Wednesday, August 31, 2011

thinking about you..



ထိုအချိန်က သူမသည် သူ့ကို ပြင်းပြင်းထန်ထန်သတိရခဲ့ပါသည်။ လွင့်မျောနေသော အတွေးများ နင့်အတူ ငေးမောရင်း. ငြိမ်သက်စွာရပ်နားထားသော ကားများကို ကြည့်ရင်း..သူ့ကိုသတိရခဲ့ပါသည်. ..သူ............သူမချစ်သောသူသည် မည်သည်ကို ရောက်နေမည်လဲ ဆိုသည်ကို သူမမတွေးလိုပါ. တစ်နေရာတွင်ရှိနေပါလိမ့်မည်.. သူမကို မေ့နိုင်မည်ဟုလည်း သူမယုံကြည်ပါသည်။ ချစ်သူများသောူ သူ တစ်ယောက်အဖို့သူမကို မေ့နိုင်ရန်ခဲယဉ်းမည်မဟုတ်ပါ။




မလေးရှား ကြက်ကြော်ဖြစ်ပါသည်.။




သူမနစ်သက်သော စားစရာများဖြစ်ပါသည်. ဘိုက်ဆာလျှင်အအေးကို မော့သောက်ရွေ့ ခေါက်ဆွဲကို ပြုတ်စားသော.. နွားနို့်နင့်ပေါင်မုန့်ကို စားတတ်သော သူမသည် မချက်ရလျင်ပြီးရောလူမျိုးဖြစ်ပါသည်. ဆာသည် မှာ ဖြည့်စွက်ရန်သာ ဖြစ်ရွေ့ ခံစားမှူမရှိပါ။ ဆီကိုတော့မော့သောက်ရွေ့မရပါ.။




အိတ်များကို မြင်လျှင်ဝယ်ချင်သည်မှာ သူမ၏ေ ရာဂါဖြစ်သည် အိတ်ပေါင်းစုံ ဆိုက်ပေါင်းစုံ သုံးနိုင်သည်က နည်းနည်း ပေးသည်ကများများဖြစ်ပါသည် .တန်ဘိုးမရှိသောလလည်းသူမ နစ်သက်ပါသည်.။ LV တော့မဝယ်နိုင်သေးပါ. အိုမီဂါ/ tissot/ ..etc.. သည်လည်းသူ မစိတ်ကူးယဉ်ထားသောအထဲတွင်ပါသော်ငြား. မပြောရက်ပါ. လောလောဆယ်တွင် နစ်ဆယ်တန်နာရီသာ သူမပတ်ပါသည်. အချိန်သည်သူမနင့်ကွဲကွာရွေ့မဖြစ်ပါ. သူမအတွက် အချိန်သည် လိုအပ်သည်။



တီလုပ်မုန်ံဟု သူမ အလွယ်ခေါ်သော နစ်ကျပ်ကျော်ခန့်မုန့်သည်လည်း မကြာခဏဝယ်သော အမျိုးထဲတွင်ပါပါသည်ဘရီတ်ဖတ်ကို ထိုင်စားခွင့်မရသော သူမသည် လမ်းသွားရင် ထိုမုန့်ကို ဘိုက်ထဲထည့်ကာ ရေပုလင်းထုတ်ကာ မော့သောက်ခြင်းဖြင့်ဘရိတ်ဖတ်သည် ပြီး၏. ကော်ဖီ ဘူးကိုလက်က မော့သောက်ရာ စက္ကန့်နစ်ဆယ်ခန့်သာကြာသည်. . ဝမ်းနည်းခြင်းမရှိပါယ သူမရွေးချယ်သော လမ်းဖြစ်ပါသည်။



စလုံးလာခကာစ ဘီးတစ်ချောင်းနင့်လာသော သူမသည်ယခုအခါ ဘီးအတော်များနေပြီဖြစ်သည်. ဟိုလိုဘီး ဒီလိုဘီး ဘီးပေါင်းစုံ ဘီးကျဲ ဘီးစိတ်. ဘီးသေး ဘီးကြီး. တစ်ကျယ်တန်ဘီး နစ်ကျပ်တန်ဘီး သုံးကျပ်ခွဲတန်ဘီးများဖြင့်ရှုပ်ထွေးနေခြဲီ့ပီဖြစ်သည်.




လက်သည်းဆိုးလေ့မရှိသော လက်သည်းမရှိသော လက်ကြမ်းကြီးဖြစ်သော လေးထောင့်လက်ဖြစ်သော သူမသည်. ဤဘူးကို ဝယ်သည်မှာ အကြောင်းထူးမရှိပါ. . မျက်တောင်တုကတော့သူမ လုပ်ချင်နေသော အလုပ်ဖြစ်သည်. ယခင်ကဝယ်ဖြစ်သော်လည်းမသုံးလိုက်ရ. ဟိုထိုးဒီထိုးဖြင့်ပျောက်သွားပြန်သည်. ဤတစ်ခါတော့သုံးကြည့်ချင်ပါသေးသည်. ဖလက် ဖလက်လုပ်ခါ ဟိုကြည့်ဒီကြည့် ကြည့်ချင်ပါသေးသည်.



လည်ဆွဲများဖြစ်ပါသည် နစ်ခုဖြစ်သည် . သေချာရိုက်သော်ငြားလည်း တမင် ရုပ်ဖျက်ရိုက်သလားထင်မှားရအောင်ပင် သူမ၏ လက်ရာများသည် သေသပ်လှပါသည်။ ယုံနိင်ဘွယ်ရာပင်မရှိပါ. သူမ၏ လက်ရာကို စာမှီအောင်ဖွဲ့သွားသော။ သူငယ်ချင်း ဘလော့ဂါများ ကို နာမည်ကျော်ပိုစ်များ သူတို့၏ ထင်ရှားသော ဂုဏ်ပုဒ်များကို မြင်ခဲ့သမျှ ကို စာဖတ်အားကောင်းရုံမက မှတ်ညဏ်ပါကောင်းလှသော မြစ်ကျိုးအင်း ( ဘလော့ဂါပွဲဈေးတန်း (၂) ကို ကျေးဇူးတင်ပါသည်။ မြစ်ကျိုးအင်းတင်မက ညီလင်းသစ်. theingara. နင့်တစ်ကွ သူငယ်ချင်းများ အားလုံး sc မသီတာ စုစည်းထားသည် နင့် အတူ ကို ဘလော့ဒေး အမှတ်တရရေးရာတွင် ထည့်ရေးသောသူများ မရေးသောသူများအားလုံးကို လည်းကျေးဇူးတင်ပါသည်.။ အားလုံးကို ချစ်ပါသည်။ ဘယ်သူ့ကိုပိုချစ်သည်ဆိုသည်မှာတော့ သိမည်ထင်သည်။ သို့အတွက်ကြောင့်..................

