆုတောင်းကြောင့် ကျေးဇူး

ကိုရင်ဖေ
အစစ်တော့် အစ်စစ်

ဇွန်မိုစက်
တို့ကရန်ကန်ုကိုမခေါ်တာကတော့ပိုက်ပိုက်ကုန်မှာစိုးလို့.။

သက်ဝေ
ပြောတာထောက်ခံပါတယ်။

ညီမလေးညီမလေး
အသစ်ကလေးလား

ညည
ဖြစ်ဘူး ပြီးရင် ဆက်မှာလည်းမဟုတ်

ချစ်ကြည်အေး
အပြောကောင်း
အိမ်လိုက်သွားတော့ဖြင့်သူက ခွင့်တိုင်သွားတယ်။
ယုံရင်ခက်မိဦးမယ်

ဇက်တီ
ဆက်သွယ်မှူပြင်ပဧရိယာရောက်နေရင်ဘယ်နဲ့လုပ်မလဲ ပြော အခုပြော..

Steve
နေချင်ပါတယ်။ မြန်မာတွေနဲ့

ဖိုးသကြန် ဘာပြောသွားတာလဲ။
နားမလည်ဘူး။

ဟုတ်တယ် မေ့သမီး
စိတ်ကူးရှိတာလေးတေါ အပြင်မှ ပြောခွင့်မရလို့ချရေးနေတာပါ။

ဂျပန်ကောင်လေး
မှန်မှန်လာဖတ်တယ်နော် အံသြစရာဘဲ

ကိုကိုမောင် ယူကေ
စာလေးဘာလေးရေးပါ တို့က ကဗျာထက် စာပိုကြိုက်တယ်။

ကိုဂီ
သတိရသေးတယ်နော်
အန်မတန်မှ ဝမ်းသာမိပါတယ်
မျက်ရည်များတောင်ဝဲမိပါရဲ့။


Mae
ယုံရမှာလား
မယုံရဲဘူး။

Wai Lwin Zaw said...

တစ်ရွာလုံး နဲ့ တစ်ယောက်ဆိုရင်တော့ တစ်ရွာလုံးက လွန်တာပေါ့နော်။ ဝေလွင်လည်း လူတိုင်းနဲ့တော့ မတည့်ပါဘူး။ ဒါပေမဲ့ အများစုနဲ့တော့ တည့်ပါတယ်။

Khyl said...

မမ စီမှားတာလား ဘုံးမှားတာလား... နှစ်ခုလုံးလား... အဟီး