Showing posts with label Feel. Show all posts
Showing posts with label Feel. Show all posts

Sunday, December 9, 2012

passport























ကားသည် ဝပ်လျော့ဟု ထင်ရဘက်သို့ချိုးကွေ့လိုက်သည် ကားမောင်းသော ကားဆရာကြီးသည် ကားကိုပြင်ရန် အစ်မက ပြောထားပြီးကြောင်း ကားတစ်ခါးပြင်ရန် ပြောသည် .  ရပါတယ်လေ. အနီးအနားမှာစောင့်နေတာ ပေါ့ ဟု သူက ပြန်ပြောကာ ကားပေါ်မှဆင်းသည်. ဟိုနားဒီနားလျောက်ပြီး ပိုက်ဆံအိတ်ရှင်းဦးမှ ဟု ဆိုကာ ပိုက်ဆံအိတ်ထုတ်ရှင်းသည် စာရွက်စုတ်များကို လွတ်ပစ်သည် တွေ့ကရာထည့်ထားသောပိုက်ဆံများကို ကောက်သည်. . အကြွေများကို အကြွေအိတ်ထဲသို့ စနစ်တစ်ကျပြန်ထည့်သည်.။ ပိုက်ဆံအိတ်ကို ထုတ်သည် တယ်လီဖုံးနစ်လုံးကိုနေရာချသည် ပတ်စပို့ထည့်သော အိတ်ပျောက်နေသည် ။ရင်ပူသွား၏.ဒီန်းကနဲဖြစ်သွားသော ရင်ကို ဖိကာ သေချာ ပြန်ထုတ်ပြန်ထည့်သည် ပတ်စပို့ထည့်ထားသောပတ်စပို့ပါသောအိတ်ရှာမတွေ့။ ပျောက်ပြီထင်သည် ဘယ်နားကျခဲ့ပါလိမ့်. စဉ်းစားသည် စဉ်းစားေ၇ွ့မရ. သွားသောနေရာများ များလှသည်.ဘယ်လိုမှ စဉ်းစားမရ. ခါတိုင်း သွားနေကျ နေရာများသာ ဖြစ်မည်.။ မည်သို့ပြန်ရှာရမည်နည်း. မှောင်စပျိုးနေဘီ. နီးရာအိမ်မှအသိ တစ်ယောက်ထွက်လာသည် ဘာဖြစ်တာလဲ မေးသည်. ပတ်စ့ပို့ပျောက်နေလို့ ဟု သူဖြေသည်. ဘယ်နယ့်လုပ်ရပါ့တွေးသည် မိတူတွေ ရှိသလား ရှိသည် သို့သော်အားလုံးသည် စကာပူရှိအိမ်တွင်ဖြစ်သည်။ မည်သို့ ပြန်ယူရမည်နည်း။

ပတ်စပို့မရှိလျင် ဘယ်လိုလုပ်မလဲ ဘေးက လူက မေးသည် . သေချာတာက အခု ည စကာပူပြန်လို့မရတော့ဘူးပေါ့. စာအုပ်ရှိမှ လဝက က ဖြတ်လို့ရတာ. စာအုပ်မပါရင် ဘယ်လိုဖြတ်မလဲ။ မလေးရှားတွင်နေရန် အိမ်ရှိသလားစဉ်းစားသည် ရှိသည် ခဏနေေ၇ွ့ရသည် အကျီအဝတ်အစားမ၇ှိ. ညအိပ်လေ့မရှိသောကြောင့်အဝတ်အစားများ မထားဖြစ်. ခဏ လဲဝတ်သော လုံချည် အကျီတစ်စုံသာရှိသည်။ အပြင်ထွက်ရန်ဝတ်ရန် အကျီ်တောင်မရှိ. ဒါက ကိတ်စမရှိ. ဝယ်ဝတ်လို့ရည် မလေးရှားပိုက်ဆံရှိသလား လောာက်လောက်လားလားမရှိသောလည်း အသေးသုံးအတွက်တော့လူံလောကသည်.။

ဘယ်လိုလုပ်မလဲ မှောင်လာပြီ  သူရင်ပူကာ အားငယ်လာသည်.။ ကေအယ်သွားရမည်ပေါ့. စာအုပ်ပျောက်သည် ဘယ်နယ့်လုပ်လဲ ကေအယ် က မြန်မာသံရုံးကို သွားရမည် စာအုပ်ပျောက်ကြောင်းအကြောင်းကြားရမည် ရဲထောက်ခံစာများလိုဦးမလား ဘာစရွက်စာတမ်းမှလဲ မပါ. စကာပူအိမ်ကလည်းသော့ခတ်ခဲ့သည် စာရွက်စာတမ်းဆိုသည်က လည်းသူသိမ်းသည် ဖြစ်ရာ သော့ကလည်းသူနင့်ပါလာသည် . စာရွက်များသိမ်းရာဖိုင်တွေကလည်းအများကြီးသူကိုယ်တိုင်ပင်မနည်းပြန်ရှာရမည် ဖြစ်သည်.

ပြန်တွေ့သောသူပြန်ပေးရန် လိုလားသည် ပြန်စဥင်္းစားကြည့်သော်ကောက်ရသောသူသည် မည်သို့ပြန်ပေးမည်နည်း. စာအုပ်တွင် စာအုပ်နံပတ်နင့်ထုတ်ပေးရာ အရပ်စကာပူသာ ပါသည် သူ့ထံဆက်သွယ်ရန် လိပ်စာ ဖုံးနံပါတ် မ့ါပါရှိ. ငါဘာလို့ဒီလောက်တောင်ပေါ့ရတာပါလိမ့် ပြန်ကောက်သူ ပြန်ပေးရန် ဖုံးနံပါတ်လေး ရေးပေးထားလျင် ကောက်ရသူသညိစိတ်ကောင်းရှိသူများရာ သူ့ထံ့သို့ဆက်သွယ်ပေလိမ့်မည် ယခုသော်စာအုပ်ကလေး ကောက်ရသူသည်လည်းစာအုပ်ကလေး ကိုင်က ဘာလုပ်ရမည် သိမည်မဟုတ်ချေ။

တွေးရင်းနင့်မောလာသည်. စာအုပ်ကလေးကို သတိရသည် မြင်ယောင်လာသည် ငါ့စာအုပ်ကလေးရယ်ငါ့ဆီပြန်လာပါ. ငါအိမ်ပြန်ချင်တယ်ဟု တွေးသည်။ အလုပ်လုပ်ရာ ရုံးတွင် ပတ်စပို့မိတူပေးထားသည် ကို သတိရသည် ဒါဆိုရင်တော့ အလုပ်မှ သွားယူရင် မနက်ဖြန် မနက် ပတ်စပို့မိတ်ူ ရုံးက သွားယူ ရဲစခန်းသွား အကြော်းကြား. ယခုည မလေးရှားမှာအိပ် ပိုက်ဆံကို သူငယ်ချင်းဆီမှ ခေတ္တချေး. စာအုပ်အတွက်တော အသစ်ထုတ်လျင် မည်မျှ ကျရွေ့ မည်မျှ ကြာမည်နည်း သူမသိ. ။ အဲသာဆိုရင် တစ်ခေါက်ပြန်လာ အလုပ်ပြန်တက်. ပြန်သွားယူရမည်လား တစ်ခါတည်း ရခဲ့မည်လား သူမသိ. သူထုတ်သော စာအုပ်မှာ စကာပူမှ  ဖြစ်ရာမလေးရှား မြန်မာသံရုံးသည်စကာပူ မှ ထုတ်ပေးသော ရုံးနင့်မည်သို့မည်ပုံ ဆက်သွယ်ချိတ်ဆက်မည်နည်း တစ်ခုခုတော့ရှိမည် ထင်သည် နောက်ကို စာအုပ်ကို သေချာသိမ်းရန်. တစ်ချိန်လုံးဂရုစိုက်နေရန် ပိုသတိရသည် ယခု အပတ်အလုပ်များလွန်းရာ ကိုယ့်ုကိုယ်ကိုယ်ပင်စောင့်ရှောက်ချိန်မရ. စာအုပ်ကို စောင့်ရှောက်ရန် မေ့သွားသည်။

ပတ်စပို့ထည့်သောအိတ်ကလေးကို ချိတ်ကလေးချိတ်ကြီးနင့်တွဲ့ကာချိတ်ထားရန်. အာရုံသိတ်များနေသည်။ ထည့်ထားသော အိတ်ကလေးတွင် အမည်လိပ်စာ ဖုံးနံ့ပတ်. typping နင့်ရေးရန် သူလက်ရေးကိုမည်သူမျှ မဖတ်တတ်ကြ.။ စာအုပ်မိတ်ူ အစုံ မလေးရှား အိမ်တွင်ထားရန် အဝတ်အစားအပိုနည်းနည်း ယူထားရန်. ညအိပ်ညနေအရေးကြုံက အိပ်ရန် မလေးရှားဘဏ်တွင် ပိုက်ဆံအနည်းငယ်ပိုထားရန် ကိုယ့ိုကိုယ်ကိုယ်သတိပေးသည် လူမိုက်နောက်မှ နောင်တရ.

