Sunday, April 3, 2011

talkative

ဝယ်တာကတော့ဝယ်နေတာဘဲ. ကိုယ့်လိုဘဲ ဝယ်နေတဲ့သူတွေ ရှိမှာပါ. ကိုယ်ဝယ်တယ်ဆိုတာ သူတို့အသေးသုံးလောက် ရဲ့ အစွန်းထွက်လောက် ဘဲရှိမဲ့သူတွေရှိမှာပါ။ ဒါပေမဲ့ မကြွားတတ်ကြဘူးးလေ. ဒီကတော့သိတဲ့အတိုင်းရှိတာတွေ ချပြရမှ. အိမ်တံခါးစိတ်ချရလို့သာတော်တော့တယ်။ မဟုတ်လို့ကတော့. သီခိုးဝင်နိုင်တယ်။ ပြီးရင်တော့အစုတ်တွေဘဲရသွားမှာဘဲ။ အကောင်းကိုမနည်းရှာယူရမယ်။

သွားပွတ်ံတံ.သွားတိုက်ဆေး. ခေါင်းလိမ်းဆီ. ရန်ကုန်မှာတုံးကအုံးဆီလိမ်းပေမဲ့ အခု စိတ်ကူးပေါက်ရင် olive oil လိမ်းတယ် အဲဒါလိမ်းရတယ်လို့ဘယ်သူသင်သလဲမသိ. အီတလီမှာတော့ ပီဇာ မှာတုံးကလားမသိ. ပုလင်းကြီးလာချပေးဘူးတာဘဲ။ အသီးလေးတွေလဲစားလို့ရတယ်။ ကိုယ်ကတော့ခေါင်းလိမ်းဆီလုပ်လိမ်းတယ်ဆိုရင် မျက်စေ့ပြူးကြည့်တဲ့သူတွေရှိတယ်။ body shop ကလည်း similar လဲလိမ်းတယ် အများကြီးတော့မဟုတ်ဘူးပေါ့ နဲနဲပါးပါး.



ရွေရောင်အလုံးလေးတွေ ကညဘက်လိမ်းဘို့တဲ့ စာဖတ်ကြည့်ရတာတော့အဲသလိုရေးထားတာဘဲ အဲ .ဒါဆို ဒါမျက်နာကိုရွေသွှုင်းတယ်ဆိုတာဖြစ်မယ။် ငါလဲလုပ်ဦးမှ ဆိုပြီးဝယ်လာတာဘဲ။



ဒါကတော့ရှင်းပြစရာမလိုပါဘူး လောရယ်ဘူး ရယ် ကရင်ပတ်ရယ် မာစ်ကာရာရယ။်မာစ်ကာရာမှာကလဲ လွယ်တာမဟုတ်ဘူး ဝယ်ရတာ. Volume များချင်တာလား. Natural လိုဘဲဖြစ်ချင်တာလား. Curl ဖြစ်ချင်တာလား lengthening ဖြစ်ချင်တာလား. လွယ်လွယ်ကူကူလိုချင်တာလား နစ်ဘက်သုတ်ချင်တာလား . Waterprof လားရိုးရိုးလား မလွယ်ဘူး အမျိုးပေါင်း ခြောက်မျိုးလောက်ရှိတယ်။ အဲဒီထဲကမှ lengthening ဖြစ်မယ်ဆိုတာ ကိုရွေးယူလာတယ်။ office သုံးမှလားဆိုတာလား. လဲရှိသေးတယ်။ ဟူး.




ဒီနေ့နစ်ကျပ်တန်ဆိုင်မွေနေတယ်။ နစ်ကျပ်တန်ဆိုင်ဆိုတာ ဟိုတုံးက အခေါ်ပေါ့ အခုတော့နစ်ကျပ်နဲ့မရတော့ပါဘူး. ဟိုတုံးက တစ်ကယ်ရတာ. ပစ္စည်းတွေလဲကောင်းတယ် ထူးထူးဆန်းဆန်းလေးတွေ ..အများကြီးရှိတယ။် ဟိုတုံးက ဘွန်လေးအပေါ်ထပ်မှာ သွားသွားမွေတာပေါ့ .။ အားရပါးရဝယ်နိုင်တယ်။



သတင်းစာခင်းလို့ စိတ်မညစ်ကြပါနဲ့ အိမ်က အမှောင်ချထားတာ မီတာခကုန်မှာစိုးလို့. ကြမ်းကလဲမတိုက်ရသေးဘူးအားအားရှိဘလော့ဘဲလုပ်နေတာနဲ့ ညစ်ပတ်နေတဲကြမ်းကိုကာကွယ်ချင်လို့ လှတာလေးတွေ နဲ့ကာပါလားဆိုတော့လဲစိတ်ကသိတ်ရှည်တာမဟုတ်ဘူး. ။ သတင်းစာကလွယ်တယ်. ။



