ရန်ကုန်သား..ကိုကိုလူလည်. .. Hand carry လက်ဆွဲအိတ်တစ်အိတ်ဝယ်လာတယ်။ သွားရင်းလာရင်းလမ်းကြုံတယ်။ ဈေးလျော့တယ်ဆိုလို့ ဘယ်လောက် သက်သာလဲဆိုတော့ တစ်ဆယ် တဲ့. ဘုရားဘုရား တစ်ဆယ်လျော့တာနဲ့ဘဲဝယ်ရသလား. ငါလည်း ရောင်းဦးမှဘဲလို့တောင်စိတ်ကူးမိတယ်။ စလုံး ၈၀ ကျော်လောက်…လေးဘိန်းပါတယ် . တွန်းသွားလို့ရတယ်။ လက်ဆွဲ..ရင်းနဲ့..
ရန်ကုန်သွားဦးမယ်ဆိုပြီး အိတ်ထဲကို ပစ္စည်းတွေ ထည့်တယ်။ အသွားအပြန် ၃၁၀. စလုံး .. ထည့်ရင်းနဲ့ သုံ့းလေးထည်ထည့်ပြီးအသံထွက်လာတယ်။ ဟင်. အိတ်က ပြည့်သွားပြီ ဆိုပြီး. ..သနားတဲ့အကြည့်နဲ့ကြည့်မိသွားတယ်။ သိတာကြာလှပြီ။ မပြောရက်တာနဲ့..
ပုံမှန်အားဖြင့်အိတ်ဆိုတာမျိုးက ထည့်ပြီးရင် အဖုံးလိုမျိုးဖုံးလိုက်ပြီး ဇစ်ဆွဲပိတ်လိုက်ရတယ်။ ဒီအိတ်က တစ်မျိုး ထူးဆန်းတယ်။ အလည်ကနေ ဇစ်ကရှိနေတယ် အပေါ်တစ်ဝက် အောက်တစ်ဝက်ပေါ့ အပေါ်တစ်ကန့်က အဝတ်အဟောင်းထည့်ဘို့ထင်တယ် ခက်တာ ကအခု မှ ရန်ကုန်သွားမလို့လျော့်ပြီးသာတွေဘဲထည့်နေတာ အဟောင်းမပါဘူး အဲဒီတော့ကာ ချက်ခြင်းအကန့်ကပြည့်သွားတယ်။ သူစိတ်ထိခိုက်သွားတယ်။ ကပ်စီးနည်းပါတယ်ဆိုမှ... ဖြစ်ရတယ်။
အဲဒါနဲ့ဘဲ နောက်ဆုံးတော့အကျီတွေ ကို တောင်လိုမောက်အောင်ပုံ.ပြီးတော့မှ အကန့်ကမရှိတော့ဘူးလေ.ပုံပြီးမှ ဘဲ အုပ်ပေးလိုက်ရတော့တယ်။
မှတ်ချက်

နောက်ဝယ်ရင် ဆင်ခြင်ဘို့..
11 comments:
ဘားးးးးးးမှမမြင်ရဘူးးးးးးး
မှုန်ဝါးဝါးနဲ့ပဲ ဝါးတားတားကို ဝေဝေဝါး ကြည့်သွားတယ်။
ဒီအိတ်မဆန့်လို့ဆိုပြီး နောက်ထပ် အိတ်တစ်လုံး ထပ်ဝယ်ဖြစ်လိုက်သေးလား.. :)
ဘယ်တော့ပြန်မလဲအရီး.. (အဖော်စပ်နေတာ)
သူ့အတွက်လည်းဝယ်လာရသေးတယ်။
အကောင်းမပြောဘူး........
ရန်ကုန်မှာအရွေးမမှားစေနဲ့နော်....
အဝတ်တွေ ဆံ့အောင် ကြံပေးလိုက်တာကို မမြင်ယောင်ဘူး မမရယ်..
ရှင်းသွားအောင် ဓာတ်ပုံကြည့်လိုက်တာ ပိုဆိုးသွားတယ်.........
ရှိပါစေတော့လေ...
ကိုကိုလူလည်ကြီးကို မပြောရက်လို့ ဘလော့ဂ်ပေါ်တင်လိုက်တယ်လား? အင်း.. ဆင်ခြင်သင့်တယ်၊ ဆင်ခြင်သင့်တယ်။ ကိုကိုလူလည်ကြီး အိတ်မဝယ်ခင် သေချာကြည့်ပြီး ဆင်ခြင်သင့်တယ်ပြောတာပါ။ တော်ကြာ စောင်းမြောင်းရွဲ့ပြောတယ်လို့ အထင်လွဲနေမှာစိုးရတယ်။
အောင်မယ် မင်း... ငါ့ မအဘူး အောင်းမေ့လို့လား။ လို့ပြောမသွားဘူးလား...း)
လက်ဆောင်တွေသယ်ရမှာကြောက်လို့ များ လည်ချင်ယောင် ဆောင် သွားသလား... မကွမ်း။
အို ကကမဆလ ရယ် ရှင်လူလည်နော် ... ဟွန့်  ... လို့  ခေါင်းလေးခေါက် ကြည့် လိုက်လို့ ကတော့ ဟွန်းဟွန်း ..
အရိုက်ခံရမယ်ထင်တယ်...... အဟိ...
(အမှောင်ထုထဲက အလင်းစက်များ)
ဗိုက်ခေါက်ဆွဲမလိမ်လိုက်ဘူးလား..ဟဲဟဲ
ခင်မင်တဲ့
နေ၀သန်
မမ တို့တိ တို့တိ ခဏ ခဏ လျှောက်ဝယ်သလောက် ကုန်တာလေးပါ။ သူ စိတ်ချမ်းသာသလို လုပ်ပါစေ။ တခါတလေပဲ လွှတ်ထားပေးလိုက်ပါ။ :)
Post a Comment