ူသူအားငယ်လာသည် မငိုချင်သေည်လညိးစိတ်ရှူပ်လာသည် အလုပ်များသည် ဆိုပါမှ. စာအုပ်ကလေးတစ်အုပ်သည် တန်ဘိုးကြီး အလုပ်များလှသည်. သူအိပ်နေသည် ဟု ရုတ်တစ်ရက် သတိရသွားသည် . သူသည် အိပ်ရာပေါ်မှာဖြစ်သည် ရုတ်တရက် ထိတ်ကနဲဝမ်းသာသွားသည် ငါအိပ်ရာပေါ်မှာဆိုရင် အိပ်နေတာပေါ့ ဒါဆို စကာပူက အိမ်မှာဘဲ ဒါဆိုရင် စာအုပ်ပါလို့သာငါစကာပူရောက်ခဲ့တာပေါ့.။ ဒါဆိုရင် ပိုက်ဆံအိတ်ထဲမှာ ရှိမယ်ထင်တယ်။ အိပ်ရာမှ အသာထသည် အသက်ကို အအောင့ကာအိမ်ခန်းရှေှ့သို့သူ ထွက်လာသည်. ပိုက်ဆံအိတ်နစ်လုံးဖြစ်နေသည် မနေ့က စနေ လမ်းထွက်သောအိတ်နင့် မလေးရှားသွားလျင် သုံးသောအိတ်. နစ်လုံးရှိရာ မလေးအိတ်ထဲသို့အသာလေးချောင်းကြည့်သည် အသက်အောင့်ထားမိသည် ဒါဆို သေချာပါပြီ. ငါစကာပူရောက်နေမှတော့စာအုပ်ပါရမှာပေါ့. မလေးအိတ်ထဲတွင် စာအုပ်ထည့်သောအိတ်ကလေးကို သူမြင်နေရသည် ရင်ဘတ်ထဲမှ အလုံး သက်သာသွားသည်မှာြေ့ပာစရာမရှ.ိ.

သူ့စာအုပ်ပြန်ရပြီ။
သက်ပြင်းချလိုက်သည်။

Tuesday, June 26, 2012

ဒဿဂီရိ လိုချင်တယ်။






















လူတစယေက်၏ဓါတ်ပုံကိုစိတ်လှုပ်ရှားစွာ စောင့်ကြည့်ဖွင့်ရသည်မှာသူမအတွက် အတော်စိတ် လူပ်ရှားစရာကောင်းပါ သည်၊ ဖြစ်ချင်တော့လဲ အင်တာနက် access မကောင်းသောနေရာတွင် သုူမရောကနေရာ ဓါတ်ပုံ apartment များကိုမြင်နေရပြီး ပုံများကို မမြင်ရသေးသည်မှာ အတော် အသည်းယာ၊စရာကောင်း လေသည်။ ဖဲမရိုက် တတ်သော်လည်း ကြားဘ။ူးနားဝ စကား ဖြင့် ငှား သုံး ရလျှင် ပိုကာရိုက်သလို ၂၁ပေါက် ရိုက်သလို နေက်ဆူံး ဂဏန်းကို ပွတ်ဆွဲ ရသလို အသည်း ယား စရာ ကောင်းပါသည်။

ထိုသိ့စောင့်ကြည်သည်မှာ ပတမင်္ဆုးအကြိမ်လာ၊လို့မေးခဲ့လျှင်တော့လည်းသုူမ ဝေဝါးလေသည်။ ထိသူ့ကိုသူမစတင်ပိ့ခှဲုသည်ဆိလျှင်တော့ အကြောင်းသိများကအ့ဠသသတ်ချင်ပေလိမူမည်။ မှန်သည် သူမစတင်ပို့ခဲ့ပါသည် သူ့ထံမှ attention လိုချင်သောငြောင့်၏ူ ခတ်ညစ်ညစ် ဖြေပါ့မည်။
ဓါတ်ပူံမြင် လုမြင်လျှင် လုူခင်လျှင် မူကိုများ ပြင်လိမ့်လေမလားဟု မျေီာ်လင့် မျှော်လင်ူ့သည်လည်းပါသည်။ သူမပို့ခဲ့ပါသည်






























သူမကိုအွန်လိုင်းတွင်မြင်ဘူးချင်သူများ many many အချို့ ရှိခဲ့သော်ငြား နေနိုင်ခဲ့လေသည်။ သူမကဘဲကျရျုံးချင် နေတာလား သူကဘဲ ဖြားယောင်းမှူကို တဖတ်ကန်းခတ်ခဲ့သည်လား ။လားပေါင်းများစွာကို မစဉ်းစားလိုသေးချေ။


သူအေးချမ်းစွာအပ်ပျောနေသောအချိန်တွင်သူ့အကြောင်း ကိုတိတ်ဆိတ်စွာစဉ်းစးရင်းသူမ၏သွေးတိုးနှူန်းများမြန်ကာစိတလျှူပ်ရှားမိသည်ကိုတော့ သူသိဘို့မလိုအပ်ချေ။


သူမ လောဘမင်္ကြီးပါ ၊ ရသမျှဖြင့်ရောင့်ရဲတတ်သုဇြစ်သည။် သူ့၏အချစ်များ ကိုမမျှော်လင့်ခဲ့ပါ။ ရယုဘို့လည်းမကြိုးစားခဲ့ပါ၊ ၊ ခဏကြုံဆုံခိုက် စိတ်ချမးသာမှုူ ကို ဝင်ယုူသွားခှဲုခြင်းဖြစ်သည်။ ထိုသုူ့ထံမျှမဗမျှော်လင့်ခှဲုသော ကြင်နာမျှူတစ်ခု ကိုသုံးစားခဲ့ခြင်း ဖြစ်သည်။

သူမသည် ရုံးထွက်ဘို့ကြိုးစားရင်းနဲ့မြူံးထဲရောက်နေမိခဲ့တာ ....ဖြစ်သည်။


























သို့သော်ငြားလည်း................အိမ်မက်တခုပျောက်ဆုံးသွား ၊ တ
ဘဝစာအတွက် တသက်တာ ကျေးဇူးတင်မဆုံးခဲ့

Monday, April 16, 2012

စိတ်အလျဉ်























ပန်းတောက်ပန်းကလေး မလေးရှားက မြန်မာဆိုင်ကတောင်းလာတာ။ ဘယ်ကရသလဲတော့မသိ. ကောင်လေးတွေ ယူလာတာဆိုတာဘဲ။























အရိပ်ကြည့်ဘို့တွေ့တဲ့ခွက်ထည်းထည့်ထား.....
