မှတ်ချက်
မချစ်တတ်တတ်သောသူ .ကိုယ်လိုလူဖြစ်ချင်ပါသည်.

Monday, August 29, 2011

မွတ်ကွန်




အိမ်ပေါ့်တက်ခါနီး ဖုံးလာတယ် ငှက်ပျောသီး သဘော်သီး လက်ကဆွဲလို့ပေါ့. ချစ်လှစွာသောတစ်ဦးတည်းသော မောင်လေး. သဘောင်္သားဆီက.. သူ့သဘော်က မိတ်ဆွေ နဲ့ လူကြုံပါးလိုက်တယ် သွားယူပါ..ဆိုတာ ချက်ချင်းဆိုသလိုဘဲ တကစီကောက်စိးပြီး လူကြုံနောက်လိုက်ရတယ်။ တိုင်ဆီက သု့းံဆယ်ကျော်ကုန်တယ်။




အဲသည်ဆီရောက်တယ် ငှက်ပျောသီးတွေ ပေးလိုက်တော့တယ် စားချင်သူတေါ စားဘို့



သဘော်သီးကတော့သူတို့လဲဒါးပါတာမဟုတ်. နမျှောတယ်ဆိုတာကိုယ်ကစားချင်လို့ဝယ်လာတာဆိုတော့ လွတ်မပစ်ရက်ခဲ့ဘူး နစ်ကျပ်တန်ပေမဲ့.




မနက်လေယဉ်စီးမဲ့သူတွေထဲက လမ်းထွက်ချင်နေကြတဲ့သူရှိတယ်။ ကောင်လေးတွေ ဆို ကူညီတဲ့သူမို့လို့ မွတ်စတာဖာ နစ်ဆယ်လေးနာရီဖွင့်တယ်ဆိုပြီးခေါ်လာတယ် တိုင်စိဘီုး နစ်ဆယ်ကျော်ကုန်သွားပြန်တယ်။




ဗွီဒီယိုကင်မရာဝယ်ချင်တယ်တဲ့ ..နားမလည်ပေမဲ့. ဝယ်ကြပြန်တယ် .....မိုျးချုပ်ြ့ပီ ပြန်တော့မယ် ကိုယ့်ဘာသာကိုယ်ကြည့်ကျက်ပြန်တော့ဆိုပြီး. ပြန်မယ်လုပ်ြီပီးကာမှ ကိုယ့်ဘာသာကိုယ်ပတ်နေတာ မနက်သုံးနာရီရောက်သွားတယ်။ စည်တယ် ညက မအိပ်ကြဘူး.




.
အထွက်မှာ ကြည့်လိုက်တာ အထဲမှာ capacity လေးရာကျော်လက်ခံနိုင်တာမှာ နစ်ရာကျော်ရှိတယ်လို့ ကွန်ပြူတာ စကရင်ကပြနေတယ် အံသြစရာဘဲ ငါလိုလူမျိုးမနည်းပါလားသိလိုက်ရတယ်။





ပြန်တော တိုင်ဆီဘိုးနစ်ဆယ်ကျော်ကုန်ပြန်တယ်.



ပိုက်ဘာလုပ်ဘို့လဲ သုံးဘို့ဘဲ. မထူးဘူးလေ ဟိုမှာသုံးမလား ဒီမှာ သုံ့းမလား.. အင်းဟင်.

Friday, August 26, 2011

ကွန်ဒိုင်

အမှန်တော့ ဘလော့အကြောင်းရေးမလို့ဘဘဲ ဖဘထဲဝင်ကညော့လိုက်တာ ဖီလင်ပျက်သွားတယ်။ စီပု့းဖတ်မယ်ဆိုပြီးဖွင်ထားတာ မဖတ်ရသေးဘူး။ စီပုံးမှာဝင်ပြောတာနဲ့ အချိန်ကုန်သွားတယ်





အ အချိန်ကုန်သွားော့ဘာဖြစ်သွားလဲ နောင်တ ရသွားတာပေါ့ ။ လူမိုက် နောက်မှ နောင်တရဆိုတာ အလကား စကားပုံဖြစ်လာတာမှ မဟုတ်ဘဲ တို့ကိုကြည့်ပြီးပြောလို့၇တယ်။




မရေးဘဲနဲ့အိပ်ပါလားဆိုရင်လဲမဖြစ်ဘူး။




ဘိုက်ဆာတယ်. ။ မချက်ဘူးမဝယ်ဘူး . ။ ဖဘနဲ့ဘဲအသက်ဆက်ရှူတယ်။ မဝဘူး. ။မဝဆို သူရို့ချည်းဘဲစားကြတာကိုး။




ရန်ကုန်မှာတုံးကပန်းဆိုးတန်းမှာ လမ်းလျောက်ရင်းနဲ့အနော်ရထာပေါါ်က မုန့်ဆိုင် မုန့်လက်ဆောင်းရွေရင်အေးတွေ့လို့အားရဝမ်းသာဝင်ထိုင်ခဲ့တယ်။




ဒီတစ်ခါစကော့ဈေးမရောက်ဘူး





မရောက်ဘူးဆို ပိတ်ရက်တွေများတာကိုးအဲသည်တုံးက



မှတ်ချက်
ဘလော့ရေးတာမကောင်းဘူး နောက်တစ်ခါ ဂျာနယ်ထဲပါအောင်ရေးရမယ်။ (my ရည်မှန်းချက်) ခလုပ်တိုက် .ခွေးလိုက် ဖားပြုတ်ကိုက်ရေးနေတာ ကြာပီ။ မြွေပွေးမကိုက်တာတော်သေး။

Wednesday, August 24, 2011

ရေးချင်တာရေး. ကျွတ်ကျွတ်.

