Sunday, January 2, 2011

သူမ

သူမ မအားပါ။ အားကြီးအလုပ်များပါသည်။ အနည်ငယ်ခန့်ပိန်သွားသည်ဟုခံစားရရာ. သူက လက်မခံပါ။ ယခုလည်းအိပ်နေရာမှ ကုန်းရုံန်း (ကုံးရုံ့း) (ကုန်းရုံး) ထလာပြီး ကွန်ပြူတာရှေ့လာရေးနေပြန်သည်။ မရေးဘဲ နေလိုက်ရရင်ကောင်းမလား အကြိမ်ကြီမ် ကြိုးစားပြီးဖြစ်သည်။ ကိုယ်မှ မရေးရင်လာဖတ်တဲ့သူဘဲ ဖတ်စရာမရှိသလိုလိုဖြစ် နေသယောင်ခံစားချက်ကို တစ်ခြားသူများတော့မသိ. သူမတော့ဖြစ်မိပါသည်. သူမ ကိုယ်တိုင်ကလည်း ပြောချင်စိတ် ရေးချင်စိတ်များက ထိန်းသိမ်းမရ. စကားပြောရန် အခွင့်အလမ်းနည်းသော (အလုပ်ထဲမှာတော့အမြှုပ်ထွက်အောင်ပြောရသူ) သူမအတွက် ပြင်ပ နင့်ပြောရန် အခွင့်အလမ်းနည်းသော သူမအတွက် သည်နေရာလေးသည် သူမ၏များနေသော ဝါယော ( လေပုပ်များမဟုတ်) များကို ကန့်ကွက်လိုသူများမကန့်ကွက် နိုင်စွာ ပျော်ရွင်စွာ ပြောနိုင်သော နေရဖြစ်သောကြောင့် သူမတွယ်တာမိသည်။

အလုပ်ကလည်းများသလို စိတ်ဖိစီးမှုများကလည်း ရှိလေရာ ထိုအချိန်တွင် ဖုံးလာလျှင် သော်လည်ေးကာင်း မက်စိလာလျင်သော်လည်းကောင်း သူမ အာရုံမရနိုင်ပါ။ အားလုံးပြီးပြန်တော့လည်းမပြန်ဖြစ်တော့ပြန်။ သူမသည် လုပ်ရာတွင်သော်လည်းကောင်း တွေးတော ဆုံးဖြတ်ရာတွင်လည်းကောင်း အားကြီးနေးသူဖြစ်ပါသည်. တစ်ချိန်တွင် အလုပ်တစ်ခုကိုသာ လုပ်တတ်သူလည်းဖြစ်ပြန်ရာ သူမအတွက်အချိန်သည် မလောက်ငှနိုင်။

ဘလော့များကို ဖတ်မည်စိတ်ကူးဖတ်ရာ တစ်နေ့ကို နစ်နာရီခန့် (အနည်းဆုံး) အချိန်ပေးရလေ၏. သူမအတွက် အချိန်မှာ ရှားပါးပစ္စည်းဖြစ်၏ ဟုဆိုလျင်သူများတွေ ကို အားအားယားယား ဟု မဆိုလိုချေ. တော်သော်သူများသည် အချိန်တစ်ခုအတွင်း ဘလော့ရေးရုံမက သုံးယောက်နင့်ဂျီတော့ပြီး တစ်ယောက်နဲင့်ဖုံးပြောနိုင်သေးသည်ကို မယုံကြည်ဖွယ်ရာ အချိန်ကို manage လုပ်နိုင်သည်ကိုတွေ့ရ၏.။

တစ်ရက် မဖတ်လျင်တစ်သက်စာလွတ်သွားရသကဲ့ သို့မဖြစ်ရအောင် ဖတ်သော်လည်း တစ်ရက် လွတ်ရာ ဖတ်မပြီးလိုက် နစ်ရက်လွတ်ရာ အပြစ်မကင်းသကဲ့သို့ခံစားရ၏။ တပုဒ်မျှ မလွတ် ချင်သော သူမအတွက် ခက်ချေ၏. သက်ပြင်းကိုသာ တွင်တွင်ချရ၏။ လွတ်ချင်သမျှ လွတ်ပစေတော့ ငါရေးရလျှင်ပြီးစတမ်းဟုသောစိတ်ကို မွေးမြူရန် ကြိုးပန်းရာ၏။

