Saturday, January 12, 2013

Friday night


































ခင်သည် အိမ်သို့သုတ်ခြေတင်ကာ ပြန်လာသည်. ။ ထွေထွေထူးထူးတော့မရှိ. အိမ်မှာမနေရတာကြာသောကြောင့်ဖြစ်သည် မိုးလင်းထွက် ညမှ ပြန်ဝင် မင်းသမီးလေးဖြစ်နေသည်။ ( ကိုပေါ မဲ့သွားသည်.)။




























တက္ကစီတက်စီး လမ်းလျောက်ဘတစ်ကားစီးလမ်းလျောက် ဘတစ်စကားစီး ရထားစီးပြီး အိမ်မပြန်သေးဘဲ လျောက်လည်ပြန်သည်။ .

ထွေထွေထူးထူးတော့မရှိ လောကကြီးပျင်းစရာကောင်းလှသည် ဖုံးဆက်ရန်စဉ်းစားသော်လည်း လူရှာမရ.။ မအားသူများ များသည် ခင်သည်လည်း အားသည်မဟုတ်.။ သူမအား ကိုယ်မအား ကိုယ်အားသူမအား သူအား ကိုယ်မအား လောကကြီးတွင် နေရခက်လှသည် ထို့ကြောင့် အိမ်ထောင်ပြုကြခြင်းဖြစ်ရာသည် သို့ဆိုလျှင် တစ်အိမ်ထည်းနေသည် ဆိုတော့မဆိုးလှ နဲနဲတော့ တွေ့ကြနိုင်သေးသည် ကလေးရှိလျှင်တော့သာယာသည်ပေါ့။ မရှိတော့လည်း အားသည်ဘဲပေါ့။

 ဘာဂါသွားစားသည်. တစ်ယောက်ထည်းစားဘာဖြစ်လဲ ဘာမှ မဖြစ်ပေါင်. ဆန်ပေးဆီရသည်တစ်ဆယ်ပေးလျင် အကြွေပြန်ရသည် ။မနက်ဖြန်အတွက်ပါဝယ်ခဲ့ဦးမလို့
စဦးစားသေးသည်။ အို ဘာဂါတွေ များနေရင် မကောင်းဘူး။ ကော်လက်စထရောတွေတက်မယ်။ ပလာတာ ပြောင်းစားတာပေါ့ ဆိုကာ ထပ်မဝယ်. နေရာ မဆိုး. ရသည် လူများသော်လည်း ခပ်တည်တည်ပါင်လေးယောက်ခုံတွင် တစ်ယောက်ထည်းထိုင်ကာ စားသည် မနေနိုင် မစောင့်နိုင် မစားနဲ့ပေါ့ တို့ကတော့တစ်ကိုယ်ကောင်းခပ်ဆန်ဆန်ဘ ကိုယ့်ကိုယ်ကို သက်သာအောင် comfortable ဖြစ်အောင်နေသည်။



ကောင်မလေးငယ်ငယ်ချောချောလေး လာရာကောင်လေးပါသည် ငယ်မှ ချောမှတော့ကောင်လေးပါသည် ပေါ့. ခင်တို့လား. .အဖွားကြီးခင်အတွက် ကောင်လေးများရှိသော်လည်း အဖွားခင်သည် ရှောင်ပြေးရလေသည်။ မပြေးနဲ့ခင် မပြေးနဲ့ခင်ဟု  ကော်ကော်ကျိုးက လိုက်ဆွဲသော်လည်း ခင်သည်ပြေးလေသည် ခင်ကမွေး ခင့်သားလောက်ရှိရာ မည်သို့လုပ်မည်နည်း ။ ကောင်လေးများကိုသာ သဘောကျရာခက်လေသည်။ လုပပ်ငန်းရှင်ကြီးလုပ်မည် စိတ်ကူးသည် ကောင်းလေးများကို လက်ထောက်ခန့်မည်. လောလောဆယ် ခင် .အိုကေနေသည် ခင့်တပည့်သည်ကောင်လေးဖြစ်သည် ဘာမှမတတ်သေးသောသူဖြစ်ရာ ခင် စီမံသမျ ခံရ၏. ခင်ဗိုလ်ကျသမျှ ခံရသည် သူမှ မတတ်သေးဘဲကိုး တတ်သောသူများက ခပ်ခွာခွာနေကြသည် ကိစ္စမရှိ တပည့်တစ်ယောက်ရလျှင် အိုကေသည်။  ခင်သည် ပါးစပ်လှုပ်ရုံသာ ဖြစ်ပြီး ခင့်တပည့်သည် လက်လှူပ်ရသည်။ ဆူပူလို့လည်း ရသေးသည်။ ဒါကြောင့်ခင် အလုပ်လုပ်နေခြ်းဖြစ်သည် အိမ်မှာဆို ပျင်းစရာ..ိ





























