Saturday, September 18, 2010

ခမမ

ရုပ်ရှင်ရုံရှေ့ရောက်တယ်။ ဟိုတစ်လောက . .. ဟိုဘက်မှာ..
ရုံမဖွင့်သေးလို့စောင့်ရတယ်။ စိတ်ရှည်လက်ရှည်စောင့်ကြတယ်။ ကိုယ်လဲ ဝင်စောင့်တယ်။ ဘာ ကားကြည့် ရ မှန်း မသိပေမဲ့ကြည့ိုကိုကြည့်ရမှ ဖြစ်မယ်ဆိုလို့ ရှိတဲ့ ကားကို ရအောင်ကြည့်တယ်။ Eat pray love တဲ့ စိတ်ဝင်စားပေမဲ့ပြတာမတွေ့ဘူး။ တီလုပ်ကား အိန္ဒိယကားကတော့မကြေည့်ဖြစ် ဘိုမကြီးက အင်္ဂလိပ်ကားဘဲကြိုက်ပါသည်. အချစ်ကားလဲမကြည့်တော့..........ပါ.

အက်ရှင်ကား. Resident evil တွေ့တယ် ဆုံးဖြတ်လိုက်တယ်။ တော်တော်များများကလည်းအဲဒီကားကိုဘဲရွေးကြတယ်။ ကောင်းသလား မေးရင်တော့ မကြိုက်ပါဘူးလို့ဘဲဖြေရမယ်။ ဒါပေမဲ့လောလောဆယ်မှာတော့အဲဒါကိုဘဲ ရွေးရပါ့ လိမ့်မယ်။

အတော်နားလည်ရ ခက်တဲ့ရုပ်ရှင်ကားဘဲ။ ကြည့်လို့တော့ကောင်းပါတယ် ပသာဒရှိတယ်။ မငးသမီးလေ တွေချောတယ်။ အက်ရှင်ပါတယ်။ အလန့်တကြားတွေရှိတယ်။ ကားကတော့ ကောင်းပါလိမ့်မယ် ကိုယ်က မကြိုက်တာ ကိုယ်တစ်ယောက်ထဲမကြိုက်တာမဟုတ်ပါဘူး pm ကိုယ်တိုင်လဲထောက်ခံတယ် ကောင်မလေးတွေ ကလွဲရင်မကောင်းဘူး အဲလေ. Resident evil ကို အကြိုက်ဆုံး ဘာလဲမေးရင် မငးသမီးတွေပါ လို့ သူကိုယ်တိုင် ဖြေကြားထားတာပါတယ်။




















ဒီကရုပ်ရှင်ရုံတွေ က shopping mall ထဲမှာရှိပြီး. ရုံကြီးတွေ လည်းရှိ. ရုံသေးသေးလဲတွေလည်းရှိ. အဲဒီနေ့ကတောကရုံခပ်သေးသေးထဲရောက်သွားတယ်။ တစ်ယောက်ထဲကြည့်တာပါ။ လူများပေမဲ စိတ်ကြိုက်ခုံ တော့ရတယ်။ ဒါပေမဲ့ ကာပယ်ဆိတော့ couple seat တော့မရလိုက်ဘူး. နောက်ဘက်ဖြစ်ရမယ်။ screen နဲ့ဝေးရမယ်ဆိုတဲ့ criteria နဲ့တော့ပြည့်စုံတယ်။

မပြည့်စုံတာကတော့ဘေးက ကောင်မလေးရဲ့ဒုက္ဒပေးမှုပါ. ရုပ်ရှင်မစခင်ကတည်းက သူက စတယ်။ကောင်လေးကိုအတင်းသိုင်းဖက်ထာတးယ်။ သူရဲ့ ဘယ်ဘက်လက်နဲ့ ကောင်လေးရဲ့ပုခုံးကို မမှီတမှီ… ဘောင်းဘီတိုလေးနဲ့ အဲကွန်းထဲမှာအေးပါတယ်ဆို သူလေးက မအေးဘူးလားမသိ. အတင်းဖက်တာမှာ ကုတ်တက်မလားထင်ရ. ဟမ်. (မနာလိုတိုရှည်သံတွေများပါသွားမလားမသိ).. အဲသလိုနဲ့စတာ မျက်စိကိုပိတ်ကားပေါ်ကိုမနည်းပို့ထားလိုက်ရတယ်။ တော်ပါသေးရဲ့ မှောင်သွားလို့ အာရုံနောက်တာ သက်သာသွားတယ်. ပြောသာပြောရ ခမမ က အဲဒါ သားတို့ပါ. ဟိဟိ လို့လာပြောမှာလဲကြောက်ရသေးတယ်။ မောင်တင်မောင်တွေကလည်းတယ်များတာကိုး.



ဘာဂါဆိုင်ကို မျက်စိမှိတ်ကျော်ခဲ့ရစဉ်က.......


















အဲဒီနေ့က မိုးညို့တယ်။ ကောင်းကင်က ညို့တယ်။ ဒါပေမဲ့တိမ်တွေ ကပြာတယ် နားလည်ရတော့ခက်သား.







22 comments:

မေပယ်လ် said...

2

ဆွေလေးမွန် said...

ဒီလောက် ဇိမ်ရှိတဲ့ဘ၀..good ၏

Anonymous said...

