Friday, April 22, 2011

yangon 2011.2

Nokia 6300 ရေလုံးထဲရိုက်လိုက်မိတာ ပျက်သွားတယ်။



ဒါတောင် ကားရှင်း လူရှင်းတဲ့ အချိန်ရိုက်တာ. ရေထိမှာ စိုးလို့ကို .။ ပျက်သွားတယ်ဆိုတာ ရိုက်ရင်းနဲ့ မီးမလင်းတော့တာ။ ဖုံးအခွံကိုဖွင့်လိုက်တာ ရေတွေ ဖုံးထဲက ထွက်လာတယ်။ ဟိုတစ်လောက အခွံကွာလို့ကော်နဲ့ကပ်ထားရတာလဲပါမှာပေါ့။ ပါဝါ ဖွင့်လို့ မရတော့ဘူး။ ကြာပြီဆို အဲသည်ဖုံးကလေးက လေးနစ်လောက်ရှိပြီထင်တယ်။



အွန်လို့မရတော့တာနဲ့ သင်္ကြန်ပြီးပြီးချင်း ပြင်ဆိုင်ပို့ရတယ်။ LCD ပျက်သွားတာလို့ဆိုတယ်။ LCD တွေကလည်းပျက်ဘဲပျက်နိုင်လွန်းတယ်။ ပြင်တာနဲ့ LCD လဲတာ မြန်မာငွေ တစ်သောင်းကျပ်ပေးရတယ်။ ဘက်ထရီတစ်ခု ထပ်ဝယ်ရတယ်။ ရှစ်ထောင်ကျပ်။ မူရင်း LCD ကိုတော့မမှီသလိုဘဲ။အမျိုး LCD သူလဲပျက်တယ်။ ကပြင်တာ လေးသောင်းပေးရတယ်ဆိုတယ်။

အဲသာ ပျက်တယ်ဆိုတဲ့ LCD screen ကိုပြန်ယူလာသေးတယ်။ fuzzy ဖြစ်တယ်ဆိုတာ သဘောပေါက်။ သွားသွားနှူတ်တုံးကလည်း နှူတ်လိုက်တဲ့သွားကိုကြည့်ချင်တယ်ဆိုလို့ ဆရာဝန်က အမြင်ကပ်မဲ့ပုံရှိတယ်။

အခုရိုက်ကြည့်တာ အရင်ကလောက်သိတ်မစိုအရောင်မလှတော့သလိုဘဲ.အစကတည်းက လက်ရာ မကောင်းတာပါ လို့မဲ့ရွဲ့ လို့တော့မနေပါနဲ့။ ကောင်းတဲ့ ကင်မရာနဲ့လဲ ပြောင်းမရိုက်ချင်တော့ပါဘူး အချိန်ကုန်တယ်. ရှိတာလေးဘဲ သည်းခံကြည့်ပါ။

အဲသာ စုက esteelauder ဆိုင်ကိုခေါ်သွားတာ။ ကိုယ့်ဘာသာဆိုရင်တော့မဝင်ဝံန့်ပါဘူး. တောသူမမြို့တက်. သလိုဖြစ်ဖြစ်နေလို့ ..စုကတော့အဲသည်ဆိုင်မှာ မန်ဘာဝင်ထားပြီး ကြုံရင်ကြုံသလို ဝင်သလိုက်. ဝယ်လိုက်နဲ့ ဆိုင်က မိန်းကလေးတွေနဲ့ကိုခင်မင်နေ.တယ် မိတ်ကပ်လဲအဆင်ပြေရင်ပြေသလိုလိမ်းပေးသေးတယ်။ တို့ကို လိမ်းမလားမေးသေးတယ် နေပါါစေ. ကျေးဇူးပါ. လို့ပြောလိုက်တယ်။ လိမ်းလိမ်းမလိမ်းလိမ်းဘာထူးမှာ မှတ်လို့.။ မိတ်ကပ်ကုန်သွားတာသာအဖတ်တင်မယ်။ နဂိုမရှိရင်အလကားဘဲ။

အဲသာ အကြမ်းဖျင်းအားဖြင့် အဲသလောက်ဘိုးဝယ်ရင်



အဲသည်လောက် ပစ္စည်းတွေ စုစုပေါင်း 9 မျိုး ကို အဲသည်လောက် similar price နဲ့ဘဲ ရမယ်ဆိုတာနဲ့ဝယ်သိမ်းထားလိုက်တယ်။ ပုပ်ကုန်မှ မဟုတ်ဘဲ. ကြုံရင်ကြုံသလိုပေးလို့ရတာပေါ့။


1. ကာချယ်. . /ပါးနီ



2. lip နှူတ်ခမ်းနီ
3. မက်စ်ကာရာ (ပုံမှန်အားဖြင့် Label တပ်လေ့မရှိပါဘူး တ စ်ခါတစ်လေ ထုံသူပါလာရင် ဘာလဲ မေး တတ် လို့ ကြိုတပ်ထားရတာ။) မျှားတော့မထိုးတော့ဘူး။




