Wednesday, February 24, 2010

on ..off..

ဒီနေ့ တယ်လီဖုံးက အင်တာနက်ချိတ်လို့မရဘူးဖြစ်တယ်။ အိမ်အပြန်လမ်းမှာ ကလိတာမှာ အင်တာနက်ချိတ်လို့ မရတာသိတယ်။ တစ်နေလုံးလဲ ကိုင်မကြည့်ဖြစ်ပါဘူး။ အားမှ မအားဘဲ။ အဲသလိုဆိုရင်မနေတတ်တော့ တာကြောင့် ဆိုင်ကို ရောက်သွားတယ်။ Q နံပါတ်ယူပြီး စောင့်နေဆဲမှာ လူတွေ ကို ကြည့်မိပြန်တယ်။

မျက်လုံးထဲကို အမျိုးသမီးတစ်ယောက် ဝင်လာတယ်။ အသက်နဲနဲကြီးပြီ။ အသက်ကြီး ပြီဆိုတာကို ဘာလို့ပြောနိုင်သလဲဆိုတာ အသားအရည်နဲနဲ ခြောက်လာတာရယ်။ လက်မောင်းအိုး က နဲနဲပျော့ပြီးတွဲလာတာရယ်။ မျက်လုံးအောက်ခြေမှာအ ရစ်တွေ ပေါ်လာ တာရယ် ကိုကြည့်ပြီးပြောနိုင်တယ်။ သေသေချာချာတော့ ပြင်ဆင် ထားပါတယ။် မိတ်ကပ်မျက်နာရယ်။ ဆံပင်ကိုလည်းသေချာ စနစ်တကျ အသာလေး ပင့်တင်ပြီး ကလစ်ထိုးထာရယ်။ ဝတ်တာစားတာ လဲ အဆင်ပြေပါတယ်။ ဒါပေမဲ့ ခနွာကိုယ် အနေအထားကတော့ အပျိုကလေးများနဲ့မတူနိုင်တာကတော့ နဲနဲဖွံ့ထွားနေတာဘဲ ။ ဆိုလို တာက တော့ ကိုယ်လုံးကြီးကြီးလာတယ်။

သူနဲ့အတူ ကောင်လေးတစ်ယောက်ပါလာတယ်။ ကောင်လေးဆိုတာမှာ ရိုးရိုးအမဲ ရောင်တီရှပ်နဲ့ ဘောင်းဘီတိုနဲ့ဘဲ။ လူငယ်လို့ဘာလို့ပြောနိုင်သလဲဆိုတော့လတ်ဆတ် စိုပြေတဲ့ အသားအရေရယ်။ ခနွာကိုယ်အနေအထားက သိတ်ပြီးမကြီးမားသေးဘဲ အနေတော် ဘိုက်မရှိ။ အဆီမရှိသေးတဲ့ အနေအထားကိုကြည့်ပြီးပြောနိုင်တယ်။ အသားဖြူပြီး မျက်နာက တော့နဲနဲရင့်တယ်။

ကိုယ်ကြည့်နေတယ်။ သူတို့နစ်ယောက်ဘာတော်နိုင်မလဲလို့ အမေနဲ့သားလား။ အဒေါ်နဲ့တူလား။ စဉ်းစားနေတယ်။ ဒါပေမဲ့ ပထမခန့်မှန်း ရခက်နေတယ်။ ယောက်ကျားလေး ဘက်က သိတ်တက်ကြွတဲ့အနေအထားကိုမတွေ့ရဘူး ။ အဖော် လိုက်လာပေးတဲ့ သဘောဘဲ။ တစ်ချက် မှာ အမျိုးသမီးက ကောင်လေးကို တစ်ချက် မျက်နာချင်းဆိုင် ခပ်မော့မော့ စကားပြောလိုက်တဲ့အခါမှာတော့တစ်စုံတစ်ခု ပက်သက်မှုရှိတယ်ဆိုတာ သေချာသွားခဲ့ရတယ်။

