Monday, August 1, 2011

လာဖတ်ပါ.။ ပြီးပြီ. KL (10)



ထိုနေ့ညက မိုးချုပ်သော ဂျန်တင်းကားကြီးသည် ကေအယ်သို့ ရောက်ရှိလေ၏။ အမည်သိသော်လည်းမေ့သွားသော MRT အနီးတွင် ဆိုက်ရောက်၏. အနီးရှိ သန့်စင်ခန်းသို့ယိုင်ထိုးယိုင်ထိုး ကျွတ်ကျွတ်..ကျွတ်ဖြင့်ဝင်ရောက်ကာ မျက်နာသစ်၏. ခြေလက်မျက်နာဆေးကြော၏. အကျီလဲ၏. ပြားနစ်ဆယ်တန်လေစွ. အားနာသော်ငြားလည်းမတတ်နိုင်.. တစ်နေ့သုံးခါ ရေချိုးလေ့ရှိသောသူအတွက်. အိုက်လှပေ၏.

သူမကို အမြဲတမ်း ပြားနစ်ဆယ် တန်ဟုကားမသတ်မှတ်စေလို. twin tower တွင် အထပ်ပေါင်းများစွာနှိုက် free rest room များရှိသော်လည်း သူဖြတ်လျှောက်မိသော အထပ်နှုက်ကား အထူး rest room ကိုတွေ့၏. နစ်ကျပ်ပေးရ၏. ကေပိုစိတ်ဖြင့်ဝင်ရောက်ကာ စပ်စု၏. ပိုမိုသန့်ရှင်းသားနားကာ သန့်စင်ဆေးမျးတွေ့၏. မျက်နာလန်းဆန်းဆေး. လက်ဆေးရည်. ဘာမှန်းမသိသောဘူးမျိုးစုံတွေ့၏။ ဗဟုသုတရ၏။



မြှိုထဲသွားရန်အနားရှိကားအငှားကားကိုစုံစမ်းရာ မလေးဆယ်ငါ့ကျပ်ဆိုသည်. ဆယ်နစ်ကျပ်ဆစ်ရာမရ.. .မရ..နေ…….ရထားစီးမည်ဆိုကာ စီး၏. နစ်ကျပ်ဝန်းကျင် ခန့်ဖြင့်မြို့ထဲရောက်လာ၏. ဆယ်မိနစ် ဆယ်ငါးမိနစ်ခန့်သာစီးလိုက်ရသည်ထင်သည်. တန်ပေစွ.. မိမိဆုံးဖြတ်ချက်မှန်သည်ဟု ကိုယ့်ကိုယ်ကို ချီးကျူးရွေ့ မဆုံးချေ.



ဘူကစ်ဘင်တန်သို့ပြန်လည်ရောက်ရှိလာ၏. စည်ကားလှပေစွ. လူများစွာမြင်ရ၏. သူချင်းများဆိုသူ ဆို၏. ကသူက၏. ကင်မရာဖြင့်ရိုက်သူရိုက်၏.




ဗီဒိုရိုက်သူရိုက်၏. Live လွင့်သူလွင့်၏. မည်သူမျှ မိမိကိုမရိုက်သော်လည်း ပုန်းလျှိုးကွယ်လျှိုးဖြင့် ဖြတ်သန်း.၏. ပွဲကြည့်၏. လူများစွာပျော်ရွင်ကြ၏. ဝအောင်ကားမကြည့်ရ..




သန်းကောင်ဝန်းကျင်ပြန်ရမည်ဖြစ်ရာ ကားစုံစမ်းရန်ရှိသေး၏။



ဟိုသွားဒီလာဖြင့်အတော်ဟိုက်သွား၏. လူငယ်လေးတစ်ဦးအသွင်ဆင်ယင်ထားသော်လည်း.လူက မငယ်လေရာ ဟိုက်ချေ၏။ တက္ကစီကားငှားရခက်ချေ၏.



