Thursday, August 4, 2011

Hanna

အက်ရှင်လဲမကြည့်ချင်ဘူး။ crime လဲမကြည့်ချင်ဘူး။ Mystery (?) လဲမကြည့်ချင်ဘူး ။ ဒါပေမဲ့ Hanna ကိုကြည့်ဖြစ်သွားတယ်။ ၁၆ နစ်သမီး ကလေးမတစ်ယောက်ရဲ့ဇတ်လမ်း အဖေနဲ့ ရေခဲ တဲ့အရပ်မှာနေတယ်။ အဖေကနေ တိုက်ခိုက်စွမ်းရည်တွေ လေ့ကျင့်ပေးတယ်။. ပြီးတော့လူတွေ ကြားထဲရောက်လာတယ်။ တိုက်ခိုက်တာတွေ ပြေးလွားတာတွေ ပစ်ခတ်တာတွေ …..နဲ့။


ရှုခင်းတွေ ကြို့က်တယ်။ ရေခဲတာတွေပါတယ်။ Europe ပါတယ်။ မြင်ရလေ့မရှိတဲ့ရှုခင်းတွေ ပါတယ်။

ကြည့်လို့တော့ကောင်းတယ် . ဆွဲဆောင်မှူရှိတယ်ထင်လို့ ရှာဖတ်ကြည့်တယ်။ အစအဆုံးသေချာထိုင်ကြည့်တယ်။ review ဖတ်တယ်။ တစ်ချို့ကလေည်းးကြိုက်တယ် . တစ်ချို့က တော့အားမပေးထားဘူး. လူအမျိုးမျိုးစိတ်အထွေထွေပေါ့.။ Resident Evil လိုမျိုးတော့မဟုတ်ဘူးတဲ့. နဲနဲ ၈၀ ဆန်တယ် ဆိုတာလဲတွေ့တယ်။ ဒါကြောင့် မို့ ငါကြိုက်တာ ထင်တယ်လို့ စဉ်းစားမိ ရသေးတယ်။ သားတို့မမွေးသေးဘူးပေါ့.။

8 comments:

ဖိုးတုတ် said...

ခရီးထွက်၊ ရုပ်ရှင်ကြည့်၊ ဈေးဝယ် နဲ. ဒေါ်လေးကွန်းရဲ့ ဘ၀က beautiful life လို.ပဲ ဆိုရမလားမသိဖူး၊

Hanna မကြည့်တော့ဖူး၊ ဇတ်လမ်းသိသွားလို.၊

ပျော်ရွှင်ပါစေ

စန္ဒကူး said...

မနေ့ညကဘဲ အဲဒီကားကြည့်နေတာ..
သရုပ်ဆောင်ကောင်မလေးက The Lovely bones ထဲ ကမင်းသမီးလေး။ သူက အဲလို နဲနဲ စိတ္တဇဆန်တဲ့ ကားတွေရိုက်သလားလို့..

Anonymous said...

ရုပ်ရှင်ရုံမှာ အစ်မကို တွေ့လိုက်တယ်

နေ၀သန် said...

ဟုတ်ကဲ့.. သားလည်း မမွေးသေးဘူး.. :D


ခင်မင်လျက်
နေ၀သန်

စော(အဝါရောင်မြေ) said...

ွှုအင်း ဒီတခါတော့ ဘာပုံမှကို မပါဘူး။ စိတ်အေး၊ လက်အေး အနားယူတာ ထင်ပါရဲ့ ။

မဒမ်ကိုး said...

တို့အမပဲအေးတယ်..
မှတ်ထား..အေးဆေးပဲ...း)

ခင်တဲ့
မဒိုးကန်

Anonymous said...

ရုပ်ရှင်ရုံထဲက အိမ်သာရှေ့မှာ ဓါတ်ပုံရိုက်နေတာ တွေ့တယ် ....

ပုံ... ကေအယ်မှ တရုတ်ကြီး

Unknown said...

IMDB မှာ 7.1 ရထားတယ်။မမခင်ဦးမေ ညွှန်းလို.ကြည်.ဦးမယ်။ ၈၀ကို သမီးတို.လဲမှီတယ်။ :)