Friday, May 28, 2010

lumone

ကိုယ့်ဘလော့မှာအသစ်မတက်ဖြစ်ရင်ဘဲ လာဖတ်သူတွေကို အားနာသလိုလို. ထင်မိတာပြောပါတယ်။ ကိုယ့် မှာဘဲ တာဝန်ရှိနေသလိုလို.....ရေးဘို့ဘဲ အားလုံးက တောင်းဆိုနေသလိုလို..ထင်နေတာနဲ့ဘဲ.....

လက်ဦးမှုကလည်းလိုသေးတယ်။ ဟိုနေ့ကဘဲဂျာနယ် ခုနစ်စောင်ဝယ်လာပြီး အင်း. Review လုပ်ဦးမှ လို့စဉ်းစာတုံး မိုးမခက ဦးသွားပြန်တယ်။

စားစရာတွေဆိုတာကလည်းအခုလိုအချိန်မှာလက်မလည်ဘူး.။ ပြိုင်ဖိုက်ဘို့ ဆိုတာ မလွယ်လှဘူး။ ထက်ထက်နဲ့မျှားလည်း သိတ်မလွယ်တော့ဘူး နောက်ကျနေပြီး။ စွန့်ဦးတီထွင်ကျေးဇူးမတင် တွေးခေါ်ဆေွးနွေးမှုများ ကလည်း သူများဦးသွားချေတယ်။

တစ်နေ့တစ်နေ့ဘာရေးရမလဲဆိုတာတော့ခေါင်းခြောက်သား.

မုန်းချင်မုန်းပါစေတော့ ..ရင်ထဲရှိတာပြောရရင်တော့ A to Z ကတော့ နဲနဲများနေပြီထင်တာဘဲ စဉ်းစားတုံး က ကြီးကနေ အ ဝင်လာပြန်တယ်။ ရေးခိုင်းလို့ကတော့မရေးဘူး ဆရာ.. …………ကဲ အခု စိတ်ပျက်လက်ပျက် A to Z ရောက်လာပြန်ပါပြီ.ဝါသနာပါသူများရေးကြပါ. ကိုယ်တော့မဖတ်ချင်ပါ။

တစ်နေကုန်ပင်ပန်းလာတော့လည်းမလှူ်ပ်ချင်တော့ဘူး မီးပူတိုက်စရာ. တွေရှိပေမဲ့ လည်းအားမရှိတော့ဘူး.ထိုင်နေရတာအသက်သာဆုံးမို့လို့ သက်သာတာဘဲ လုပ်တော့ တယ်။


ဒီနေ့ထုတ်လာတာကတော့ စကော့ဈေးပါဘဲ.။

လက်ရာကတော့ အံမခန့်းရိုက်ချက်များနဲ့ပါဘဲ။











အဓိကသွားတာတော့ရွေရင်အေးသွားစားတာပါ။ ဦးကြွီနားမှာပါ. ဧည့်ခံတဲ့သူက အန်မတန်တော်ပါတယ်။ အစ်မလာာလာ.. ငါတို့အစ်မက ငါတို့ဆိုင်ကိုလာတာ ညည်းတို့ကဝင်မဆွဲကြနဲ့အေ့ ဆိုပြီး ခြောက်သလိုလိုမခြောက်သလိုလို..gay လို့ကိုယ်မပြောလိုပါ။ ကဧည့်ခံ့ပါတယ် အိုက်ကလဲအိုက် ယပ်တောင်တစ်ချောင်းနဲ့လဲဟိုလု့ပြေးခတ်လိုက်. ဒီလူ့ပြေးခပ်လိုက်. မမတို့အဆင်မှပြေရဲ့လားလို့ ဟိုဘက်ဝိုင်းက ကလေးမတစ်စုကို ဧည့်ခံ. ဒီဘက်ကိုလည်းပြေးလာပြီး ကြည့်.ဒီအစ်မကိုလည်း ပစ်မထားဘူးနော်သိလား. ဘာလိုသေးလဲ ဧည့်ခ.ံစားသူတွေမှာသူ့ကိုကြည့်နေရတာ ရုပ်ရှင်ရိုက်နေသလားတောင်အောက်မေ့မိတယ်။မနေနိုင်လို့ ဝါသနာမပါလားလို့ တော်ငမေးကြည့်သေးတယ်။ အန်တီချိုပြုံးကလဲအဲသလိုဘဲမေးတယ်တဲ့ ဖုံးနံပါတ်တောင် ပေးထားသေးတယ်တဲ့ အဲဒါနဲ့ကိုယ်လဲအားကျမခံ ဆက်သွယ်ဘို့နံပါတ်တစ်ခု ပေးခဲ့တယ်။သတင်းလဲ ပေးခဲ့တယ်။ နောင်တစ်ချိန် ဗွီဒီယိုထဲပါခဲ့ရင် တို့ကျေးဇူးမကင်းဘူးလို့မှတ်လိုက်ပါ။
