နွမ်းသွားတယ်။

စာအုပ်ကြားထဲညှပ်လိုက်တယ်။

ဘာစာမှ မရေးတတ်ဘူး. အမြင်ကပ်အောင်တော့ရေးတတ်တယ်.
ရေးလိုက်ဖျက်လိုက်လုပ်ပြန်ပီ။
ဖျက်တယ် ဖျက်တယ်။

မဖျက်တော့ဘူး။

သေချာတာက ပင်ပန်းနေတယ်။ အိပ်လဲမအိပ်ဘူး အလုပ်လဲပိတယ်။ စထရက်လဲများတယ်။ ခေါင်းထည်းမှာစကားသံတွေမြည်ဟည်းနေတယ်။ ကြားယောင်နေပြီဆိုရင်တော့ ဆိုက်ကထရီနဲ့ပြဘို့ဘဲ။























ချန်နယ်အေရှက သီချင်းသံထွက်နေတယ် တီးလုံးချည်ဘဲး. နိုတီဖီကေးရှင်းတွေ ဒီညအတွက် အော်ဖ်လိုက်ပြီ။ ရှေ့ဆက်ရိုက်ပေါက်ဘဲမြင်တယ် အလိုကျမပြောနိုင်မှတော့ဇတ်ဆရာမငြိုငြင်ခင် အသာလေးထွက်ထိုင်နေတာကောင်းမယ။်

Tuesday, October 4, 2011

အမေ

အမေ
သမီးလေ လူကြီးဖြစ်လာပေမဲ့ ခလေးဖြစ်နေတုံးဘဲ အမေ.
ဖျားတယ် အမေ
အန်လဲအန်တယ်
မူးလဲ မူးတယ်။
ခေါင်းလဲကိုက်တယ်
အီးလဲပန်းတယ်။ အားလဲမရှိဘူး မျော့နေတယ်။ အခုတော့နလံပြန်ထူစပြုပီပေါ့အမေ။
ဖျားတော့ လဲနေတယ်အမေ
ပြုစုမဲ့သူလဲမရှိဘူး။
ဆေးရုံဘဲ ပြေးတက်ရမလား။ အမျိုးတွေ ဆီဘဲခေါင်းထိုးဝင်ရမလား ဘာလုပ်ရမလဲအမေ.
အမေရေ.လို့ အော်ပြီးငိုချင်လိုကတာ အမေ။

သူများတွေ ကြီးပွားနေကြသတဲ့
ဘာတွေ များလုပ်နေကြပါလိမ့်
မယောင်မလည်ချဉ်းကပ်ရတာလေဲ မောပြီပေါ့ အမေ။
--------------- ဆီကို သွားလိုက်ကြတာလဲ ခဏခဏဘဲ အမေ
ဘာတွေ သွားလုပ်ကြတာလဲ မသိ.
အမေ့သမီးလဲ ခေတ်မီအောင်သွားဦးမယ်အမေ။

မင်းတို့ ငါတို့ လခစား ဆိုတာ ဘီဇီးနပ်စ်မန်းတွေ ကို တော့မမှီနိုင်ဘူးထင်တာဘဲ အမေ.
သူတို့ဘာတွေ လုပ်နေကြသလဲဆိုတာလဲ မျက်လုံးကြီးပြူးပြီါ် လိုက်မေးတော့လဲ ရုးချင်ယောင်ဆောင်နေကြတယ်အမေ။

သာမီးလဲ ကားအေးဂျန့်ဘဲ လုပ်ရတော့မလို --------်ရတော့မလို -------မလို -------မလို ဟိုလို လို ဒီလို. ရူးချင်ပြီအမေ။
ပိုက်ဆံဆိုတာ ရှာရတာ ဒီလောက်မလွယ်ဘူး သိဘို့ကောင်းတယ်လို့ ပြောတဲ့သူက ပြောနေတယ်အမေ။
သမီးတတ်တဲ့ပညာက ဂုဏ်တောဂရှိပါတ.ယ် ။ဒါပေမဲ့ ဒါပေမဲ့အပေါ့အမေ။။။။။။။။။။။။။။။။

ဟိုဆိုင်ခန်းလေ.ငှားပြီး တော့ဘဲ ဈေးလေးဘဲ ပြေးရောင်းရတော့မလို လို. ဒီပစည်းလေးဘဲ သွင်းရောင်းရတော့မလို လို. ခေါင်းတွေ လဲခြောက်ပီ အမေ. လောဘဆိုတာ တယ်ခက်တာကိုးအမေရယ်။။

Saturday, September 17, 2011

ခင်ဦးမေ အတွေး..........



ဈေးသိတ်မကြိးသောဆိုင်များသည်ခင်ဦးမေ၏. မွေရာနေရာများဖြစ်ပါသည်. ဈေးကြီးသောနေရာများသည် ဘာဆက်ရေးရမှန်းမသိအောင်အားနာရပါသည်. ဘာမှန်းမသိသောပစ္စည်းကလေးများသည် ခင်ဦးမေ၏ ကိုင်ကြည့်စရာပစ္စည်းကလေးများဖြစ်ပါသည်. ထိုအရာသည် လက်ဂေ့ခ်ျတွင်ချိတ်သော name plate ပုံစံလေးဖြစ်သည် အရောင်တော်တော်များများလာသည် အစိမ်းအပြာ အစရှိသရွေ့..ခင်ဦးမေစိတ်ဝင်စားသွားသည်. ခင်ဦးမေ၏ဒုကတ်မှာ ပစ္စည်းရွေးရာတွင် လည်နေသော အပတ်ကြီးမှ မိမိ၏အထုတ်ကို ရွေးမရခြင်းပင်ဖြစ်သည် အိတ်များမှာလည်းခပ်ဆင်ဆင်ဖြစ်ရာ ဆွဲချပြီးကာမှ မိမိအထုတ်ဟုတ်မဟုတ်မသေချာသလိုဖြစ်ကာ ထိုအထုတ်ကိုဘေးချပြီး ရှီသောသော့ဖြင့်ဖွင့်ကြည့်ကာ ပြီးကာမှ ထိုအထုတ်သည် မိမိ၏ အထုတ်ဖြစ်သည်ဟု confirm နိုင်သောအရည်အချင်းရှိပါသည်. မင်းညံ့သကွာဟုပြောလျှင်လည်းခံရမည်သာ။ လင်းဒီပ ကိုမေးကြည့်ချင်ပါသည် သူသည်လည်းအထုတ်မည်ကဲ့သို့ရွေးသည်ကိုသိချင်ပါသေးသည်။ သုံးဖြစ်မသုံးဖြစ်တော့မသိသေးပါ အလေးချိန်သည်လည်းအရေးကြီးသည်. ကဒ်ပြားလေးတစ်ပြားချိတ်သွားလျင်တော့အဆင်ပြေမည်ဖြစ်သည် သို့သော်လည်းကဒ်ပြားလည်းမရှိ.ဈေးသည်လည်း သိတ်မများရင်ဝယ်ထားအလကား အဲလေ မမှားဘူးဟုယူဆကာဝယ်ပါသည်။



ရှေ့ပု့နောက်ပုံဖြစ်ပါသည် ထုတ်တော့မကြည့်ရသေးပါ။





ထိုအိတ်သည်လည်း ဘာမှန်းမသိ. ကိုယ်လည်းသုံးမည်မဟုတ်. အမျိုးတစ်ယောက် လက်ထဲရောက်သွား မည်မှာသေချာပါသည်. ရန်ကုန်တွင်မရှိဘူးလား. ရန်ကန်ုကအမျိုးတွက မသုံးနိင်လို့လားဟုမမေးစေချင်ပါ. တစ်ခါတစ်လေ. ထူးဆန်းသောအရာလေးများကိုနစ်သက်ပါသည်. စလုံးက ညီမလေးပေးတာဟုကြွားနိုင်ပါသည်. မိမိကိုယ်တိုင်လည်း ဈေးမကြီးသောအရာလေးမျာိးကုအမှတ်တရအနေနင့်လိုချင်ပါသည် ဈေးကြီးလျင်ေ တာကလည်းအားနာသောကြောင့်မယူရက်ပါ။ စလုံး မရောက်ခင်က ရောက်ခဲ့ဘူးသော ညီမတစ်ယောက်ပေးသော နစ်ခမ်းနီတစ်ဘူးကို နစ်သကစွာဆိုးခဲ့ဘူးသည်ကိုသတိရပါသည်. အမျိုးအကောင်းစားကြီးမဟုတ်သော်လည်း နိုင်ငံခြားကြီးများ ကတောင်လာတဟုကျေနပ်စွာသုံးပါသည်။ စလုံးအလည်သွားခဲ့ သသေညအစ်မတစ်ယောက်ပေးေ သာကီးချိန်းကိုလည်းနစ်သက်စွယယူခခဲ့ဘူးပါသည်။ အမေရိကားမှလာသော သူငယ်ချင်း.တူးတူးပေးသော clinique နှူတ်ခမ်းနီးကိုလည်းယူဘူးပါသည် ခင်မောင်သိန်းထွန်းဝင်ေးစလုံးမှ ဝယ်လာသော ပးသော့ YSL နှူတ်ခန်းနီ ကိုလည်းယူဘူပါသည် မောင်ဘာပေးသလဲမေးလျှင်တော့ မွေးနေ့တွင်ကားဝယ်ပေးသည်ဟု ရိုးသားစွာပြောလိုပါသည်. ။ (ဟိုတုံးကဖြစ်ပါသည်×။





