Friday, August 19, 2011

6 am

ဘလော့ညည်းငွေ့သွားတယ်ထင်တယ်. သိတ်မဖတ်ဖြစ်တော့ဘူး နဲနဲဘဲဖတ်ဖြစ်တော့တယ်။မဖတ်တာကို မဖတ်ဘူးလို့ပြောရတာ အားနာလိုက်တာ. ဒါပေမဲ့လဲသူ့ပရိသတ်နဲ့သူရှိနေကြတော့ကိုယ် တစိခါတစ်လေ မဖတ်လဲရပါလိမ့်မယ်။ လုပ်တာလဲကြာလာပြီမဟုတ်လား. ကြာတော့လည်းညည်းငွေ့တာပေါ့။ ပြီးတော့လဲ ပျော်တယ်ဆိုမှ နေပျော်တာ မဟုတ်လား အခု ဘလော့မှာလဲ သိတ်မပျော်တော့ဘူး.

ပျော်တယ်ဆိုတာ ချစ်ခင်သူရှိမှကိုး အဲသလိုဆိုောတ့လည်း မချစ်ကြဘူး မချစ်ဘူး လို့တော့လည်းမဆိုလိုပါဘူး. ပြောရင်လည်း ပိုရှုပ်တယ်။ လူမုန်းများအောင်ဘာလို့ပြောမလဲ တိတ်တိတ်ကေ ဘးဘဲနေပေါ့။

ဖဘ လဲသိတ်မဖတ်ဖြစ်ဘူး ကိုယ့်ဒုတ်ခနဲ့ကိုဘဲ များလွန်းတော့ဟုန်သတဲ့။ ရီတာစိတ်ည ညစ် မယ်ဆိုလည်းညစ်စရာဘဲ ဆောရီးပါ. ကိုယ့်ဖဘ တစ်ခုကိုအသေပိတ်ထားပေမဲ့ တစ်ချို့တွေ အသေပိတ်ထားတာတေါ ကြည့်ပြီါ်ဝင်ဖတ်ချင်နေတာ ကတော့ မတရာဘူး။



ရေးတာကော ရေးတာတော့ရေးမှာပေါ့။ ဒါက ကိုယ်ရေးတာလဲ ကိုယ်ရေးချင်တာကိုး။အများကြီးရေးဖြစ်ချင်မှလဲရေးမယ်။ နည်းချင်လဲ နည်းမယ်။ အများကြီးရေးပြီးပရိတ်သတ်အတွက်ပေးဆပ်ရတယ်ဆိုတာ မကောင်းပါဘူး ကိုယ့်ဘာသာကိုယ်ရးချင်လို့ရေးတာဘဲ ကောင်းပါတယ်။ ။ ပင်ပန်းလို့အိပ်ပျော်သွားတယ် မီးနစ်လုံးထွးန်မိတယ် အိမရှေ့ရယ် မီးဖိုမီးရယ် မနက်လေးနာ၇ီမှ ဖုံးလာမှ နိုးသွားတယ်။ မီတာ ခတွေ တက်ကုန်တော့မှာဘဲ ဆိုပြီးစိတ်မကောင်းဖြစ်တယ် မနက်လေးနာရီဖုံးဆက်တဲ့သူကို မကိုင်လိုက်ဘူး ကိုင်စရာလား။ စိတ်ဆိုးတယ် တစ်ကယ် စိတ်ဆိုးတယ် အလုပ်လုပ်ရတဲ့သူတစ်ယောက်. နစ်နစ်ြိခိုက်ခြိုက် sound sleep ရနေတဲသူတစ်ယောက်လန့်နိုးသွားတယ် ဘယ်လောက် သနား စရာ ကောင်းလဲ မောင်ရေခဲ ဆုတောင်းပြည့်သွားတယ်ပြန်အိပ်လို့မရတော့ဘူး။ စိတ် မကောင်းလိုက်တာ အခု အလုပ်သွားရတော့မယ် ခဏ ပြန်လှဲလိုက်ရင် တကစီစီးရမယတစ်ဆယ့်ခြောက်ကျပ်.