အိတ်သုံးအိတ်ပေါင်း



ဆူပရဒင်



လည်ပင်းပတ်တဲ့ပုဝါ. နဲနဲဝါးသွားတယ်ဝါးလဲဝါးပါစေလေ. ကိုယ်ကျေနပ်ပြီးတာဘဲ ဟော့ရှော့လေးဝတ်. ပြီးရင် အဲဒါလေးပတ်. စိတ်ကူးယဉ်ကြည့်တာဘဲ။



မျက်မှန်.။
မျက်မှန်ကိုဟိုဘက်လှည့်ရိုက်ရတယ် စိတ်ညစ်လာပြီ. ကြွားဝါနေတာတော့ကြွားဝါနေတာဘဲ ဒါပေမဲ့လူအမြင်မခံဝံ့တဲ့ရောဂါကလည်းရှိသေးတယ်။ အရိပ်ကလေးများပါသွားပလား ပြူးပြဲကြည့်တင်လွတ်လိုက်တာဘဲ။ မြင်တယ်လို့ငြင်းတဲ့သူကလည်းရှိသေးတယ် မြင်လဲမမြင်ချင်ယောင်ဆောင်ပေးကြပါဗျာ. စိတ်ညစ်လို့ပါ။ ဖဘမှာ မြင်ဘူးတယ်လိုံ့ငြင်းတဲ့သူကလည်းရှိသေးတယ်။ ငါမတင်တဲ့ပုံက နင်ဘယ်ကရသလဲပြပါဆိုတော့ လည်းမပြ. သိတ်ခက်တယ်။ ငါမဟုတ်တဲ့ပုံကို ငါလုပ်ပြီးကြည့်ဟာ လို့ စိတ်က တိုလာပြီ။ ဝက်ဆိုက်မှာတောင်တင်ထားသေးတယ်ဆိုဘဲ ခင်ဦးမေ (ဘလော့၈ါ) ဆိုပါလား. ။ ဟုတ်ခဲ့ရင် ဖြုတ်ပေးပါ။ ဟုတ်သည်ဘဲဖြစ်ဖြစ် မဟုတ်သည်ဘဲဖြစ်ဖြစ် လူတစ်ယောက် သူမကြိုက်တာကို မလုပ်သင့်ဘူးမဟုတ်လား။



သုံးခုတစ်ဆယ်တန်ဆိုင်ထဲရောက်သွားပြန်ပြီ.

ဒါလေးမဆိုးဘူး. မှန်ဝိုင်းလေး နစ်ဘက်. ကရင်ပတ်ဗူးလိုပုံစံမျိုးလေး မိုက်တယ်. မှန်ထုတ်ကြည့် နှူတ်ခမ်းနီ ထုတ်ဆိုး ရှိုးပေးလို့ရတာပေါ့။ အမေရိကားက သယ်ချင်းလာတုံးကအဲဒီ ဆိုင်မျိုးလေးတွေ်ကအတော်ဝယ်သေးတယ်။ အမှတ်တရပေးလို့ကောင်းတယ်။ စလုံးတံဆိပ်ပါတာလေးတွေ လက်ဆောင်ပေး လို့ရတာပေါ့.




နောက်ခံကောင်းရင် အတော်လှမဲ့အိတ်ဘဲ အခုတော့သူ့ခမျာ သတင်းစာပေါ်မှာ ဆိုောတာ့မော်ကြွားသင့်သလောက်မမော်ကြွားနိုင်ဘူး. ‘ဒါကြောင့််ပက်ကင် အရေးကြီးတယ်လို့ပြောကြတာကိုး။ အဲဒါကတော့ နစ်ခုတစ်ဆယ်ဖြစ်သွားပြီ. သုံးခုတစ်ဆယ်နဲ့မရဘူး ကြိုးပါသေးတယ် အရှည်.



ဒါကတော့ သုံးခုတစ်ဆယ်. ကြိုးအရှည်လဲပါတယ် အတိုလည်းပါတယ်။



လက်ပတ်နာရီ ဒါပေမဲ့လက်ကောက်လိုမျိုး စွပ်ရတယ် အလယ်လောက်ကနေ ချိုးသွားတာ. လှတယ်။ နာရီက ဘာဖြစ်လို့ပြောင်းပြန်ရိုက်မိလဲမသိဘူး. တမင်မလုပ်ပါဘူး စိတ်ကူးပေါက်သလိုနေရာချလိုက်တာဘဲ နာရီကိုလည်းဟိုဘက်လှည့်ရိုက်ရတယ်။ ဒီဘက်လှည့်ရင် ဒီက ကိုပါသွားမှာစိုးတာနဲ့အော် ဒုက်ခ. ဒုတ်ခ.။ ဟိုဘက်လှည့်တော့ဘာဖြစ်သလဲ ဘာမှ မဖြစ်ပါဘူး အဝတ်လျှော်ခြင်းတောင်းဘဲပါသွားမှာပေါ့ အဝတ်လျှော်စက်နားသတင်းစာခင်းပြီးရိုက်တာကိုး။



