Monday, September 6, 2010

Yangon 12

ဒီတစ်ခေါက် ရန်ကုန်သွားတုံးက တယ်လီဖုန်းသုံးလုံးနဲ့ အတော်အလုပ်ရှုပ်မိတယ်။ ကင်မရာဝယ်မယ်စိတ်ကူးလဲမအောင်မြင်သေးပါဘူး. နိုကီရာနဲ့ လွယ်တာလေးတွေ ရိုက်လိုက်.့ပိုကောင်းမယ်ထင်တာလေးတွေ ဆမ်ဆာင်းနဲ့ရိုက်လိုက်.video အချို့ကို ဆမ်ဆောင်းနဲ့ရိုက်လိုက်. နဲ့။ ပုံတွေ ပြန် ပြီးကွန်ပြူတာထဲထည့်တော့ အစီအစဉ်လိုက်မဖြစ်တော့ဘူး ရှုပ့်ုကုန်တယ့့်ပုံတွေ မထပ်ဘို့တော့ကြိုးစားတာဘဲ။

ရန်ကုန်ပြန်တာ ပိုက်ဆံအားကြီးကုန်တယ် ဟိုမှာကို ပိုကုန်နေတာ ဒီမှာ က ကိုယ့်စရိတ်ကို ကိုယ်သိတယ် ဘာမှ မှ မလုပ်ဘဲ လမ်းထွက်ရင် ဘာကုန်မလဲ ဘာစားမလဲ ကိုယ့် standard နဲို့ကိုယ်ရှိပြီးသား အိတ်ထဲမှာ ငါးဆယ်ရှိရင် စိတ်ချရတယ်။

ရန်ကုန်မှာက စိတ်မချရဘူး . စိတ်မချရဆို Activity ကလည်းများတာကိုး. ပြီးခဲ့တဲ့တစ်ခေါက်က လမ်းသွားရင်း ဘေးကကားက လိုက်လာပြီးလက်ညိုးထိုးတယ် ကားအောက်ကို .. ဘာပြောချင်တာလည်းစဉ်းစားရင်း ကားကိုရပ်လိုက်တယ် ။ သူငယ်ချင်းနဲ့လဲချိန်းထာြး့ပီးသား နင့်ဆီငါလာခဲ့မယ်လို့ပြောထာြး့ပီးသား.

အဲဒါနဲ့ ဆင်းကြည့်တော့ဓါတ်ဆိတိုင်ကိမှာ မှ ပေါက်ကျနေလိုက်တာ တစ်စက်စက်နဲ့ ဓါတ်ဆီတွေ ကျနေတယ်။ အိမ်မှာတုံးက သတိမပြုလိုက်မိဘူး. တစ်ခါတစ်ခါ ကျရင်လည်း ကားအထွက်မှာ ဆီရေလေဝိုငိ ကိုစစ်ဘို့မေ့နေတယ် ကားအောက်ကိုလည်းငုံ့မကြည့်ဖြစ်ဘူး. အိမ်မှာလည်းဘယ်သူမှ သိတ်ရှိလှတယ်မဟုတ်တော့ကိုယ်သွားရင်ပြီးရော သူတို့ကလည်းခပ်အေးအေးဘဲ။