မောင်တင်မောင် ဆိုတာ ဘာလဲ..
နားလည်ဝူးး။။



Xထုံ

ကိုဇော် said...

မနာလို တိုရှည်သံပါ ဖျောက်ပြီး မနာလို ကြာဇံကြော်ပဲ စားလိုက်တယ်ပေါ့လေ။
ဒါနဲ့ စကားမစပ် မေးပါရစေ။
ဘာဂါဆိုင်ကို မျက်စိမှိတ်ကျော်တယ် ဆိုတော့ အပေါ်ကနေ ခွကျော်လာတာလား။

ဆောင်း said...

ကောင်မလေး ကုတ်တက်တော့ ဘေးက ထိုင်နေတဲ့ မကွန်ပုခုံး ကို ကုတ်မိသွားလား

ရွှေရတုမှတ်တမ်း said...

ခြေတွေလက်တွေတောင် ကုတ် ..တက်တယ်ဆိုတော့..
သတိပြန်လည်အောင်..သူ့ကောင်လေးက ...တဖူးဖူးနဲ့ မှုတ်ပေးရမှာပေါ့..

Anonymous said...

တိမ်တွေက ပြာပါ့မလား၊ မဖြူဘူးလား၊

Rita said...

စောတင်မောင် မဟုတ်ဘူးလား။
ခမမ=ခပ်မြင့်မြင့်=စတမ

Rita said...

စောတင်မောင် မဟုတ်ဘူးလား။
ခမမ=ခပ်မြင့်မြင့်=စတမ

ဖိုးတုတ် said...

ရုပ်ရှင်ရောတကယ်ကြည့်ဖြစ်ရဲ့လား ဘေးကအတွဲကဲနေတာကိုပဲ ကြည့်ဖြစ်သွားသလား ရုပ်ရှင်ရုံထဲမှာ မှောင်သွားတော့ ဘေးကအတွဲကို မသိမသာ ကြည့်လို့ ရတာပေါ့

“မှတ်သားသွားပါတယ်။ နာယူသွားပါတယ်”

ခင်တဲ့

ZZZ

sosegado said...

The American ကြည့်ဖြစ်အောင်ကြည့်ပါ

Anonymous said...

xထုံသို့ (ရတ ရှင်းပြသလောက်နဲ့ မရလောက်ဘူး.. သူက သိပ်ထုံတာ... ဟိဟိ)

မောင်တင်မောင်ဆိုတာ စောတင်မောင်ကို ပြောတာဖြစ်မယ်။
စောတင်မောင်ဆိုတာ တွတ်ပီကာတွန်းထဲက လူပျိုကြီး..၊ ကြုံတိုင်းရွာမှာ ကောင်မလေး တစ်ယောက်ယောက်ပျောက်သွားရင် သူက အိမ်ကနေ တစ်ပတ်လောက်ရှောင်နေတယ်၊ သူနဲ့ကောင်မလေးခိုးပြေးတယ် အထင် ခံရအောင် လို့.. (အထင်ခံရလဲ မနည်းဘူးပေါ့) ၊

ခမမ ကလည်း အတွဲကြောင်းပြောမိရင် .."အဲဒါ သားတို့ပါ" ထ..ထ လုပ်လို့ .... ။


pifpif

ညိမ်းနိုင် said...

အာာာာ အစ်မကွန် တချိန်ထဲ ရုပ်ရှင်နှစ်ကား ကြည့်ခဲ့တယ်
ပေါ့လေ...း)

သူကြီးမင်း (တုံးဖလား) said...

စာလုံးအတိုကောက်တွေ များနေပြီ။ တော်ကြာ န၀တ၊ နယက၊ မ၀တ၊ မယက တွေ ပါလာတော့မယ်။း))))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

ရုပ်ရှင် ကြည့်တဲ့ အကြောင်း မှတ်သားသွားပါတယ် ။

khet myint myint said...

(ကျွန်တော့်ကို)လွတ်ထွက်သွားမှာစိုးလို့ အတင်းကုတ်တက်တွယ်ကပ်ထားတာ ဖြစ်ပါလိမ့်မယ် အဟင်းဟင်း
ဒီမှာ ဒီမှာ ဆင်ဂလ်လ်ဖြစ်(ချင်ယောင်ဆောင်)နေရတာ ဘယ်လောက် ကောင်းတယ်ထင်သလဲ.. ညှင်းညှင်း

ပုံ
အမှတ်မရှိသူ စတမ :-P

ဇွန်မိုးစက် said...

ခမမ = ခပ်မြောက်မြောက် အောက်မေ့လို့...ဟိ :D

Anonymous said...

စတမ ဆိုတာဘာလဲ pif pif

Anonymous said...

အာ............သိပြီ.။

Anonymous said...

xထုံကတော့သိမယ်မထင်ဘူး။

Anonymous said...

သိတယ်ဟေး...
စတမ =မောင်တင်မောင်
( မမ အရေးအရ...ဟင်းဟင်းး)


Xထုံ

ကောင said...

ပြာတဲ့တိမ်
ကုတ်တက်သောကောင်မလေး
ကြည့်ခဲ့သောရုပ်ရှင်
စားဝင်သောခေါက်ဆွဲ
လွဲခဲ့သောဘာဂါ
ကြိုက်ကြိုက်မကြိုက်ကြိုက်
မကွန်တို့ကတော့
ခပ်မိုက်မိုက်