လျောက်ကြည့်သည်ဝယ်နိုင်သည်မှာ မျက်နာသုတ်ပါဝါ ဖြစ်သည်။ ခုနစ်ကျပ်ဖြစ်ဆိုသော်သုံးထည်ခန့်ဝယ်နိုင်သည်။ တီရှပ်လည်းတွေ့ဥည် စေျးချထားရာ သုံးထည်ခန့်ဝယ်နိုင်သည်။ ဘလာစီယာကတော့ဈေးကြီးသည် . ပုံကောင်းရန်လိုအပ်သော်လည်း နေပါစေဦးလေ ဆိုကာ ထားသည် ငယ်စဥင်္က ဘာလာစီယာ လှလှကလေးများအနက်ရောက်ကလေးများ
ဝတ်သည် ဘာဖြစ်လို့လဲ မေးသော် ဆင်ဆာ ဟု ဆိုပြန်သည်။
 




ခင်သည် ယခုတစ်လော မဲမဲမြင်ရာ လိုက်ရိုက်နေသည် ခင်.သည် ရန်ကုန်ကို ဘယ်တော့ပြန်ဖြစ်မည် မသိ. စကာပူတွင် ဘယ်လောက်ကြာအောင် ထပ်နေဦးမလဲ မသိ.လောကကြီးသည် မသိတာများလှရာ ရောက်နေဆဲ့ကာလ ကိုခံစား နေသည် တန်ဘိုးထားသည်  နောင် တစ်ချိန်ကြုံချင်မှ ကြုံတော့မည်.။ ကြုံတုံးသာ ရေးနိုင်သည် မကြုံလျင် ရေးနိုင်မည် မဟုတ် ဆရာ စိုးမင်း   ရန်ကုန်ပြောင်းရသည့်အတွက်ဝမ်းသာ
ပါကြောင်း.. ရန်ကုန်စီးရီးများထွက်လာဦးမည် မျှော်လင့်ကြောင်း .ဖတ်သလားမေးလျင်တော့ယောင်ဝါးဝါးပင်သူ့ပရိသတ်များဖတ်ကြလေမပေါ့ ခင်ကတော့ ရေးချင်သူသာ ဖြစ်သည်. ဖတ်ချင်သူမဟုတ်. ဖတ်စရာတွေ ကလည်းများလှသည်. ။
























