နောက်ကို ဖုံးကိုမနက် လေးနာရီ မဆက်ပါနဲ့ လူလိုသိပါ. ။ မပြောချင်လို့ မပြောဘဲ နေတာ ကို အခွင့်ကောင်းမယူပါနဲ့ ကျွန်တော်က ဖြင့် ဘာဖြစ်သွားလို့ပါဆိုတဲ့ ဆင်ခြေတွေ မပေးပါနဲ့ ။ ကိုယ့်အတွက်ဘဲ ကိုယ်မကြည့်ပါနဲ့ ဟုတ်လား ကျွန်တော်ဆက်မိသွားသလား ဆောရီးပါဆိုတဲ့မေ့ဆခ်ျ ကိုလည်း မနက်နစ်နာရီမှ မပို့ပါနဲ့။ တစ်ကယ်စိတ်ဆိုးတယ် အခု မနက် ခြောက်နာရီဆို. အလုပ်သွားရတော့မယ နစ်နာရီဆိုတဲ့အချိန်ဟာ အနားယူဘိုကအတွက် အလကားဖြစ်သွားတယ်။ ပြီးတော့တစ်ခါ ဒီနေ့က နေ့တာရှည်မဲ့ရက် ည ဆယ်နာရီ ဆယ်တ့စ်နာရီလောက်မှ အိမ်ပြန်ရောက်မဲ့ရ့က်. ။


ညက ငါးကျပ်ဘိုးထမင်းဝဝ်ထားပြီး မစားဖြစ်လိုက်ဘူး အိပ်ပျော်သွားတာနဲ့ ။ အခုမကောင်းတော့ဘူး. ဟင်း နဲနဲ နှိုက်စားပြီး လွတ်ပလိုက်တယ။် ဘိုက်ဆာတယ် အသုပ်စုံစားချင်တယ KKK .ဆီက. .. တိုင်ဝမ် သွာလည်ချင်တယ် မျိုးတို့ လို ဒါတ်ပုံရိုက်ချင်တယ်။ အဲသလို ရှူခင်းတွေ ကြည့်ချင်တယ်။ လှလိုက်တာ.
ရိုက်တဲ့သူတော်တာ လဲပါမှာပေါ့ သွားတဲ့သူတွေ ရှိပေမဲ့ တင်ပြတဲ့သူက နည်းတယ်လေ။ တင်ပြတဲ့သူဆီဘဲ သွားသွားရှူရတာပေါ့။ အခုဆို ပိုတောင်ဆွဲဆောင်မှုအားကောင်းလာပြီ မင်းသမီး မင်းသားတွေ ပါလာပြီလေ။

မှတ်ချက်

မင်းသမီးကို တစ်ခါ (အာဘွားပေးနိုင်သည်)

မင်းသားကို ( အာဘွားမပေးရ)

မင်းသမီ မင်းသားကို တစ်ခါ စီ ကလစ်ပါ. ပိုစ် တစ်ခုစီဖြစ်သည်။

15 comments:

Anonymous said...

ဒု

Anonymous said...

Anonymous said...

Anonymous said...

သော

TZA said...

ဟားဟား. အရဓးကတော့လုပ်ပြီ

ကိုကိုလတ်(ကြောင်ဖြုရှင်) said...

ဒီည ၃ နာရီ ခွဲ တိတိမှာ ဖုန်းခေါ်ဖို့  ဖုန်းနံပါတ် လိုက်တောင်းအုန်းမှ.......သိတဲ့သူတွေ အကြောင်း ကြားကြပါအုန်း။ ....... ပျော်ထှာ....... သူများ ဒွတ်ခ ရောက်တာ ကြည့်ပြီး ပျော်ထှာ. ... :D :D :D :D :D

Anonymous said...

မမ...ဖုန်းပိတ်အိပ်ပါ..။


ပုံ
Xထုံ

Anonymous said...

ပြောတော့ပြောချင်တယ် ဒါပေမယ့် မပြောတော့ပါဘူး
ဖုန်းဆက်ပြီး မမေးနဲ့ မပြောဘူး သတ်ချင်သတ်...
( စိတ်ပျော်အောင် စတာပါ အမ )

ယခု အချိန်အထိ ခင်မင်နေဆဲဖြစ်သော... ရဲထွန်းဇော်

ကိုအောင်(ပျူနိုင်ငံ) said...

