Kmsl ရန်ကုန်သွားတယ်။
လက်ဆွဲအိတ်ထဲကိုသု့ဘာသာဘဲသူထည့်ါတယ်။ ဒီအိတ်သေးသေးလေးထဲကို ဘယ်လိုဆန့် အောင် ထည့်ရမလဲ ဆိုတာရယ် သူဘာလိုချင်သလဲသူဘာဝတ်ျချင်သလဲုဆိုတာကို ကိုယ်မသိနိုင်ပါ. အဲဒီတော့အားလုံးကို့ပုံပေးထားပြီးသူကြိုက်တာ သူယူပြီးသူ့ဘာသာထည့်တယ်။ ကိုယ်ကဘေးကနေ တောက်တိုမယ်ရသူခိုင်းတာ ယူပေးရတယ။် သူထည့်တယ်ဆိုတာပါးစပ်နဲ့ ကိုယ်က အားလုံးယြူီပီး ဘေးမှချပေးထားရတာ.သွားတိုက်ဆေး သွားပွတ်တံ ဘာညာဘာာညာ. နစ်ယောက ပေါင်းထည့် တယ်ဘဲဆိုကြပါစို့လေ.
ကိုယ့်အတွက်နေရာအနည်းငယ်ရတယ်။ အိတ်တဝက်စာ. ကိုယ်ဝယ်ထားတဲ့ပစ္စည်းတွေ ကအများကြီး ဘာထည့်ပေးရမလဲဆိုတာ ခေါင်းစားတယ်။ ပေးချင်တာကများနေပြီးသယ်နိုင်တာက နည်ေးနနေတယ် ဈေးမကြီးပါဘူး ဈေးသက်သာတာလေးတွေ ဘဲရှာဝယ်ထားတာ ကိုယ့်လခကလည်း သိတ်ရလှတာ မဟုတ်တော့ကိုယ်သိတ်မချမ်းသာဘူး.
တစ်ဆယ်တန်အောက်တွေချည်းဘဲဝယ်ါ။ ဘာဘဲဖြစ်ဖြစ်. ပေးရရင်ဝမ်းသပီတိဖြစ်တယ် အထူးသဖြင့်ရန်ကုန်မှာ မရှိတဲ့ပစ္စည်းမျိုးကို ရွေးဝယ်တယ်။ အမှတ်တရ. နိုင်ငံခြားကလဲဖြစ်တယ် ဈေးကလည်းမကြီးဘူးဆိုတော့ something reasonable ဖြစ်တယ်လို့ခံယူတယ်။
Kmsl မိသားစုအတွက် ချောကလက်.
အိတ်ကလေဲးနဲထည့်ပေးတယ် အဲဒီအိတ်ကို ဖွင့်လိုက်ရင် အဲဒီအိတ်ပိစိ.ပိစိကလေးတွေ ထွက်လာမယ်။ supradyn အားဆေးလဲထည့်လိုက်တယ်။ အမေသောက်ဘို့.။ ပုဝါတစ်နစ်ထည်လဲထည့်တယ်။ facial form တွေလဲထည့်တယ်။ အိတ်ကလေးတွေလည်းထည့်တယ် ထည့်ချင်တာထည့်လို့ရတယ် တို့ကြိုက်တယ်။
အကြီးမဘို့ အကျီငါးထည်.အိတ်နစ်ခု facial form. ပုဝါတစ်ထည်.
အလတ်မ အကျီ ၃. အိတ် ၁. ပုဝါ၁.်facial form.
ယောင်းမနဲ့ယောင်းမ အမေအတွက်. အကျီ ၃. အိတ် ၂. Facial form ၁. ပုဝါ ၂.