တီရှပ်များမြင်သော်ဆရာတစ်ယောကို သတိရသည် စိတ်ကူးနဲ့ဝယ်ယူ ကန်တော့လိုက်ပါတယ် ဆရာ လက်ခံတော်မူပါ။ ဖိနပ်များလည်းသွားမစွပ်ဖြစ် ပင်ပန်းနေသည် နောက်နေ့မှပေါ့ ဆန်းဒေးလာဝယ်ရသေးတာဘဲ ဈေးဝယ်တာကလည်း မုဒ်ကောင်းမှ ဖြစ်သည မုဒ်မကောင်းလျင် ဝယ်ချင်စိတ်မရှိ. အိပ်ယာခင်များလည်းဈေးချသ်ည စေျးခချတိုင်းဝယ်ရစတန်းဆိုလျင် ခဥမအိတ်ကလေး ပါးသွားနိုင်သည် အခုတောင်တစ်စမ်းစမ်းနဲ့ဖြစ်သည် ဘယ်လောက်ကျန်သေးလဲ ဖြစ်ညှစ် ကြည့်တာ Internet banking ကဝင်လို့မရ.။ ခင့်သေငျေးပါဆှိုလျင် ကိုကေ ကထောက်ခံမည် ဟု ထင်သော်လည်းခ င်သည် ပိုက်ဆံမရှိရှာချေ။ အော် လောက လောက . . လောဘ များနင့်သာ ရှင်သန်နေရော့သလာူ အေးချမ်းအောင် ကြံဆောင်ရပေမည်။ မပူချင်လျှင် မသုံးနဲ့ပေါ့ သုံးလျင်တော့ ခြောက်ဆယ်မှ လစ်ဘို့ဖြစ်သည်. အလုပ်လုပ်မှ စားရမည် ဖြစ်ရာမလုပ်နိုင်လျှင် လစ်ဘို့သာရှိသည် မလစ်ချင်လျှင်စုရမည် အော်.  ဒုတ်ခ ဒုတ်ခ.ဒီလိုယောကျာ်းရ ကံကောင်းတာပေါ့ ဆိုသော် အင်းဟု သက်ပြင်းရှည်ဆွဲ့ာ ချရသည်။

west mall ကြီးလဲ လှလို့ဖြစ်သည် ခင်ရိုက်လို့များလား.။





ဒါပေမဲ့လဲကိုယ်တန်ုဘိုးထားပုံခြင်း သူတန်ဘိုးထားပုံခြင်းကွာပေဦးမည် ခင့်သူငယ်ချင်းတစ်ယောက်သည်စာမရေးသော်လည်းဖ ဘတွင် ဒါတ်ပုံမှန်မှန်တင်သူဖြစ်သည တစ်နေ့လျင် ပုံ လေးဆယ်ခန့် တင်တတ်သည် တစ်နေ့စာ အယ်လဘန်သဘောမျိုးဖြစ်သည်. အယ်လဘန်တစ်ခုလုံး  LIke လုပ်လိုက်သည်. ပုံများကို ကြည့်ချင်သည့်အခါ ကြည့်သည် မကြည့်ချင်သည့်အခါ မကြည့် . ဒါတ်ပုံဆိုသည်မှာ နဲနဲအဝေးမှ သူများက ရိုက်ပေးလှင် ပိုကြည့်ကောင်းသည်ကိုယ့်ဘာသာလက်ကြီးဆန့်ထုတ်ရိုက်လှင် ပုံကောင်းထွက်ဲခဲသာ့  ရံဖန်ရခါလန့်လန့်သွားသည် ၈ျုလိုင်ပြောသလိုပင် ကိုယ်က လှသည် ထင်သော်လည်း ကြည့်သူအများ လန့်ကြသည်. ထို့အတွက်ကြောင့ိုကိုယ့်ဘာသာကိုယ်ရိုက်သောပုံများကို ဆင်ခြင်တင်ရန် အကြံပြုသည် ငယ်သောသူများကတော့ဘယ်လိုရိုက်ရိုက်ရပေသည် ။ ခင်တို့သာ ဆင်ခြင်ရာ၏။

































 





















ဟုတ်သည် ဟိုတယ်လီဖုံးလေးသည် မြို့မိမြို့ဘ မေတ္တာရသော Don Steve Evergreen  ပြောသကဲ့သို့ပင် အချိန်အလန်ကို အသံထွက်ပြောသည် time is *8:05 pm ဆိုလား ကြားလိုက်သည် ခင်နင့်တော့မဖြစ်. ခင်ကတော့ ထိုအသံလောက်ဆိုလျင် တုတ်တုတ်လှုပ်မည် မထင် လန့်ဖြန့်စရာ alarm ကြီးက သာခင့် အားကိုးရာဖြစ်သည် ရုံးနောက်ကျလျှင် MC ပြေးယူလို့မရ. နောက်ကျဘူးသည် ဘော့စ်ဆီဖုံးဆက်က oversleep  ဖြစ်သွာကြောင်း MC သွား.ယူမယ်နောက်ဟု ပတ်ချွဲနက်ချွဲလုပ်ရာ .ယူစရာမလို ရောက်အောင်သာ လာဟု ခွင့်လွတ်သော်ခင်ပက်လက်လန်၏။

























