အဲဒါနဲ့ ကံကောင်းချင်တော့ခဲအိုက ရန်ကုန်မှာရှိနေတယ်။ ခဲအိုက ကားအတော်လေးပြင်တတ်တယ် သူ့ဆိမှာ ကရိယာ တော်တောများများရှိတယ်။ အဲဒါနဲ့ခဲအိုကိုဖုံးဆက်လိုက်တော့ သူ့ကားနဲ့ ရောက်လာတယ်။ အဲဒီခဲအိုက အလုပ်လဲလုပ်သလို စကားကလဲများ. သူများတဲ့စကားတွေ ကိုလည်းနားထောင်ရသေးတယ။်. ကံကြီးပေလို့ဆိုတယ်.မဟုတ်လို့ဆက်မောင်းရင် အဲဒီ
ဓါတ်ဆိကနေ ဘယ်ကို ကူးပြီး ဘာပေါက်ကွဲသွားနိင်တယ်ဆိုလား မီးလောင်နိုင်တယ်ဆိုလား. အဲသလိုလဲရှင်းပြသေးတယ်။ သူသာရန်ကုန်မှာ မရှိရင် ကိုယ်တော့အသာလေးအချဉ်ဘဲ။ တစ်ခါတစ်လေ လူတွေ က အသေးကို အကြီးချဲ့တတ်ကြတယ် ဒီမှာ အဲသလိုပြင်ရင် ရပေမဲ့မရဘူးဆိုပြီးကားကို ဆိုင်ကို ဆွဲချင်လဲဆွဲသွားမှာဘဲ.။ နာမးလည်တဲ့သူတစ်ယောက်အတွက်တော့ အားလုံးကို ပိုက်ဆံပိုက်ပြီးလိုက်ပေတော့ဘဲ။ အဲဒီဓါတ်ဆီကလည်း ဘယ်နစ်ဂါလံမှန်းမသိထည့်ထားတာကုန်ရော. ထည့်ထားတာ များတော့များတယ်။

အဲဒါဖြစ်ရခြင်းအကြောင်းရင်းက အဲဒါ မဖြစ်ခင်ရက်ပိုင်းက ကာဘရိုက်တာ ဆေးမိတယ်။ အဲဒီမှာ ဘာက ဆွေးပြီး ဘာဖြစ်သွားတယ်လို့ ခဲအိုက ရှင်းပြတာဘဲ. သူတို့ကကိုင်တာလည်းက်ြမ်း ကားလေးတွေ ကလည်းခပ်ဟောင်းဟောင်းလေးတွေ ဆိုတော့ ဆီတိုင်ကီပေါက်သွားတယ်။ထင်တာဘဲ။

အဲဒါလဲ ခဲအိုတာဝန်ဘဲ သူဘဲ ကာဘရိုက်တာ ဆီယူသွားတာ နာမည်ကြီးပါဘဲ။ ပုဇွန်တာင်ဘက်က.အဲဒီကနေဖြစ်တာ။ြ့ပီးတော့တစ်ခါ ရေကိုပိတ်တဲ့ အဖုံးပါမလာပြန်ဘူး ဆိုင်သွားတုံးက ရှိသေးတယ်ထင်တာဘဲ အပြန်နောက်တစ်နေ့မှာ မရှိတော့တာ. အဲဒါမရှိတော့ ရေရှည်ဘယ်ကောင်းမလဲ။ အဲဒါနဲ့ မောင်လေးကို သွားခေါ်ပြီး ကားကွင်းဘက်သွားပြီး အဖုံးလိုက်ဝယ်ရသေးတယ်။ မြန်မာငွေ နစ်ထောင်ကျပ် ဝန်းကျင်ပေးရတယ။်.အသစ်ဘယ်ဟုတ်မလဲ .. မေးနေရသေးလား။ အဲဒီနစ်ထောင်ထက် စိတ်အနောင့်အယှက်ဖြစ်ရတာရယ် ကိုယ်ကနားမလည်လို့ နောက် တစ်ယောက် သွားခေါ်ရတာရယ် နောက်တစ်ယာက်ရဲ့အချိန်ကုန်တာရယ။ so many စိတ်ညစ်စရာပါဘဲ။

ရေသုတ်တံက ရာဘာပွန်းနေပြီဆိုပြီး အသစ်ဝယ်ရတယ်။ ငါးထောင်နဲ့ တစ်သောင်းကြား ဝန်းကျင်ဘဲ. တစ်ဆိုင်က ငါးထောင်ငါးရာနဲ့ပေးပြီးသား နောက်တစ်ဆိုင်က ရှစ်ထောင်ဆိုတယ် ဘာကွာလဲ သေချာကြည့်တြော့ဘာမှ လဲမကွာဘူး။ ဟင်း သက်ပြငးသာ ချမိတယ။ နောက်ဆုံးဝယ်တော့ဖြစ်သွားတယ် အသေးစိတ်တော့ မမှတ်မိတော့ဘူး. ဆိုလိုချင်တာက လမ်းထွက်ရငိ ပိုက်ဆံပါမှ ဖြစ်မယ်။ ပိုက်ဆံမပါရင် အားမရှိဘူး။ ဘာဖြစ် မယ်ဆိုတာ မသိတဲ့အတွက်.