မီးခြစ်ဖြစ်ပါသည် ။ ပြသာနာမရှိနိုင်ဟုတော့ထင်ပါသည်. လက်ဂေ့တွင်ထည့်နိုင်ပါသည်. မွတ်စတာဖာသွားစဥင်္က ဇစ်ပိုမီးခြစ်မျာိးကုသွားငေးခဲ့ပါသည်. စလုံး ၃၀ တန်တစ်ခုကိုတွေ့သည်. မျက်စေ့ကျမိသည်။ ည ဆယ်တစ်နာရီခွဲလျင်ေးဆလိပ်ထွက်သောက်တတ်သောသူတစ်ယောကိုသတိရသောကြော်င့ ထိုဇစ်ပိုကို ဝယ်ျင်သောလည်း ပိုက်ကိုငဲငြာရသောကြောင့် စေတနာကို ယခု မီးခြစ်နင့်သာတန်ဘိုးဖြတ်လိုက်ရသည်. ။့ ကံဆုံလျင်တော့ပေးခွင့်ကြုံနိုင်ပါမည်။ မွတ်စတာဖာသို့ပြန်ရောက်ခဲ့လျင်တော့ပြန်ဝယ်ဖြစ်မလားမပြောတတ်ပါ။ အရက်ပုလင်းပေးခဲ့သော်လည်းမယူသွားသောသူတစ်ယောက်ကိုသတိရပါသည်။ ငါးကျပ်တန်နာရီများလည်း ပေးခဲ့ဘူးသောသူမျးကိုသတိရပါသည်. သူတို့ကတော့မေ့ကုန်ပြိထင်ပါသည်။ ခင်ဦးမေကတော့သတိရဆဲဖြစ်ပါသည်. ။





အသိ အတစ်ယောက်က ကောင်းသည်ဆိုသော်ကြောင့်ထိုပြုံးပြုံးကြီးကိုဝယ်ဖြစ်ပါသည် ခပ်ညိုညိုအရည်များထွက်လာသောကြောင့်လန့်သွားသေးသည် အရောင်လှလှလေးများဖြစ်စေချင်သည် ဟိုတစ်လောက တစ်ခြား brand တစ်မျိုးဝယ်ရာ အမဲရောင်အရည်များထွက်လာသောကြောင့်လန့်ဖျက်ကာ လွတ်ပစ်လိုက်ပါသည်. ယခုအညိုဖျော့ဖျော့အ၇ည်ကိုောတ့ကြိုးစားသုံးကြည့်ပါဦးမည်။ အဝါရောင်ဘူးကလေးကတော့သုံးနေကျဖြစ်ပါသည်. မဆိုးပါ နစ်သက်ပါသည်. နာမည်ပေါင်းစုံလည်းသုံးကြည့်ဘူးပါပြီ. ။ ငယ်တုံးကတော့ တရော်ကင်ပွန်းနင့် သာကြီးပြင်းခဲ့ရသသောသူဖြစ်သည်။ ခေါင်းလျော်ဆိုင်များကိုနစ်သက်သောအချက်မျှာ ဒဒရိုင်ယာအဆွဲေ ကာင်းသောကြောင့်ဖြစ်သည်. အားနည်းချက်မှာခေါင်းကိုခေတ္နသာလျော်သောဆိုင်များနင့်အတွေ့များသည် ခင်ဦးမေ သည်အပူများသူဖြစ်ရာ ခေါင်းလျော်လျင်စိမ်ပြေနပြေ ခေါင်းကိုရေလောင်းလေ့ရှိသည်. ဆိုင်တွင်မူကားခေတ္တ သာလျော်လေရာ အားမရချေ။ ရေနွေးလည်းအသုံးများကြသည်ရေအေးသုံးရန်တောင်းဆိုရလေ့ရှိပါသည်။ treatment ထည့်ဝယ်ဦးမည်စိတ်ကူးသော်လည်း ဘတ်၈ျက်တော်လောက်ပြီမှန်းရွေ့ နောက်တစ်ခေါက်အတွက် မှန်းထားလိုက်သည်။





ဆံပင်စည်းသောကွင်းမှာဝယ်မလောက်ပါ.ဟိုနားချေထားတစ်ကွင်း ဒီနောကချထားတစ်ကွင်း.........ကလစ်မားလည်းဝယ်မဆုံး. ဟိုနားတစ်ကစလ် ဒိနားတစ်ကလစ်ဖြစ်သည်။

ခင်ဦးမေ ရေးသည်မှာဘာရယ်မဟုတ် မနှိုင်းဝံ့သော်လည်း. ငယ်စဉ်ကရွေဥဒေါင်း. သော်တာဆွေ ကိုကြို့်ပါသည် သူတြိ့ကြောင်သူ့ရေးသည်ကိုပင်ဖတ်မညီးပါ. သုမောင်သည်လည်းကောင်. သိပ္ပွမောင်ဝသည်လေည်ေးကာင်း. သနွာစမ်းမှ အလွမ်းစာရေးသောသူကို လည်ေးကာင်း. ထိုသို့သောသူများရေးသည်ကိုသဘောကျပါသည်. စကားပြောစရာ ရှားပါးသောသူတစ်ဦးလည်းဖြစ်ရာ မိမိပြောချင်သည်များကို ထိုင်ရေးခြင်ါ်ဖြစ်သည်။ ကေအယ်မှလူများ ကေအယ်တွင် တစ်သက်လုံးနေပြီးခင်ဦးမေက တစ်ညသွားကာ ဆယ်ရက်ရေးပါသည်. စလုံတွင်မြန်မာ များစွာနေသော်လည်းခင်ဦးမေသည် အထူးအဆ်းလုပ်ကာေ၇းပသါည်။ ကွန်ပလိမ့်တက်သော်ဖြေရှင်းရန်ရှိပါသည်. ဘာဖြေရှင်းမလဲ မမေးရင်တော့လဲမသိပါ။

သို့သော်ငြားလည်း ကိုစိုးထက်၏ ဖဘ status တွင်မြင်သောအောင်မြင်မှုကိုမြင်သောအခါ သူ့အတွက်ဝမ်းသာဂုဏ်ယူမိသလို ဘလော့ လုပ်မိသော မိမိကိုယ်မိမိ အတွက်အချိန်အနည်းမျှ စိတ်မကောင်းဖြစ်မိပါသည်. . သူသည်အရမ်ေးအာင်မြင်နေသောအချိန်တွင် ဘလော့ကို ပိတ်သွားသူဖြစ်ပါသည်.။ မိမိ အွန်လိုင်းကျုရှင် ယူထားသောလခကို သတိရသောကြောင့်စိတ်မကောင်းဖြစ်ပသါည်.။ ဖဘ။ဘလော့တွင် တွင် balance ဖြင့် ငြိမ်သက်စွာ နေသူများကိုအားကျမိပါသည်. ။ ခင်ဦးမေ အနည်းငယ်တိတ်ဆိတ်လျှင်ဝမ်းသာစေကြလိုပါသည်။ နာမည်ကြီးဘောလ့ဂါကြီး (ကိုယ့်ဘာသာကိုယ်ထင်) လုပ်သည်မှာမကောင်းပါ အချိန်ကုန်ပါသည်.။ အိပ်ရေးပျက်ပသည် ပြောပါများသောကြောင့် ဟုန်လောက်ပြီဖြစ်သည်. နောက်လူများ သတိပြုဆင်ခြင်စေလိုပါသည်။ ဟိုတစ်လောက တစ်နေရာ သွားရာ ကောင်မလေးတစ်ယောက်သည် နစ်နစ်အတွင်းတရုတ်စကားကိုကောင်းမွန်စွာပြောတတ်ပြီ ဆိုသောအခါ မိမိ၏ ညံ့ဖျင်းမှူကို သတိရစေပါသည်. ရောက်သညမှာ ကြာပြီဖြစ်သော်လည်းအင်္ဂလိပ်လို အသင့်အတင့်အမျှသာ . ကျန်သောဘာသာစကားများကို ကိုယ်နင့်မဆိုင်သလိုထိုင်နေသည်မှာ ဆိုးလှသည်။