တူမအတွက်က အကျီ ၈။ ပန်တီ. ၂။ အိတ် ၁။
အိတ်ပေါက်စေ့ထဲကို ဘယ်သူ့အတွက်လို့ရေးထားတဲ့စာရွက်ကို ထည့်ပေးလိုက်ရတယ်။ အဲဒါဆို kmsl အတွက် လွယ်သွားပြီ.အဲဒီအိတ်ကို ဆွဲသွားပြီးပေးလိုက်ရုံဘဲ ရန်ကုန်မှ လဲ ခွဲရတာလွယ်သွားတယ်တစ်ခါတစ်လေကြရင် တစ်ခုထဲကိုဘဲဟိုလူကလိုချင် ဒီလူကလဲလိုချင် အဝေမတည့်ဖြစ်. သူကလည်းကကြိုက် ကိုယ်ကလည်းကြို့်. အချင်းချင်းကလည်းအားနာ နင်ယူပါ ငါယူပါလေနဲ့ ခက်ကုန်ကြတယ်။ အခုလိုပြတ်သားလိုက်တော့. အေးရော နောက်မှ အချင်းချင်းပြန်လဲယူ အခုတောင် အထုတ်က တူမကျုရှင်သွားတုံးရောက်သွားတာတူမဆီက နေအကျီနစ်ထည် အကြီးမနစ်ယောက် တစ်ယောက်တစ်ထည်ယူလိုက်ကြတယ်ဆိုဘဲ. ဒီဟာမလေးငယ်သေးတယ် ဒီလောက်မလိုပါဘူးလို့ သူတို့ဘာသာ သူတို့ဆုံးဖြတ်လိုက်ကြသတဲ့သွပ်သွပ်.။
အလတ်မက လုပ်တတ်ယ် သူကကို ဒါးကြီးပါတိတ်တွေ ပေးရင်သိမ်းထားရော ဝတ်တာလဲမဟုတ်. အားကြီးသိမ်းတတ်ယ်။ ပြီးရင်ကြည့်ပြီးဘဲပီတိဖြစ်နေတာ. တစ်ခါ ကိုယ့်သူငယ်ချင်းအတွက်ဒါးကြီးပါတိတ်တစ်ထည်ထည့လိုက်တာ. ငါ့ပါတိတ်နဲ့လဲမယ်နော်တဲ ဟင်. ဘာဖြစ်လို့လဲဆိုောတ့ ငါ့ပါတိတ်က မနစ်က နင်ပေးထားတာလေ. တဲ့အခု“ဟာ က ဒီနစ်ပေးတာဆိုတော့အဆင်သစ်တာပေါ့ တဲ့လဲမယ်နော်တဲ့ မလဲရပါဘူး လို့ပြောလိုက်ရတယ် နင်ဟာလဲသိတ်ခက်တယ် နောက်တစ်ထည်ထပ်ပေးလိုက်ပါမယ်ဆိုမှာ အိုကေသွားတယ်။
အဲဒီတုံးက ဒါးကြီးက ဈေးချတာ ရှိတယ။် ပစ၁စည်းလက်ကျန်ဖြတ်တာ ၁၅ ကျပ်နဲ့ တို့ကို ဆိုင်ကပေးတယ်။ အခုတော့ဈေးတွေ တက်တာရယ် ကိုယ်သိတ်မသုံးနိင်တာနဲ့မဝယ်နိုင်တာ ကြာပြီ။
ဘာဘဲဖြစ်ဖြစ်ပေါ့ ပေးလိုက်ရတာဝမ်းသာပါတယ။် သူတို့ကလည်းကြို့က်ပါတယ်ပြောတာဘဲ တစ်ခါတစ်လေကြတော့လဲစိတ်မချရဘူးတိုင်ကပ်နာရီထည့်ပေးလိုက်တုံးက ကြိုက်လားဆိုောတ့ကြိုက်တယ်တဲ ချက်ချင်းချိတ်ထားလိုက်ပြီတဲ့ ကိုယ့်မှာတော့ပီတိတွေဖြစ်လို့. နောက်မှ kmsl ကိုပြန်ပြာပြတော့တွေ့ခဲ့ပါ့ မီးဖိုချောင်ထဲမှာ ချိတ်ထားတာတွေ့တယ်ဆိုတော့ကိုယ့်မှာ အသည်းကွဲသွားသေးတယ်။
အော် ..မောင်လေးအတွက်တော့ သူက သီတင်းကျွတ်မှာ မကန်တော့တာနဲ့ကိုယ်ကဘဲ မုန့်ဘိုးဆိုပြီးတစ်သိန်းပေးလိုက်ရတယ။် ဒီနေ့ညနေကဘဲ.

မှတ်ချက်
အခုတစ်လောပိုစ်တွေ ရှည်နေတယ်. :(
16 comments:
တနေ့ ပို့စ် ဘယ်နှပုဒ် တင်မှာလဲ ကဲ ပြော
ဘာလဲ ဒယ်ဒီ မဆလ ရန်ကုန်သွားတော့ မာမီ အားတယ်ပေါ့လေ ဟုတ်လား ဟိဟိ
နိပ်တယ်ကွ ဘူမှ မရောက်သေးဘူး ငါတကောင်တည်း ဟိဟိ
တော်ပါဘီလေ သူများတွေ မျက်စိ တံမြက်စည်း စူးနေမှာစိုးလို့ များ သွားတော့မယ် မာမီ တာ့တာနော်
အိပ်တော့မယ် ဘိုင် ........