နေ့လည်က မိုးရွာတယ် အုံးအုံးနဲ့ ကို ရွာတယ် ထီးဆောင်းတာတောင်မလုံချင်ဘူး. .မနည်းဆောင်းယူရတယ် ပြန်ဖျားမလားတောင်စိတ်ပူမိတယ်။ ညနေက ကျတော့မိုးကတိတ်သွားပြန်တယ။် နေသာတယ် နေမင်းကြီး အတော်လင်းတယ်။




ဘိုက်ဆာလို့ ညနေစာစားတယ် မနက်စာလဲစားပါတယ။် မရှိုက်ဖြစ်တာ. လူမရှင်းဘူး ညနေကတော့လူရှင်းနေတဲ့နေရာမှာဆိုတာ့ ဟန်ဒီဂျုးဖျော်ရည်ရယ် ထမင်းကြော်ရယ် စားလို့တော့ကောင်းပါတယ် ခပ်ခြောက်ခြောက်ဘဲပေါ့ ဒီကလည်းအခြောက်ကြို့်တာနဲ့အတော်ပါဘဲ။ အချဉ်လဲထည့်လိုက် ထမင်းလဲ မြုံ့လိုက်. အအေးလေးသောက်လိုက်နဲ့ အိမ်မပြန်ချင်တာနဲ့ အချိန်ဆွဲစားတယ။် ကွန်ြူ့ပူတှာေ့ထိုင်ရင်မထသလို အိမ်ကိုပြန်ဘို့ ပျင်းတယ်။ အိမ်ပေါ်ရောက်ရင် ပြန်မထွက်ချင်ပြန်ဘူး ခက်တယ် သိတ်ခက်တယ်။ ထွက်ချင်ပြန်အောင်လို့ဆိုပြီး taxi စီရတယ် ဒီနေ့မနကက်က ဆယ်ခုနစ်ကျပ်ကုန်တယ်။ ပိုက်ဆံလားမချွေတာချင်တော့ပါဘူး လူသက်သာစိတ်ချမ်းသာဘို့ဘဲစိတ်ကူးတော့တယ် ။ ကိုယ့်ကိုယ်ကိုစိတ်ချမ်းသာအောင်ထားရမယ် ဒီလောက်ရုန်းကန်နေစရာအကြောင်းမရှိဘူး သက်သက်သာသာပေါ့.



စားစရာတွေတင်ရတာ အားမရှိပါဘူး ဖဘထဲမှာ ဒီထက်မကေင်းတဲ့စားစရာတွေ တစ်ပုံတပင် ဘလော့ဆိုတာရဲ့အဓီပါယ် ကို နားမလည်ပေမဲ့ ဖျက်စီးသလိုများဖြစ်နေမလား. ဘာအေ ခြအမြစ်ဗဟုသုတမှမပေးနိုင်တာကို ဘာလို့ရေးနေတာလဲ. . အဖြေမရှိပေမဲ့အဖြေသိပါတယ်။ အတွေ့အကြုံကို မျှဝေတာပါ ဆရာမ။ သူများတွေ ကဘာလို့မရေးဘဲ မင်းကရေးနေတာလဲ ဖြေစမ်း. အာ. ဒါတော့ သူတို့ကိုဘဲမေးပါဆရာမ.




သွားတိုက်ဆေးတွေ ကြညြ့်ရင်

ဟင်. အိမ်မှာလူတွေ အများကြီးပါလားထင်မယ်။ ဒါကေိုကြ ည့်ချင်းအားဖြင့်ဘာလောက့ပိုင်ရှင်ဟာ စိတ်မဆုံးဖြတ်မပြတ်သားဘူး ကိုးဂိတ်လိုလို. Darlie လိုလို တစ်ခြားဘရန်တစ်ခုခုလိုလိုနဲ့ ဘာဝယ်ရမှန်းမသိ. ဟိုလိုလိုဒီလိုလိုဟိုဟာ သုံးမလိုလို ဒီဟာ သုံးမလိုလိုနဲ့ ဒါမှ မဟတ်ုရင်လဲ အတော်အပြောင်းအလဲကြို့်တဲ့သူဗျာ ဟိုဟာလဲသုံးချင်ဒီဟာလဲလက်မလွတ်ချင် တဲ့သူမျိုးပေါ. နေဘီယာ ဘူးကြီးနဲ့ဘူးသေဲးနဲ့ ဘူးသေးနဲ့ ဘူးကြီးနဲ့ 250 ml နဲ့ 400 cc ကွာတာမျာ ပိုက်ဆံအတ်ာသက်သက်တာနဲ့ အကြီးဘဲယူလိုက်တယ် ပုပ်ကုန်မှ မဟုတ်ဘူး အနံမပျပ်မခြင်းသူံးလို့ရတာဘဲ.






အိပ်ချင်လာပြီး အိပ်ချင်တာကို ဘာလို့မအိပ်ဘဲ နေတာလဲ။ ဝတ်ကြီးလိုက်တာ သူများတွေ အိပ်ကုန်ပြီ. တင်ဆက်နေတာလဲ ရိုးအော်ဖ် လုပ်နေတာလား ကြွားဝါနေတာလဲ အတန်းရှင်းလိုချင်လို့လား. ဘာဘဲဖြစ်ဖြစ်. စိတ်ချမ်းသသလိုနေပါ အိပ်တာ့အိပ်.။။

မျက်နာလိမ်းတာ လော်ရယ် ဒေးခရင်ဝယ်တယ် ပန်းရောင်ကလေးသန်းတယ် နှုတ်ခမ်းနီ myo ပြောတဲ့ နှူတ်ခမ်းနီမြင်ဘူးအေင်အခွံချွတ်ကြည့်ခဲ့တယ် ဟုတ်တယ် အသားတံဆိပ်ကကေလဲ့ ရှိတာတေါ ကုန်အောင်သုံးပါဦးလေ ကိုယ့်ကို ကိုနားချ ။

ခေါင်းလိမ်းတဲ့အဆီ.......ဗစ်တာမင်ပါတယ်တဲ့. အားရှိရသေးတာပေါ့ ကျွတ်ကျွှတ်.




မှတိချက်
8p

Sunday, August 21, 2011

ဟိုစောင်း ဒီစောင်း

basically သူမသည်ပျော်ရွင်တတ်သူတစ်ဦးဖြစ်ပါသည်။ ဘရုတ်ကျတတ်သူတစ်ဦးလည်းဖြစ်ပါသည်။ အတည်ပေါက်နင့်နောက်တတ်သူလည်းဖြစ်ပါသည်. နိုင်ငံခြားဆိုသည် ကို တစ်သက်တာတွင် လာဖြစ်လိမ့်မည်ဟုမထင်ခဲ့မိသူတစ်ဦးလည်းဖြစ်ပါသည်။

