Thursday, April 1, 2010

jalan.jalan.











ဟာ…..အစ်မ ပိုစ်အဟောင်းကြီးဆိုပြီးပွစိပွစိ မလုပ်ကြပါနဲ့။ တစ်ကယ်ပါ။ အသစ်ပါ။ အသစ်စက်စက်။ သေချာရှုပါ။ မက်ဒေါ်နယ် ဘရိတ်ဖတ်။ ခါတိုင်းစာတာက ညနေဘက် big mac . အဲသလို ကွဲပြားပါတယ။် ဟိုနေ့ကရန်ကုန်ကလေယဉ်ရုံးကသယ်ချင်းဒီမှာသင်တန်းလာတက်တာ သူခဏအချိန်ပေးလို့ပြေးတွေ့တာမှ သူ့ကိုဧည့်ခံတာဆိုပြီးကိုယ်စားချင်တာစားတာ။ ဘာမှန်းမသိလို့ဆားထုပ်တွေ ငရုတ်ကောင်းမုန့်ထုပ်တွေတောင်ယူလာ သေးတယ်။ ရှက်တော့မရှက်ပါဘူး. ဘာဖြစ်လဲ။

ချွှာချုးကန်မှာစားတာ။ သက်သေနဲ့တစ်ကွဖြေဆိုပါတယ်။ ပြီးတော့ သူကတစ်ခြား သယ်ချင်းတွေ နဲ့ စန်ဆိုဆာသွားတယ်။ ဟင်. လိုက်ပါဘူး လိုက်စရာလား။ မောလွန်းလို့။

ပြီးတော့အဲဒီကနေရထားပတ်စီးလိုက်တာ expo သွားမလို့ဘဲ။ စီးတီးဟော မှာ လူတွေ သိတ်များတာနဲ့ ရိုင်ဖယ်အထဲစီးသွားပြီးအဲဒီကမှ တစ်ခါရထားပြန်ပြောင်းတယ်။ ပတ်စီးတယ်ခေါ်မှာပေါ့။ လုပ်စားနေကျပါ။
ရထားပြောင်းစီးတယ် ။

Expo ရောက်ပါပြီ. ဘာသွားလုပ်သလဲ။ အကြောင်းသိတွေကသိကြမှာ. မိတ်ကပ်နှုတ်ခန်းနီ သွားဝယ်တာပါ။ အစောကြီးရောက်သွားတာကို နှူတ်ခမ်းနီများကုန်သွားပတဲ့။ ကျန်တာကအားလုံး ၁၅ ကျပ်ကြီးဘဲများပါတယ။် ဘတ်ဂျတ်က တဆယ်ဘဲရှိတော့ဂွကျတယ်။ လမ်းစရိတ်ကျေအောင်လို့မနည်းကိုဖြစ်ညှစ်ပြီး ၄၅ ကျပ်ဘိုး ဝယ်လိုက်ရတယ်။

စင်စင်ပြောတဲ့ဝယ်ခိုင်းတဲ့သဟာကောင်းတယ်သာဆို အားကြီးရုပ်ဆိုးတာဘဲ။ ဈေးကလဲသုံးဆယ်ဝန်းကျင် မတတ်နိုင်ပါ။

ဘေးနားကကားကွင်းမှ များလှတဲ့ကားတွေ ကြည့်ပြီး ဇော်ဝင်းရှိန်ရဲ့ သီူချင်းလေးကို စိတ်ထဲကနေညည်းမိတယ်။ ဒိလောက်များတဲ့ကားတွေ ထဲငါ့ကားတစီးမှ မပိုင်ပါလားဆိုပြီး..

မုန့်လဲမစားတော့ဘူး ပန်နီစူလာမှ ဘဲစားတော့မယ်ဆိုပြီး။ စီးတီးဟောပြန်ရောက်လာတယ်။

အဲဒါနဲ့ဘဲဖျားသွားရော. eပန်းလဲပန်းတယ်။ဖျားလဲဖျားတယ်။

35 comments:

ZT said...

ဇော်ဝင်းရှိန် သီချင်း သတိရသွားတယ်။

ရွာထဲလမ်းမပေါ် လှည်းရောင်စုံများစွာ တစ်စီးမှ ကိုယ်မပိုင်ပါ။
တဲကုပ်ပေါင်းများစွာလေ ရွာလည်မှာ ရှိတာ တစ်တဲမှ မပိုင်ပါဘူး။
မုဆိုးမတွေ တကယ်ကိုများ တစ်ယောက်မှ တို့မပိုင်ပါလား။ အားလုံးထဲမှာ မင်းတစ်ယောက်တော့လေ တို့ပိုင်ဆိုင်ပါရစေ။

ပိုင်ရှင် မရှိသေးတဲ့ ကုလားမရယ်။ ပိုင်ရှင် တို့ဖြစ်လိုက်ချင်ပါတယ်။

ThuHninSee said...

