Saturday, June 4, 2011

မယ်ဒေါ်

တစ်နေ့တွင်ပေါင် ၁၅ ခါ ချိန်လေ့ရှိသော. မယ်ဒေါ် (model )ကွမ်းသည် သတင်းစာမှ ချစ်စရာကောင်မလေး များ အိတ်များဖွင့်ပြသည်ကို သွားကြည့်ပြီးသကာလ သူမ၏ ကျစ်ကျစ် ပါအောင်ထုတ်ထားသော ကျောပိုးအိတ်ကိုတစ်ခုပြီး တစ်ခုနှိုက်ကြည့်လေရာ အောက်ပါ အရာများထွက်လာသည်က စိတ်ဝင်စားဖွယ်ရာတွေ့ရှိရလေသည်။

တယ်လီဖုံးသုံးလုံး
ချက်ချာ သုံးခု
နားကြပ်နစ်ခု
ဘက်ထရီအပိုတစ်ခု.

တစ်လုံးမှာ အင်တာနက်ကြည့်ရန်
တစ်လုံးမှာ လိုင်းဖုံးဖြစ်၏.
တစ်လုံးမှ တစ်ကဒ်မှာ တစ်ခြားလိုင်းဖြစ်ပြီး နောက်တစ်ကဒ်မှာ prepaid ကဒ် ဖြစ်၏.။ ချားချာမှာ အားကုန်သွားလျင်အချိန်မရွေးဖြည့်ရန်ဖြစ်ပြီး ဘက်ထရီအပိုမှာ ဖြည့်ရန် အချိန်မရပါက လဲလှည်ရန်ဖြစ်၏။




များစွာသော pen များ.
တစ်နေရာတွင် တစ်ချောင်းထားခဲ့တတ်၏. ဘော့စ်ဆိုသည်များသည် ယူရွေ့ ရေးလေ့ ရှိသောကြောင့်သူရို့အတွက်လည်း ပိုမိုကြိုထည့်ထားရ၏။ မီးချောင်းမှာ ချောင်းကြည့်ရန်ဖြစ်၏.



စာအုပ်နစ်အုပ်မှာ အားလျင်ဖတ်ရန်ဖြစ်၏. တစ်မျက်နာဖတ်ပြီးလျင် မျက်စေ့ညောင်းသွားသည်ဟု ခံစားရ၏။



သတင်းစာနစ်စောင်မှာ ဝယ်ဖတ်သည်က တစ်ကျပ်. အလကားတန်းစီယူသည်ဟုမဆိုသာ လမ်းလျောက်ရင်း တောင်းယူလာသည်ဟုဆိုရမည်ဖြစ်၏။



မျက်မှန်သုံးလက်မှာ မည်သို့မည်ပုံဖြစ်သွားသည်မသိ. လမ်းသွားရင်းဖတ်သည်မှာ တစ်ခု. ထိုင်ဖတ်သည်မှာ တစ်ခု. စာလုံးသေးသေးများကိုဖတ်ရန် က တစ်ခုဖြစ်၏.



သော့ခလောက်နစ်တွဲ
ဤသည်ကတော့ရှင်း၏.သော့များမှာ များလှ၏။ ခါးတွင်ချိတ်ထားရန်စိတ်ကူးမိ၏။ အိမ်သော့ဖွင့် မရ မည်ဆိုးသောကြောင့် နောက်တစ်စုံယူရန်စိတ်ကူးမိသေး၏။



1818 နစ်ကဒ်
တစ်ကဒ်မှာ ကုန်ခါနီး.နောက်တစ်ကဒ်နင့်မပေါင်းရသေးချေ. ။ ထူးဆန်းသည်မှာ ကဒ်နင့်ဆက်လျှင် ခဏခဏနိပ်ရရွေ့ ဈေးကြီးသောလိုင်းနင့်နိပ်လိုက်လျှင်ကားတစ်ခါထည်းနင့်ဝင်သွားရွေ့. စိတ်ညစ်ရ၏။



ပိုက်ဆံအိတ်နစ်အိတ်
အကြီးမှာကဒ်များစွာထည့်ထားသောကြောင့်အကြီမ်ပေါင်းများစွာထုတ်လိုက် ထည့်လိုက်လုပ်ရသော သူ့ အတွက် ကဒ်မျာြး့ပုတ်ကျလျှင်ပျောက်မည်ဆိုးသောကြောင့်အိတ်အသေးတွင် ပိုက်ဆံအနည်းငယ် ကိုခွဲထည့်ထားကာ အိတ်အသေးကိုသုံး၏။