ယခုသောအခါသူမသည်အလုပ်ချိန်တွင် အလုပ်လုပ်သော စက်ရုပ်လူသားတစ်ဦးဖြစ်သည်။ လုပ်ပါသည်. စိတ်ပါလက်ပါလုပ်ပါသည်. အလုပ်အနေအထားအရစကားပြောရသည်. စကားမှာလည်းပြောရလွန်းရွေ့ ပြင်ပတွင်စကားနည်းလာသည်ထင်၏. အလုပ်အကြောင်းကို အလုပ်ချိန်ပြင်ပတွင်ပြောလေ့မရှိပါ. ။ ပြောရန်လည်းဝန်လေးပါသည်။ အချစ်အကြောင်းလဲ ပြောလိုစိတ်မရှိပါ။ မချစ်တတ်တော့ဟု သူမကိုယ်သူမထင်ပါသည်။ နိုင်ငံရေးကိုလည်းပြောလေ့ရှိရုံမက စိတ်ဝင်စားမှူလည်း နည်းပါသည်. စီးပွါးရေးအကြောင်းမှာလည်း သူမနင့်ပက်သက်မူမရှိပါ. အလုပ်လုပ်ရွေ့ ရသောလခကလေးကို တွက်ချက်ကာ သုံးပါသည် . အလုပ်ချိန်ပြင်ပ ကြီွး့ပွားရာကြီးပွားကြောင်းများလည်း ကြံစည်လေ့မှမရှိပါ. တစ်ခါတစ်လေတွင်တော့စိတ်ကူးယဥင်္မိဘူးပါသည် အဝတ်အထည်ဝယ်ရန်ဝါသနာပါသောသူမသည် အဝတ်အစားဆိုင်ဖွင့်ရန်စိတ်ကူးဘူးပါသည်။ ရန်ကုန်တွင်စီးပွားရေးလုပ်သော သယချင်းနင့်လိုက်ကာ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်တတ်ပါသည်. ယခင်မင်္ဂလာဈေးကို အသစ်ဆောက်ထားသော ဈေးကြီးစည်ကားနေသည်ကို ကြည့်ကာ ဟိုထစ်တစ်ချိန်က ဘာဖြစ်လို့များ ငါ ဆိုင်ခန်းတစ်ခန်းလောက် မယူထားလိုက်မိပါလိမ့်ဟု နောင်တ ရသလိုလိုဖြစ်ဘူးပါသည်. ။ ဓန မင်္ဂဇင် များကိုဖတ်က စီးပွားရေးလုပ်သော လူငယ်များကိုကြည့်ပြီးဆွေးနွေးခန်းများကိုဖတ်ပါသည်. နိုင်ငံခြား ကုန်ပစည်းများကို သွင်းသော သူများစာရင်းကိုလိုက်ဖတ်က မြန်မာပြည်တစ်ဦးတည်ူကိုယ်စားလှယ် ဆိုသောနေရာတွင် သူမနာမည်ကို ကွကို ထည့်ဖတ်လေ့ရှိကာစိတ်ကူးယဉ်လေ့ရှိပါသည်. ယခုအချိန်တွင်လည်း ရံဖန်ရံခါ ကုမနီများသို့ဖုံးဆက်ကာ ကိုယ်စားလှယ်လုပ်ရန် ပစည်းသွင်းရနိတို့ကို ရံဖန်ရ့ခါ စိတ်ကူးမိသည်မှ အပ ဘဝကို တိတ်ဆိတ်ပျော်ရွင်စွာ ဖြတ်သန်းပါသည်။

ချက်ပြူတ်မှူမှာ သူမနင့်ဝေးကွာလွန်းလှသော ဘာာသာရပ်ဖြစ်ပါသည်. စိတ်မရှည်သလိုစိတ်ဝင်စားမှူလည်းမရှိပါ. သူများတစ်နာရီနင့်ချက်သော ဟင်းများကိုသူမသည် သုံးနာရီမကချက်လေ့ရှိပါသည်. မနက်စာသည် ညနေစာဖြစ်ပေါင်းများသည်မှာ အကြီမ်ပေါင်းများစွာဖြစ်ရွေ့ မေဓါဝီမနကစောစောကထကာ ဘုရားရှိခိုး တောက်တိုမယ်ရများလုပ် အလုပ်သွား ပြန်လာ ထမင်းစားမ နက်ညဖန်အတွက်ပါဟဟင်းချက်သည်ကို ဖတ်ရသောအခါ လွန်စွာ မှ အံသြမိပါသည်. ဟင်းချက်ရုံတင်မက ဘလော့လေးပါဖတ်ပြီး ည ဆယ်တစ်ကျော်ခနှ်ုတွင် အိပ်သွားသည် ဟု ဆိုသောအခါ မည်သို့မည်ပုံလုပ်လိုက်သည်ကို မခန့်မှန်းနိုင်အောင်ရှိတော့သည်။ မိုးယံပြောသော ကိုကြီးကျောက်သည်လူခုနစ်ယောက်နင့် ချက်ပြီး သူနင့် ဂျီပြောလိုက်သေးသည်ကို အံသြဘနန်းလည်းဖတ်ရပါသည်. ထိုကဲ့သို့လူစွမ်းကောင်းများရှိသည်ကို သိသော်ငြားလည်း အံသြမိသည်ကိုကား ခွင့်လွတ်စေလိုသည် သူမသည် တစ်ယောက်ဆို တစယောက် ပိတောက်ဆို ပိတောက် အခြောက်ဆို အခြောက်ဆိုသော သူဖြစ်သည် တလွဲဆံပင်ကောင်း တချိန်တွင် ကွန်စထရေးရှင်းအပြည့်ဖြင့် တစ်ယောက်ဆို တစ်ယောက်နင့်သာပြောပါသည် ဖုံးပြောလျှင် ကွန်ပြူတာရှေ့တွင် မရှိသကဲ့သို့ ကွန်ပြူတာရှေ့တွင်ထိုင်ရင်းလဲ တိဗွီမှ ရုပ်ရှင်ကြည့်လေ့မရှိပါယ ချက်ပြီ ဆိုလျင် စီးပုံကို မကြည့်တော့ဘဲ စီပုံးကို ကြည့်လျင်လည်း ဘလော့ဖတ်ရွေ့မရေတော့ပါ. အားနည်းချက်များစွာနင့်သူမသည်ဝီရိယလေးကောင်းရှာသောကြောင့်သာ survive ဖြစ်နေခြင်းဖြစ်လေသည်.။

ပြင်ပလော ကတွင် စကားပြောပါသလားဆိုလျင်ပြောပါသည် သို့သော်လည်း နည်းပါေးလေ၏. နေ့လည်စာကိုတစ်ယောက်ထဲ အမြန်စားလေ့ရှိပါသည်. အမြန်စားမှသာလျှင် နားချိန် ပိုရမည်မဟုတ်ပေါလော စားရင်းနင့်လေပေါနေသော မနားရတော့ချေ။ မနက်ခြောက်နာရီ ထပြီ အိမ်သို့ည ရှစ်နာရီခန့်မှ ရောက်သော သူမအတွက် တတ်နိုင်သမျှ energy save ရန်လိုအပ်ပါသည်. ရထားစီးလျင် ဆမ်ဆောင်းဖုံးလေးကို လည်း ထုတ်မကြည့်ောတ့ပါ မျက်စေ့ပိတ်ရွေ့ အိပ်ရန်သာ ကြိုးစားလေသည်. ။ စကားပြောရန်လည်း လူမရှိပါ.။ ရှိသောလူမှာ လက်ချိုးရေရွေ့ရပါသည်. ။