အော်
ခဥမ စကားများလှချည်လားလို့မထင်လား. စိတ်မရှိပါနဲ့ နားထောင်မဲ့သူမရှိလို့ပါ. (:ngoJ

အဆုံးထိဖတ်ပေးရင်ကျေးဇူးတင်တယ်။
ကျော်ချသွားရင်ကော. ……>…… လာလည်တာနဲ့တင်ဝမ်းသာလှပြီ.
မဖတ်ရင်ကော. >> အင်. စိတ်မရှိပါဘူး ကိုယ်လဲသိတ်သွားတာမှမဟုတ်တာ. ကျေရော။


ဒါပေမဲ့….
ဖတ်စေချင်တဲ့သူတွေမဖတ်ရင်တော့လဲဝမ်းနည်းရပါတယ်။

28 comments:

Anonymous said...

ဖတ်တယ်ရှင့်..မြဲမြဲပဲ..

puff said...

I am two.. Yay !!!

Anonymous said...

အဆုံးထိလည်းဖတ်တယ် ။ စာဖတ်ရင်းလည်း ပြုံးတယ်။ စာရေးတာသဘောကျလို့ ။ပုံတွေကိုလည်း ထပ်ခါ ထပ်ခါ ကြည့်တယ် ။ ဖတ်စေချင်တဲ့သူက ဘယ်သူလဲ ။မဖတ်စေချင်တဲ့သူက ဘယ်သူလဲ။ ပြောပြထားမှပေါ့။ တော်ကြာ မဖတ်စေချင်တဲ့သူထဲ ပါနေရင် ၀မ်းနည်းရဦးမယ် ။

Angelhlaing(May everybody be happy and healthy! said...

ဟုတ်ပနော် ညလေးက ဘယ်အုပ်စုထဲ ပါလဲဟင်..မမ
အဟီး..မဖတ်နဲ့ဆိုလည်း လာမှာပဲနော်...
အမျိုးတွေနော် နော် မမ..:P:P
ကောင်းသောနေ့လေးဖြစ်ပါစေမမ.

blueskyforest said...

ဖြစ်မှ ဖြစ်ရလေ ။

Steve Evergreen said...

သီတင်းစာ ခင်းတာ မပြောတော့ပါဘူး စင်ကာပူ ရဲ့ လူနေမှုကို နားလည်ပြီးသားပါ

Anonymous said...

ဖတ်စေချင်ချင် မချင်ချင် ဖတ်သွားပါတယ် မမ ...

mie nge

သာမီး ဆလူး said...

ရယ်လိုက်ရတာ မော လို့
ရင်ဘတ်နောက်က ကျော
ဟဟဟ

ဒါလေး သဘောကျပါတယ် မာမီ
<< အဆုံးထိဖတ်ပေးရင်ကျေးဇူးတင်တယ်။
ကျော်ချသွားရင်ကော. ……>…… လာလည်တာနဲ့တင်ဝမ်းသာလှပြီ.
မဖတ်ရင်ကော. >> အင်. စိတ်မရှိပါဘူး ကိုယ်လဲသိတ်သွားတာမှမဟုတ်တာ. ကျေရော။
>>

kwi kwi

Anonymous said...

Am i in which group?Come n read ur post up n down.Never leap.U should award me something u bought as new year present:P
Gyidaw

rose of sharon said...

အစ အဆုံးဖတ်သွားပါတယ်... အိတ်လေးတွေက တန်လိုက်တာနော်....

Anonymous said...

ဘာလို့လဲမသိဘူး။ ပုံတွေကြည့်မရဘူးဗျ။
အစ်မရဲ့ မော်ဒန်ဒိုင်ယာရီကို အမြဲလာဖတ်ပါတယ်။

မိုးစက်ပွင့်

Lorem Ipsum said...

ဖတ်သွားပါတယ်ဗျို့

နေ၀သန် said...

မမကွန်ကို ကိုမဆလာက မဆူဘူးလား..။ ကြည့်ရတာ မနိုင်လို့ လက်မှိုင်ချထားတာနဲ့တူတယ်..။ ၀ယ်လိုက်သမှ.... ဖတ်ဖတ်ဖတ်ကို မြည်ရော.. :P

ခင်မင်လျက်
နေ၀ဿန်

ပန်းခရမ်းပြာ said...

