Saturday, April 7, 2012

ဧပြီ 7





















ရန်ကုန် ပဲခူးကို အားရင်တော့ရထားသွားစီးသင့်တယ် လက်မှတ်ဝယ်ရတာလဲ အားကြီးလွယ်တယ်။





















အချိန် ၁၁ မထိုးခင်ဘူတာကြီးကို ရောက်ရင် ရန်ကုန်နေပြည်တော်က မနက် ၁၁ နာရီထွက်တယ် ပဲခူးအထိ အထက်တန်းကို ငါးရာကျပ်ရှိတယ် ပုံမှန်တော့လဲ လက်မှတ်ကုန်နေတတ်တယ်။ အဲသ်ာဆိုရင် ရန်ကုန် နေပြည်တော်အထိ အထက်တန်းတွဲိ့ကု ၂၀၀၀ ကျပ်ရှိတယ်။ အဲသည်အထိဝယ်ပြီး ပဲခူးမှာဆင်းလာတာပေါ့. ။





















တခြားရထားတွေ လည်း ပဲခူးကို ဖြတ်သွားနေကြတာဘဲ သေချာသိချင်ရင်တော့ဘူတာကြီးကို သွားကြည့် ရမှာဘဲ။ အဲသည်အချိန်ကတော့မှတ်မိနေတာနဲ့ အဲသည်အချိန်သွာတားဘဲ။




















ဘလော့ရေးရတာ အားတောင်ငယ်လာတယ် ဖတ်တဲ့သူ ရှိပါ့မလားဆိုပြီး ကိုယ်လဲ သူများရေးတာ မဖတ်ဘူးလေ။ ဖတ်ချင်ပါတယ် မဖတ်အားတာ. နဲနဲဘဲ ဖတ်နိုင်တယ် selected တော့ပေါ့။ ကွန်မက်လဲ မရေးဘဲ ပြန်လာတာများတယ်။





















စာတွေ ရေးတယ် ဖျက်တယ်။ ရေးတယ် ဖျက်တယ် နောက်ဆုံ့းတော့ဘာမှ မကျန်ခဲ့တော့ဘူး။






















ဖဘမှာ တစ်နေ့ကို ပုံနစ်ဆယ်လောက်မတင်ရင် မနေနိုင်တဲ့ကိုယ့်သူငယ်ချင်းရှိတယ်။ ကြည့်မနေတော့ပါဘူး အယ်လ်ဘဏ်တစ်ခုလုံး Like လုပ်လိုက်တယ် သူလဲ ကျေနပ်သွားရော။




















ဖဘမှာ ကိုယ်ရေးတဲ့စတေတပ်ကို like တွေ အများကြီးလုပ်ကြတယ်တော့ လာဖတ်ပါဦးဆိုတာ ကော ကြုံဘူးလား ကြုံဘူးတယ် အဲဒီသီချင်းလေး ကြိုက်လို့ ရှယ်ပေးထားတယ်လေ သိတ်ကြိုက်တာဘဲ နားထောင်ပြီးပလားဆိုတာလဲရှိတယ်။ ရေးပြီးပြီ. ဖတ်ကြနော် ဆိုတာလဲရှိတာဘဲ ။မဖတ်ရင် ဘာဖြစ်မလဲဟင် မသိရင် ဘာဖြစ်မလဲဆိုရင် အမြင်ကပ်ကြတယ် ကပ်ကပ်ပေါ့လေ။ လူတွေ အတွက် ငါရှင်သန်နေတာ မဟုတ်ပါဘူး ငါ့အတွ့် ငါရှင်သန်နေတာပါ။























ကိုယ့်ကို ဖဘ မှာ လာအက်ထားပြီးမပြောမဆိုနဲ့ ပျောက်သွားကြတဲ့သူတွေ လည်းရှိတယ်။ deactivate လုပ်သွားတာလား block လုပ်သွားတးလဲ တောင်မပြောသွားခဲ့ဘူး အီးမေလ်အကောင့်လဲ မသိ. ကိုယ့်ဖုံးနါံတ်ပေးတာတောင် အားရင် ဆက်လိုက်ပါမယ်ဆိုတဲ့သူမျိုး ငါ့ကို ဘာလို့လာအက်တာလဲကွယ်။ ခံစားရတယ်။ ခဥမ လှို့ဝှ့က်တယ်ဆိုတာထက် လှို့ဝှက်တဲ့သူမျိုးတွေ နဲ့ရင်ဆိုင်နေရတယ်။





