လက်ကောက်တစ်ကွင်း
စွပ်လိုက်ဖြုတ်လိုက်လုပ်၏။

MRT ကဒ်နစ်ကဒ်
တစ်ကဒ်မှာ သုံးမရသောကြောင့်ပြန်လဲရန်ထည့်ထားရာ ယခုထိမလဲရသေးချေ။

အကြွေနစ်မျိုး..
အကြွေသည်လည်းလိုအပ်၏. အမြန်ရှာမတွေ့သော် ဂျုလိုင်ငြိုငြင်ရာ၏။

အနွေးထည်နစ်ထည်
တစ်ထည်မှာ တစ်နေရာတွင်ကျန်ခဲ့သောကြောင့်ပြန်ကောက်လာခြင်းဖြစ်၏။

နူတ်ခမ်းနီတစ်တောင့်
သတိရလျှင်ဆိုး၏.များသောအားဖြင့်သတိမရ.



ရေပုလင်းကြီးဘူးကြီးတစ်ဘူး
ရေသောက်ရန်သတိထားရ၏. ရေရှာမတွေ့လျှင်ရေမသောက်ဖြစ်ချေ။

ထီးတစ်ချောင်း
ယခုတစ်လော ရွာလိုက်တိတ်လိုက်ဖြစ်၏.

အကျီတထည်
လိုအပ်၏။

ပေါင်မုန့်တစ်ထုတ်.
ရောက်ရာနေရာ ဘိုက်ဆာရာတွင်စားရာ၏။

မှတ်ချက်.
သူ. ခါးနာသည်မှာ အဆန်းမဟုတ်ချေ။


မေးခွန်း
ဤအဖြစ်အပျက်သည် တားဆီးရွေ့ရပါသလား.
ဟုတ်ကဲ့ရပါသည်။
မည်သို့တားဆီးမည်နည်း.

ပြင်ဆင်သည့်သည်များ.
တတ်နိုင်သလောက်ဝိတ်လျှော့ရန်. မလိုသည်များကိုပယ်ဖျက်ရန်. ဘက်ကအပ် back up လုပ်သည်များကို တတ်နိုင်သလောက်ရှော့ရန်. Mr bean ခရီးသွားခါနီး ပြင်ဆင်သည့်အပိုင်းကိုပြန်ရှာကြည့်ရန်. ယနေ့လမ်းထွက်လျှင် အိတ်တစ်လုံးနင့် သာထွက်ရန် ဖြစ်၏။

စိတ်မနိုင်လျင်မည်သို့လုပ်မည်နည်း
လွယ်ပါသည်. appointment ယူလိုက်ရန်သာဖြစ်၏။

25 comments:

အိအိ said...

များတယ်။ လျှော့ပါ။

အိအိ said...

အင်း ... တို့  ပထမဆုံး ပါလား။ အခြားသူတွေ ဘယ်ရောက်နေကြပါလိမ့်။

သက်ဝေ said...

မမ ပြောမှပဲ... ကိုယ့်အိတ် ကိုယ် ပြန်စစ်ကြည့်ရမလို ဖြစ်နေပြီ... မဟုတ်ရင် appointment ယူနေရအုံးမယ်... ဟီးဟီး

အမှတ်တရ နေ့စွဲများ said...

စာတွေရေးထားပြီးမှ ဘယ်ရောက်သွားလည်းမသိဘူး..
ထပ်ရေးရမှာပျင်းတယ်...

စီအက်အယ်ဘယ်ရောက်
ဒီမှာလည်း မိုးရွာတိတ်

Anonymous said...

အရီး
စာရေးတဲ့ စတိုင်တွေပြောင်းသွားတယ်

Anonymous said...

အမထည်.တာတွေများ လိုက်တာ ... ကျမကတော. အိတ်ကို ရုံးပိတ်ရင်ဖွင်.ပြီး ရှင်းပစ်တယ် လေးလို.မသယ်နိုင်ဘူး

ကောင်းမွန်ဝင်း said...

လက်ကောက်တစ်ကွင်း
စွပ်လိုက်ဖြုတ်လိုက်လုပ်၏။

မကွန်..... လက်ကောက်ဓါတ်ပုံတင်ပေးပါ။ နောက်ပို့စ်တင်တော့ အဲဒီဓါတ်ပုံပြန်ဖြုတ်လဲရပါတယ်။

ညိမ်းနိုင် said...

အပွိုင့်မန့်က ဘယ်မှာ ဘာအတွက်ယူမှာတုန်းးးးးး
အနော်က နဲနဲဝေးတယ်...ဗျ....:)

Anonymous said...

