Thursday, February 24, 2011

ကိုယ်ရယ် နင်းရယ် ကိုယ့်ချစ်သူရယ်အတူတူပါဘဲကွယ်

ညတိုင်းထုတ်ရေရတဲ့ပိုက်ဆံ.

1

သတိရရင်ပိုက်ဆံထုတ်ရေပြီးပုံထားတယ် အစီလိုက်စီရတယ်။ ကိုယ်စီချင်တဲ့အခါလည်းစီ. မစီချင်ရင်လဲ အိမ်ကညီမလေးတွေ ကိုစီ. ကိုယ်ကဘေးကထိုင်အိပ်နေရုံဘဲ ဇိမ်ဘဲ။ ဘာဖြစ်လို့စီရတာလဲ အလွယ်တစ်ကူထုတ်လို့ရတာပေါ့. တစ်ခါတစ်လေ အကြွေရှာမရဘူး ငါးဆယ်တို့ တစ်ရာတို့ ရှားတယ်။ လက်ဘက်ရည်တစ်ခွက် ၂၅၀ ကျပ်. ငါးဆယ်ရှာမရရင် နေပစေတော့လို့ စားပွဲထိုးက ပြောတယ်။ ကြုံမှပေးတဲ့. ဟာ မကြုံဘူး ဒီဆိုင်ကို ဆိုတော့ နေပစေတော့တဲ့ ဘုရား ဘုရား.

ရှမ်းခေါက်ဆွဲ စားပြန်တော့ တစ်ရာလိုနေတယ်။ ရှာပြန်ရော. နေပစေ ကြုံမှပေးပါတဲ့ ပိုက်ဆံယူတဲ့သူက အားလားလား. အဲတာနဲ့ သယ်ချင်းက ဘယ်လိုဖြေရှငးလိုက်သလဲမသိဘူး ဒီလိုဘဲ ကိုယ်ကြုံလိုက် သူကြုံလိုက်ပေါ့ ကိုယ်တင်တဲ့အခါလဲ တင်. သူတင်တဲ့အခါလည်းတင်.. တစ်ခါတစ်လေကျတော့လဲတစ်ရှူးပေး


အဲဒီတုံးကရန်ကုန်မှ အေးတဲ့ရက်ဖြစ်နေတယ် အသားတွေ ပတ်တတယ်။ လိမ်းစရာ moisture မယူသွားမိတော့ ကောင်းတယ်ထင်တာ ဝယ်မိတာဘဲ။ moisture ဖြစ်တာထက် whitening ပိုဖြစ်နေတယ်။ လိမ်းလိုက်မိရင် အသားပိုဖြူသွားသလိုဖြစ်တယ်။

စလုံးမှာတော့ အဲသာလိမ်းတယ်။ dedicated to someone . who love me တစ်ချိန်တစ်ခါက.

4

ကြံရည်ကြိုက်တယ်။ ကြုံတိုင်းသောက်တယ်။ ကြံရည်ကတော့သုံးရာလား နစ်ရာ လားတစ်ရာရာတော့ တစ်ရာရာဘဲ။

2

ထောပတ်သီးဖျော်ရည်ဘက်မျက်စိကျနေတယ်။ တရုတ်တန်းမှ ထောပတ်သီးဖျော်ရည်က တစ်ထောင်သက်သာတဲ့ရပ်ကွက်ဆိုင်မှာကတော့ ငါးရာကျပ်။

3

ကြုံသလိုသောက်တယ်။ ကြံရည်လဲသောက် ထောပတ်သီးဖျော်ရည်လဲသောက်။ တစ်ခါထည်း နစ်ခွက်သောက်.

မှတ်ချက်
ခေါင်းစဉ်ကထွေထွေထူးထူးမရှိပါဘူး သူများတွေ သီချင်းတွေ အကြောင်းတွေ အများကြီးဆွေးနွေးကျတော့ကိုယ်လဲရတဲ့တစ်ကြောင်းလေးဝင်ဆိုကြည့်တာပါ.
ထပ်ဆင့်မှတ်ချက်
အဲသာတာကြည့်ဘလော့ရေးတာ အားကြီးအချိန်ကုန်တယ် အတိတ်တွပြန်လှန်..
wasting my time

16 comments:

လပြည့်ရိပ် said...

wasting my time တဲ့လား ။ ပုံလေးတွေနဲ့ စာလေးတွေပေါ့ပေါ့ပါးပါးနဲ့ အစ်မစာတွေက စိတ်အမောပြေတယ်။

မောင်မောင် said...