သူမကိုခင်သည်ဆိုသည်ကိုကျေးဇူးများစွာတင်သောလည်း ပြန်ခင်ရန် များစွာဝန်လေးနေသောသူဖြစ်ပါသည်. မခင်တတ်ရွေ့မဟုတ်ပါ. ခင်ခဲ့ဘူးပါသည်. ချစ်ခဲ့ဘူးပါသည်. ဘလော့လက်ဦးခေတ် မဟုတ်သော်လည်း အနည်းငယ်တော့ပါဝင်ခဲ့ရသောသူမသည်.အွန် လိုင်း ကိုများစွာ ခင်ခဲ့ပါသည် ခင်ခဲ့သမျှ gone လေသော်. ထပ်မံရွေ့ခင်ရန် ကွန်ဖိဒန့်များမရှီတော့ပါ။ အပြစ်တင်လျှင်လည်းခံပါမည်။ သိရှိသူများ ခွင့်လွတ်နိုင်ပါလိမ့်မည် မလွတ်လျင်လည်း တိတ်ဆိတ်စွာပင်.ဝမ်းနည်းနေသောသူမဖြစ်လေသည်။

Friday, August 19, 2011

6 am

ဘလော့ညည်းငွေ့သွားတယ်ထင်တယ်. သိတ်မဖတ်ဖြစ်တော့ဘူး နဲနဲဘဲဖတ်ဖြစ်တော့တယ်။မဖတ်တာကို မဖတ်ဘူးလို့ပြောရတာ အားနာလိုက်တာ. ဒါပေမဲ့လဲသူ့ပရိသတ်နဲ့သူရှိနေကြတော့ကိုယ် တစိခါတစ်လေ မဖတ်လဲရပါလိမ့်မယ်။ လုပ်တာလဲကြာလာပြီမဟုတ်လား. ကြာတော့လည်းညည်းငွေ့တာပေါ့။ ပြီးတော့လဲ ပျော်တယ်ဆိုမှ နေပျော်တာ မဟုတ်လား အခု ဘလော့မှာလဲ သိတ်မပျော်တော့ဘူး.

ပျော်တယ်ဆိုတာ ချစ်ခင်သူရှိမှကိုး အဲသလိုဆိုောတ့လည်း မချစ်ကြဘူး မချစ်ဘူး လို့တော့လည်းမဆိုလိုပါဘူး. ပြောရင်လည်း ပိုရှုပ်တယ်။ လူမုန်းများအောင်ဘာလို့ပြောမလဲ တိတ်တိတ်ကေ ဘးဘဲနေပေါ့။

ဖဘ လဲသိတ်မဖတ်ဖြစ်ဘူး ကိုယ့်ဒုတ်ခနဲ့ကိုဘဲ များလွန်းတော့ဟုန်သတဲ့။ ရီတာစိတ်ည ညစ် မယ်ဆိုလည်းညစ်စရာဘဲ ဆောရီးပါ. ကိုယ့်ဖဘ တစ်ခုကိုအသေပိတ်ထားပေမဲ့ တစ်ချို့တွေ အသေပိတ်ထားတာတေါ ကြည့်ပြီါ်ဝင်ဖတ်ချင်နေတာ ကတော့ မတရာဘူး။



ရေးတာကော ရေးတာတော့ရေးမှာပေါ့။ ဒါက ကိုယ်ရေးတာလဲ ကိုယ်ရေးချင်တာကိုး။အများကြီးရေးဖြစ်ချင်မှလဲရေးမယ်။ နည်းချင်လဲ နည်းမယ်။ အများကြီးရေးပြီးပရိတ်သတ်အတွက်ပေးဆပ်ရတယ်ဆိုတာ မကောင်းပါဘူး ကိုယ့်ဘာသာကိုယ်ရးချင်လို့ရေးတာဘဲ ကောင်းပါတယ်။ ။ ပင်ပန်းလို့အိပ်ပျော်သွားတယ် မီးနစ်လုံးထွးန်မိတယ် အိမရှေ့ရယ် မီးဖိုမီးရယ် မနက်လေးနာ၇ီမှ ဖုံးလာမှ နိုးသွားတယ်။ မီတာ ခတွေ တက်ကုန်တော့မှာဘဲ ဆိုပြီးစိတ်မကောင်းဖြစ်တယ် မနက်လေးနာရီဖုံးဆက်တဲ့သူကို မကိုင်လိုက်ဘူး ကိုင်စရာလား။ စိတ်ဆိုးတယ် တစ်ကယ် စိတ်ဆိုးတယ် အလုပ်လုပ်ရတဲ့သူတစ်ယောက်. နစ်နစ်ြိခိုက်ခြိုက် sound sleep ရနေတဲသူတစ်ယောက်လန့်နိုးသွားတယ် ဘယ်လောက် သနား စရာ ကောင်းလဲ မောင်ရေခဲ ဆုတောင်းပြည့်သွားတယ်ပြန်အိပ်လို့မရတော့ဘူး။ စိတ် မကောင်းလိုက်တာ အခု အလုပ်သွားရတော့မယ် ခဏ ပြန်လှဲလိုက်ရင် တကစီစီးရမယတစ်ဆယ့်ခြောက်ကျပ်.

နောက်ကို ဖုံးကိုမနက် လေးနာရီ မဆက်ပါနဲ့ လူလိုသိပါ. ။ မပြောချင်လို့ မပြောဘဲ နေတာ ကို အခွင့်ကောင်းမယူပါနဲ့ ကျွန်တော်က ဖြင့် ဘာဖြစ်သွားလို့ပါဆိုတဲ့ ဆင်ခြေတွေ မပေးပါနဲ့ ။ ကိုယ့်အတွက်ဘဲ ကိုယ်မကြည့်ပါနဲ့ ဟုတ်လား ကျွန်တော်ဆက်မိသွားသလား ဆောရီးပါဆိုတဲ့မေ့ဆခ်ျ ကိုလည်း မနက်နစ်နာရီမှ မပို့ပါနဲ့။ တစ်ကယ်စိတ်ဆိုးတယ် အခု မနက် ခြောက်နာရီဆို. အလုပ်သွားရတော့မယ နစ်နာရီဆိုတဲ့အချိန်ဟာ အနားယူဘိုကအတွက် အလကားဖြစ်သွားတယ်။ ပြီးတော့တစ်ခါ ဒီနေ့က နေ့တာရှည်မဲ့ရက် ည ဆယ်နာရီ ဆယ်တ့စ်နာရီလောက်မှ အိမ်ပြန်ရောက်မဲ့ရ့က်. ။