ဖဘ ဘာလို့ပိတ်သလဲ ဟု မည်သူမျှ မမေးသောအဖြေကို ဖြေရသည်ရှိသော် အကြောင်းများစွာရှိ၏။ one of the အကြောင်းမှာ သူမသည် သိတ်ကို စပ်စုတတ်သူတစ်ဦးဖြစ်၏. သူမတွင် ၇၀၀ ခန့် friend များရှိရာ သူမမှာ စပ်စုလို့မကုန် သိချင်ရွေ့မခန်း တစ်ယောက်ပြီးတစ်ယောက် status တစ်ခုပြီးတစ်ခု ပုံများတစ်ပုံပြီးတစ်ပုံ ကြည့်မကုန်ဖြစ်လေရာ လူလည်း ချုံးချုံးကျ (ခြုန်းခြုန်းကျ ) (ဂျုူံးဂုံးကျ) ဖြစ်လေ၏. အခြားအကြောင်းများစွာလည်းရှိသေးသည် နောက်သော်ဆက်ရာ၏။ ယခုလည်း ဘလော့များသည် ဖတ်မကုန် ယူမခန်း ဖြစ်လေရာ ခက်ချေသည်. တစ်တပ်တစ်အား ကူညီရာရောက်အောင်သူမသည် မရေးဘဲလည်းမနေနိုင်ရာ ပိတ်သွားသောသူများ အရေးကြဲသူ များကို ကျေးဇူးတင်ရသည်။


ဘလော့ဖတ်ရင်းနင့်လည်းတွေးစရာများကို ဆက်တွေးရသည်.၁(၁) ဒါကတော့ လုပ်ရေးတဲ့ အိုက်တင်ကြီး. (၂) ဒါလေးကတော့ (သွေးပျက်) ကတော့အတော်ကောင်းတယ်။ သူမကြိုက်သည်.(၃) .လက်လန်တယ် စကဒ်ပါလန်တယ်ဆိုသော အရေးများကိုတော့ အလန့်တစ်ကြားဖတ်ရသည်။ (၄) ဒါမျိုးကတော့ ( )သူမကို များပြောလေသလား တွေး၏. အန်တီကြီးတွေမှာ လည်း အန်တီကြီးတွေ အကြောင်းရှိပါသည်။ ဘဝကို တည့်စွာ ဖြောင့်တန်းစွာ လျှောက်လှမ်းခွင့်ရသော သူများ ကွေ့သော်ငြားလည်း မှန်ကန်အောင်မြင်အောင် လျောက်နိုင်သူများ ကိုလည်းလေးစား မုဒိတာ သူမပွားပါသည်. သို့သော်ငြားလည်း ဘဝသည် ဘဝဖြစ်၏ ဆိုသည်ကို ရှင်းပြလျှင်လည်း ဆင်ခြေကန်ရာသာဖြစ်ချေမည်။

ဆက်ရသော်. ပင်ပန်းလိုက်သည်မှာ ခဏထိုင်ပြီး ပြန်ထလျှင် ကိုယ်လက်များကိုက်ခဲနာကျင်. သွေးပူသွားမှသက်သာရရာ၏။ (အသက်ကို လွဲမချရာ.) ယနေ့ shopping သွားရာ ဘာမျှ အပိုဆာဒါးဝယ်မလာ. ရေတပုလင်း ၃၅ ပြား + hair wax ၆ ကျပ် ပြားကိုးဆယ် သာ ကုန်၏။ (အပျိုစင် စာအုပ် မျက်နာဖုံှးှ ရှင် ကြည်နူးနိုင် ကို မပါပါအောင်ထည့်ရိုက်ကာ ဘလော့ပရိသတ်ကို ဆွဲဆောင်လိုက်သည်။ (ဝယ်ပြီးကုန်အောင်မသုံးတတ်သူများလေရာ သူမလည်းအပါအဝင်ဖြစ်သော်ငြား ကုန်အောင်သုံးရန်) ယခုတစ်လော ဆင်းရဲသူများ ………ဆင်းရဲသည် ဆိုခြင်းထက် ဘဝအဆင်မပြေဖြစ်သူ........ အသက်ကြီးပြီး ပြုစုသူက သေချာမပြုစုသောကြောင့် အခက်တွေ့နေသူများကို မြင်ရာ စိတ်ဓါတ်ကျဆင်းပြီး သုံးချင်ဖြုန်းချင်စိတ်များနည်းနေ၏။ ဈေးကလည်း ပေါသည်ဆိုလျှင်တောင် သုံးလေးဆယ်ဖြစ်ရာ မဝယ်ရက်ပါ။