ဟင်..ဇက်တီ.. တော့ရည်းစားက ကုလားမ မုဆိုးမလား။ သြော်..အချစ်စစ်ပါလား ချီးကျူးမိပါတယ် ကိုဇက်တီရယ်။
april fool လုပ်တာလား။
:P

သူကြီးမင်း (တုံးဖလား) said...

စုံစီနဖာပါလားးဝ

Vista said...

ပန်းမှာပေါ့ မုန့် ဖက်ထုပ်၃ထုပ်မှအကုန်မစားတာ

ရေတမာ said...

ဟင့်အင် အေးချမ်းမေ သီချင်းပဲ သိတယ် ~~~ဘုရားစူးးးးးးး~~~~~~~~~~

subuueain said...

မုန့်ဖက်ထုတ်စားရင် ပိတ်ရမှာဟုတ်ဘူးလား။ :P

:P said...

ရုပ်ဆိုးတယ်တဲ့၊ လှတာမက်ရင် ညစာခက်မယ်..ဟင်းဟင်း...
အဆင်းမလှပေမယ့် အချင်းရှိပါတယ် မမရယ်။
ပေါ့ပါးတယ်၊ ခိုင်ခံ့တယ်၊ နူးညံ့တယ်။ ကြာရှည်ခံတယ်၊ရေစိုခံတယ်၊


စင်စင်

ဒဏ္ဍာရီ said...

း)) မမကွန်ကတော့ လုပ်ပြီ.. သိပါတယ် ပုံတွေက အသစ်တွေလေ။ စလုံးမှာတော့ ကားတွေ လိုချင်ဘူး.. ကားဖိုးထက် ပါကင်ဖိုးက ပိုဈေးကြီးတယ်။ အစားပုတ်တာကိုးးး အခုတော့ ပန်းမြိုင်လယ်က ဥယဉ်မှုးပေါ့။း))

ခင်မင်လေးစားလျှက်

ရွှေရတုမှတ်တမ်း said...

ဘုရားလဲခနခနစူးရလို့ အပ်တောင်ကုန်နေပြီ...

mg said...

ဘာကိုဆိုလိုချင်မှန်လဲမသိရပါလား။

sweetpeony said...

ဟုတ်ပါ့ မမရယ်
နှုတ်ခမ်းနီများ အစောကြီး ကုန်သွားသတဲ့...
လျင်လိုက်တဲ့ လူတွေ...
ယုံပါတယ်..ယုံပါတယ်... အသစ်ဆိုတာ..
အပြစ်မတင်ပါဘူး
း)

ကောင်းကင်ပြာ said...

အိမ် မှာ နားနေ လိုက် မမ..မော သွားပီ...

အိုက်ခီလောက် said...

ပြောတော့ ဘတ်ဂျက် တစ်ဆယ်ပဲရှိတာဆို မကြီး
ဝယ်တော့ ၄၅ ကျပ်ဘိုး ဝယ်လိုက်ရတယ် ဆိုပဲ
ဘယ်က ထုတ်လာတာတုန်း မကြီး
အိမ်က လူကြီးမသိအောင် ဘယ်နားဖွက်ထားတုန်း
ဘတ်ဂျက် လူမြင်အောင် တစ်ဆယ်ပြ
ပြီးမှ ဟိုနား ဒီနားက ထုတ်လိုက်တာ ၄၅ ကျပ်ဘိုး ဝယ်လိုက်ရတယ် ဖြစ်သွားတယ် ထင့်ပါ

rose of sharon said...

ဖြစ်ရမယ်အမရယ်... မတစ်ဘဲနဲ့ပန်းရတယ်လို့

စိုးထက် - Soe Htet ! said...

:)

ညလင်းအိမ် said...

ဘုရားစူးပါ ...
စုံနေတာပဲဗျာ ... ဖျားလောက်ပါတယ် ...

Anonymous said...

Just a suggestion. I think you take most of your shots with a phone camera. Why don't you take them with a proper digitial camera (does not need to be an SLR; you can use a slim one which is easy to carry around) so that you can get better pictures and better-looking blog posts. Thanks.

ဇွန်မိုးစက် said...

မမ ပန်းဖျား ဖျားသွားတာကိုး။ နေကောင်းအောင် နားနားနေနေ နေပြီး အားမွေးလိုက်ပါဦး။

ချစ်ကြည်အေး said...

ပြောတော့သာ မောတယ်...အသက်ကြီးလာပြီ နဲ့ မမ က တချိန်လုံး သွားနေတာကို ...နား နား ပြီး သွားမှေ ပါ့....