4. အိတ်အသေး




5. 6. 7. နှူတ်ခမ်းနီ သုံးတောင့်




8. ကြည့်မှန် (ခေါက်သိမ်းလို့ရသည်)။




9. အိတ်အကြီး




# ဂျုလိုင်များ ပညာလာယူဦးမလား စဉ်းစားနေမိသေးတယ်။


ရန်ကုန်ပြန်တုံးက မိုးငွေ့ကိုပေးမလို့ မီးလင်းတဲ့အလုံးကလေးတွေ သယ်ဦးမလို့ဘဲ လုံးကလဲလုံး မီးကလဲ လင်းတော့ကိုယ့်ဘာသာကိုကြောက်ပြီးမသယ်တော့ဘူး။ သက်ဝေကိုတော့ မေ့ချင်ယောင် ဆောင်ထားလိုက်မယ်။ ပူးပူးလာမှ ပြောပြရဦးမယ်။ သူဝယ်ထားတာ သယ်လို့မရဘူး. စာရေးထားတယ်။

ဝယ်သွားတဲ့အကျီပန်းရောင်ကလေးက This fashion ကပါ. စလုံးငါးကျပ်ထင်တယ်။ ကိုယ်ကြပ်အကျီလေး ကြိုးတစ်ချောင်းဝတ်စရာမလိုတော့ဘူးပေါ့ အဲသာဝတ်လိုက်ပြီးရင် အပေါ်ကနေ ထပ်ချင်တာထပ်. မဝတ်လိုက်ရပါဘူး မတော်တရော်စွပ် သလိုဖြစ်ပြီးအသက်ရှူကြပ်လာတာနဲ့. လှတာတော့လှ.တယ်။




by the way
70 C မမြင်ဘူးတဲ့ကိုဇော်အတွက်.
...

11 comments:

ကိုဇော် said...

ကိုဇော့် အတွက် ဆိုပေမဲ့ သေချာ မမြင်ရပါ။
သိကြားမင်းကို တောသား ဆုတောင်းသလို ပြောရမှာပါပဲ။ ထင်ထင်ရှားရှား ပြတော်မူပါ။ မျောက်လုံး မကောင်းလို့ပါ။

မိုးယံ said...

နှုတ်ခမ်းနီ သုံးတောင့် အဖုံးတစ်ခု ပျောက်။

Anonymous said...

Cutty....cutty...cutty....
Your writting is still as cute as b4:)While u went back ygn,I felt something's missing:(
BTW I really want the sparkling toy ball not for others:P
GD

Anonymous said...

မမကွန်.. အဲ့ဒီ Esteelauder တွေ ဘယ်မှာဝယ်လဲဟင်.. လိုချင်လို့.. ၀ယ်ချင်လို့ပါ..

rose of sharon said...

နှုတ်ခမ်းနီအရောင်လေးတွေကြိုက်တယ်အမ... အိတ်လေးလဲလှတယ်... ကိုယ်ကျပ်အကျီင်္လေးတော့လှပေမဲ့ မကြိုက်ဘူး..ကိုယ်ဝတ်လို့မရလို့

Anonymous said...

esteelauder ကအိတ်တွေက ပစ္စည်းဝယ်ရင် လက်ဆောင်ပေးတာပါ။
ဘယ်လောက်ဖိုးဝယ်ရင် မိတ်ကပ်ထည့်တဲ့အိတ်လေးမျိုး
ဘယ်လောက်ဖိုးဝယ်ရင်တော့ အိတ်အကြီးမျိုး ပေးပါတယ်။
sampleပစ္စည်းတွေပါသေးတယ်..။
ကျနော်တော့ sampleပစ္စည်းမက်ပြီးဝယ်တတ်တယ်။
မြန်မာမှာလဲ အဲ့လိုဘဲလားတော့ မသိဘူး။
စကားမစပ် ကျနော်လဲ esteelauder မန်ဘာဝင်
ထားပါတယ်.။ဟိ

ပုံ/
guessကြည့်ပါ
ဘယ်သူဖြစ်နိုင်မလဲ ဆိုတာ။

ရိုးရိုးသားသားတောသားလေးကျောက် said...

70C......????? ဘယ်သူဝတ်တာလဲ...?

Mon Petit Avatar said...

ကျေးဇူးပါ မမKOM ရေ Label လေးတွေပါတော့ အရင်တခါကလို ဘယ်မှာလဲ ဘာလဲဆိုတာ မြှားမပါတာနဲ့တောင် ကြည့်တာနဲ့သိသွားပြီ ဟီး။

Steve Evergreen said...

မြန်မာပြည်က မမကွန် အသိတွေက တချိန်လုံး နိုင်ငံခြားက ဟာဆို လိုချင်နေကြတာလား အံ့ဩစရာပဲ

Angelhlaing(May everybody be happy and healthy! said...

ချစ်စရာလေးတွေ မမ ။သဘောတကျ ရှိလိုက်တာနော်...:P:P
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

Anonymous said...

ရုံးပိတ်ရက်မှာ ပို့စ် များများ စာများများတင်ပါ ဒါဗြဲ