Thursday, September 15, 2011

ရိုက်ပေါက်



မြို့ထဲကထွက်လာတော့ အတော်စောသေးတယ် ဘာလုပ်ရမှန်းမသိတာနဲ့ bugis ထဲဝင်သွားတယ် သိတ်စောလွန်းတယ်။ မုန့်ဆိုင်လောက်ဘဲရှိသေးတယ်။ cold storage တော့ဖွင့်ပြီ.အဲဒီမှာ ရေတပုလင်း သုံးဆယ့်ငါးပြားတန်ရှိတယ် ဝယ်သောက်နေကျ. မြန်မာဆိုင်မှာ တစ်ကျပ်ပေးရတယ်။ တစ်ချို့ဆိုင်မျာ ပြားခုနစ်ဆယ်ပေးရတယ်. ရေကတော့ရေဘဲပေါ့ဘာရေကွာလဲဆိုတာတော့ နားလည်သူများသိလိမ့်မယ်။

သိတာတော့ရေဆိုတာရေဘဲ သောက်လို့ရရင်ပြီးတယ်။ ရေဘုံဘိုင်ကရေတောင် ယူသောက်ျချင်တာ လူမလစ်လို့ရယ်။ သုံးဆယ်ငါ့ပြားတော့ရင်းလိုက်ရတယ်။ ပိုက်ရှိပေမဲ့မုန့်မစားရဘူး ငယ်တုံးကတော့ပိုက်မရှိတာရယ် သိတ်နားမလည်သေးလို့ရယ်။မုန့် သိတ်မစားရဘူး. ကြီးလာပြန်တော့ပိုက်ရှိပေမဲ့လဲအစားသေအာက်ဆင်ခြင်ရတယ် ဆီျးချိုဖြစ်မှာစိုးတယ်တို့ ကော်လက်စရောတက်မယ်တို့ ခေါင်မူးမယ်တို့ ဒူးရင်းသီးကြိုက်တာတောင်မစားဖြစ်တာကြာီ့ပီ စားပြီးရင်ခံစားရတာကပိုဆိုးနေလို့ခေါင်းကိုက်တယ် မူးတယ်။ ဘာဆိုင်လဲမေးရင်လူပေါ်မူတည်တာဘဲဆိုမလား. ပေါင်မုန့် တစ်ကျပ်တန်တစ်လုံးဝယ်တယ် ခုံပေါ်တင်စားတယ်။ ရေသောက်တယ်။ ပိုက်ရှိရဲ့နဲ့ဆင်းရဲတာငါ။




ဖုံးလာတယ် ကိုင်လိုက်တယ် ဒီအချိန်မှာ ဘယ်သူဆက်ဆက်ကိုင်မှာဘဲ ဝါယောဓါတွေများနေတယ် ဟိုတစ်လောတုံးက ကောင်မလေးတစ်ယောက်က ဂျီလက်ခံပါဆိုလို့မီးစိမ်းတဲ့အချိန်မှာဝင်လာတဲ့တစ်ယော်က သူ့ကိုမသိပေမဲ့သူနဲ့သိတဲ့သူကိုသိနေတာနဲ့ လက်ခံလိုက်တဲ့တစ်ယောက်. အဲဒီတစ်ယောက်နံမည်နဲ့ဖုံးနံပါတ်မေးတော့အားနာလို့နံပတ်ပေးလိုက်တယ်။




ချက်ခြင်းခေါ်တယ်။ ပြောချင်တယ်တဲ့ပြောပေါ့........အသက်ရယ် အလုပ်အကိုင်ရယ်။ ဘယ်မှာလုပ်သလဲမေးတယ် သိတ်ခက်တယ်။ ပထမဆုံးတွေ့တဲ့သူကိုဒါတွေ မေးစရာလား. ဒါတွေဟာ compulsory ဖြေရမှာလား ဖြေရမှာစိုးလို့အွန်လိုင်းတောင်မတက်ဝံ့သူကို. ဟင်း........ မျက်နာနာစရာလူထောက်ထားလို့ဖြေပါတယ် ဖြေုနိုင်သလောက်. ခင်တယ်တဲ့ ခင်ပါတယ်လေ. ပိုက်ပေးရတာမှ မဟုတ်တာ ပါးစပ်လေးနဲ့ခင်တယ်လို့ပြောရတာဘဲ ဒါပေမဲ့ ဆိုတားက သူတို့က ကိုယ့်နါံပတ်တော့မေးပြီးတော့ သူ့န့ပါတ်နဲ မဆက်ဘဲ unknown နဲ့ ဆက်တာတော့ စိတ်မကောင်းဘူး။ ပြန်ဆက်ဘို့လဲမရည်ရွယ်ပါဘူး။ ဒါပေမဲ့လဲ ခံစားရတယ်တစ်ကယ်ဘဲ. ကဒ်ပြားနဲ့ဆက်တယ်လို့ခွင့်လွတ်နားလည်ပေးလိုက်ပါတယ်။ ကိုယ်က သိတ်ဆက်ချင်တယ်ဆိုပါစို့ ဘယ်ကို ပြန်ဆက်ရမှာလဲ။ အမေရိကားကဘယ်သူရေ. ကျွန်မဆက်ချင်လို့ါပရှင်လို့ပြောရမှာလား။။ သူဆက်ချေင်တဲ့ အချိန်ကိုင်ပြီးဖြေရမှာလး ကိုယ်လိုချင်တဲအချိန် သူဘယ်ရောက်နေမှာလဲ။

ကိုယ်ကိုတိုငက်ဝါယောကဓါတ်များပြီး ပြောချင်နေတဲ့သူမို့လို့ ဘယ်သူလာလာလက်ံခံပြောမဲ့သူမို့လို့ lavender လှေခါးထစ်ကလေးမှာထိုင်ပြီးတော့ကိုပြောပါတယ်။ အပြောကောင်းတယ်တဲ့ ကောင်းပါတယ် ပလီပလာတီတီတာတာလဲပြောတတ်ပါတယ် ယုံတာမယုံတာအပထား လုပ်ကြံလဲပြောတတတတတတတပါတ်ယ်။ အတော်ကြာအောင်ပြောပြီးဖုံးချသွားတယ်။ ဖုံိးကိုကြည့်တယ် ငါပြန်ဆက်ချင်ရင်ဘယ်ကိုဆက်ရမှာလဲ အော်ဒုတ်ခ ဒုတ်ခ.

အခုပြောတာ အော်စိက လူမပါ.။ သူ့ကိုတော့ခွင့်လွတ်ထားပါတယ်ျစ်တဲ့သူမို့လို့ ရှင်းပြတာကို နားလည်ပေုးလိုက်တယ်။ ဒါပေမဲ့လဲ အမေရိက ကလု စလုံးကလူ. အဲသလိုလူမျိုးတွေ များလာတော့လဲဖုံးနံပါတ်မပေးချင်တာ့ဘူး ကိုယ့်ဘကက်ကသိတ်အောက်သလိုဘဲ. ။





အသံလေးကြားဘူးချင်လို့ ရုပ်ကလေးမြင်ဘူးချင်လို့ စကားပြောကြည့်ချင်လို့. ..............နံပတ်တောင်းတယ။် ပြောပြီးရင်ပြီးပြီ. ဒါဘဲပေါ့။ေ ပးလိုက်ရတဲ့သူမှာတော့ ပေးလိုက်ရတာဘဲ.။ နောက်တစ်ခါဆိုတာ ဆက်ချင်မှလဲ ဆက်တော့မယ်။ သူကြားဘူသွားပီ. ပြောဘူးပြီးသွားပီလေ.။ ဘာလုပ်ဘို့ ဆက်ပြောတော့မလဲ ဟုတ်တယ်ဟုတ် ကိုးရီးယားလဲပါတယ်။ သူလဲဆက်ဘူးတယ် တစ်ခေါက်ပါဘဲ။ ထပ်မဆက်တော့ဘူး သူလဲ Unknown နံ့ပါတ်နဲ့လာတာဘဲ. ကြာတော့လဲစိတ်နာလာတယ်။ စလုံးက မမမမမမမမမမမမမမမမမမမမမမမမမမမမမ ကတော့ တစ်သက်လုံး unknown နံပါတ်နဲ့ ဆက်တာဘဲ တတ်နိင်သလောက်တော့သည်းခံပါတယ် ငါလည်းပြန်ဆက်မှာမှ မဟုတ်ဘဲဆိုပြီး. ဒါပေမဲ့လဲ ကြာတော့လဲကိုယ်တိုင်စဉ်းစားလာရတယ် ငါက လှို့ဝှက်သူလား သူတို့က လှို့ဝှက်သူလားဆိုတာ..... ပြောတော့ခဥမက လှိုတယ်တဲ့ ရယ်လိုက်ချင်သေးတယ်သွပ်သွပ်..