PAUK said...

စိတ်မကောင်းဘူး..
ရှော့ပင်းထွက်တာ..ပင်ပန်းသွားရှာတယ်..

PAUK said...

စိတ်မကောင်းဘူး..
ရှော့ပင်းထွက်တာ..ပင်ပန်းသွားရှာတယ်..

ksanchaung said...

သိပြီ။ “ဂျလန်ဂျလန်” ဆိုတာ ပင်ပန်းသွားပြီလို့ ပြောတာ။

NangNyi said...

ဘာတွေမှန်းကိုမသိဘူး..

mae said...

မြန်မြန်နေကောင်းပါစေ မမ

Bino said...

I do jalan.jalan in Plaju, Indonesia, Sumatria.
Here in small town, a lot of peoples are run jalan.jalan.
Most of them like new one. not like fresher.
BINO

Unknown said...

အစ်မရေ.. အလည်လာတယ်ဗျာ။ ကောမန့်တွေနဲ့ ပိနေမှာစိုးလို့ စိုးရိမ်သွားပါတယ်။ အဟဲ။

Unknown said...

Junk food တွေမစားပါ

Kyaw Nyo Thway said...

စီတီးဟောကိုပြန်လို့ ဖျားတာဖြစ်မယ်။ နောက်ဆိုစီးတီးဟောကို မပြန်နဲ့ ဒါဆို မဖျားပဲနေမှာ။ ပြောသာပြောရတာ စီးတီးဟောက လေးထောင့်လား အ၀ိုင်းလားမသိပါ။ ရောက်ဖူးတဲ့သူများပြောပြစေချင်ပါတယ်။ မက်ဒေါနယ် ဘရိတ်ဖတ်ကိုမသိလို့လည်း သိချင်တယ်။ အဲ့ဒါဘာတုန်း။ ရှက်တော့ မရှက်ပါဘူး ဘာဖြစ်လဲ ။ ဇော်ဝင်းရှိန်သီချင်းထဲကလို ဘာမှမပိုင်ပေမယ့် အလိုဆန္ဒတွေကိုတော့ ပိုင်သေးတယ်မလား။ ကံကောင်းတယ်ဆိုရမှာပါလေ။ ပုံထဲက ကော်ဖီထုပ်လေး ရှိသေးရင် မျှစမ်းပါ့ မြည်းကြည့်ချင်လို့ရယ်။


(အန်တီခင်ဦးမေ စတိုင်လ်ဖြင့် ရေးပြီး မန့်သည် :P)

Flower said...

မြန်မြန် နေကောင်းပါစေရှင်..

ဂျစ်တူး ( မုံရွာ ) said...

အားကျတယ်-အစားအစာတွေကိုပြောပါတယ်-
အခုဂျစ်တူးလည်းဟိုနေ့ ကမိုးမိတာဖျားလည်းဖျားနေတယ်
ချောင်းလည်းဆိုးနေတယ်-ဘယ်သူမှလည်းမရှိဘူး----
ဟီးးးး
ဘာမှတော့မဆိုင်ဘူး-ရင်ဖွင့်စရာမရှိလို့ဖွင့်သွားတာပါ-
ရင်ဖွင့်ခွင့်ရတဲ့အတွက်ကျေးဇူးပါခင်ဗျာ-
မြန်မြန်နေကောင်းပါစေ
မြန်မြန်ကျန်းမာပါစေ
မြန်မြန် Jalan Jalan လုပ်နိုင်ပါစေ-ခင်ဦးမေကိုပြောတာပါ-

သမီးကြီး said...

မြန်မြန်နေကောင်းပါစေ အမရေ

TZA said...

ဒီတခါ အပန်းကြာတယ်၊ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား။

PAUK said...

မကြာပါဘူး..
အတော်ပဲ...
ထူးထူးဆန်းဆန်း..တီဇက်အေ..လာမန့်နေတယ်။။

ဧပရယ်လ်ပူး@ပူးတေ said...

မမ eပန်းတာပျောက်သေးဘူလား... အသစ်ရေးဦးလေ... ညီမလေး ပြောင်းဖူးရိုးတွေ လာပို့ပေးရမလား..... ဟိ

ခင်လို့နော်မမ

စာအသစ်တွေ ဓာတ်ပုံတွေ မျှော်နေပါတယ်..

ခင်တဲ့
ပူးတေ

သိင်္ဂါကျော် said...

Jalan ဆိုတာ မလေး လို လမ်းကို ခေါ်တာ မဟုတ်လား... လမ်းထွက်များသွားလို့ ပင်ပန်းတဲ့ သဘောပေါ့.. :)