ကြည့်ရတာ သိတ်တော့အဆင်မပြေလှဘူး။ အမေနဲ့သားအရွယ်။ အဒေါ်နဲ့ တူအရွယ်။ ဒါပေမဲ့ အမျိုးသမီးရဲ့ နုပျိုဝတ်ဆင်မှုရယ်။ ကောင်လေးရဲ့ အရပ်ရှည်မှု။မျက်နာရင့်မှူ။ တွေကြောင့်တစ်စုံတစ်ခုတော့ ပက်သက်မှူရှိနေတယ်။

အဲဒီအချိန်မှာတော့ ကိုယ်အိမ်ထောင်ကျခဲ့မိတာ ..ယောကျာ်းရှိတာ ဝမ်းသာသွားခဲ့မိတယ်။

အော်..ဒါနဲ့.။ အင်တာနက်ပြန်ချိတ်လို့ရသွားတ်ယ်။ ဆိုင်က ဖုံးကို အွန်….အော်ဖ် လုပ်လိုက်တဲ့ အခါပြန်ချိတ်သွားတယ်။

28 comments:

ဝက်ဝံလေး said...

မာမီ နေကောင်းပါရဲ့လား
ကျန်းခန်းသာလို့ မာပါစ

ကောင်းကင်ပြာ said...

ဖုန်း ပြင်ရင်း မမ ခေါင်းစားသွားတယ် ပေါ့...

Anonymous said...

ဟိဟိ.. လွယ်ထှာ။ သားထင်သလိုဆို ကောင်လေးအစား ရင်နာမိ။

Sein Lyan Tun said...

သားလဲ အိမ်ထောင်ပြုတော့မှ ထင်တယ်


အိမ်က အင်တာနက်ကလဲ မကောင်းဘူး

သွားပြင်မှ

ADDRESSEE said...

ပြဿနာက အွန် အော့ ကိုးးးးးးးး

Thiha Kyaw Zaw said...

ဘုရား..ဘုရား..မြန်မြန်မိန်းမယူမှ..

AMK said...

မမkom နားလည်ဘူးဗျာ

မျက်မှန်လေး said...

အဲလိုလည်းရှိတယ်။။နောက် ဟိုလိုလည်းရှိတယ်။

ဘာလိုလိုတွေပေါ့လေး

စန္ဒကူး said...

အိမ်ထောင်ကျပီးသား အမျိုးသမီးတွေလဲ ON/OFF တွေလုပ်နေကြတာလဲအများကြီးရှိသေးတယ်မမရေ.. အိမ်ထောင်ကျ/မကျ နဲ့မဆိုင်ဘူးထင်တာဘဲ..
စိတ်ဓာတ်ရေးရာနဲ့ဆိုင်မယ်ထင်တယ်..
အကျင့်နဲ့လဲဆိုင်မယ်ထင်တယ်...
သူတို့အမျိုးသားအပေါ်လဲမူတည်မယ်ထင်တယ်..
အချစ်ကြောင့်လဲ ဖြစ်နိုင်တယ်...
(တွေးတာများသွားပီ)..

ဇွန်မိုးစက် said...

အင်း...စဉ်းစားစရာတော့ ဖြစ်သွားတယ်။
တလောက ဘတ်စ်ကားပေါ်မှာ ဦးလေးကြီးနဲ့ ကောင်မလေးငယ်ငယ်တစ်ယောက်တွေ့တော့ သားအဖလား၊ တူအရီးလား...ဘာလားပေါ့လေ စဉ်းစားစရာတွေဖြစ်သွားတယ်။ အာမောအသက်ကြီးကြီးနဲ့ ဖဝထုတ်မငယ်ငယ်လေးတွေဆိုရင်တော့ စဉ်းစားမလိုဘဲ တန်းသိလိုက်တယ် မမရေ။

Bino said...

အဲဒီအချိန်မှာတော့ ကိုယ်အိမ်ထောင်ကျခဲ့မိတာ ..ယောကျာ်းရှိတာ ဝမ်းသာသွားခဲ့မိတယ်။
Nice Conclusion.

BINO

တန်ခူး said...