ကျောက်စိမ်းလေးနဲနဲဝယ်တယ် လက်ဆောင်ပေးဘို့။ စိန်တစ်လုံးနဲ့မချစ်စု..မန်ကျည်းရွက်တွေ ဝယ်တယ်။ မန်ကျည်းရွက်က ငါးရာဘိုးဝယ်ရတယ်။ ကြံ့ရည်သောက်တယ်.။ သုံးရာ။

ဒိလောက်ပါဘဲ ဒီနေ့အတွက် စောင်းရေးတာတွေများသွားတယ်။ အင်း ကိုယ်ဖွတာလဲအတော်များနေပါပြီ. ဟုတ်တယ်. ဝါသနာပါပါတယ်။ ကားမောင်းရင်ရှေ့ကားကိုအမြင်ကပ်ရင် ကိုယ်ဝင်မတိုက်ဘူး ဘေးဖယ်ပေးလိုက်တယ်။ သည်းမခံနိုင်တဲ့ကောင်က ဝင်တိုက်ပလိုက်တယ်။ အေးရော. ကိုယ်က ယပ်ခပ်နေရုံဘဲ။ လောလောဆယ်တောင်ကလူသစ်ဆီမေးလ်ပို့ထားတယ်။

မှတ်ချက်
စီးကရက်ရေစာဖြင့်ရေးထားသည်။


Hints.
အရောင်ချယ်ထားသည်။
ကလစ်လုပ်ရွေ့မရပါ။ အရိုက်ခံရမှာစိုးသောကြောင့်....

























25 comments:

khin khin said...

ဘယ်သူမှ မရေးသေးဘူးပဲ ထူးထူးခြားခြား။
လူမုန်းဆိုလို့ မခင်ဦးမေ သရုပ်ဆောင်လူမုန်းနဲ့များ အင်တာဗျူးတာလားလို့ လာဖတ်ာ။ :)

khin khin said...

ပြောချင်တာ ကျန်ခဲ့တယ်။
မခင်ဦးမေပြောသလိုပဲ အေတူဇက်တွေများနေတာ ဟုတ်ယ်။ နေရတာတကာ အေတူဇက်နေလို့ ဘယ်သူများ ပြောမလဲ စောင့်နေတာ။ အစ်မကတော့ ဒဲ့ဒိုးပဲ။ကြိုက်တယ်။
ဓာတ်ပုံတွေကတော့ ရှေးခေတ်မြန်မာရုပ်ရှင်တွေလို တုန်ခြင်း မှုန်ခြင်း သီးခံပါပေါ့နော်။

ဦးကြွိခေါက်ဆွဲစားချင်တယ်။ ရွှေရင်အေး သောက်ချင်တယ်။ ပေါင်မုန့်အုန်းနို့ဆမ်းထင်တယ်။ ပုံထဲမှာ။ စားချင်စရာလေး။ ကြံရည်လဲ သောက်ချင်တယ်။
သွားချင်ရာသွား စားချင်ရာစားနိုင်တာ ကုသိုလ်ကောင်းလို့ပဲ။ အားကျတယ် အစ်မကို။

ဒါနဲ့ စီးကရက်ရေစာ ဆိုတာ ဘယ်လိုများလဲဟင်။ :)

Anonymous said...

