Wednesday, March 17, 2010

read louder

ခုနစ်ရက်သားသမီးဖတ်ဖို့စာ။
















နေမကောင်းပါ။
ဆေးခွင့် ဒီနေ့မနက်ဖြန်ယူ၏။
ယူရတာကို နေ့ဝက်ကျိုး၏။

အိပ်ယာထဲတော့လဲမနေ။
ဟိုသွားဒီသွားလုပ်မိသေး၏။
ဟိုဝင်ဒီထွက်လဲလုပ်သည်။
ဟိုဟာဝယ် ဒီဟာဝယ်တော့မလုပ်တော့..

မတ်တပ်နာဆိုတာဖြစ်မည်။
နားဘို့တော့လိုအပ်သည်။
အွန်လိုင်းတော့အွန်အော့မည်။
မအွန်ဘဲမနေနိုင်ပါ။

UPT ကလည်း negative ဖြစ်သွားပြန်ြ့ပီ။
ဟင်းလဲမချက်ပါ။
စိတ်ပြေလက်ပျောက် ဘက်ဂါစား၏။

ဧည့်သည်ကလည်းမလာသေး။
ဘိုက်က ထပ်ဆာပြန်ပြီ။
ဆာဘဲဆာနိုင်လွန်း။

ပေါင်ချိန်စက်ကလဲ ကုန်ဈေးနှုးကဲ့သို့အတက်သာရှိ၏။
ပြေးတော့မပြေးနိုင်.
မောပြီ။

ငယ်ချင်ယောင်တော့ဆောင်နေသေး၏။
မသိချင်ယောင်ဆောင်နေကြပါ။

ယနေ့နေသာ၏.
အားလုံးကျန်းမာချမ်းသာကြစေသောဝ်.

ဤတွင်ပြီး၏။




34 comments:

ZT said...

ဒူဝေဝေ...ဒူဝေဝေ

ဘာမဆိုင် ညာမဆိုင် ကြေးစည် ဝင်တီးသွားသည်။

ကိုအောင် said...

အမ မြန်မြန် ကျန်းမာပါစေ ...း)

:P said...

သာဓု၊ သာဓု၊ သာဓု
(နေမကောင်းတာကို မဟုတ်၊ ခွင့်ရတာကို ကောင်းလေစွခြင်းဖြစ်၏။)

စူး said...

နေကောင်းအောင်နေပါ။
စောစောအိပ်ပါ
စောစောထပါ
ဘုရားရှိခိုးပါ
အကောင်းဆုံးဆေးပါ

Me said...

အကောင်းဖက်ကတွေးရင် နေမကောင်းတော့ ပေါင်ချိန်ကျသွားနိုင်တယ်နော် ....

ကောင်းကင်ပြာ said...

မမ နေကောင်းပါစေ...

Khyl said...

အမ်.. အမ်... အျမ.... ငါထုလိုက္ရ ဘိုက်ဆာနေပြီ မြန်မြန်ချက်တော့.... သာဒု.... သာဒု....

ဟီး အမ ချိတ်ချိုးနဲ့...

sonata-cantata said...

ဒါ ဘယ်သင်ခန်းစာအတွက် ဖတ်စာလဲ မမ
စာမေးပွဲအတွက် ဘယ်အပုဒ်အရေးကြီးလဲ
ရွေးကျက်ချင်လို့
ပြောပြော.. တိုးတိုးလေးပြော

သက်ဝေ said...

MC နှစ်ရက်... ဇိမ်ပဲကွာ...
ကောင်းကောင်းနားလိုက်ပါ မမရေ...း))

ချစ်ကြည်အေး said...

သာဓု သာဓု သာဓု .....
မမ အားရှိအောင်နေပါ၊ ကြက်ပေါင်းရည် သောက်မလား ပို့ပေးချင်လို့.... :)

Anonymous said...

နားပါ အမရယ်၊
အမနားတာ မကြားဖူးလို့။

စိတ်အေးလက်အေးနားနော်၊

Vista said...

နားပါ အေးဆေးနားပါ မမ...

သံလွင် HeRo said...

ကျန်းမာရွှင်လန်းပါစေ တီကွန်

Younggun said...

စာက ဓာတ်ပုံနဲ့ ဆိုတော့ .. ဗိုက်တောင် ပြန်ဆာသွားတယ်ဗျာ

မေ့သမီး said...

