ဆေးကျောင်းသူတစ်ယောက်သည် အချင်းချင်း. စာသင်သည်ကို နားထောင်နေသည်. ca cervix တွင် couple အတူနေပြီးပါက သွေးထွက်တတ်ကြောင်းရှက်တတ်သော သယ်ငယ်ချင်း ကသင်လိုရာ. ကျောင်းသူ နားလည်အောင် သူတို့နစ်ယောက် ဟာ ခရီးတစ်ခုကို အတူသွားပီးတဲ့ခါ bleeding ရတတ်တယ်ဆိုသည် . နားဝေးသောငယ်ရွယ်သော ဆေးကျောင်းသူသည် သေချာနားထောင်သော်လည်း နားမလည်သောကြောင့်သူတို့က ဘယ်ခရီးကို အတူသွားကြတာလဲ ဆာမ ဟုမေးလေရာ သူငယ်ချင်း စာသင်သူသည် ဂျာက်ကျဘူးလေသည်။
ခဥမသည် လည်းခရီးတစ်ခုကို အတူသွားလေရာ..............ဟင်...........
ထိုသူသည် လူရည်သန့်ဖြစ်သည် ခင်ဦးမေဘေးတွင်ထိုင်သည်။ သေသေသပ်သပ် ဘောင်းဘီနှင့် အကျီဝတ်ထားသည် လက်ပတေ့အိတ်ကဲ့သို့စာရွက်စာတမ်းများထည့်သောအိတ်ပါသည်.။ ခင်ဦေးမသည် သည် မိတ်ဖွဲ့တတ်လေရာ မိတ်ဖွဲ့လေသည် ။ထိုသူသည် အေးပုံရသော်လည်းပြန်တော့ဖြေသ်ည. ခရီးစဉ်တူသော်လည်းလမ်းမတူချေ. ကားစီးကြသည်. တစ်ဦါ်ကို တစ်ဦးမထိမိအောင် အိပ်ကြသည်. ။ကားသည် ကြပ်သည်မဟုတ်ပါလား ။ကိုယ့ိုကိုသူလေးစား သူ့ကို ကိုယ်လေးလေးစားစားဆက်ဆံလေသည်။ မုန့်ခဏစဉ်းစားသော်သီးသန့်စားသည်. ။ နေရာအဝင်အထွက်ဖယ်သေးသည်။
လိုရာခရီးသို့ ............ဟင်
နံနက်လင်းအားကြီးတွင်ရောက်သည်။ အမှန်တိုင်းဆိုလျှင် မလင်းသေးချေ. ။ခဥမသည် ပထမတော့ ရောက်လေရာ လက်ဘက်ရည်ဆိုင်တွင်ထိုင်ကာ အလုပ်ချိန်ကိုထိုင်စောင့်မည်ဆိုသော်လည်း အတော်ကြီးကို စောနေသေးရာ စိတ်အိုက်သွားလေသည်။ ထိုသူလည်းစိတ်အိုက်သွားပုံရသည်.။
အိပ်စရာနေရာ ရှာမလား ဟု အဖော်စပ်ရာ သဘောတူကြလေသည်..။ တက္ကစီကားကို လင်းအားကြီးတွင်စီးကြသည်။ လေးထောင်ကျပ်. ကားပေါ်က အဆင်းတွင် သူ့ကိုခဥမက နစ်ထောင်ကျပ်ပေးသည် ။ ဆိုက်ကယ်ဆရာများရောက်လာသည် အခြေအနေကို အကဲခတ်သည်။ အမှန်မှာ အိပ်စရာပင်မလိုအပ် စောစော အလုပ်လုပ်က စောစောပြိးကြောင်းနားချသည်။ နားချလျင် နားယောင်တတ်သော ခဥမသည် သို့ဆိုလျင် မည်သို့လုပ်ရမည်နည်းဟု အကြံညဏတောင်းရာရေချိုါ်ပြီး ပြန်ထွက်ရန် အကြံပြူသည် ဟာ ဒီလိုတော့မလုပ်ပါနဲ့လေ. ဒီလည်းရောက်နေမှ ဆိုကာအချင်းချင်း ဈေးဆစ်ညှိနှိုင်းပြီး ခဏတော့ လှဲပါရေစေ။.ေ ကျာတွေလည်းညောင်းလွန်းလို့ဟုဆိုရာ ဆိုင်ကယ်ဆရာ ကသဘောတူသည်။