ပျောက်ရင် ဘယ်နားလိုက်ရှာရမှာလဲ ပျောက် ပျောက်တယ်လို့ဘဲမှတ်ဘို့အတွက်သံယေယ်ဇဥင်္မများဘို့လိုအပိတယ။်






















ရထားကြီးက အမ်ြခုန်မောင်းတေယ်။ အတွေးတွေ လဲခုတ်မောင်းတယ်။























့ပုံတစ်ပေုံ စာစ်ကြကာင်း ဘယ်သူထွင်ခဲ့ပါလိမ့်။
































































ရထားကြီးကတော့ကောင်းပါတယ် တစ်ဝက်မှန်ပိတ်ထားတာ အသက်ရှူကြပ်လိုက်တာ. ခေါင်းမော့မော့ပြီးရှူရတယ်။ လေပိတ်တယ် လေ တစ်ဖြူးဖြူးကို ခံစားချင်တယ် ခဲလုံးတွေ စင်မှာတော့လဲကြောက်သား. ဘုရားသခင်.





















လုပ်ကြံဇတ်ကြီးနဲ့ နေရတာမဟုတ်ပါဘူ။း။





















ဝင်သွားတဲ့နေ. ............မပျောက်ခင်လိုက်ဖမ်းတယ်။





















































































ခုတ်ပါ ရထားကြီးရယ် ခုတ်ပါ။ ငါလှစ်ကနဲ ခိုးကြည့်လိုက်တယ်။


ရေးတယ်ဖျက်တယ် ရေးတယ် ဖျက်တယ် ဖျက်သွားပြန်ပီ။
............
ထပ်ရေးတယ် ထပ်ဖျက်တယ်။။။။။။။။။
ရောက်တဲ့နေရာ ရပ်လိုက့်.

9 comments:

kma said...

"ရန်ကုန် နေပြည်တော်အထိ အထက်တန်းတွဲိ့ကု ၂၀၀၀ ကျပ်ရှိတယ်။ အဲသည်အထိဝယ်ပြီး ပဲခူးမှာဆင်းလာတာပေါ့. ။"

ဟာ မစီးတော့ပါဘူး။ အဲ့ဒီ ငွေ ၂၀၀၀ ကျပ်နဲ့ ဒီတသက်မှာ မလုပ်ဖူးသေးတဲ့... ဟိုလေ ခုတလော လူပြောများတဲ့ ဟိုမင်းးသမီး လုပ်သလိုမျိုးပဲ... :)

မိုးသက် said...

ဒီပို့်စ်လေးက ကဗျာတစ်ပုဒ်နဲ့တူနေတယ် အစ်မကွန်.

Anonymous said...

ညကဖတ်တယ်...
တဝက်ထိပဲ....
(မူးနေတော့...)



ပုံ။
ဟိုတယောက်ပေါ့..
(အပိုတွေ ပြောတတ်သူ)

Candy said...

ငါ့အတွက် ငါရှင်သန်နေတာ.. သိပ်မှန်တယ် မမ
သံယောဇဉ် မထားတာလည်း ကောင်းတယ်.. ကိုယ်ပဲ စိတ်ဒုက္ခများတယ်

ညိမ်းနိုင် said...

ဘာလို့အမှန်တွေလျှောက်ပြောနေရသတုန်း..ရောက်တဲ့
နေရာ ရပ်နေအစ်မကွန်.....၊ဒီပို့စ်လေးကို အတော်
ကျတယ်....ဂယ်...:)

sawthanlwin said...

အမြဲဖတ်ပါတယ်..
ပုံတွေက၀ါးတားတားနိုင်ပေမယ့်စိတ်ဝင်စားစရာ
ကောင်းတယ်...

ဖိုးတုတ် said...

စောင်းပြောတဲ့အဆင့်တောင်မဟုတ်တော့ဖူး၊ တည့်တည့်ပြောတာဖြစ်နေပြီ

လာလေရောဟဲ့ .... ၈ကြိမ်မြောက်ကွန်မန်.

ခင်တဲ့

ဖိုးတုတ်

Anonymous said...

ဆည်းဆာပုံလေးတွေကလွမ်းစရာ...........
ရွှေဝါ

Maurice said...

ဒီပို့်စ်လေးက ကဗျာတစ်ပုဒ်နဲ့တူနေတယ် အစ်မကွန်.