ညက ငါးကျပ်ဘိုးထမင်းဝဝ်ထားပြီး မစားဖြစ်လိုက်ဘူး အိပ်ပျော်သွားတာနဲ့ ။ အခုမကောင်းတော့ဘူး. ဟင်း နဲနဲ နှိုက်စားပြီး လွတ်ပလိုက်တယ။် ဘိုက်ဆာတယ် အသုပ်စုံစားချင်တယ KKK .ဆီက. .. တိုင်ဝမ် သွာလည်ချင်တယ် မျိုးတို့ လို ဒါတ်ပုံရိုက်ချင်တယ်။ အဲသလို ရှူခင်းတွေ ကြည့်ချင်တယ်။ လှလိုက်တာ.
ရိုက်တဲ့သူတော်တာ လဲပါမှာပေါ့ သွားတဲ့သူတွေ ရှိပေမဲ့ တင်ပြတဲ့သူက နည်းတယ်လေ။ တင်ပြတဲ့သူဆီဘဲ သွားသွားရှူရတာပေါ့။ အခုဆို ပိုတောင်ဆွဲဆောင်မှုအားကောင်းလာပြီ မင်းသမီး မင်းသားတွေ ပါလာပြီလေ။

မှတ်ချက်

မင်းသမီးကို တစ်ခါ (အာဘွားပေးနိုင်သည်)

မင်းသားကို ( အာဘွားမပေးရ)

မင်းသမီ မင်းသားကို တစ်ခါ စီ ကလစ်ပါ. ပိုစ် တစ်ခုစီဖြစ်သည်။

Thursday, August 18, 2011

ထင်ရာမြင်ရာ

လက်ကောက် စလုံး ၁၀.

a

ကွန်ပြူတာပြန်ကောင်းသွားပြီ. အမျိုးကောင်းမှူ။ သူ့သူငယ်ချင်းခေါ်လာတယ်။ သုံးယောက်သား ရောက်လာကြတယ်။ အလုပ်ကအပြန်. . ပင်ပန်းမယ်ဆိုတာ သိပေမဲ့လဲ ကိုယ်ကျိုးအတွက် မသိချင်ယောင်ဆောင်လိုက်ရတယ်။ သူတို့ခမျာလည်း ကိုယ့်အစ်မ အကြောင်းသိလေတော့ကြိုးစား ပြင်ပေးကြတယ်။ နောက်ဆုံးရသွားတယ်။ ည ဆယ်တစ်နာရီကမှ ပြန်သွားကြရတယ်။ ဆောရီးပါ။ ဒီဘလော့ကိုသူတို့ ဖတ်မှာ မဟုတ်ဘူး။ မဖတ်လဲဆောရီး။

ဒီလိုဆိုတော့လည်းအပေါင်းအသင်းများတာ အားကိုးရတာဘဲ။ ကိုယ်မတတ်နိုင်တော့လဲ လဘက်ထုတ် အမျိုးမျက်နာသုံးရတာပေါ့။ ဘာဘဲဖြစ်ဖြစ်. ပြန်ကောင်းသွားပြီ. နောက်တစ်ခေါက်လက် သိတ်မကညော့နဲ့တော့လို့ကိုယ့်ကိုယ်ကို သတိပေးတယ်။ မှုန်ရီုဝိုးတစ်ဝါးလေး တွေ ပြန်တက်လာတော့မှာပေါ့ သွပ် သွပ်.။

ဆီချက်နဲ့ တူတဲ့အရာ။

Image036


ဒါတ်ပုံတွေ တောတော်များများပျက်သွားပေမဲ့ တစ်ခါတုံးကတစ်ယောက်နဲ့ပြောတာ မှတ်မိနေတယ်။ သူက ကိုယ့် memory card ကိုတောင်းတယ် ကိုယ်က ဖျက်ပလိုက်ပီလို့ညာပြောလိုက်တယ် ဖျက်ပလိုက်လဲ ငါ့ကိုပေး. ငါ ပြန်ယူတတ်တယ်ဆိုတာ ပညာရှိများက တစ်ခါ ပြောရင် မှတ်ထားတယ် အဲဒါနဲ့ အင်တာနက်ထဲသွားရှာတော့ ဆော့ဖ)၀ဲတွေ တွေ့တယ်။ ဖျက်ပြီးသား မက်မိုရီကဒ်တွေ ကို ဒါတ်ပုံပြန်ခေါ်လို့ရတယ်တဲ့ လောကဓါတ်ပညာတွေ ထူးဆန်းလိုက်တ. ထုံ တို့သိကြရဲ့လားမသိဘူး။ အဲသည် ဆော်ဖဲ)၀ဲနဲ့ recovery ပြန်ခေါ်တာ ဒါတ်ပုံ တွေ တစ်ချို့ပြန်ရတယ်။ တစ်ချို့)က်ဆိုက် က ပိုက်ဆံတောင်းတယ် စလုံး ၅၀. ပေး ကြိုက်သလောက် လုပ်ပေတော့ ပေးလိုက်ဦးမလို့ဘဲ ဖရီးမျှားရှိမလား ရှာကြည့်တာ ရတယ်။


ကင်ချီခေါက်ဆွဲ။ အားလုံးစလုံးငါးကျပ်ဝန်းကျင်.တစ်ပွဲ.

Image031

http://www.piriform.com/recuva/download/standard အဲသာ နနဲ့ပြန်ခေါ်လိုကတာ ပုံ မှုန်ါး)ါါးဝါးလေးတွေ ပြန်ရလာတယ် အားလုံးမဟုတ်ပေမဲ့ မဆိုးပါဘဘူး.)မ်းမြောက်ဖွယ်ဘဲ။ ပိုက်မ ကုန်တော့ဘူးပေါ့။