မသိပါဘူး မခင်ဦးမေရယ်
သီချင်းတစ်ပုဒ် လုံး ဆိုပြမယ် ထင်လို့ 
မနဲ ရှေ့ ဆုံးတန်း ရောက်အောင် တိုးပြီးလာကြည့်ပါတယ်။
ပိုက်ဆံတွေ ရေပြတာ ရယ်
skin lotion ရယ်
ကြံရည် ရယ်၊
နဲ့  သီချင်း လဲ မတွေ့ လိုက်ရပါဘူး။

:P

ခင်တဲ့
မောင်မောင်

သာမီး ဆလူး said...

ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်ပါ မာမီလုပ်မှပဲ ဟွင့်
ဟိုသီချင်းရော ကြားဖူလား
“ခရေပင်အောက်က ပိတောက်ချစ်သူ” ဟိဟိဆိုင်ဆိုင်မဆိုင်ဆိုင် ပြောသွားတယ် ဘာဖြစ်လဲ ဘာဖြစ်လဲ ဟိ

Anonymous said...

ဟုတ်ကဲ့။ အချိန်တွေကုန်မှာစိုးလို့ ဘလော့မရေးပါဘူး။ မမကွန်ကိုပဲအားပေးနေတာ။

မိုးယံ said...

အလွမ်းနွေကို စမ်းရေထဲမှာ မျောလိုက်ပါ.

ကြံရယ်ရယ် ထောပတ်သီးဖျော်ရည်ရယ် နှစ်ခွက်တောင် သောက်တယ် မသကာ ထောပတ်သီးဖျော်ရေးလေး တစ်ခွက်လောက် တိုက်ရင် ဟုတ်တုတ်တုတ်

ကိုဇော် said...

ကြံရည် + ထောပတ်သီးဖျော်ရည် = Xxxxxxxx
နောက်ဆုံးတော့ ဒါပဲ ဟာကို ဒါများ . . .

ပိုက်ဆံတွေ ပေါနေ၍ အပ်ထားချင်ပါတယ် ဆိုရင် အကန့်အသတ်မရှိ လက်ခံနေပါကြောင်းးးးးးးးးးး

ကျောက်ရယ်ပုလင်းရယ်လုံးတင်ရယ် said...

ပိုက်ဆံတွေက tape နဲ့ ကပ်ထားတာလဲမပါဘူး..နှုတ်ခမ်းတွေလဲ စုတ်မနေဘူး...
အတုတွေ ဖြစ်ရမယ်..

sosegado said...

ဒီသီချင်းကို ၅ ယောက်လောက်ပြန်ဆိုထားတာ စုပြီး မြန်မာပြည် FM တစ်ခုကလွင့်တာ နားထောင်လိုက်ရတယ်၊

Anonymous said...

ခေါင်းစဉ်မှားနေတယ် ကိုယ်ရယ် နင်းရယ် ဖိနပ်ရယ် ဖြစ်ရမှာ
ဝဲကင်းသူ

Angelhlaing(May everybody be happy and healthy! said...

မမရေ...အားပေးသွားတယ်နော်။
အထက်က ကွန်မန့်ပေးသူကြောင့် ပိုလို ပြုံးမိခဲ့ရတယ်။
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

ညိမ်းနိုင် said...

အံမယ်...အစ်မကွန်မှာ ၁၀တန်၂၀တန်လေးတွေ ရှိသေး
တယ်လား....၊သိမ်းထားနော်..နောင်လာနောက်သားတွေ
ပြရအောင်....:)။

zue said...

ကြံရည်သောက်ချင်လိုက်တာ .. အမရေ...း)

ရဲထွန်းဇော် said...

်မော်ဒန်ပို့စ်...

...အလင်းစက်များ said...

dedicated to someone . who love me တဲ့ သိပ်မရှင်းလှဘူးကွယ်... ဂီတအကြောင်း ဆွေးနွေးကြမယ်လေ Ma KOM :D

Anonymous said...

ပေတီပေစုပ်နဲ့။


ငရုတ်သီး

An Asian Tour Operator said...

ပညာ ခန်း တွေ က တော့ ပြ ပြီးရင်း ပြပဲ။