အကျီလေးများတွေ့သညှ်လှသော်လည်း ခင်ဝတ်လျှင် သက်ပြင်းချ၏။ အလုပ်သဘောအရလည်း တည်ကြည်ရလေရာ အသက်ကိုလည်းအားနာရ၏ အလုပ်ကိုလည်းအားနာရသည်။ သို့ဖြစ်လေရာ ခင်သည် ရှေ့းရိုးရာ အဖွားကြီးဖြစ်နေသည် သို့သော်လည်း အားငယ်စရာမရှိ ခင်တို့ သည်အေးချမ်းသူများဖြစ်သည် ခင့်အထက်အရာရှိ သည် လွန်ခဲ့သော ဆယ်နစ်က အကျီကိုဝဝတ်နေဆဲဖြစ်သသည် ဟောင်းသောလည်းကောင်းနေဆဲဖြစ်သည်
။ ခင်တို့သည် ထိန်းသိန်းသူများဖြစ်သည်  ။ သိတ်ချိုလျင်မစား သိတ်ငန်လျင် မစား ဟဲဗီးတွေ မစား. ပိန်ဆေးတောင် သောက်သေးသည် သူများလေးလုံးခန့်သောက်သည်ကိုခင်သည်တစ်လုံးသောက်သည် ပြီးတော့ ဟင် side effect တေါ ကြောက်ပါတယ်ဆိုကာ မသောက် ဆေးတေါ ပိုနေသည် ဆက်သောက်ရဦးမည် ချွေတာသောက်ရမည်။ ဘာတေါ ပါမှန်းလဲမသိ. သူက အစားအသောက်ကို မစားချင်အောာင် ဖြစ်ရာ ညစာမစားဘဲနေနိုင်၏. ဟိုဟာလေး ဒီဟာလေးနင့်ပြီးသည် ခင့်သူငယ်ချင်းတစ်ယောက်သည် ပိန်သွားရာ လူက ဆယ်ကျော်သက်ကလေးလိုဖြစ်သွား၏. မျက်နာကိုတော့မကြည့်နင့်ပေါ့လေ. ဘာဘဲဖြစ်ဖြစ်ပိန်သွားလျင် ဝတ်စားရအဆင်ပြေသည် ပိုလှသည် ခင်လျှချင်သော်လည်း ညစာစားချင်သူဖြစ်ရာ မကိုက်.။

ခင်နဲနဲရွဲနေသည် ယခုအပတ်ပင်ပန်းသည် ဖျားလည်းဖျားသည်လွမ်းဖျားဖြစ်နိုင်သည် ဆေးသောက်သော်ကောင်းသွား၏. မျက်စိယောင်ရာမျက်စေ့ဆရာဝန်သွား
ပြသည်ကိုမောင့်ကိုမပြော မောင်စိတ်ပူမှာ စိုးသောကြောင့်ဖြစ်သည် ခရီးသွားခါနီးသူပျော်ရွင်နေတာ စိတ်မချမဖြစ်စေလိုပေ. ခင့်ဘာသာ ခင်ထင်တာဖြစ်မည် မောင်ကတော့စိတ်ချလေ၏။ ခင်တို့သည် ဖုံးမဆက်ကြချေ. အီးမေလ်းလဲမပို့ အချိန်တန် အိမ်ပြန်လာမည် ကို ထိုင်စောင့် အိပ်စောင့်နေသလိုဖြစ်သည် မချစ်သည်မဟုတ်. အိမ်ထောင်သက်ကြာသော်ကြောင့်အဆင့်မြင့်လာခြင်းဖြစ်ရာသည်။














 





