တစ်လမ်းမောင်းဖြစ်ရုံမက လူများစွာ crowed ဖြစ်လေရာ လးမ်လျောက်နှူံးနင့် မတိမ်းမယိမ်းဖြစ်ချေ၏. စီးချင်သော်ငြား ကားများအားလုံးလုံးလို့ hired ဖြစ်နေ၏.



နောက်ဆုံး စလုံးပြန်ရန် ကား အဆင်ပြေသွားသော် အတော်မောသွား၏။ ၁၀၀ + တစ်ဘူးသောက်ရ၏။ စည်ကားသော ဘူကတစ်ဘင်တန်အနီးရှိ. လမ်းသို့ လျှောက်၏.ေ ခါက်တုံ့ခေါက်ပြန်. ခင်မျိုးချစ် အမျိုးများစွာတွေ့ရ၏. အမျိုးများကလည်းမှတ်မိ၏. အစ်မ အစ်မ စားပါသောက်ပါ ဘာရှိတယ် ညာရှိတယ် ဟု မြန်မာလိုဖိတ်ခေါ်ကြ၏။ အမျိုးများက မိမိကို မည်သို့မည်ပုံ recognize လုပ်နိုင်သည်ကိုကား မမေးလိုက်ရချေ. တစ်ယောက်မဟုတ်. နောက်တစ်ယောက်က စားပြီးပါပြီလား ဟု ချိုသာစွာ နှူတ်ဆက်၏. ပျောရွင်ဖွယ်ရာပါပေ။



စားခဲ့ရပါသည်. ယုံချင်ယုံမယုံချင်နေ။ ငါးပေါင်း. . ကိုက်လန်. သင်္ဘောသီးထောင်း. ဖရဲသီးဖျော်ရည်. ကိုကာကိုလာ. ဒါတ်ပုံတော့မရိုက်ဖြစ်တော့........



စင်ဒရဲလားကဲ့သို့ကိုယ့်ကိုယ်ကိုထင်နေသော သူသည် သုတ်ခြေတင်ကာ မြိုချပြီးသကာလ ကားဂိတ်သို့ပြေးရ၏.။ တစ်ယောက်ထိုင်ခုံကိုရွေးချယ်၏. အတော်မှောင်နေပြီဖြစ်သည်.။ ကားဂိတ်မသွားခင်. အနီးရှိ ကာကာဆိုင်သို့ဝင်ကာ မုန့်မစားဘဲနင့် tandas ဝင်လိုက်သေး၏.။ အားနာသည်မှာ ပြောဖွယ်ရာမရှိ. . အို………သူတို့ခွင့်လွတ်မှာပါလေ ဟု ဇွတ်ပင် ခွင့်လွတ်ခိုင်းကာ. မိမိစိတ်ကို ချမ်းသာစေ၏။




မတန်ချေ။ ကားထွက်ပြီးမကြာခင်ပင် အနီးရှိစားသောက်ဆိုင်သို့ဝင်ကာ မစားသော်လည်း အညောင်းဆန့် tandas နိုင်၏. ဤသို့သိလျှင် ကာကာ’s ဆိုင်သို့အားနာစွာမဝင်ခဲ့ချေ. . ပြီးသော် express ကားကြီးသည်မနားမနေမောင်းချေသည်. သူသည်လည်း အိပ်ချေသည်. အိပ်ရွေ့အတော်ကောင်း၏. အဲကွန်း အေးစွာ ခုံလည်ကောင်းသည် ဆိုဖာကြီးတွေ မှာ အိနေ၏. ခြေတန်းလည်းပါသည်. အရပ်ပုလေရာ ခြေတန်းမပါလျှင် ခြေထောက်မြေကြီးမထိချေ. အားကြီးခက်၏. ရှိသောအထုတ်ကို ခြေတန်းလုပ်ရ၏။။