Friday, July 8, 2011

vGrf;






ကြယ်တွေငိုနေတယ်ချစ်သူ.

ညဟာတိတ်ဆိတ်.
လွမ်းမောတတ်တဲ့သူကိုမျောပါနေစေခဲ့
မင်းအရိပ်ဘယ်မှာ ..ဘယ်ဆီမှာမသိ.....ဘယ်ဝယ်မသိ.




ထိုသူသည် စိတ်လိုလက်ရရှိလျင် စာရွက်တစ်ထပ်နင့်ပုံများကို တစ်ပုံ့ပြီးတစ်ပုံဆွဲနေ၏. မိနစ်ပိုင်းအတွင်းပုံဖြစ်သွား၏။ ဆြွဲီ့ပီးသော် ရောက်သော နေရာတွင် ထိုပုံများ ကိုထားခဲ့၏. လှည့်ပင်မကြည့်တော့ချေ။ များစွာသေားသူတို့နစ်သက်ကြ၏. မိမိသည်လည်းလိုချင်၏. အားနာသလိုဖြစ်၏. သူတစ်ပါးအားထုတ်မှူကို အလကားယူသ့ကဲ့သို့ခံစားရ၏။ သို့သော်ငြာင်းလည်း လိုချင်သောကြောင့်နစ်ပုံယူလိုက်၏. သိမ်းထားသည်မှာ နစ်ချီနေ၏.။ အတော်ကြာပြီဖြစ်သည်။

Friday, February 4, 2011

သူ/သူမ

ယခုလောလောဆယ်တော့သူမ ဝမ်းနည်းနေပါသည်။ စိတ်ငြိမ်ဆေးတစ်လုံး သောက်ထားသော်လည်း အိပ်မရပါ။ အလုံးနစ်ဆယ်တောလည်းသောက်ဘို့အစီအစဉ်မရှိပါ။


Friday, November 19, 2010

out နေတဲ့ငါ

မနက်က အလုပ်မှာ မတ်တတ်ရပ်လိုက်ရတာ. အချိန်ပြန်တွက်ကြည့်တော့ မနက် ၈ နာရီကနေ စတာ စုစုပေါင်း. ၆ နာရီဝန်းကျင်ဖြစ်သွားတယ်။ .ကိုယ့်ဘာသာကိုယ်တောင်အံသြသွားတယ် ငါတို့အတော်ရပ်ရပါလားဆိုပြီး။ ကိုယ်တစ်ယောက်ထဲလဲမဟုတ်ဘူး အားလုံးဘဲ.အင်း အလုပ်သဘောကိုက ဒီလိုပါဘဲလေဆိုပြီး အံသြချင်ပေမဲ့မအံသြတော့ဘူး။

ဖုံးမက်ဆေ့ရတယ်။ ဖွင့်ဖတ်ပြီး မေ့သွားတယ် ပြန်ဘို့စိတ်ကုးရှိပေမဲ့ ပြောပြီးသားဘဲ မျက်စိက အနီးမှုန်တယ်။ မက်ဆေ့ပို့ရင်တောင် မျက်မှန်မပါရင် စာရိုက်လို့မရဘူး တိုရင်တေဲာ့ရတယ်.ရှည်ရင်မရဘူး.အဂ်လိပ်လို့ကလည်းသိတ်လိပ်ပတ်လည်တာမဟုတ်ဘူး. ရှိပစေတော့လေ ညကျမှဘဲ ဖေဘကနေ စာပြန်လိုက်တာပေါ့လို့စိတ်ကူးပေမဲ့လည်းမပြန်ဖြစ်လိုက်ပါဘဘူး

ဖုံးကောရတယ်။ ဘယ်သူခေါ်လည်းဆိုတာ ကြည့်ပြီး မကိုင်ဖြစ်လိုက်ဘူး . ဘာဖြစ်လို့မကိုင်သလဲအဖြေမရှိဘူး မကိုင်ချင်လို့ဘဲဆိုပါတော့မချစ်လို့လားဆိုတော့လဲမဟုတ်ပါဘူး ချစ်ပါတယ်။ ဒါပေမဲက စကားပြောဘို့ဝန်လေးနေတယ်။

ဂျီမှာခေါ်တာမြင်လိုက်တယ်။ အကြောင်းမပြန်ဖြစ်လိုက်ဘူး သတ်ချင်နေမလားတော့မသိဘူး.။ ဂျီမှာ မီးနီနေတာ မြင်လိုက်ပြန်တယ်။ မခေါ်ဖြစ်လိုက်ဘူး ရျီပုန်းကြီးရှိနေတာ သိတယ်။ သွားမတို့ဖြစ်ဘူး.။ မလာတာ ကြာတဲ့သူကို သွားမခေါ်ဖြစ်ဘူး။ ပျောက်သွားတဲ့သူကို ၈ျီမှာများမီးလင်းသလားသွားရှာတယ။် ဘာမှ မမြင်လိုက်မိဘူး။

ဖဘမှ စာလာရေးတဲ့သူကို မပြန်ဖြစ်ဘူး. Tag ထားတဲ့သူ့ကိုသွားဖတ်တယ်။ ဘာမှ မရေးဖြစ်လိုက်ဘူး အပြန်အလှန်ပြောနေတာတွေ ဖတ်တယ်။ ဝင်မရေးဖြစ်ဘူး. ကိုယ့်ကို မ tag တဲ့ ဓါတ်ပုံတွေ ကိုသွားကြည့်တယ်။ ဘာမှ မရေးဖြစ်ဘူး။ ဖဘ home မှာတက်လာတာတွေ ကိုသွားဖတ်တယ်။ တိတ်တိတ်ဘဲပြန်လာတယ်။ ဘလော့တွေ ကို ရီဒါးနဲ့ ဖတ်လိုက်တယ်။

ကျောင်း စာဖတ်တယ်။ သူများတွေ ဖတ်နေတယ်ဆိုလို့ ကိုယ်လဲလိုက်ဖတ်တယ်။ ကိုယ်ရေးချင်လို့ ရေးနေတာရယ်။ ရေးတာတွေ အချိန်သိတ်ကုန်တယ်။ ရေးစရာကလည်းသိတ်ရှိတာမဟုတ်ဘူး။

အသက် ၂၀ ကျော်က အောင်မြင်မုရခဲ့တာ ဆယ်တန်းမှ ကြိုးစားခဲ့လို့ ဆယ်တန်းမှာကြိုးစားခဲ့လို့ အောင်မြင်မုရတယ်။ ဘွဲ့ရတယ်။ ဘွဲ့ရပြီး ဆက်ကြိုးစားလို့တစ်စု့တစ်ရာဖြစ်ခဲ့တယ်။ အသက် ၃၀ မှာအောင်မြင်မှုရခဲ့တာ ၂၅ လောက်က ကြိုးစားခဲ့လို့ အသက် ကြီးလာတာနဲ့အမျှ ကြိုးစားမှသာလျှင် ရှေအတွက် အောင်မြင်နိုင်မယ်။ ကြိုးစားမှုကိုရပ်လိုကရင်ေ၇ှ့နစ်တေါ မှာ အောင်မြင်မုမရှိတော့ဘူး သိတော့ သိသားဘဲ သိရဲ့သားနဲ့ မလိုက်နာတာဆိုးတယ်။ မိကျောင်းမင်း ရေကင်းပြလို့မရသလို ဘုန်းကြီးစာချရလည်းခက်တယ်။ ဘယ်နစ်ရက်ခံမလဲတော့မသိဘူး။ တစ်ရက်တော့အောင်မြင်သွားပြီ.။

မှတ်ချက်
ဘလော့လောကကြီးအတွက်တော့ဝမ်းနည်းစရာများဖြစ်သွားမလားမသိ.