မှတ်ချက်
စရေးတုံးကအဲဒီအကြောင်းရေးဘို့မဟုတ်ဘူး. တစ်ခြားဟာတွေးရင်းးနဲ့စလိုက်တာ ရေးချင်တာ က တစ်လွဲ ရေးဖြစ်တာကတစ်လွဲဖြစ်သွားတယ်။

ထပ်ဆင့်မှတ်ချက်
ဓါတ်ပုံမပါ. စားစရာမပါ မိန့်ခွန်းပြောတာမပါ။ ယူကျုမပါ. TED website ကဟာမပါ။
မည်သူမည်ဝါမသိကိုပြောတာမပါ။

31 comments:

Anonymous said...

-1

Anonymous said...

0

Anonymous said...

1

Anonymous said...

ဘာမှမပါ
ဗလာ

Anonymous said...

car..
car..
ကားအကြောင်း ဘာမှ မသိဘူး။
....
ဘယ်ပျောက်နေတာလဲ
အိပ်သွားပြီမှတ်နေတာ..။




Xထုံ

ရွှေရတုမှတ်တမ်း said...

ရွာမှတယောက်ထဲကားမစီးရဲလို့..အများကြီးနဲ့ပဲစီးတယ်(ဘတ်စကား)
ဗမာပြည်မှာ ကားမောင်းရင်လိပ်လိုမောင်းရ...
နယ်မှာဆိုတော့ စက်ဘီးတွေ ဆိုင်ကယ်တွေလမ်းပေါ်တက်လျှောက်နေတဲ့လူတွေ..
ရှောင်နေရတာမျိုး...စိတ်ညစ်လို့မမောင်းတော့ဘူး..
ကျနော်က တနာရီမိုင် ၈၀ လောက်မောင်းနေကြဆိုတော့ ဗမာပြည်ကကြက်ဟင်းခါးသီးလမ်းတွေ စိတ်တိုနေရနဲံ့ ကားကိုမမောင်းတော့ဘူး....မြင်းခြံမှာဆိုင်ကယ်လေးလောက်ဆို အလုပ်ဖြစ်ပေမဲ့ ၉နှစ် ၁၀နှစ်ကလေးတွေကလဲတဝှီးဝှီးစီးနေကြတော့ နီးရင်လမ်းပဲလျှောက်တော့တယ်

ZT said...

ဒီမှာတော့ ဘာဖြစ်ဖြစ် ဆားဗစ်စင်တာ ပို့လိုက်ရုံပဲ။ လိမ်မှာ သိပ်မပူရဘူး။ တိုက်သွားရင်လည်း အာမခံ ကုမ္ပဏီက အကုန်လျော်။ ကိုယ့်ကား ပြန်ပြင်နေတုန်း စီးဖို့ ကားတစ်စင်းတောင် ပေးထားသေးတယ်။ ဒါပေမယ့် ပါကင် ကူပွန်၊ လစဉ် ပါကင်ကြေး၊ လမ်းခွန်၊ အာမခံကြေး၊ ဆီဖိုး အားလုံး ပေါင်းလိုက်တော့။ ဝယ်မစီးတာပဲ ကောင်းပါတယ်လေ။ :)

မေပယ်လ် said...

ဒီတစ်ခါ ဘာမှ မပါဘူး..

Anonymous said...

ဆိုက်ကားဝယ်စီးပါလားမမ။ ကိုကိုမဆလာကို နင်းခိုင်း
ဆီတိုင်ကီအတွက်လဲ မပအေးဆေးပဲ။
mm

Moe Cho Thinn said...

မမ ကားမစီးနဲ့၊ ဆိုင်ကယ်စီး..။ တ၀ှီးဝှီးနဲ့ စိတ်သွားတိုင်း ကိုယ်ပါ မမစီးမှာ မြင်ယောင်ပြီး ထိုင်ရီချင်နေလို့..
(ရန် စ သွားသည်)

MDW said...