Johor သို့လင်းအားကြီးရောက်၏. ကြိုဆိုဝဲကမ်း်ကျသော ကားဆရာများနောက်လိုက်သွား၏. ပူစရာမရှိပါ / ကားခမလေးတစ်ဆယ်ကျော် ပေးရ၏။ မလေးလဝက ရောက်၏. ဖြတ်၏. စလုံးရောက်၏. ရထားစီး၏. ကားစီး၏. အိမ်ရောက်သည်။

ဤခရီးသည် ကွန်ပြူတာနင့်မျက်နာအပ်နေသော သူအတွက် အတော်ကို စိတ်ချမ်းသာခဲ့ ရသောခရီးစဉ်တစ်ခုဖြစ်၏. ကွန်ပြူတာကို လုံးဝ မကြည့်ချင် အောင် စိတ်နာနေသူတစ်ဦးအတွက် စိတ်ချမ်းသာရ၏.။။။။။။။။။

အိုင်ပြန်လာခဲ့မယ်ကေအယ်။

25 comments:

Anonymous said...

အမကို ညဈေးတန်းမှာ မြင်လိုက်တယ်

ကိုကိုမောင်(ပန်းရနံ့) said...

ထပ်သွားဦးမှာလား။

Unknown said...

လာဖတ်ပါလို.မပြောလဲ လာဖတ်မှာ မမခင်ဦးမေ။
အသီးတွေစားချင်စရာကြီး။ဈေးပေါပီးကောင်းမဲ.ပုံ။ဂွတ်။

မေသိမ့်သိမ့်ကျော် said...

လာဖတ်သွားတယ်။ KL မှာသွားလည်နေတာကိုးးးးး။


ခင်မင်လေးစားလျက်

An Asian Tour Operator said...

နှစ်ကုန် ခါနီး တစ်ခါထပ်လာ မယ်ဆို မိဘပြည်သူများ ကို အကြောင်းကြား ပါ။ ဖလားဝါး ဂါးလင်း နှင့် ကြိုဆိုမည်။

Anonymous said...

နောင်နှစ်ခါလည်း ဆီးလို့ကြိုမယ် မယ်ကြီးလာပါကွယ် လာပါကွယ်.. ဘူတာရုံ မှာ တီတီဝမ်ဆာ ဟု အမည်တွင်လေ၏...

စော(အဝါရောင်မြေ) said...

အမရေ ကိုစိတ်ကို ဘယ်နေရာမှာမှ မအပ်နှံထားတာက အကောင်းဆုံးပဲ ထင်တယ်။
စိတ်ချမ်းသာမယ်လေ။
ဘာလို့ လဲဆိုတော့ ကိုယ်စိတ်တောင် ကိုယ်မယုံရတာကိုး။

CV said...

ယူအာဝဲလ်ကမ်းkom

(ပုံ/ကေအယ်)

မိုးယံ said...

ပြန်လာခဲ့ပါ အိုင်ရယ်.... အနော်တို့ ဆိုင်မှာလဲ ကာကာ မသောက်ပဲ တန်းဒါ့ ၀င်နိုင်ပါတယ်...

အနော်တို့ ဆိုင်က မဖွင့်သေးဘူးနော်... အဟဲဟဲ


ဒါကြောင့် ဟိုနေ့ည က အာလော နားဝယ် မြင်မိတယ် မှတ်ထှာာာာာာ ဘယ်ဟုတ်မတုံး မမကွန် ဖြစ်နေသကိုး... တစ်ခါမှ မမြင်ဖူးတော့ တူတယ်လို့တော့ ကြည့်နေသား... လူမှားမှာစိုးလို့ မခေါ်တာ.. ဟီးဟီး။

T T Sweet said...

လာဖတ်သွားပါပြီ။ ခရီးကအပြန် စိတ်ချမ်းသာတယ်ဆိုလို့ ၀မ်းသာပါ၏။ အားလည်းကျပါ၏။

P.S
KL သွားတိုင်းအမျိုးတွေတွေ့ရတာ များလဲပျော်တယ် ။

Anonymous said...