အမ ပျော်အောင် သရဲနှစ်ကောင်လောက် ပါဆယ်ထုပ်ပြီး ပို့လိုက်မယ်၊ ယူမလား .... :P

ညိမ်းနိုင် said...

အေးလေ....ဆက်စရာလား ၄နာရီလောက်ကြီး....။
မင်းသား၊မင်းသမီးတွေလည်းကြည့်သွားအိ....:)

ကိုကိုမောင်(ပန်းရနံ့) said...

ကြာတော့လည်းညည်းငွေ့တာပေါ့

ဟုတ်ရဲ့လား အမ။ ကြာလေ စွဲလေ မဟုတ်ဘူးလား။း)))

ခင်မင်လျက်

ချစ်ကြည်အေး said...

မမဖုန်းနံပါတ် ခုပေးပါ၊ ဒီမနက် ၄နာရီဆက်မည်....

ပုံ / မင်းသားရော မင်းသမီးတွေကိုပါ သွားမတိုက်ဘဲ အာဘွားပေးလိုသူ

blackroze said...

မမ..
မနက်အိပ်ယာမနှိုးခင်ဖုန်းဆက်လာတဲ့သူ
လူပျိုကြီးအပျိုကြီးဖြစ်ပါစေဆိုပြီး
ကြော်ငြာစာရွက်ကပ်ထားလိုက်ပါ..

Blackroze

WWKM said...

မမရေ..

အလည်ရောက်လာပါတယ်.
ဘလော့ဂ်ကို သံယောဇဉ်တော့ ဖြတ်လို့မရနိုင်သေးဘူး မမရေ..ပို့စ်အသစ်လေးတင်ရင် Online မှာ အလည်လာကြတဲ့ Visitorsတွေကိုကြည့်ပြီး သံယောဇဉ် မဖြတ်နိုင်ဖြစ်နေတာလေ..ဒါပေမယ့် အရင်ကလို မဖြစ်မနေကြီးတော့ ပို့စ်မတင်ဖြစ်တော့ပါဘူး မမရယ်..ပို့စ်ရေးဘို့ အခွင့်အရေးရယ်(ကော်နက်ရှင်) ၊ရေးချင်စရာစိတ်ကူးလေးရယ် ရှိနေမှ ရေးဖြစ်လိုက်တော့တယ်။မနေ့ညက တစ်ညလုံး ပို့စ်ထိုင်ရေးပြီး Publish လုပ်မယ်လုပ်တော့ ကော်နက်ရှင်ကကျသွားပြီး တင်မရတော့ဘူးလေ..အဲဒါ မနက် ကွန်ပြူတာဖွင့်လိုက်တော့ ကော်နက်ရှင်ကကောင်းနေပြီး မနေ့က ဂျီမေးလ်ကနေ Send ထားတဲ့ ပို့စ်က သူ့အလိုလိုပို့သွားလို့ မနက်က ပို့စ်တက်သွားသေးတာလေ..ရေးပြီးသားပို့စ်ကို စိတ်ကူးမရတော့လို့ မတင်ချင်တော့တာနဲ့ save လိုက်တော့တယ်.:))
ဒါနဲ့....
မမကို မီးသိသွားပြီ..
ဟိုနေ့က ဧည့်သည်တစ်ယောက်လာလို့ စကားပြောဖြစ်ကြတာလေ..:))
ပြန်လာရင် ဆုံချင်ပါသေးတယ် မမ.
ဒါ့ပုံမရိုက်ပါဘူး စိတ်ချ. :)

မမ ကျန်းမာ ပျော်ရွှင်ပါစေ.

With love,

sister

War

T T Sweet said...

ဟုတ်ပ ... မနက် ၄နာရီကြီး ဘာလို့ ဆက်ကြတာတုံး ငါတို့ အစ်မကို ...

များတို့ကတော့ မနက်၎နာရီမဆက်ဘူး။ မနက် ၃နာရီ တစ်နာရီ စောဆက်လိုက်မယ်နော် ...း))