မန်ကျည်းရွက် သုတ် အရမ်း စား ချင် တယ် မမ ...
ပဲပြုတ် လေး ထည့် သုတ် စားရင် ကောင်းမှ ကောင်း ...
နောက်တခါ ရန်ကုန် သွားဖြစ်ရင်တော့ မန်ကျည်းရွက် ပေါ်ချိန် သွား မှ ထင်တယ် ...


mie nge

ကိုဇော် said...

မမမေကလည်း Z to A လိုက်ပေါ့ဗျာ။
ဒါဆို မော်ဒန် ကျသွားတာပေါ့။
ဘာပဲ ပြောပြော ရောက်တိုင်း ဗိုက်ဆာတယ်ဗျာ။

Moe Cho Thinn said...

ယပ်တောင်တချောင်းနဲ့ ရွှေရင်အေးသည်ကို သိပ်သဘောကျသွားပြီ။ ထီပေါက်ရင် ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံ ထုတ်ပေးမယ်။ recommandation ပေးတဲ့ မမကိုပါ ထည့်ရိုက်မယ်။ :D

သူကြီးမင်း (တုံးဖလား) said...

စုံနေတာဘဲ။ ရေးလဲ ရေးတတ်ပါ့။

Anonymous said...

ကောင်းပါတယ်၊ မကြိုက်ရင် ဒီလို ပေါ်တင်ရေးလိုက်ပေါ့၊

စီးကရက်ရေစာ ဘာကြီးလဲ?

ယပ်များများ ခပ်နိုင်ပါစေ :D

:P said...

အရောင်ပဲခြယ်ပြီး လင့်မပေးတဲ့ မမကေအိုအမ်ကို ကန့်ကွက်ပါတယ်...။

ဖိုးသင်္ကြန် said...

ဟိုခေတ်က လက်ဝှေ့ပွဲတွေ ပွဲသွင်းတဲ့ ဒွန်ကင်းနဲ့ ဘာတော်သလဲ အမ
:P

ကျော်နှင်းဆီလွင် said...

စီးကရက်ရေစာဆိုတာဘာသဘောလည်း မ
စီးကရက်သောက်သူ လိုက်ရှာနေတာ
အဖော်ညှိဖို့
ခစ်

Anonymous said...

တင်စရာမရှိလို့ ခေါင်းခြောက်နေရင်..
သီချင်းတင်ပါ့လား..မမ..(ခွီးခွီးး)
အခုမမပြောသွားတဲ့အထဲမှာ လိုက်မမှီတာအများသား..



ဘိုးတော်ဘုရားခေတ်မှာကျန်ရစ်သူ
Xထုံ

Anonymous said...

မမုန်းပါဘူး၊
ဘယ်လိုဖြစ်ဖြစ်ပါ၊
ပွင့်ပွင့်လင်းလင်းပဲ ကြိုက်တယ်၊
(ကိုယ်တိုင်က မြုံစိစိမို့)

ရွှေရတုမှတ်တမ်း said...

ဂျီးတော်..ကကြီးခကွေး မကျက်ချင်တော့ဘူးလား

သဒ္ဓါလှိုင်း said...

ရွှေရင်အေးကိုကြည့်ပြီးတော့လည်းတကယ့်ကို
ရင်ကိုအေးသွားတာပါလားမမခင်ဦး...
စကော့ဈေးကိုလည်းလွမ်းဆွတ်မှုနဲ့ငေးသွားပါတယ်..
ခင်တဲ့
ညီမသဒ္ဓါ

ချစ်ကြည်အေး said...

မရေးချင်လည်း မရေးနဲ့ပေါ့ မမရယ် ဘယ်သူက လာဒဏ်ရိုက်မှာ မို့လို့လဲ...။

အေတူဇီးတွေ များတော့ရော ဘာဖြစ်လဲ၊ မတူတဲ့ အိုင်ဒီယာ အမျိုးမျိုးနဲ့ ဖတ်ရတာပေါ့ ၊ မရေးချင်လဲနေ ၊ မဖတ်ချင်လဲ နေလိုက်ရုံပေါ့...

ဘာတွေကို ဖိုက်နေတာလဲ...ဖိုက်လို့ ဖိုက်မှန်းကို မသိပါဘူး တကယ်ပဲ...

ရေးချင်တာသာရေးပါ ဖတ်ချင်တဲ့သူတွေ လာဖတ်လိမ့် မပေါ့...