ပုံကြည့်လို့ ကောင်းတာပဲ သိတယ်း))))))x-

Anonymous said...

မဖြစ်နိုင်တာ ဒီလောက်ဝါးတာ။

Anonymous said...

အရီးစိတ်ချမ်းသာလျှင် ပြီးပြီ။။။

ကြယ်စင်အလင်း said...

ဖတ်ပါတယ်.။ ပြီးပါပြီး)

Anonymous said...

သွားလိုက်လာလိုက် ပြန်လိုက်လည်လိုက်နဲ့
ပျော်စရာကြီးပဲနော်။

အပြုံးပန်း said...

Twin Tower Rest room က နှစ်ကျပ်ပေးရပေမယ့်
ဆားဗစ်ကောင်းတယ်နော်၊
လက်ဆေးပြီးတော့ တစ်ရူးကမ်းပေးတဲ့လူရှိတယ်၊
ဘေဆင်က ရေတွေကို သူတို့က ချက်ချင်းသုတ်တော့တာပဲ။

ညိမ်းနိုင် said...

လာမဖတ်ပါနဲ့ပြောလဲဖတ်မယ့်သူပါဗျာ...:)
ကေအယ်ခရီးစဉ်ဤတွင်ပြီးအိ..ပေါ့နော်...
သွားကြည့်ဦးမယ်...အစ်မကွန်လိုမျိုး....:))

Anonymous said...

ရေးထားတာတွေ ဖတ်ပြီး ရယ်လိုက်ရတာ.။
ဘေးက cc ကတောင် ဘာဖြစ်တာလဲ မေးယူ
ရတယ်..။



Xထုံ

အိမ်မက်စေရာ said...

မမ စီဘောက်မှာ စာရိုက်လို့ မရလို့..
ညီမကိုတဂ်ပို့လေး တစ်ပုဒ်လောက်ရေးပေးလို့ရမလားနော်.. ကျွန်မကြိုက်၏ မကြိုက်၏ ..လေ..အားရင် လာလည် ပြီး မ လဲ ရေးပေးပါနော်..

mstint said...

ဗဟုသုတလေးတွေ အများကြီးရသွားတာမို့ ကျေးဇူးပါနော်။ ခရီးသွားတာ အန်တီလည်းနှစ်သက်တယ်။
စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဒါဝိဒ် said...

မြန်မာစာတော့ မြန်မာစာဘဲ
၁ ယောက်ထဲ ဖတ်ရင်း နားမလည်သော်
ခရီးစဉ်အကြောင်းနားလည်နိုင်ဖို့
စစ်ကူခေါ်လိုက်ရသေး၏
ကောင်းလေစွ..
ကောင်းလေစွ....

Angelhlaing(May everybody be happy and healthy! said...

မမရေ ခရီးသွားရတာ နှစ်သက်သူမို့ သူများသွားတာလေးကိုပဲ ကြည်ံပြီး အားကျမိတယ်...:)

...အလင်းစက်များ said...

ရှင်သရဲလားအိ ကေအယ်လ်ပိုစ့် ပြီးချေပြီတကား.... သတ်ပုံအလွန်မှန်နေလေရာ.... အကျနုပ်မှာ... ပေါ်လီKOM အစစ်အမှန်တစ်ယောက် သက်ရှိထင်ရှား ရှိလေသေးရဲ့လား ဟု သံသယ ဖြစ်မိလေတော့သည်။

ဘသို့ ပင်ဖြစ်စေကာမူ ဓါတ်ပုံဝါးတားတားလေးများက ဟုတ်နေပြန်ကြောင်း သက်သေပြ နေပြန်လေသည်တကား။

ကိုဇော် said...

ကျနော်က အခုမှ ပြန်ရောက်တယ်။
မမကွန်က ပြန်ပြီပေါ့လေ . . .

Yee Mon said...

လာဖတ်သွားပါတယ် .အမရေ ..