သို့သော်ငြားဝယ်ချင်သည်များကို ရင်ထဲတစ်ဒေါင့်တစ်နေရာတွင် တိတ်ဆိတ်စွာ သိမ်းထားသည် အဆင်ပြေလျင် သမမည် ဟု ကြုံးဝါးထား၏။ ထီးတစ်ချောင်း ၁၈ ကျပ်.။ မိတ်ကပ် ရာကျော်တန် ( ကျားကန်လိုက်လျင်ပိုလှသွားမည်ဟုထင်သည်) လက်ရှိသုံးနေသူများ လှပြီးသားများကို မဆိုလို..သူမကို သူမ ဆိုလိုသည်။ ဖိနပ်ကိုလည်း အလှအပ စီးခွင့်မရရှာသောသူမ အတွက် very comfortable ဖြစ်သော Clarks ၁၁၂ ကျပ်ကို (၂၀ ရာခိုင်နှုံးလျော့ဦးမည်) ကို စိတ်ကူးယဉ်ထားသည်။

26 comments:

သစ်သစ် said...

ဒီတစ်ခါပဲ တစ်ရဘူးတယ်

သစ်သစ် said...

လောကမှာ ကိုယ်လုပ်ချင်ရာလုပ်ခွင့်ရတာကိုယ်က ကံထူးသူပဲလေ... ဟိ

Anonymous said...

နှစ်သစ်မှာ ပျော်ရွှင်ပါစေ မခင်ဦးမေ

ဂျမ်း

ခင်မာလာအောင်(so cool ) said...

သူမ မအားပေလို့သာတည့်
အားများအားလို့ကတော့
အင်းးးးးးးးးးးးးးးးးးးးးးးးးးးးး
နှစ်သစ်မှာလည်း စိတ်ထင်တိုင်း လုပ်ခွင့်ရပါစေ အမရေ..

ကိုဇော် said...

စာအရေးအသားတွေ ပြောင်းသွားပါလား။
စာရေးဆရာမဂျီး စစ်စစ်တော့ ဖြစ်ပြီ။

မဟားဒယား ( မဟားဒရား ) ( မဟါးဒယါး ) မမကွန်ကို ဟိတ်တယ်။ ဒါဘဲ . .

Anonymous said...

:)
Happy New year မမ။
မအားတဲ့ကြားက.. တိုရှည်စားနိုင်သေးတာ တွေ့လို့.ဆုတောင်းပေးပြည့်တယ်ထင်တယ်

ချစ်သော..
mm

Anonymous said...

သျှမ်းနဲ့တိုရှည်စားပြန်ဘီလားးးးးးးး
ဂျေဝင်ပါသည်
((သို့သော်ငြားဝယ်ချင်သည်များကို ရင်ထဲတစ်ဒေါင့်တစ်နေရာတွင် တိတ်ဆိတ်စွာ သိမ်းထားသည် အဆင်ပြေလျင် သမမည် ဟု ကြုံးဝါးထား၏)))

မေဓာဝီ said...

စာအရေးအသား ပြောင်းသွားတယ်။
စာလုံးပေါင်းတချို့ကို ကွင်းစ ကွင်းပိတ်သုံးပြီး ဗားရှင်း ၃ မျိုးနဲ့ ဆန်းသစ်ထားတာ သတိထားမိတယ်။
အကြောင်းအရာ ကတော့ ထူးခြားဆန်းသစ်မှု သိပ်မရှိ။
ဓာတ်ပုံတွေလဲ အရင်အတိုင်းပဲ ... ။
This is "she"
ဟုတ်သား ... သူမက နာမည်ကြီးပဲ ... ဘယ်သူ???
:)))

Anonymous said...