မြင်းစီးပါလား။ ကျားခင်စိန်လိုလို ဘာလိုလိုပေါ့။ ခါးကြားမှာ ဗျောက်ကလေးချိတ်လိုက်။ ကျားခင်ဦးမေ ဆိုပြီး ခုထက်ပို နာမည်ကြီးသွားမယ်။ :P

ကိုဇော် said...

လမ်းတိုင်းကို ရွှေခင်းထားတယ်လေ မမကွန်ရဲ့။

ချော(အစိမ်းရောင်လွင်ပြင်) said...

ရေထည့်ပြီး မောင်းလို့ရတဲ့ ကားတွေ ဘယ်သူကမှ မတီထွင်ကြဘူးနော်..
အဲလိုတီထွင်မှဘဲ ကားဝယ်စီးတော့မယ် အစ်မရယ်....

မောင်ဝေး said...

ဟုတ်တယ်အေ့၊ အုန်းသီးအားကိုးပြီး ဘုန်းတန်ခိုးထွားနေသူမဟုတ်ဘူးအေ့၊ ယူတုတွေ တက်ဝက်ဘလုတွေ မပါဘူးအေ့၊ မိန့်ခွန်း လှိမ့်တွန်း၊ စားစရာ ပုံစုံဂလုံဒုံတွေ မပါဘူးအေ့၊ ဗြောင်ပဲအေ့။ (ကုန်းချော ရန်တိုက် ဓာတ်ဆီလောင်းပေးသွားပါသည်။)

မိုးယံ said...

ဘာမှ မပါဘူးလို့ သူများတွေပြောကြပေးမယ့်။

အိတ်ထဲက ပိုက်ဆံတွေ ပါသွားတယ်လို့ တော့ အနော် ပြောပေးတယ်နော်။

Second God က မြန်မာပြည်အတွက် မရှိမဖြစ်ပေါ့ အစ်မရယ်

ငြိမ်းချမ်းပါစေ
မိုးယံ

အမှောင်ထုထဲက အလင်းစက်များ said...

တိမ်တွေ မမြင်ရတော့ဗူးးးးးးးးးးးးးးးးးးးးးးးးး

Cameron said...

မှတ်ချက်ထဲက ဘာမှမပါတဲ့ပို့စ်ကိုပဲ လာအားပေးတယ် မမကွန်ရေ.........

ခင်တဲ့
မိုးငွေ့

SHWE ZIN U said...

အင်း မခင်ဦးမေ ပြောတာ ဟုတ်ပါတယ် မထင်တာတွေ အများကြီး ဖြစ်တတ်တယ် ပြန်လာရင် သတိထားပြီး ငွေများများ ထည့် လာခဲ့ပါ လမ်းမှာ ရွှေစင်ဦး လေးတွေ့ရင်လည်း မုံများများ ဝယ်ကျွေးပါနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Vista said...

ကာဘရိုက်တာဆေးတာစမ်းချောင်းမှာကောင်းတယ်
နာမည်မေ့နေလို့ အိန္ဒိယလူမျိုးပဲ (မမစင်က ဟိုလိုမခေါ်နဲ့ ဆိုလို့ ) .. တော်တော် စိတ်ချရတယ်။ သိချင်ရင်အိမ်ကိုမေးပီးပြန်ပြောမယ် ။ သွားဆိုရင်တော့ သွားတတ်တယ်လမ်းနာမည်တွေမသိတော့လို့ ။
ရန်ကုန်မှာ ပိုက်ဆံကိုကားပေါ်အထုပ်လိုက်တင်သွားရတယ် လိုရင်လမ်းမှာလည်းထုတ်လို့ မရဘူး ။ မပါရင်စိတ်ထည်းအားငယ်နေရတယ်။ တစ်ခါပြန်တိုင်းသူငယ်ချင်းတွေဖုန်းနံပါတ်ကိုအကုန်မှတ်ထားရတယ် ၊ တစ်ခုခုဆို အိမ်နီးတဲ့ကောင်ကိုဆက် ပြီးကူခိုင်းဖို့ အကုန်ချိတ်ထားရတယ်။
ကားမောင်းလဲ ရဲကိုကြောက်ရသေး ။မိန်းကလေးဆို ဘာမှမမှားဘဲ ဖမ်းမုန့် ဖိုးတောင်းသေးတာ။ သူတို့ ပေးဖို့ လည်းဖယ်ထားရသေး ။ဟိဟိ။

ဖိုးသား said...