ဓါတ်ပုံထဲက ရေခဲ့မုန့်လား။ စားချင်တယ်အမ။

kma said...

နေမကောင်းတဲ့လူက Mc Donald က ကျန်းမာရေးထိခိုက်စေတဲ့ junk food တွေစားရသလား။ အော် ခက်ပါဘိ၊ အင်း..အပေါ်က ဖတ်စာအဆုံးမှာ ထပ်တိုးထည့်လိုက်မယ်- 'တချို့လူကြီးများ ခေါင်းမာတတ်၏။ ဒါပေမဲ့ မသိချင် ယောင်ဆောင်နေကြပါ။'

kma

PAUK said...

တိမ်တွေ..
တိမ်တွေ...
ဝေဝါးနေတယ်..
နေကောင်းပါစေ...
ခါးနာတာပဲလား..
လာနှိပ်ပေးမလို့..
အဲ့..နင်းပေးမလို့..

အိမ်ချင်းနီးရင်ပေါ့...

AMK said...

နေမြန်မြန် ကောင်းပါစေ မမkom

ကျော်နှင်းဆီလွင် said...

မရေ
ဖြစ်နိုင်ရင်ဘာဂါတွေသိပ်မစားနဲ့
အာလူးကြော်ကပိုဆိုးသေး
ဝိတ်တက်မှာ။
အာလူးကြော်က ကစီဓါတ်သိပ်များတာမို့
ဝတယ်။
အစီးဓါတ်ပါတဲ့အစာတွေ ကန်စွန်းဥတို့အာလူးတို့ ရှောင်တာကောင်းတယ်။ ထမင်းလည်းနည်းနည်းပဲစား။

Moe Cho Thinn said...

နား နား မမ။
အွန်လိုင်းလဲ နားနားပြီး ဖွင့်။ :)

ရွှေရတုမှတ်တမ်း said...

အသက်ကြီးပြီ..ဘူရားရှိခိုးအမျိုးမျိုးလေးဖတ်..
သူငယ်တန်းဖတ်စာတွေ အော်ဖတ်မနေနဲ့တော့...

ဇွန်မိုးစက် said...

Have a very good rest! :)

သူကြီးမင်း (တုံးဖလား) said...

မမကွန်..

http://en.wikipedia.org/wiki/Essay

:D :D :D

သူကြီးမင်း (တုံးဖလား) said...

မမကွန်..
ဖတ်စာကို မြန်မာ့စာသင်ကျောင်း သင်ရိုးညွန်းတမ်းမှာ ပြဋ္ဌာန်းပေးဖို့ အကြံပြုလိုက်ပါရစေ။းဝ

မောင်သီဟ said...

ပထမဆုံးလာလည်တာ အိမ်ရှင်က နေမကောင်းဖူးတဲ့
မြွေသားစွပ်ပြုတ်ပို့ပေးရမလားဗျ
အားရှိတယ်း)နေမြန်မြန်ကောင်းပါစေ

Anonymous said...

ေ၇ခဲမုန့်တော့ စားချင်တယ်။

PhyoPhyo said...

မြန်မြန်နေကောင်းပါစေ

ဂျူနို said...

စာရိတ်ဖိုသီး ပိုးထိုးတယ် ခေါ်တယ်။ စာလုံးပေါင်းက ဂျီးတော်နဲ့ ၀မ်းဆက်ဖြစ်အောင် မှားပေးလိုက်တယ်။ တကယ်က မပေါင်းတတ်လို့။:)


မအယ်

MrDBA said...

မနက်စောစော ထပြေးပါ။ ညနေစောင်းမှာ ကိုဘနဲ့ အဖော်လုပ်ပြီး ထပ်ပြေးပါ။

Unknown said...

အစ်မရေ.. ကောမန့်တွေနဲ့ ပိနေပြီထင်တယ် ဗျ။

ADDRESSEE said...

ကဗျာနဲ့တူတယ် နေမကောင်းတဲ့အကြောင်း ရေးတဲ့ကဗျာ ဖတ်ရတာကောင်းတယ် အမရေ အကျယ်ကြီးဖတ်လိုက်တယ်

ကိုလူထွေး said...

မသိချင်ယောင် ဆောင်သွားပါတယ်...

းဝ)

Bino said...

The bigger the better.

desertraindrops said...

ပေါင်ချိန်စက် အတက်ဘက်ပဲ ပြတယ်။ လျော့စားစေ...