မမ ဖတ်စေချင်တဲ့ သူတွေထဲမှာ ပါရဲ့လားတော့ မသိ...အသစ်တင်တိုင်း လာဖတ်တယ်။
နှစ်ခု တစ်ဆယ် အိတ် အဖြူလေးကို ကြိုက်တယ်။

မချို

ညိမ်းနိုင် said...

ကိုယ့်ပိုက်ပိုက်နဲ့ ကိုယ်ဝယ်တာ....ဝယ်သာဝယ်အစ်မ...:)))
ကိုမဆလာ ကျေနပ်ရင်ပြီးရောပေါ့ဗျာ....ဟုတ်တယ်ဟုတ်။

Anonymous said...

ကိုယ်မလာလို့ တော့ဝမ်းနည်းမယ်မထင်။
ကိုယ်မလာလို့ ဝမ်းမနည်းတော့
ကိုယ်က၀မ်းနည်းရမှာပေါ့။
အိုင်အိုရာ

...အလင်းစက်များ said...

ပုံတွေ မညင်ရလို့  စာတွေ ပဲ ဖတ်သွားတယ်...

မKOM က ကျနော့်ကို ဖတ်စေချင်တာကိုး ၀မ်းသာတော့နော်..... ဟမ်...... :P

ချော(အစိမ်းရောင်လွင်ပြင်) said...

တတိယအုပ်စုထဲမှာ ပါတယ်လို့ သိပေမဲ့
မမ စာတွေ အမြဲဖတ်ပါတယ်.. ပြန်လာဖတ်သည် မဖတ်သည်ဖြစ်စေ အသစ်တင်တာနဲ့ စိတ်ဝင်တစား အမြန်ဆုံး ရောက်လာဖြစ်ပါတယ်။ ကောမန့်မရေးဖြစ်တာက လွဲလို့ တစ်ပုဒ်ဆိုတစ်ပုဒ်မှ မလွှတ်ပါဘူးလို့ အသိပေးပါတယ်..း)

Anonymous said...

မမ ခုတလော ဖိုတို အန်ရှော့ပင်တွေပဲများနေတယ်....
ဖွတ်လေးတွဲပြီးတင်ပါဦး...........Bonus လေးအနေနဲ့ပဲဖြစ်ဖြစ်ပေါ့
(Burger King ကို လွမ်းနေသူ)

မောင်ဝေး said...

အသက်ကြီးတဲ့မမတွေ အိုးပုတ်ချိုးရုပ်ကစားတယ်ဆိုတာ ဂလိုမျိုးကိုး၊ သဘောပေါက်နားလည်သွားပါပြီ။

Mon Petit Avatar said...

ဖတ်စေချင်ချင်မဖတ်စေချင်ချင် လာဖတ်နေမှာပဲမမ။

စော(အဝါရောင်မြေ) said...

အမရယ် မဖတ်စေချင်ရင် စာမျက်နှာပေါ်တောင် ရောက်လာမှာ မဟုပ်ဘူးနော့်။
အင်္ကျီတွေကျ မတင်ဘူးမို့ လား Size တွေ သိသွားမှာ စိုးလို့ 

ဖိုးတုတ် said...

ကြည့်လဲလုပ်ပါဦး မမကွန်းကြီးရယ် ..

ဆူပါရာဒင်က အသက် ၅၀ ကျော်မှ သောက်ရတာ မဟုတ်လား

ဆူပါရာဒင်သောက်တယ်ဆိုပြီး အသက် ကြော်ငြာတာတော့ မဟုတ်လောက်ဖူးထင်ပါတယ်

Anonymous said...

မတွေ့လို့သုံးလေးခါလာကြည့်တာ မမ။
Mon Petit Avatar

Mon Petit Avatar said...

Mascara မတွေ့လို့သုံးလေးခါလာကြည့်တာ မမ။
Mon Petit Avatar

Cameron said...

ဖတ်စေချင်တဲ့သူဟုတ်မဟုတ်တော့မသိဘူး အဆုံးဖတ်သွားတယ်ရှင့်....။

ဇွန်မိုးစက် said...

စာကြွေးလာရှင်းနေတုန်း ဒီပို့စ်ရောက်လို့ ၀င်မန့်သွားတယ်။ အဆုံးထိသေချာဖတ်သွားတယ်။ ပုံတွေလည်း ကြည့်သွားတယ်။ မမလို ဈေးတန်တဲ့ ပစ္စည်းလေးတွေ ၀ယ်တတ်ချင်တာ။

Z said...

လာဖတ်သွားတယ်နော်.. အောက်ဆုံးနားလေးက ပိုက်ဆံအိတ်လေးတွေ လှတယ် :)