အိပ်စရာနေရာရှာကြသည် ။ တစ်နေရာသွားရာစုပေါင်း စပ်ပေါင်း တည်းနိုင်သောနေရာသို့ရောက်သည်။ အမျိုးသမီးတ်စယောက်က ပေါင်းမလားဟုမေးသည်.။ ပေါင်းသော် အခန်းခ ကိုမျှဝေခံရမည်ဖြစ်သည် သို့ဆိုလျှင် ဈေးသက်သာသွားမည်ဖြစ်သည်။ သဘောကောင်းသသော။ ကူညီတတ်သောခဥမသည် ထိုသူကိုလည်းမမေ့ချေ. ။ ခင်ဗျား ကော ကျွန်တော်တို့နဲ့ပေါင်းမလားမေးသော် ခေါင်းညိတ်သည် ထိုကသူ့မှာရွေးစရာလမ်းမရှိ ။သူ့ကို မည်သုမျှ လာမမေးကြချေ. ။ ခဥမ မကယ်လျင် ခက်ချေမည်။
ချက်ကင်ဝင်ကြသည် ခင်ဗျားတို့က လင်မယား လားဟုမေးသော ရိုးသားသော အတွေ့အကြုံမရှိသော ခဥမသည် ဟုတ်ပါဘူးအေ ဟုခေါင်းခါသည်။ ခေါင်းခါသော်အခန်းမရတော့ချေ.။ ထိုအမျိုးသမီးလဲပျောက်သွားချေသည် ။ယခုမှ လင်မယားပါဟုလည်း လည်ဆည်ေ၇ွ့မရတော့. ခက်ချေပြီ.။
စိတ်ရှည်သော သူတို့သည် နောက်တစ်နေရာသို့သွားကြပြန်သည်.။ တစ်ယောက်က သင်သည် ယောကျာ်းအဖေ နာမည်ကျက်ရတယ် တစ်ခါတစ်လေမေးလေ့ရှိသည်ဟု ဆိုသည်။ ထိုသူ့မှတ်ပုံတင် ယူရွေ့အဖေ နာမည်ကျက်ရပြန်သည်။
တစ်တွတ်တတွတ် ညဏ်မကောင်းသော ခဥမသည် အတော်ကျက်ရသည် ယခုမေးလျှင် ယောကျာ်းနာမည်နင့်အဖေနာမည် မေ့ချေပြီ.။ ထိုသူု့ကိုလည်းမေးရသေးသည် ကျွန်တေတ်ာ့အဖေ နာမည် ဘယ်သူဗျ ဟုဆိုရသည် ။ ထိုသူသည် ကျက်ပြီးပြီ ဟု ခဥမ မှတ်ပုံတင်ကို ကိုင်ကာ ဖြေသည်။ အတွေ့အကြုံရှိပုံရသည်။
သို့သော်ငြားလည်း ကံအားလျော်စွာ နောက်တစ်နေရာသည် ကူညိတတ်သောနေရာဖြစ်သည်။ အမေးအမြန်းမရှိ. ညအိပ်စရာပေးသည်။ နံနက်လည်း လေးနာရီကျော်ချေပြီ.. အိပ်စရာနေရာ၇ှာရင်း လည်နေကြသည်။ အခန်းရသော် အားလုံးဝမ်းသာသွားကြသည်. ဆိုင်ကယ် ဆရာလည်းတစ်ကောက်ကောက်ဖြစ်သည်. ။ သူသည်လည်းခင်ဦမေးကို အကဲခတ်ကာ သငှေး မကြီးဖြစ်ကြောင်း အကဲခတ်မိသွားပုံရသည်. အချဉ်မဟုတ် customer ကောင်းရပြီဆိုကာ ဝမ်းသာပုံရသည်.
အခန်းနားရောက်သော်ဆိုင်ကငယ်ဆရာနင့်အချိန်းအချက်လုပ်ကြသည်. ။ နာရီဝက်နားရန်. ပြီးလျှင် လာခေါ်မည်ဖြစ်သည်။ ထို့နောက်ဆိုင်ကယ်ဆရာထွက်သွားသည်. ။ အခန်းသော့ကို ထိုသူဖွင့်သည်. ထိုအချိန်ကျမှ ခဥမ ရင်တုန်လေသည်။ အတွေ့အကြုံရှိသော်လည်း မကြုံသည်မှာ ကြာချေပြီ။ ငါ့နယ် ပိုက်ဆံမက်ပြီးလိုက်မိတယ် (အဲလေ) ပိုက်ဆံနမျောတာနဲ့ ပေါင်းမိတယ် ဟုနောင်တ ရသလိုဖြစ်မိသည်။ သို့သော်ငြားလည်း နာရီဝက်နင့် တစ်နေ့စာ အခန်းခ ကို မေးလိုချေ။ သူ့ဆန်စားရဲမှ (အဲ..ဟုတ်ပေါင်) အခုမှတော့နောက်ပြန်လှည့်လို့မဖြစ်ချေဘူး။ ဟိုလူက လည်း လူရည်သန့်ရယ် အားနာစရာ ဇတ်လမအ်းက လည်ငါက စတာ.ကိုယ့်ဘာသာ ကိုယ်သာ.တောက်ခေါက်ရင် အခန်းထဲဝင်၏. မီးမလာချေ. ဘုရားရေ. မပွင့်အောင်များဖွင့်လေသလား. မဖြစ်နိုင် ချောက်ချောက်နင့်တော့အသံကြား၏. လေးနာရီကျော်မှာ မှောင်မဲတုံးဖြစ်ရာ အသံသာကြားရသည်.