ခင်သည် စိတ်ကူးယဉ်သည်ေ မာင်စိတ်ညစ်ကာ မင်းစိတ်ကူးယဉ်တာတွေ ရပ်ကွာဟု ပြောယူရသည်။

စကာပူမြို့ောတ်ကြီးသည် ခန့်ငြား အဆင်္င့မြင့်လှသည် ရထားလာတော့မည်ကို ပြနေသည် နစ်မိနစ်တစ်ခါ လေးမိနစ်တစ်ခါရထားလာသည။် လူများသော်လည်းအိမ်အမြန်ရောက်သည်။ အဲကွန်းပါသည်။ အချိန်ကုန်သော်လည်းပင်ပန်းသည် မထင်ရ. အင်တာနက်ကောင်းသည လူတိုင် ဟန်းဖုံးကိုယ်စီ I touch ကြသည် အချင်းချင်းစကားမှ ပြောပါလေစ တစ်ယောက်ထည်းဆိုလျင် touch နေကြလေသည် နားကြပ်ကလေးများကိုယ်စိဖြင့်သီချင်းနားထောင်ကြသည် . ညီမအိမ်သွားလည်ရာ မမခင် မမခင် (ဂိ) ဆိုကာ သူ အိုင်ဖုံးမှ ယူကျူမှ သီချင်းများ ဘယ်ကမှန်းမသိသောအိုင်ဖုံးထဲ မှ သီချင်းများကို ခလုပ်နိပ်ကာ တီဗွီ ထံသို့ရောက်စေေ၇ွ့ Home theater မှ အသံထွက်ပြသော် ခင်သည် အံသြစွာ ဖြစ်သည်. ခင့်ညီမသည်ခင့်ထက်တော်သည် သွက်သည် လက်ခ် မြင်သည် .အားကျရလေသည် ခင်တို့ကတော့လှေထိုးကြီးရိုးရိုး ဖြစ်၏

ရုပ်ရှင်မကြည့်တာကြာဘီ ကြည့်ရဦးမည်။ အချစ်ကားတော့မကြည့်တော့ အချစ်သည်အဝေးမှာ ကျန်ခဲ့ပြီဖြစ်သည်။

ခင်ကတော့စိတ်ကူးယဉ်မြဲယဉ်ဆဲဖြစ်သည်။

7 comments:

Anonymous said...

အမြဲနေ့ တိုင်း လာဖတ်ဖြစ်ပါတယ်...
ကွန်မန့် မရေးဖြစ်ပေမဲ့ အခုတော့ 1 ဖြစ်လို့ ရေးလိုက်တာပါ....

Anonymous said...

၂၀၁၃တွင် ခင်သည်အရင်အတိုင်းစာပြန်ရေးစ ပြုလာသီ

khin oo may said...

1. ကျေးဇ အမြဲတန်းမရေးပေမဲ့တစ်ခါတစ်လေ ခြေရာချခဲ့ရင်တော့လဲ ရေူးသူအားရှိတာပေါ့

2
ရေးချင်တဲ့ အခါရေးလိုက်တာပါဘဲ။ ဖြစ်ညစ်ပြီးတော့မရေးချင်ပါဘူး။

ဖြိုးအောင် said...

အရေးအသားက အရင်ထက် အများကြီး ပိုကောင်းလာတယ်။ စာလုံးပေါင်းတွေလဲ သိပ်မမှားတော့ဘူး... စောင့်ပြီးတော့ကို ဖတ်နေရပြီ....

NSA said...

သောကြာညက ၈ ခွဲကနေ ၉ ခွလြောက်ထိ အဲဒီမှာရှိနေတာ..မမရ..ရှေ့က ပန်းရောင် အပင်ကြီးလည်း ဒါ့ပုံရိုက်သေးတာ.. လွဲသွားတာ (သို့) မမကို မိအောင် မဖမ်းနိုငတာ နာသကွာ

Aunty Tint said...

တီတင့်လည်း မျက်စိရှေ့ရောက်လာသမျှ အရာရာကို ဓာတ်ပုံရိုက်ချင်နေတဲ့စိတ် ဘယ်လိုထိန်းရပါ့။ ခဥမရဲ့
Friday night စုံစုံလင်လင်လေး ဖတ်သွားတယ်။
ဖတ်စရာတွေ များပေမယ့်လည်း တစ်ခါတစ်ရံ စာလာဖတ်ဖြစ်တဲ့အခါတော့ ခြေရာလေးချန်ခဲ့ပေးနော် :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

မမ
ပိန်ဆေးညွှန်းပါ
ပွင့်