NweYoe said...

ဆာကူရာ တာဝါမြင်မှ သူ့ကို ပိုသတိရတယ်ဗျား(

ကျော်ညိုသွေး said...

AIIZ လားအဲဒီ့ အင်္ကျီ တံဆိပ် သိပ်ကြိုက်တယ်။

မောင် လေး said...

အစ်မရေ စီးကရက်ရေစာကတော့ နားကို မလည်နိုင်ဘူး
ရှင်းလင်းချက်ပို့စ်တစောင်လောက် တော့ရေးသင့်တယ်ဗျို့

Anonymous said...

ကြီးတော်တို့အိမ်သွားတယ် လမ်းမှာ မ၀က်မနဲ့တွေ့တာ ငပိရည်စားအုံးမလားမေးတော့ ဘေးနားကအိမ်က လှမ်းအော်တယ် ကိုရီးယားကားလာနေတယ် အဲဒါအဖွားကပြောတယ် နင်မိန်းမယူသေးဘူးလားတဲ့ ဒါနဲ့ ကျွန်တော်လည်း လမ်းဆက်လျှောက်သွားတယ် တွေးရင်း ငေးရင်း လွမ်းမောရင်းနဲ့ ပုံရိပ်တစ်ခုရလာတယ် ..အဲဒါကတော့ ဘောင်းဘီ တို ပေါင်ထိ ၀တ်ထားတဲ့ ကောင်မလေးတစ်ယောက်.............

ဂျင်ကလိ

ချစ်မောင် said...

အမှန်အတိုင်းပြောရယင် ဒီ blogတွေကို လိုက်လို. မမှီသေးတာအ မှန်ပါ။ရေးသူကရေး မန်.သူက မန့် နဲ. လိုက်မမှီနိင်ပါခင်ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် လက်ခံရမှာ အမှန်ပါ။group တစ်ခု လိုအပ်တယ်ထင်ပါရဲ။ စာရိုးရိုးပဲဖတ်ဖူးသူမို.လွန်တာရှိယင် ၀န်တာမိပါ။

သံလွင် HeRo said...

ဦးကြွိက ဘဲပေါင်းဆီကျက် စားချင်တယ်....

မိုက် said...

လူမုန်းဆိုလို့ ကျနော့်အကိုနဲ့များ အဆက်အသွယ်ရသလားလို့

ခု ဗိုက်ဆာပြီး ပြန်သွားပြီ၊ ရွှေရင်အေးလေးရယ် မန်ကျည်းရွက်လေးရယ်၊ မချစ်စုလေးရယ်

sosegado said...

လူမုန်း လား၊ လူမိုနီ လား ဆိုပြီးစဉ်းစားနေတာ၊ ညံ့လိုက်တဲ့ငါ

Anonymous said...

ဟိုနေ့က အမေ့ရွာဆီကို ဖုန်းဆက်တယ်...အမေကပြောတယ် ဘာမှမဟုတ်ဘူးတဲ့..အဲဒါနဲ့ကျုပ်လည်း ရေသောက်လိုက်တယ်..ရန်ကုန်မှာ ပလူပျံနေတယ်ဆိုလို့မေးကြည့်တယ် ခေတ်ပျက်ထဲရောက်နေပြီတဲ့..မြန်မာလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု ၀တ်စားဆင်ယဉ်မှုကိုကြည့်ချင်ရင် ရန်ကုန်ကလွဲရင် ကျန်တဲ့ မြို့နယ် တောတွေမှာပဲရှိတော့တာတဲ့...ရန်ကုန်မှာတော့ မကြာခင် underwear နဲ့ပဲမကြာခင်မိန်းကလေးတွေက၀တ်ကြတော့မှာလို့ပြောတယ်...နောက်ဆို underwear တောင်မပါတော့ပဲ ကိုယ်လုံးတည်းနဲ့ဖြစ်တော့မှာတဲ့..အဲဒါနဲ့ကျုပ်လည်း ရင်လေးပြီး အိပ်လိုက်တယ်

ဂျင်ကလိ

Anonymous said...

ဂျင်ကလိရေးတာတွေ ထူးဆန်းတယ်။
ုkom