ကျွန်မလဲ ရထားပေါ်မှာ ကားပေါ်မှာ ဆိုင်ထဲမှာ အဲဒီလိုတွေ မျက်စိကစားပြီး ဘယ်လိုများ ပတ်သက်ကြတာလဲဆိုတဲ့ တွေးမိတတ်တယ် မမ ရေ… အမျိုးသားပါရင်တော့ သူများ ကိစ္စစပ်စုရလားဆို အဆူခံထိသေးတယ်… သားကလဲ ကျွန်မအကျင့်ပါတယ်ထင်တယ်… မနေ့ က မက်ဒေါနယ် ဆိုင်မှာ နောက်ကစားပွဲက ဘာမှ မှာမစားတာကို သူတို့ ဘာလို့ ဘာမှ မစားကြတာလဲလို့  အော်မေးလို့  ကြိတ်တားရသေးတယ်….

Vista said...

ဒီအမျိုးသမီးမှာလည်းအိမ်ထောင်ရှိချင်ရှိမှာပေါ့ဟိ

သိင်္ဂါကျော် said...

မမ မျက်လုံးကလည်း တော်တော် စူးရှပါလား..
စောင့်နေရတဲ့ အချိန် ကြည့်စရာ ရှိသွားတော့ မပျင်းတော့ဘူးပေါ့

Unknown said...

ခင်ဦးရေ
ဖတ်ရင်းနဲ့လေ ညက်စိလည်သွားတယ်။
ညန်ညန်အိမ်ထောင်ပြုမှ ဖြစ်တော့မယ်နဲ့တူတယ်နော် :P

:P said...

တော်သေးတာပေါ့ ဒေါ်အေးသာကျော့ရယ်.... :p

:P said...

စန္ဒကူး မန့်တာဖတ်မှ ခေါင်းစဉ်၊ဖုန်းနဲ့ အကြောင်းအရာဆက်စပ်ပုံကိုသိတော့တယ်။
ထုံတယ်ဂျ...။

PAUK said...

မကြည့်သင့်တာတွေကြည့်နေတယ်။
ဟင်းးးးးးးးးးးးးးးးးးးးးးးးး

ချစ်ကြည်အေး said...

မမကွန်ကလည်းဗျာ...ခုရွယ်မှာ အိမ်ထောင်မကျသေး လဲ ဘာဖြစ်တုန်း...ချီရတာပေါ့...ဟတ် ဟတ် ချိုး...

Unknown said...

Variety is the spice of life.

Unknown said...

ကွန် ကွန် လဲ ကောင်လေးတွေနဲ့ပျော် နေပြီးတော့၊ မိုးလင်းမိုးချုပ်မသိရင်ခက်မယ်......ဟင်း..ဟင်း

ARTARLOOT said...

အရွယ်ကွာတာအဓိက မဟုတ်
အချစ်သာ အဓိက
ချစ်နေရင် အားလုံးလှတယ်
Chemistry ရှိရင်ဖြစ်တယ်။

ဖိုးသင်္ကြန် said...

ရှာပေး

rose of sharon said...

ဟီးဟီး.... ဒါ on ..off..ကိုး

Rita said...

0/1
:D

Anonymous said...

asian cajun new orleans
most beautiful of all black-haired blondes
teen model nn
shona mctavish bbw
watlow strip heater


[URL=http://lipslickers.servik.com/index.html]mature creampie video[/URL]
[URL=http://lipslickers.servik.com/sitemap.html]hot mature creampie video[/URL]
[URL=http://lipslickers.servik.com/milf-pic-post.html]milf pic post[/URL]
[URL=http://lipslickers.servik.com/bikini-milf-blowjobs.html]bikini milf blowjobs[/URL]
[URL=http://lipslickers.servik.com/woman-nude-shlepping.html]woman nude shlepping[/URL]
[URL=http://lipslickers.servik.com/lioness-clit.html]lioness clit[/URL]
[URL=http://lipslickers.servik.com/big-boobs-tits-galleries.html]big boobs tits galleries[/URL]

Dr. Yi Yi Win said...

မကြီး ဒီပို့ စ်က တင်ဖူးပြီးသားကြီးမလား။ ဒီက စာကျေပါတယ်နော်။

Anonymous said...

http://friends.rambler.ru/fluterbipurp@rambler.ru http://friends.rambler.ru/sappticpona@rambler.ru
cutie teen girls all teen videos