Wednesday, August 17, 2011

ရေးချင်လို့ရေးတဲ့စာ

ကွန်ပြူတာပျက်သွားတယ် ဘလော့ဖတ်ရင်းနဲ့ ဒီလိုလေးလုပ်လိုက်ရင် ကွန်ပူတာက ပိုမြန်သွားမယ်ဆိုတာနဲ့ my computer က Properties မှာ good performance ဆိုတာကိုေ၇ွးလိုက်တာ တိုက်ဆိုင်စွာနဲ့ဘဲ. အဲသလို.
ဒီလိုလေးလုပ်လိုက်တာ. တစ်မျိုးလေးဖြစ်သွားပီး ရီစတက်ပြန်လုပ်ကြည့်တာ မရတော့ဘူး အဲရာပြနေတယ်။ စိတ်မရှည်တာမို့လို့ ဒါလေးများဆိုပြီး ဝင်းဒီုး ရီကာဗာရီ စီဒီ ထည့်ပေမဲ့လဲ အဲရာပြပြါ်ီယင်ဒိုးကို တက်မလာတော့ဘူး ဆိုင်ပို့ရမလား လွတ်ပလိုက်ရမလား ဆိုတာ စဉ်းစားမရသေးဘူး.။ လက်ပတော့တွေ ရန်ကုန်ရောက်နေတယ်။ အခု အမျိုးတစ်ယောက်စဆီကနေ ခဏှုငှားလာတယ် .ကွန်ပြူတာမရှိရင် အသက်မရှည်နိုင်ဘူးဆိုတာသိတာနဲ့ အမျိုးက ငှားလိုက်တယ်. သူကတော့မလိုဘူး. နေနိုင်တယ် ခဏတစ်ဖြုတ်ရပါတယ်တဲ့။

စာလုံးပေါင်းသိတ်မှားတယ် ခွင့်လွတ်ဘို့မတောငုးပန်ချေင်ပေမဲ့ စော်ကားလိုစိတ်မရှိတာကိုတော့နားလည်စေချင်တယ် စာရေးနေတာ မဟုတ်ဘူး စကားပြောနေတာ. တစ်ယောက်ထဲပေါ့ .

ငယ်ငယ်တုံးက ရည်းစားများခဲ့တဲ့ငါ. ငါမှ စဟုတ်ရဲ့လား ကွန်ဖီးဒန့်တွေ ကျလိုက်တာ ရက့်ရက်စက်စက်ဘဲ. မှန်ထည်းကြည့်ရင်လည်းရုပ်ဆိုးတယ်။ အပြင်မှာကြည့်ရက်လဲရုပ်ဆိုးတယ် ဒါပေမဲကလှချင်တဲ့သူကျတော့လည်း လျှ့ကျတာပေါဘဲ နဂိုက ရုပ်ခံလည်းပါမယ်။


ဂျီန်းစဘွန်းကားကြည့်တယ် . ကောင်မလေးလှလိုက်တာ. အသားလေးတွေဝင်းစိုနေတာဘဲ. ကိုယ့်အါသားအရည်ပြန်ကြည့်တယ် ခြောက်သွေ့လို့။ ကျန်းမာတာ ဝမ်းသာပါလို့ကကိုယ့်ကိုယ်ကိုနစ်သိမ့်ပေမဲ့

ချစ်ခင်သူတွေ....

ရေးစရာမရေးတတ်တော့ဘူး ပိုရှုပ်ကုန်မယ်။ ကွန်ပြူတာထဲကနေ စီထားတဲ့ပုံတွေ အားလုံးပျက်ကုန်တယ်. တောင်းတဲ့ဆုပြည့်တယ်ခေါ်ရမယ် ဘယ်သူဆုတောင်းလဲ မျက်စေ့နောက်လိုက်တာလို့. ဘက်ဂအက်တစ်ချို့တော့ရှိပေမဲ့ ပြန်စီဘို့ပျင်းနေပြီ. ဘလော့ဆိုတာ မရေးတာကောင်းတယ် အချိန်ကုန်တယ် လူကုန်တယ်။ ဒါဆိုပြီး ဘာလို့ဆက်ဆက်ရေးနေလဲ မနေနိုင်လို့ပေါ့ နေနိုင်တဲ့တစ်ရက့် ရပ်သွားမယ်။ လောလောဆယ်မှာရပ်ဘို့မရှိပါဘူး အရှိန်တံနနေတာဘဲကွန်ပြူတာမကောင်းသေးတော့ မကေညော့နိုင်သေးဘူး။

သူများတွေ လိုဘာဖြစ်လို့ပြင်ပမှာ သူငယ်ချင်းမရှိတာလဲ ကိုယ့ိုကိုယ်ကို သနားစရာမရှိပါဘူး ကိုယ်ကိုယ်တိုင်က ခွဲာနေတာဘဲ. သနားစရာတော့လည်းမရှိဘူး. အထီးကျန်ခြင်းဟာ ဘာဖြစ်စေလဲ ဘာမှ မဖြစ်ဘပါဘူး နဲနဲတော့ရူးတာပေါ့။ ဒီလောက်ပါဘဲ။


ညနေက တယ်လီဖုံးတစ်ကပ်ကို ထုတ်ထားလိုက်တယ်မနေနိုင့်ရ့င် ဆက်မိမှာစိုးလို့။ိစိတ်တွေ မငြိမ်ဘူး. ။ ဟိုဆက်လိုက် ဒီဆက်လိုက် ငါ့ဆီ မဆက်ပါလားလို့တော့မတွေးပါနဲ့ ငါ က ဘားလုပ်ထားတာကိုလို့ဘဲ. စဉ်းစား။ လောကကြီါ်ကို စိတ်နာတယ်မပြော. လူတွေ ကို စိတ်နာတယ် ဘဲပြောတယ်။

နောက်ဆုံးတော့လဲဘယ်သူမှ မမှားဘူး ငါဘဲမှားတာပါ..

Friday, August 12, 2011

Yangon 2011.12

အဲသည်အချိန်က အပြင်ထွက်ချင်နေတဲ့သူုl တစ်ယောက် ဟော်တယ်က TV ရှေ့မှာ ငုတ်တုတ်ကလေးထိုင်နေလေရဲ့ အပြင်ဘယ်လိုထွက်ရမလဲ အကြံထုတ်ရင်းနဲ့ပေါ့။









မုန့်ဟင်းခါ. ဆိုင် နာမည်မေ့သွားပြန်ပီ.ခေါင်းမကောင်းတော့ဘူး။




ဖာလူဒါ အတော်သောက်ဖြစ်တယ်။ ဆိုင်တော်တော်စုံသွားတယ။်



လဘက်ရည်. (ဘာလို့အမြှုပ်တွေ များနေရတာလဲ)




လမ်းပေါ်မှာ




နင်းဆီ.