Saturday, August 21, 2010

ff - rew - pause - stop - play-eject

ညက အိမ်မက်မက်တယ်။ ရန်ကုန်ပြန်ရောက်နေ တယ်တဲ့.။အလုပ်ထဲမှာဘဲ။ မြန်မာလို ပြောနေတယ်တဲ့ ။ ကိုယ့်ဘာသာကိုယ်ထူးဆန်းနေသလိုဘဲ။ဲ.မြန်မာလိုစပြောဘို့အ ခက်အခဲရှိနေတတယ်ဲ။ လူတစ်ယောက်ကိုတွေ့ရင်
hello..
how are you.
What happen..
Everything Ok.
Any problem.
Can I help you something.
Do you want to tell me something.
Tell me Yes I am listening> အစရှိသဖြင့်ဒလစပ်ထွက်လာတတ်တဲ့စကားလုံးတွေ ကိုမသုံးဖြစ်ဘဲ. နေကောင်းတယ်နော် ကျန်းမာပါရဲ့လား ဘာများထူးခြားတာရှိသေးလဲ ကျွန်တော်ဘာများကုညီနိုင်မလဲလို့ စပြီးပြောတာ အခက်အခဲဖြစ်နေတယ်။

အဲဒီအချိန်မှာ ကိုယ်နဲ့သိတဲ့ နိုင်ငံခြားက လူတစ်ယောက်က ဘေးကနေဖြတ်သွားပြီး ကိုယ့်ကိုပြုံးပြတယ်။ ကိုယ်က သူ့ကိုခေါ်ပြောတယ် ထိုင်ပါဦး. ငါပြောချင်တာလေးတွေ ရှိတယ။် ဒီမှာသိလား. ငါလေ နိုင်ငံခြားကို လာဘို့အတွက် အများကြီးရုံးကန်ခဲ့ရတယ်။ မြန်မာပြည်ထဲ့နေ ပစပ တစ်အုပ်ထွက်အောင်လုပ်ရတာကိုက အဆင့်တွေ အများကြီးရှိတယ။် အချိန်တွေ စောင့်ရတယ။် စိတ်တွေညစ်ရတယ် ပွဲစားတွေ နိပ်စက်တယ။်

နိုင်ငံခြားကိုရောက်ခဲ့ပြီ ။လေဆိပ်ပေါ်တက်ကတည်းကဘုရားစာရွတ်ရတယ်။ဒီလောက်ရုံးကန် ခဲ့ရပြီးမှ နိုင်ငံခြားမှာ ခဏလေးနေခွင့်ရ့ရင် မတန်လို့ လေယဉ်ခံကလည်းအစ်မ်း လေးရာကျော် နမျောစရာ

စလုံးလေဆိပ်ရောက်ခဲ့ပြီး.ပြန်တော့ ဘုရားသိကြားမလို့ နဲနဲလေးကြာကြာနေခွင့်ပြု ပါ ဘုရားလို့ မဆိုင်တဲ့ဘုရားကို ဆုတွေ အကြိမ်ကြိမ်တောင်းလို့လဝက ကိုဖြတ်. လဝက က နစ်ပါတ်ဘဲပေးလိုက်လို့မျက်ရည်လည်ရွဲ.။နစ်ပါတ်ပြည့်ခါနီးပြန်တော့ သူငယ်ချင်း ကိုရှာ သူ့အိမ်ကိုလိုက်. ကဒ်ကို ယူ စပွန်ဆာမှာလက်မှတ်ထိုးခိုင်း သက်တမ်းသွားတို:့ပြန်တော့နစ်ပါတ်ရတယ်။ တစ်ခါ သူ့အိမ်ကို ကဒ်ကို တစ်ခါ သွားပြန်ပို့။ နစ်ပတ်ဆိုတဲ့အချိန်ကခဏလေး. ပြည့်သွားပြန်ရော တစ်ခါ သံသရာလည်ပြနရော လဝက အရာရှိက လက်မှတ်ကို စတစ်ကာကပ်ပြီးမှ ပြန်လာတော့ဆိုတာ ပြန်ရကာနီးပြီဆိုတဲ့သဘောဘဲ။ အရာရှိကိုတွေ့ပြီး အသနားခံပြော. . နေချင်ပါသေးတယ်။ ယောကျာ်းနဲ့ခဏလောက်နေပရစေဦး. အင်း နစ်ပတ်ထပ်တိုးပေးလိုက်ပြန်. ဒီလိုနဲ့ဘဲပြည့် နောက်ဆုံးတော့စတစ်ကာ ကပ်ပြီး တိုးပေးပြီးတဲ့အချိန်ဟာ ပြန်ဘို့ဘဲ။ မပြန်ချင်ဘူးမောင်ရယ်။ ဆိုပြီးမျက်ရည်လည်ရွဲနဲ့ပြန်လိုက်.။ ဒီလိုနဲ့သုံးလနေလိုက် . ရန်ကုန်ပြန်လိုက်. ရန်ကုန်ပြန်ရောက်သွားပြန်တော့ စလုံးကိုမေ့သွားပြန်. မနည်းပြန်ခေါ်ရတယ်။အဲဒါနဲ့ စလုံးပြန်လာလိုက် နစ်လနေလိုက် ရန်ကုန်ပြန်လိုက အခေါက်ပေါင်း မနည်းဘူး.။။ နောက်ဆုံး student stay ဖြစ်သွားတော့မှ ဘဲသက်သာရရတော့တယ်။

Student ဖြစ်သွားပြန်တော့ကော သက်သာရာရလို့လား။ မရပါဘူးး မနက် မိုးလင်းမိုးချုပ် ကျောင်းသွားရတယ။် တစ်လုံးမှ နားမလည်တဲ့စာတွေ ကိုဖတ်ရတယ်။ ဘာသာရပ်ပြောင်းသွားတာကိုး။ အခြေခံတော့ရှိတာပေါ့။ မသိတာတွေ ကို တစ်ချို့သောသူများကိုမေးရတယ်။ဖြေသူရှိသလို you should know ဆိုတာတွေ လဲည်းရှီတယ။် မျက်ရည်. ..ချွေးနဲ့သွေးနဲ့တော့မသိဘူး ချွေးနဲ့ မျက်ရည်နဲ့ နပ်ချေးနဲ့ ဆိုတာတော့သိတယ်။ ဘွဲ့ရသွားတယ။်

အလုပ်မရဘူး ရှာတယ် ရှာတယ် နစ်ပေါက်ရှာတယ်။ မရအောင်များ ရှာနေသလားလို့ အသိတွေ ကမေးကြတယ်။ ရှာနေပါတယ်။ ရှာနေပါတယ။် နောက်ဆုံးတစ်ခုရသွားတယ်။

ရသွားပြန်တော့ သင်ခဲ့တဲ့အခြေခံကတစ်မျိုး ဘွဲ့ထပ်ယူတာက တစ်မျိုး. အလုပ်ပြန်လုပ်တော့ အခြေခံနဲ့ဆိုင်တဲ့အလုပ်. ဘဝကြီးက ကြိုးစားလိုက်ရတာ လူဆိုတာ မလုပ်တာ ကြာရင်မေ့သွားတဲ့သဘာဝရှိတယ်။ မေ့သွားလိုက်တာများ.... အစ ကပြန် စရတယ။် မေ့တတ်လိုက်တာနော်လို့ အံသြခဲ့တဲ့သူရှိတယ။် တစ်နစ်လောက်မှ ပြန်ပြီး recovery ရတယ။် အချိန်တွေ တော့အများကြီးကုန်ခဲ့တယ် ။ ဘဝက အလှည့်အပြောင်းတွေ များတယ။်