အိတ်..အိတ်..။
ဟိုတခါကပြောထားတဲ့ အမေ့အတွက် ဝယ်ထားတဲ့ အိတ်တွေ ၇ိုက်ပြပါအုန်းမယ်လေ။



ပုံ။
ဂေါင်ကြောက်
Xထုံ

Anonymous said...

စီပုံးမတွေ့သူများ ရှောက်ပေါက်မှာ ပြောနိုင်ပါတယ်။
(ကြော်ငြာဝင်တာ)

ပုံ။
ဂေါင်ကြောက်
Xထုံ

Anonymous said...

မမ...
စီအသစ်က ရိုက်ထည့်လို့ မရဘူးနော်..လျှောက်ဘောက်စ်ပဲ ပြန်ထည့်ထားပေးပါ။



ပေါက်

ကိုဇော် said...

ကျနော့် ကျောပိုးအိတ်နဲ့ အတူတူပဲ။ ဘလော့ဂါ ညီမလေး ကျောပိုးအိတ်ဆီမှာ သွားဖတ်ကြည့်။ ကျနော့် ကျောပိုးအိတ် ဆိုးပြီး ရေးဖို့ ပြင်ထားသေးတယ်လို့ ပြောမိသေးတယ်။ အခုထိ မရေးရသေး။ ကျနော်က ပိုဆိုး ၊ ပိုလေးပါသည်။

subuueain said...

စာရေးတဲ့ style ပြောင်းသွားတယ်နော်။ ရေးထားတာ ချစ်စရာကောင်းတယ်။ အိတ်ကတော့ အတော်လေးမဲ့ပုံဘဲ :)

...အလင်းစက်များ said...

အင်းကျီတစ်ထည်က ဘာ့ကြောင့် လိုအပ်ရတာလဲဟင်

ကိုအောင်(ပျူနိုင်ငံ) said...

:P

Anonymous said...

ဘောပင်တွေနဲ့ မီးချောင်းတွေ့လိုက်တဲ့အတွက် ဆရာဝန် သို့ နပ်စ် ဖြစ်မည်ဟု ခန့်မှန်းသွားပါသည်။ (စိန်ပွဲစားတော့ မဟုတ်လောက်ဘူးထင်တယ်) :D
-pp-

ZZZ said...

အရေးအသားတွေကို တကယ်ကို ကြိုက်နှစ်သက်ပါသည်။

I love you !

Love in its various forms acts as a major facilitator of interpersonal relationships and, owing to its central psychological importance, is one of the most common themes in the creative arts.

Ref: wikipedia

kma said...

မကွမ်အိတ်က ဟိုကြားဖူးတဲ့ လွယ်အိတ်တလုံးနဲ့ တူနေသလားလို့..... :P :)

Tun Tun said...

ဝော်ကီ တော်ကီ ၀ယ်ကိုင်ပါလား မမး)

ဉာဏ်လင်းထူး said...

မှော်ဘီဆရာသိန်းရဲ့....အိတ်
ဟိဟိ

Anonymous said...

သို့ မယ်ဒေါ်ကွမ်း...
ဤအဖြစ်အပျက်များကို တားဆီးရန်မှာ ကားတစီး အမြန်ဝယ်ရန် ဖြစ်သည်။ သို့တည်းမဟုတ် ရှေးအခေါ် ကူလီ အမြန်ငှားရန် ဖြစ်သည်။ သို့မဟုတ်က မယ်ဒေါ်ကွမ်း မူလအရပ်ထက် တနှစ်လျှင်၂လက်မနှုန်းနိမ့် ဖွယ်ရာရှိသည်။
စေတနာရှင် လုပ်သားပြည်သူတဦး။

ချစ်ကြည်အေး said...

အပွိုင့်မင့်က ဘယ်မှာ ယူမှာတုန်း...ဪ သိပြီ သစ်သားတံတား-ဝုဘရစ်ခ်ျ မှာ.....

ပုံ/ ဒဲ့ ပြောတတ်သူ စီကေအေ

Anonymous said...

တစ်ခုကိန်းထက်များတာတာတွေကြီးပဲ..

ယောက်ျားတော့၃ယောက်မယူနဲ့နော်.. ဟီ

ငွေလမင်း said...

ဒီလောက် များတဲ့ ပစ္စည်းတွေ ထဲ့တဲ့ အိတ်က တော်တော်ကြီးမှာပေါ့ အိတ်ပုံလေး မြင်ချင်ထှာ
လျော့သယ်လေဗျာ မဟုတ်ရင် လက်နာခါးနာဖြစ်တတ်တယ်

Anonymous said...

ညီမအိတ်လဲအဂလိုဘဲ
ခဏခဏရှင်းရတယ်


ချစ်တဲ့
ဗိုလ်