အဲသည်အချိန်မှာ ပျိုးပင် ဆိုင်လေးတွေ ဆီကို ခဏခဏရောက်တယ် စိတ်ကူးပေါက်တာလေးတွေ ဝယ်လာတယ်။ ရင်ကွဲသရက် သုံ်းရာကျပ်ပေးရတယ်။ ဒါတောင် အမျိုး က ဆူနေသေးတယ် သရက်သီးအစေ့များ လွတ်ပစ်ထားရင်တောင်အပင်ပေါက်တတ်တာဝယ်လာရသလားဆိုပြီး။




အသီးဆိုင်. ဝယ်သွားပြီး အိမ်ရောက်မှ ခွဲစားတယ်။ ဖရဲသီးကြိုက်တယ်။




မှတ်ချက်

ကွန်မက်ရေးတတ်လျှင်ရေးပါ.။
မိမိသာဆိုလျှင်တော့ရေးစရာရှိမည်မဟုတ်ပါ.
ကြံဖန်ရေးလှင်တော့လည်းရပါသည်. အဲ သာမီးလဲ ကခဲ့တာ သတိရသွားပြီမမ. ။ ဖာလူဒါက စားချင်စရာလေး မီးလည်းစားချင်တယ်။ . ပန်းကလေးက လှလိုက်တာနော်. ဟယ် မုန့်ဟင်းခါးတော့ ရှလွတ်. အပြင်ဘယ်လျောက်သွားမလို့လဲ. ဘုန်းကြီးကျေင်းသွားလေ မမကွမ်., then တော်ပါတော့ဗျို့. စသဖြင့်ရေးနိုင်၏.

Thursday, August 11, 2011

Yangon 2011.11

လက်ရာတိုးတက်လာတယ်ဆိုလို့ကြွားဝါနေခြင်းလဲမဟုတ်ရပါ. ကင်မရာကလဲ တယ်လီဖုံးနိုကီယာ ဟုသာထင်ပါသည်။ ရန်ကုန်မပြီးနိုင်သေးလားဆိုလဲ စိတ်ကူးပေါက်တိုင်း တင်နေဦးမည်သာဖြစ်ပါသည်။ တစ်ခေါတစ်ခေါက် ပြန်ချိန်လဲ ရောက်ရှိ ကာနီးပြီ မဟုတ်လား..အဟိ (အမေရိကားနင့် အင်္ဂလန် မှ သူများစိတ်မချမ်းသာရန်စိတ်ပုတ်ရသေး၏။)။









သို့အတွက်ကြောင့်ရှိသောပုံများ ထုတ်ရန်လို၏။ ဘာလို့မကုန်နိုင်ပါလိမ့်။ မိမိ၏ hard disk ကို virus ကိုက်ရန်မေတ္တာ ပို့ကြကုန်လော့။ သို့မဟုတ်အောက်ပြုတ်ကျရန် ဆုတောင်းကြကုန်။ ။ သို့တည်းမဟုတ် ငါကွ .. လာမဖတ်ဘဲနေနိုင်တယ်ဟု ကြွေးကြော်နိုင်လျှင်တော့လဲ ဒီဝတ်ကြွေးက လွတ်နိုင်၏…….....သြော်............. (စိုင်းထီးဆိုင်အသံဖြစ် ဆွဲဆွဲငင်င် သြော်. ပါ) ။ ဒီကတော့ ဘလော့ပိုင်ရှင်မို့လို့ ပစဝကို မ ပေးနိုင်။ လာပြီး ဒလိ လုပ်သွားမှ စိုးရ၏။




မည်မျှ ကြည့်ရွေ့ ကောင်းသနည်းန ငေးမောကြည့်ရူလိုက်ပါ။ ရထားကြီးတစ်ီစီးမျက်စေ့အောက်သို့ပြေးဝဝင်လာ၏။ ထိုအချိန်က မိမိဘာလုပ်နေသလဲစဉ်းစားမရပါ. အောက်မှာလား ထိုင်နေတာလား ရထားဖြတ်လို့ လမ်းကူးဘို့စောင့်နေတာလား ဘာလားညာလား ဘာမှ စဉ်းစားရွေမရတော့ပါ. စဉ်းစားမရလျှင် မစဉ်းစားရုံသာဖြစ်၏။ ရထားပေါ်က လူများကို လက်ဝှေ့ယမ်းရွေ့တာ့တာပြချင်သောဆန်ဒ များဖြစ်ထွန်း၏။ တစ်ကျပ်တစ်ပြားကြဲချသွားလျင်လည်းကောက်လိုက်ရုံသာ။။။။။။။










ပတ်ဝန်းကျင်တစ်ခွင်လှည့်လည်သော ရန်ကုန်သားအဖို့မှာ နစ်သက်လှသည်။ မြက်ခင်းများ လယ်ကွက်များ….. မျက်စေ့တစ်ဆုံး။ ဘယ်တွေ ရောက်လို့ဘယ်ပေါက်ခဲ့သလဲဆိုလျှင်လဲ ဖြေရသေးသပ. ရန်ကုန် မြို့တဝိုက်ပါဘဲ။ မြို့ထဲ မြို့ထဲ ဟုလို့တော့မပြောချင်ပါ။ စပယ်ယာထင်ပြီး အစ်ကို အကြွေပြန်အမ်းပါဦးဟု ဆိုသော်မခက်လော။







Monday, August 8, 2011

ပုံ

ပုံ ၁။




ပုံ ၂။




ပုံ ၃






ပုံ ၄.။





ပုံ ၅။





ပုံ ၆။




ပုံ၇။


Angels

ဒီနေ့ peninsula အတော်စည်တယ် . လူအတော့်ကိုများတယ် ညနေပိုင်း. မနညိးကိုတိုးရတယ။် မိန်းကလေးတွေ လည်းအတော်များလာတယ် အရင်က အဲသလောက်များဘူး.ထင်တာဘဲ။ တနင်္ဂနွေကို သိတ်လာ နေကျမဟုတ်တော့ လည်းမသိဘူး. ။

လူတွေ စည်တယ် စည်တယ် တိုးတယ် တိုးတယ် သူများတွေ တိုးတယ်ဆိုရင်ဘာလုပ်ရမလဲ . အို..ဝင်တိုးရမှာပေါ့။ တွေ့တယ်တွေ့တယ်။ အဒူလေးလဲ……

… ပွဲရှိတယ်မဟုတ်လား. လက်မှတ်ဝယ်ပေးမဲ့သူရှိတယ်. ဆိုတာတောင် ကိုယ့် အကြောင်းနဲ့ကိုယ်မအားတာနဲ့. မကြည့်ရဘူး..အဲသည်မှာ မကြည့်ရရင်အခုကြည့်မှာပေါ့။ အော်တိုဂရပ်ရေးပေးတယ်။ ဓါတ်ပုံရိုက်တာရတယ်။



မစားခဲ့ရပါဘူး ဆိုင်တိုင်းမှာ လူပြည့်နေလို့. သွားစားမယ်လုပ်လိုက် q တန်းရှည်ကြီးနဲ့တွေ့လိုက်..

မစားဘဲပြန်လာခဲ့ရတယ်

အိမ်ရောက်မှ လက်ဘက်သုပ်လေး ငါးခြောက်ဖုတ်ကလေးနဲ့စားရတယ။်