ဒေါ်KOM ၂ နာရီလောက် အချိန်ကုန်တာပြောနေသေးတယ်။ ကျနော် မနေ့ကစပြီး ဘလော့တကာ လိုက်နှုတ်ဆက်နေတာ စုစုပေါင်း ၁၀ နာရီမကတော့ဘူး၊ ခုထိမပြီးသေးဘူး။ :-)

မိန်းမကလည်း ပွစိပွစိလုပ်နေပြီ။ ကိုယ့်များ အပြီးပစ်သွားမလားလို့ မသိသလိုထပ်ထပ်လုပ်နေတာ ခုထိပစ်မသွားပဲ အနားကပ်ပြီးပဲ ပွစိဆက်လုပ်နေလို့ စိတ်လေနေတယ်။ :-)

မန်းကိုကို
http://mahnkoko.blogspot.com/

ညိမ်းနိုင် said...

နားနားနေနေဖတ်၊အေးအေးဆေးဆေးရေး...အစ်မကွန်..။
ကျမ်းမာရေးလည်း ဂရုစိုက်ပေါ့...။ဒါ့ပုံတွေပဲ များများတင်
:)...။ဝါးတီးကတော့ ပြောစရာမလိုဘူးထင်ရဲ့...:)...။

Vista said...

သူမကလည်းနော် ဟိ

Anonymous said...

တိုရှည်ကို ဘယ်သူမှ မထိရ..။
နာ့အတွက်ဝယ်လာတာ..။
ဟင်းဟင်း..။


ပေါက်ထုံ

(အန်ကြီးပြောတဲ့ သျှမ်းနဲ့တိုရှည်ဆိုတာ
တိုရှည်တမျိုးနာမည်လား)

Crystal said...

နှစ်သစ်တွင် “သူမ”အကြောင်းလေးကို ဖတ်၏။ ဖတ်ခါစတွင် ပြုံးမိ၏၊ တဖြည်းဖြည်း ဟီး ...ဟီး ရယ်(ရီ)မိ၏။ ထို့နောက်တွင် ဟား...ဟား ဖြစ်မိပြန်၏။ ထို့ကြောင့် ဤလို ဤလို ကွန်မန့်ရေးချလိုက်၏။

“နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ”

khet myint myint said...

ဘာသာပြန်ဖတ်ရသလိုပဲ မူရင်း source က ဘယ်ကလဲ ဟင် ။ မောင်ထွန်းသူ ၊ မြသန်းတင့် တို့ကိုပဲ သတိရမိတော့တယ် ။ ဒေါ်မြသန်းကွန် ?? ဟီးဟီး :D
........
(စေတနာကြီးစွာဖြင့် ဖွန့်နှစ်မျိုးလုံးနဲ့ မန့်လိုက်သည်)

...အလင်းစက်များ said...

ညာဖက်လက်က ဘလော့ရေး၊ ဘယ်ဖက်လက်က ဂျီတော့မှာချက်ပြီး ပါးစပ်က ဖုန်းပြော၊ ခြေထောက်က အ၀တ်လျော်၊ မီးပူပါတိုက်နိုင်တဲ့ ဘလော့ဂါရှိရင် ကင်မထာ အစွမ်းလေး ပြလိုက်စမ်းဘာဗျာ...... :P

Anonymous said...

အယ်. အမနဲ့ ကျမ တော်တော်တူတာဘဲ။ ကိုယ့်လို လူမျိုး မရှိဘူးဆိုပြီး စိတ်ဓါတ်တွေကျနေတာ.. (အိမ်က ကိုယ်တော်ဆီမှာ ခဏခဏ အဆူခံရလို့) အခုတော့ အဖေါ်ရသွားပြီ ပျော်လိုက်ထား)) “သူမသည် လုပ်ရာတွင်သော်လည်းကောင်း တွေးတော ဆုံးဖြတ်ရာတွင်လည်းကောင်း အားကြီးနေးသူဖြစ်ပါသည်. တစ်ချိန်တွင် အလုပ်တစ်ခုကိုသာ လုပ်တတ်သူလည်းဖြစ်ပြန်ရာ သူမအတွက်အချိန်သည် မလောက်ငှနိုင်။” အဲဒီအတိုင်း လုံးဝ ထပ်တူဘဲ အမရေ.. BTW တိုရှည်စားချင်လိုက်တာ။ မစားရတာ ၁၀နှစ်လောက် ရှိပြီ။ ဒီနိုင်ငံမှာ မရှိလို့။

သက်ဝေ said...