ပို့စ်ရှည်တော့ ဘယ်သူက ရန်လာတွေ့နေလို့တုန်း။
အရင်က kmsl ရှိတုန်းကတောင်မှ လျှောက်ဒိုးနေတာ အခုလို ဆိုရင် မမကွန်တို့တော့ ပြန်တောင်မှ အိပ်ပါတော့မလား။ ဒိုးသာ ဒိုး အစ်မရေ။ ခြေထောက်မှာ စက်တပ်ထားလိုက်။
အတွေအကြုံတွေများလာတော့
ညာတကာနစ္စသင်္ဂံဟောsubject
ကိုနိုင်နင်းပါပေတယ်..
သာမီးလည်း ဝယ်ထားပြီးပြီ...
နှစ်ဘက်မိဘ၊ မောင်နှမအရင်း၊ ဝမ်းကွဲ ၊ တူ တူမ၊ နဲ့ သူငယ်ချင်း များလွန်းလို့ တစ်ယောက်ကို တစ်ခု/တစ်မျိုးပဲ....
မမတို့ သူငှေးတွေလို တစ်ယောက်ကို အင်္ကျီ၅ ထည် ၆ ထည်ပေးနိုင်ပေါင်... :mt:
ပုံ... ၁၀ ရက်နေရင် ပြန်တော့မည့်သူ..
လက်ဆောင်တွေကလည်းများကြီးပါလားကွယ် :)
ဟုတ်ပ....အစ်မကွန် ခုတလော ပို့စ်တွေရှည်ပါတယ် ထင်
နေတာ...၊လက်စသတ်တော့ လွတ်လပ်ရေးရနေတာကိုးဗျ။
အားပေးတယ် အစ်မ....၊ရေးသာရေး..။
ဒါနဲ့ ကျွန်တော်လည်း သီတင်းကျွတ်တုန်းက အစ်မကွန် ကို
လာမကန်တော့ဘူးလေ...၊ဒီတော့ ပေး မုန့်ဖိုး တစ်သိန်း..။
(မှတ်ချက်...စလုံး တစ်သိန်း နော် )
သံရုံးရှေ့ သွားစနည်းနာလိုက်ဦးမယ်
ပြန်လာမှ ထပ်လာကြည့်မယ်
မကွန်
အော် ဒါ့ကြောင့်ကိုး..............
စလုံးမှာ အမကြီးတစ်ယောက် သီချင်းဆိုပြီးထက တာ လူတော်တော်များများ မြင်လိုက်တယ်ဆိုပဲ.. ဘယ်သူများလဲ လို့  ...........
“လွတ်လပ် ပြီ....... လွတ်လပ်ပြီ .... ဒို့ တွေ လွတ်လပ်ပြီ” .... တဲ့ ......... ကွေးနေအောင် ကတယ် ဆိုပဲ..... အဟိ
(အမှောင်ထုထဲက အလင်းစက်များ)
လက်ဆောင်ထည့်ပေးရတာတွေ မနည်းပါလား အစ်မရေ..
ဒီတစ်ခါ အစ်ကို လိမ္မာတယ်ပေါ့။ ပစ်စည်းတွေ ဘာတွေသယ်သွားပေးလို့။ အရင်တုန်းက တွမ်ခရုစ်လို လား ဘယ်မင်းသားလိုလား လက်ဆွဲအိတ်လေးတစ်လုံးထဲဆွဲပြီး လေဆိပ်ဆင်းတာ မဟုတ်ဘူးပေါ့....
ပေတူး
မကွန်ရေ
လက်ဆောင်လေးတွေပေးရတာ တကယ်ပျော်ရတယ်။
ရတဲ့သူကလည်း ရန်ကုန်မှာမရနိုင်တဲ့ဟာလေးတွေ ဆို ပိုပျော်ကြသလိုပဲ။
ကျွန်မလည်း နည်းနည်းနဲ့ ကြဲကြဲပဲ ၀ိုင်းနိုင်ပါတယ်။
Facial foam ?
I just finish packaging for my mom n sis.Swiss chocolate,french coffee n even pine nut seed.We ever happy doing so.i think.Gyidaw
Post a Comment