စီးတီးစကွဲသွားရတာ ပျင်းလာတာနဲ့ KSL ဆီသွားတယ် ဖဘထဲတော့မဟုတ်။ ရှော့ပင် မောအကြီးကြီးဘဲ ဆိုကြပါစို့ ။ အထဲမှာလဲ စုံနေအောင်ရှိတယ် ရုပ်ရှင်ရုံလဲရှိတယ် အချိန်မရတာရယ် ကြိုက်တဲ့ကားမတိုက်ဆိုင်တာရယ်ကြောင့်မကြည့်ခဲ့ဘူး. အပေါ်တက်တယ် အောက်ဆင်းတယ်။
အတော်ကြီးတော့ဝင်ခဲ့တဲ့အပေါက်ကို ပျောက်သွားမှာ စိုးလို့ အက်စကလေတာနဲ့ မှတ်ထားရတယ် ဒီ အက်စကလေတာ ကနေ ငါတက်ခဲ့တာဆိုပြီး အဲဒီဘက်ခြမ်းကနေဘဲ တက်လိုက် ဆင်းလိုက်. လုပ်နေတယ် လူလဲစည်တယ်။ အမြင်ဆန်းတာပေါ့ ဒီဘက် ကတစ်မျိုး ဟိုဘက်က တစ်မျိုးပေါ့ ဈေးတွေကတော့ကောင်းရင်ဘာမှ မပေါဘူး. တူတူဘဲ။
လဝကကနေ တက္ကစီစီးသွားရင်မလေးရှားပိုက်ဆံ တစ်ဆယ်လောက်တော့ပေးရမယ။် shuttle bus ဆွဲတာလဲတွေ့တယ်။
ဒီလောက်အကြီးကြီး ရှော့ပင် မောလ်သွားပြီး ဒီလောက်သေးသေးလေးဘဲ ဝယ်ရတာလဲအားနာပါတယ်။ တတ်နိုင်ဘူး တတ်နိုင်တာလေးဝယ်ရတာဘဲ ရှိတာလေးနဲ့ဝောငစား လှအောင်ဝတ်.
အရိပ်ထဲမှာ အစ်မပုံတွေ့တယ်လာမပြောနဲ့ ဖဘထဲက မင်္ဂလာဆောင်မှ ဓါတ်ပုံဆရာ ရိုက်သလို ဝမ်းလျားထိုးရိုက်ထားတာ ဘယ်ဘက်ကမှ မမိဘူး. မိလိုဲ့လဲမဖြစ်ဘူးလေ. ဒီမှာ ကြွားဝါထားသမျ သဲထဲရေသွန်ဖြစ်မယ်။
ဝါသနာပါလို့ဝယ်တာပါ ဝယ်နိုင်တာကလဲ ဒါဘဲရှိတယ်။ အဲသည်တော့ အဲသာဘဲ ဝယယ်ရတာတေပါ့။ ခဲတံထည့် ဘို့ လာတောင်းရင် တော့လဲေ ပး ရမှာပေါ့။
10 comments:
အ၇ွက်လေးတွေနဲ့ အိတ် ခဲတံ ထဲ့ချင်တယ်။
အို်င်အိုရာ
အရွက်ကလေးနဲ့ဟာက scarfထင်တယ်..မအိုင်အိုရာ..။
ကျနော်ကတော့ မီးခိုးရောင် အိတ်လိုချင်တယ်။
ခဥမထုံ ထင်တယ်..။
အက်စကလေတာကို အသေမှတ်ထားတယ်တဲ့။
Xထုံ
တော်သေးတာပေါ့။ အကြိုက်မတူကြလို့ ။ နို့ မို့ ရင် ပိုင်ရှင်က နောက်တခုထပ်ဝယ်ရမဲ့ကိန်းဆိုက်နေပြီ။ ကိစ္စမရှိပါဘူးလေ။ ကွန်းရဲ့ ဝယ်ချင်တဲ့ဆန္ဒလေးကိုဖြည့်ဆည်းပေးရာကျ
တာပေါ့။ စာဖတ်သူတွေ ကအလိုက်သိကြပါတယ်။
ဝမ်းလျားမှောက်ပြီး ဓါတ်ပုံရိုက်တာခံချင်ထှာ...း))
ဒီမှာနေတာ အတော်ကြာပြီ... အဲလိုshoppingတခါမှ မထွက်ဖူးဘူး မ ရေ.. မ ကတော့ ခဏခဏရောက်တယ်နော်... နောက်တခါဆို တန်ခူးကို အဖော်စပ်ပါလား... လိုက်ခဲ့မယ်
ဝမ်းလျားမှောက်နေတဲ့ပုံကြီး တွေ့ တယ်........ ဟီးဟီး...... ငါ့အစ်မက ချောသားဟ။
ကျွန်တော့်လည်းတစ်လုံးပေးပါ...၊ထည့်စရာ ခဲတံတော့မရှိ
ဘူး...၊အိတ်ရမှ ခဲတံဝယ်ထည့်ထားမယ်လေ....:D
ဟိုတယောက်က ထုံတယ်ဆိုတာ လွယ်တယ်မှတ်နေလား ဆိုတဲ့စကားကို ထပ်မံသက်သေပြသွားပြန်ပါပြီ..
ဈေးကြီးတာဝယ်ဝယ်၊ ဈေးသေးတာပဲဝယ်ဝယ်၊ ရှော့ပင်းမောထဲက အိပ်ဆွဲထွက်နိုင်တာကိုက ပျော်စရာကြီး.. အိပ်ပေါ်မှာ Sale ဆိုတဲ့ စာလုံးကြီးမပါရင် ပိုတောင်ကြိုက်သေးတယ်..
N/A
ဒီမှာ ကိုညိမ်းနိုင်
တောင်းပြီးရင်တော့ နောက်ပြန်မဆုတ်နဲ့တော့
ရှိတာပဲထည့်ထားလိုက် ဒါဗြဲ
အက်စကလေတာဆိုတာဘာလဲဟင်....
ဝမ်းလျားမှောက်ပြီးဓါတ်ပုံရိုက်ကြည့်ရမယ်..
Post a Comment