တော်သေးတာပေါ့ ကားကြီးမီးမလောင်သွားတာ ကံကောင်း :P

ဖိုးတုတ် said...

စင်ကာပူမှာ ကားမရှိဖူး ရန်ကုန်ပြန်တဲ့အခါ ပိုပြီးဆင်းရဲသွားတယ် ကားမရှိတဲ့အပြင် မိုဘိုင်းဖုံးတောင် မကိုင်နိုင်ဖူး ဒါပေမဲ့ ရန်ကုန်မှာ မမကွန် ရဲ့ ကားကိုကပ်စီးဖို. အစီအစဉ်မရှိပါခင်ဗျာ ကားစက်နိုးလို့ မရရင် ကားကိုတွန်းပေးရမယ် ကားဘီးပေါက်ရင် ဘီးလဲပေးရမယ် တက္ကစီ စီးရတာစိတ်ချမ်းသာတယ် ဟိုနား ဒီနား ၂၀၀၀ကျပ်ပဲရှိတယ်

ခင်တဲ့

Z

Bagothu said...

မအားတဲ့ကြားက လာပါတယ်။

getsuyoobi said...

ပထမအကြိမ်ရေးမိတာပါ.....
(၁)ရန်ကုန်ပြန်တာပိုက်ဆံအားကြီးကုန်တယ်။
မှန်တဲ.အကြောင်းအရာပါ.....
သို.ပေမယ်.
၇န်ကုန်ကို မပြန်ပဲမနေနိုင်ကြဘူး မခင်ဦးမေ

Anonymous said...

စာလာဖတ်တယ် မရေ...

စူးနွယ်လေး

နေ၀သန် said...

နောက်တစ်ခါပိုက်ဆံကို ဆာလာအိတ်နဲ့ထည့်သွား...

Anonymous said...

ဒီတခါတကယ်စိတ်ကုန်တယ်

ကိုအောင် said...

ဓါတ်ပုံထည့်ပါ အမရယ်၊ အလွမ်းပြေ ကြည့်ချင်လို့။

Steve Evergreen said...

ဟိုတုန်းက တော့ ကားဆိုရင် ကဘာအေးက Aye & Sons မှာ လုပ်တာများတယ်။ အဲမှာ ဂျပန်ကားတွေကောင်းတယ်။ ခုတော့ ရှိသေးလား မသိတော့ဘူး။ အဲဒီနားက ဝင်လိုက်ရင် ဦးစန်းယုအိမ်ကို တန်းရောက်တယ်

JuneOne said...

ှSGD100 ကသုံးရသေးတယ်။မြန်မာငွေ ၁သိန်းကဘယ်လိုကုန်မှန်းမသိတာ။ဟောခနဲ ဟောခနဲ.....

မောင်ဝေး said...

အုန်းသီးပိုင်ရှင်တွေ၊ ပန်းသီးပိုင်ရှင်တွေ ကြီးစိုးနေတာကို ထိုင်ကြည့်နေတော့မှာလား မKOM ?

ကောင်းမွန်ဝင်း said...

ဟုတ်တယ် မကွန်။
အခုရန်ကုန်ရဲ့ စားဝတ်နေရေးစရိတ်က နိုင်ငံခြားမှာရှိတဲ့ စားဝတ်နေရေးစရိတ်နဲ့ အတူတူလောက်ပဲ။

ခက်တာက ပစ္စည်းတွေရဲ့ အရည်အသွေး က နိုင်ငံခြားလောက်မကောင်းဘူး နော်။

ဆားဗစ်စ်ပေးတဲ့လုပ်ငန်းတွေက ဆက်ဆံရေးနဲ့ ယုံကြည်မှုကလည်း ကိုယ့်မြန်မာအချင်းချင်း ကို တောင် စိတ်မချရဘူးဆိုသလိုဖြစ်နေတယ်။