သွားလေရာပါသောဓါတ်မီးကိုထုတ်ကာ ဖွင့်ထားရ၏။ အခန်းတံခါးကိုခပ်ဟဟ ဖွင့်ထားသည် အနည်းငယ်စောနေသောကြောင့်ကိုယ့်နေရာကိုယ် ခုတင် . ခုတင်မှာတ စ်လုံးစီဖြစ်သည် ။ အနည်းငယ် ခြားသည်.။ ကိုယ့်ခုတင်တွင် ကိုယ်လှဲနေကြသည်။ မည်သူမျှ အကျီမလဲဝံ့ကြ. ကားစီးလာသောအကျီအဝတ်အစားဖြင့်သာ လှဲနေသည် ဓါတ်မီးမှာလည်း တ်စချိန်လုံးမနိပ်ထားနိုင်ရာ မှောင်မဲနေ၏. ရံဖန်ရခါ ပစည်းရှာသလြိုဖြင့်ဖွင့်ရ၏. အန်မတန် သတ္တိကောင်းပါသည် ဆိုသော ခဥမ ချွေးပြန်ရသောညဖြစ်သည်. ခဏမျ လှဲသောလ်ည်း မည်သူမျှ အိပ်နိုင်ပုံမရ.
အတန်ငယ် ခဏလှဲပြီးသော်ခင်ဦးမေ အိပ်၇ာမှထသည် ရေချိုးခန်းသို့သွားသည် ။ေ၇ချိုးရန် လဲရန် အဝတ်အစားများတစ်ခါထည်းယူသွားသည်။ ရေချိုးသည် အားရပါးရချိုါ်သည် ။ တန်အောင်ကို ချိုးပလိုက်သည်။ အကျီလဲသည် ဓါတ်မီးဖြင့်ပင်ဖြစသ်ည။ မီးဘာလို့မလာလဲဏဥင်္းစားမရ နာရီဝက်မျှဖြင့်လည်း ကွန်ပလိန့်သွားမတင်လိုတော့။ အညောင့်းဆန့်ရာ အချိန်နောင့်နေးသည်။ ဆိုင်ကယ် ဆရာလာသတင်းပို့သည်လာမယ်ဆိုကာ မှောင်ထဲတွင် အလှပြင်သည်. ပစ္စည်းများပြန်သိမ်းသည်.
ထိုသူသည်လည်း အိပ်မပျော်။ ခဥမသည် ပိုက်ဆံအိတ်ကြီးထဲမှ အိတ်သေးကို ထုတ်က ထိုသူအနီးရှိစားပွဲပေါ်တွင်တင်သည်။ ဝယ်လာသော မုန့်အချို့ကကိုလည်းတင်သည်. အဲသည်မှာပိုက်ဆံတစ်ဝက်ဗျာ.။ မုန့်လည်းစားပါ. ကျွန်တော်တော့သွားတော့မယ်ဟုဆိုကာ နှူတ်ဆက်သည် ထိုသူက ကျွန်တော်က တော့ခဏလဲဦးမယ်။ အစ်မသွားချင်သွာနးင့်ပါဟုဆိုသည်. တံခါးဖွင့်ပေးသည်။ (မြန်မြန်ထွက်စေချင်လားမသိ.)
ခင်ဦးမေသည် ဆိုင်ကယ်ပေါ်သှိုတင်ပါးလွဲထိုင်သည်။ မိုးလင်းစပြုချေပြီ.။ ရိုးတိုးရိပ်တိတ်တော့မြင်ရသည်။ ထိုသူ့ကိုတာ့တာလုပ်သည် ။ဆိုင်ကယ်ဆရာကို ခါးဖက်သည်.။ ထိုသူ၏ ရီဝေသော အကြည့်ကိုမြင်ရသည် အဓိပ္ပါယ်မဖော်နိုင်။ ဆိုင်ကယ်သည် ဝှိ ဆိုကာ လမ်းပေါ်တက်သွာလေသည်။
ဤတွင်ရင်သိမ့်တုန်ဇတ်လမ်းပြီးသည်။