လက်ရာက ရည်လည် သစ်တယ်ဗျာ... ကြိုက်တယ်...

စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာသော နှစ်သစ် ၂၀၁၁ ဖြစ်ပါစေ မမရေ...

မိုးယံ said...

2011 မှာ ဒီဇိုင်းအသစ် နဲ့ ဖလန်းဖလမ်း ပါလားဂျာ..

သေချာကြည့်ရင်တော့ သူမ ရေးတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရ..


နှစ်သစ်မှာ အချိန်ရှားခြင်းကင်းဝေးပါစေ... ဘလော့ဂ်ရေးရင်း ဂျီတော့ရင်း ဖုန်းပြောရင်း ဘာဂါ ပါ စားနိုင်ပါစေဂျာ

7December said...

အချိန် လု ပြီး စာတွေ လာ ဖတ်သွားတယ်...

T T Sweet said...

များလဲ နောက်မှ ၀ယ်မယ်ဆို တေးထားတာတွေ အညားကြီးပဲ။

အရေးအသားကောင်းလိုက်တာ။ အဲလိုလေးရေးတာလဲ ဖတ်လို့ကောင်းတယ်။ နှစ်သစ်မှာပျော်ရွှင်ပါစေ။

JulyDream said...

အဲဒီ ဖွဘွတ်ခ် ၇၀၀ ကျော်ထဲမှာ ကျွန်တော် မပါတဲ့အတွက် ကျေနပ်မိပါတယ်။ မဟုတ်ရင် ကျွန်တော့်ဆီမှာ စပ်စုဖို့အတွက် အချိန် ထပ်ဖြုန်းနေမိမှာလေ။ အမြင်မှန် ရတာကတော့ ကောင်းတာပေါ့။ ကောက်ရိုးမီးလေး မဖြစ်ပါစေနဲ့လို့ ဆန္ဒပြုမိပါတယ်။

Moe Cho Thinn said...

မမ
ရေးချင်ရေး၊ မရေးချင်နေ။ ဘလော့ လည်ချင် လည်၊ မလည်ချင် နေ။ စိတ်ချမ်းသာသလိုနေပါ။
နှစ်သစ်မှာ အရင်ကထက် ပို စိတ်ချမ်းသာပါစေ။
ချစ်သော
ညီမ

သုခုမလေဒီ said...

သူမ= မခင်ဦးမေရေ...Happy New Year !!!!!!!
ဘလော့တွေ အ၀င်အထွက်ခက်နေလို့ ..ရောက်လာ နောက်ကျပါကြောင်း...း)))

ဘာနေ ... said...

လာဖတ်သွားပါတယ်ဗျာ
အရေးအသားလေး ကောင်းလို့ သေချာဖတ်သွားပါတယ် သူမ ဆိုပြီး နာမ်စားကို တမျိုးလေး ပြောင်းထားလို့ ဖတ်ရတာလည်း တမျိုးလေးပါပဲ .. KOM =ကွန် ကို အစက ဘာမြန်းမသိဖြစ်နေတာ သေချာ စဉ်းစားမှ
Khin Oo May ကိုးး.. ပျော်ရွှင်ပါစေဗျာ ...
ဘလော့များဆက်လက် ရေးသားနိုင်ပါစေ...

nannlaypyaenu said...

ဒီနေ့ နှစ်နာရီပဲ နက်သုံးမယ် တွေးထားတာ။ သူမလိုပဲ သူမက စာတွေဖတ်ရင်း.. လေးနာရီကျော်တွားဒယ်။ တော်တော်လေးကောင်းတဲ့ သွေးပျက်ကို ဖတ်မိမှ.. အိမ်ပြန်ဖို့ သတိရသွားတယ်။ :)

Anonymous said...

ပုံတွေ ရောင်းစားလိုက်တာလား ။ ငှင်ငှင် ငှင်


သုံးစက်