Sunday, October 28, 2012

ငါးခူမွှေ

ဝယ်သည်. ဝယ်ထားသည် ငါးခူ. ငါပုဏား.။ ငါးဘတ်. ငါးဖယ်။ ပုဇွန် အသေးလေးပုဇွန်ဆိတ် ပုဇွန် အကြီးကြီး
ဘာချက်ရပါ့။

ငါးခူထုတ်လိုက်သည်.
ငါးကြီးကို  ကြည့်ရသည်မှာ စိတ်ညစ်စရာကောင်းလှသည.် အကောင်ကြီးများကို မကြည့်လိုတော့. အသေးလေးများသာ မြင်လိုသည်. ခဥမသည် စာရေးဆရာများကို အားကျရာ မင်းသိခ်င်္ကြောင့်မပြုံးတတ်တော့. ကိုယ့်ရင်ထဲက ခံစားချက်တွေ ကို သူများမသိအောင်နေရမယ်ဆိုသော ညွန်ကြားချက်ကြောင့် ပျော်လည်း ဒီမျက်နာ ဝမ်းနညးလည်း ဒီမျာက်နာ ဖြစ်သည်. ဂျုးထင်သည် အသားကို သေးသေးလေးတုံးမှသာစားနိုင်ကြောင်းဖတ်ခဲ့ဘူးသည်. ခဥမသည် အသားကြီးများကို စားမရတော့ချေ.။

ခဥမ မောင်လေးသည်ထူးမခြားနား မြွေမကိုက်စေချင်လျင်   မြွေ ပါသော အရာများကိုေ၇ှာင်ရမည် ဆိုရွေ့ ရှောင်လေရာ ပဲလင်းမြွေ. ငါးမွှေထိုး.ငါးဘတ်မြွေ.. မြွေပါသမျှ မစား........

ငါးခူကြီးများသည် သိတ်မကြီးသော်လည်း မစားချင်.ပထမတော့ငါးခူကို ကြော်မည်စိတ်ကူးသည် ငါးခူကြော်တော့ကြိုက်သည် အခြောက်ကြိုက်သည်မဟုတ်လား မောင်က အခြောက်မကြိုက်. . အရည်လေး ဆီပြန်လေးမှ ကြိုက်သည်. ဒါဆိုလျှင် ငါးခူကြော်ပြီးရင် ငရုတ်သီး အကြမ်းမှူန့်များများနင့်. ကြက်သွန်နီနင့်. ပြန်ကြော်လျှင် ကောင်းမည်ဖြစ်သည်. အပြောတော့ကောင်း. လက်ဝင်သည် ငါးကို ကြော် ကြက်သွန်နီဖြူကြော် ပြန်ကြော်. ပျင်းစရာကော်းလှသည်.

ထိုသို့ဆိုလျှင်......................

ငါး ဘတ်မြွေ ကဲ့သို မွေလိုက်လျှင် မြန်မည်။ ဆီပြန်လေးလည်းရမည်. အင်း မွေမည်ပေါ့.။။။။။။။။

ကြက်သွန်နီနည်းနေသည် အောက်ဆင်းဝယ်ရမည်မှာ ပျင်းစရာကောင်းလှသည်။  လောကကြီးသည် ပျင်းစရာကောင်းလှချည်တကား . ။


ရှိတာနဲ့ဘဲချက်တာပေါ့. ရှိသော ကြက်သွန်နီဖြူ ၈ျင်း ထောင်းထုက ဆီသတ်ကာငါးများကို ထည့်သည် မွေသည် မွေလို့်မရသေး. ရေထည့်သည် နူးလျင် မွေလို့ရမည်ထင်သညည်။ နူးသော မွေသည်. ကြေသွားသည်. အရိုးများစွထွက်သည် ညှီနံ အနည်းငယ်ရသလို ထင်သည် ဂျင်း နနဲနဲ လှီးထည့်လိုက်သည် မထူးခြားသေး ကလာလေးမ ဆာလာ တစ်ထုတ်ဖောက်ထည့်လိုက်သည် ရွဲ ရိုရွက်ကလေးများရှိရင်ကောင်းသား........... စပါးလင်လေးများရှိလျှင်ကောင်းသာ.းစဉ်းစားသည်. အမေ ချက်တာ ကောင်းသလောက်. ခဥမ သည် ကိုယ့်ဟင်းအိုးကိုယ်ကြည့်ကာ စိတ်ညစ်လေသည် မသွန်ပြစ်မိရန် စိတ်ထိန်းထားရသည်. ။ 

အမေ့ကျေးဇူး သတိရလေသည်..................................။။။ 

6 comments:

Candy said...

တပတ်စာဝယ်ထားတာလား မမ.. များလိုက်တဲ့ငါးတွေ... ငါးဟင်းကြိုက်သလောက် ကိုယ်တိုင်ကျ မချက်တတ်ဘူး >.<

Zephyr said...

အားလုံးရောပြီးပြုတ်လိုက်ပါလား။ သွန်ရလွယ်သွားအောင်။ :)

khin oo may said...

ဟုတ်တယ် ကန်ဒီ တစ်ပါတ်စား နစ်ပါတ်စာ မှန်းတာဘဲ။

khin oo may said...

ဟယ်. Zephyr ဖတ်တယ်။။။။။

Anonymous said...

ငါးခူမွှေနည်း အသစ် :P

pifpif

Kevin said...

ဟုတ်တယ် ကန်ဒီ တစ်ပါတ်စား နစ်ပါတ်စာ မှန်းတာဘဲ။