အခု တစ်နေရာမှာတစ်ခုခု ရောက်နေတဲ့အချိန်မှာ ဖတ်ကနဲဆိုရန်ကုန်ပြန် ရောက် သွားမယ် ဆိုရင် ကိုယ်ဘယ်လိုဖြစ်မလဲ။ ခဏတစ်ဖြုတ်တော့ခံစားရပြန်ဦးမယ်။ ပြန်ကြိုးစား ရပြန်ဦးမယ် ။ အခြေကျနေတဲ့ အခြေတစ်ုခုကို ဖျက်ပြီးတစ်ခုကိုပြန်စ ရပြန်ဦးမယ။် နိုင်ငံခြားကြီး များမှာ တောင်နစ်ရှည်နေ လာတော့ ကိုယ့်ကိုယ်ကို မြင့်တယ်လို့လဲဘဝင်က မြင့်နေ ချင် သေး တယ။် သေးသေးလေး တွေ မလုပ်ချင်ပါဘူး လို့လဲကိုယ့်ဘာသာ ကို ယ် ပြော မိ တယ်။ မြန်မာလို ပြောရတာတောင် အခက်အခဲဖြစ်နေပါတယ်လို့ အိမ်မက်မက် မိ သေး တယ။်

စကားတွေ အရှည်ကြီးပြောမိသွားတယ်။ သူဘာမှမပြောဘဲ ငြိမ်နားထောင်နေတယ်။ ကိုယ်ဘဲ အဆုံးသတ် လိုက်တယ။် နောက်ဆုံးတော့လဲပြန်ပြောတတ်သွားမှာပါ။ အခိုက်အတန့် တစ် ခု ပေါ့။ ဒါပေမဲ့ ကျော်ဖြတ်ရတဲ့ အခိုက်အတန့်တစ်ခုခုတွေ ကများလှတယ်။ မ ခံစား နိုင် တော့ ဘူး။။

မှတ်ချက်
အိမ်မက်ပါ

Sunday, May 9, 2010

:(

စဉ်းစားရင်းတစ်ည ကုန်သွားပြန်ပြီ။

Saturday, May 8, 2010

တွေးတွေးပြီးတွေး

ဒီညဘလော့အသစ်တွေ တော်တော်များများတက်တယ်။ အသစ်ဆိုတာ ပိုစ်အသစ်ပေါ့။ လူအသစ် က တော့နည်းပါတယ်။ ဖဘထဲမှာလည်းစုံပလုံ။ ဟိုဖတ်ဒီဖတ်။ ပိုစ်တွေ ကိုလည်း ဟိုဖတ်ဒီဖတ်။ ဖတ်တာကနည်းပြီးရေးချင်စိတ်ကများနေတယ်။ အတွေးတွေက ဟိုရောက်ဒီရောက်။ သူများရေးထားတာတွေ တင်ပြထားတာတွေ ကိုကြည့်ပြီး သူ့ထက်ပိုကောင်းတယ်လို့ကိုယ်ထင်နေတာလေးတွေ လုပ်ပြချင်နေတယ်။ အဲသလိုနဲ့ဘဲ ညမအိပ်ရပေါင်းများပြီ။ လူစွမ်းပြချင်တာပေါ့။ အသိအမှတ်ပြုခံချင်တာလည်းပါမယ်။ သူဒီလိုရေးရင် ငါဒီလိုရေးပလိုက်မယ်ဆိုပြီးတော့လည်းဟိုစိတ်ကူး.ဒီစိတ်ကူးနဲ့ .။ နောက်ဆုံးတော့ မိုးလင်း သွား မယ် ။ အိပ်တော့မယ်။ လက်လျှော့လိုက်ြီ့ပီဒီညတော့. နေနင့်ဦး။

Thursday, February 11, 2010

Feb 11

အလုပ်များတယ်။အလုပ်များတယ်လို့ပြောရင် အမြင်ကပ်စရာဖြစ်မယ်။ လူတိုင်း အလုပ်များ နေကြ တာပါဘဲ။ ကပ်ချင်လဲကပ်ပစေ. ပြောရမှ ဖြစ်မယ်။မနက် ခြောက်နာရီကျော်က ထွက်သွားတာ မိုးချုပ်မှချည်းဘဲပြန်ရောက်ရောက်လာတယ်။ ကိုယ့် ကိုယ်ကို တမင်မအားအောင် နေတာလဲပါတယ်။ အားရင် ကွန်ပြူတာရှေ့မှာဘဲထိုင်နေတာ အချိန်ကုန်တယ်။ အကျိုးမရှိဘူး ။ စိတ်တော့ချမ်းသာပါတယ်.. ဘာလိုလိုနဲ့ ဘလော့ လုပ်နေတာ သုံးနစ်ဝန်းကျင်ရှိလာပြီ.။ ကျောင်းသွားတက်ရင် ဘွဲ့လွန်တစ်ခုလောက် ရ တော့မယ်။

စီပုံးနဲ့ဘလော့ဖတ်ချင်သော်ငြားလည်းအားလုံးကို ဘလော့လုပ်ထားလို့ဖတ်လို့မရဘူး မေလ်းလေးရ လို့တော့တော်သေးရဲ့။ တစ်မျိုးတော့လည်းကောင်းတာပေါ့ သံယော ဇဉ်င်္ပြတ်တယ် မပြတ်လို့လဲမရဘူးလေ. ဖြတ်ပေးထားတာကိုး။

ဒီနေ့ အလုပ်များပေမဲ့အလုပ်ပါးတယ်။ နေ့လည်က ကန်တင်းမှာထူးထူးဆန်းဆန်း လူနဲနဲစုံတယ် ။ ကိုယ်တို့အလုပ်သဘာဝအရ တစ်ယောက်နဲ့တစ်ယောက် ထမင်းစားချိန် သိတ်မတူကြဘူး ။ ခင်တဲ့သူချင်းတွေ့ဘို့လဲ ခဲယဉ်းတယ်။ ဒီနေ့တော့ငါးယောက်လောက် ကင်တန်းမှာ တွေ့တာနဲ့ ဝင်ပြီး ထိုင်လိုက်မိတယ်။ များသောအားဖြင့်ကိုယ်က နားထောင်သမားပါ။ သူတို့စကား အဂ်လိပ်လို သိတ်မပြောတတ်တာလဲပါတယ်။

တစ်ယောက်ကပြောတယ် ။ သူက subway ဆိုင်မထိုင်ဘူးဘူး ဆိုတဲ့အကြောင်း အဲဒါ ရောက်သွားတာမှာ ဘယ်လိုမှာရမယ်မှန်းမသိလို့ နောက်လူကို ရှေ့တန်း တင်လိုက် ရတဲ့အကြောင်း။ နောက်တစ်ယောက်ကလဲ အလုပ် ထွက်ပြီး အလုပ်ပြောင်းရင် ကောင်းမလား ဆိုတဲ့အကြောင်း။ နောက်တစ်ယောက်ကလဲ တရုတ်နစ်ကူးမှာ သူအိမ်မှာလဲနေ အမျိုးတွေ ဆီလဲရှောက် လည်မယ် ဆိုတဲ့ အကြောင်း စိတ်ကူးပေါက်ရာ တွေပြောကြတယ်။ ကိုယ့်အတွက်ကတောူ့သူတို့ ပြောတာတွေ ဟာ ကလေးတွေလိုဘဲ ။ ချစ်စရာ ကောင်းကြပါတယ်။

မြန်မာတွေနဲ့ သွားမထိုင်ဘူးလား...မမေးပါနဲ့ ။ လက်ချိုးရေလို့ရတဲ့သူတွေကို ဖုံးဆက်လို့ မရပါဘူး ။ အကြောင်းအမျိုးမျိုးနဲ့ မကိုင်ကြတာ တွေများနေတယ် ။ ကိုင်တဲ့သူ ပြန်ဆက်တဲ့ သူကထပ်ပြီး လက်ချိုး ရေလို့ ရတယ်။ နောက်ဆုံးတော့ ကိုယ်လဲ မေ့ ထား လိုက် တော့ဘို့ကြိုးစားလိုက်တော့တယ်။