Wednesday, February 13, 2013

နားကြပ် Littmann



































ခင် နားကြပ်လေးပျက်သွားသည် အလည်မှာကျိုးသွားခြင်းဖြစ်သည်. နားမှာတက်ရွေ့မရတော့လည်လည်သွားသည်.။ ခင်သည် ကြမ်း၏. ခင့်လက်သည် ကြမ်း၏ မနူးညံ့ မိန်းမ မပီသ.  အရာရာကြမ်း၏. ခင်တို့ခေတ်က နား ကို အပေါက်ကလေးဖောက်ရွေ့ သွေးဖောက်ရာ VIP လူကြီးသည် အော်သွား၏ အမလေး ဒိတစ်ယောက်ဖောက်တာ အကြမ်းဆုံးအနာဆုံးဘဲ ဟု ဆိုသည် သို့သော်ညင်သာသည့်နေရာတွင် ညင်သာ၏. ခင်နဲ့မှ ဆိုသော သူများရှိသည် ခင်သည် အသက်ကြီးပြီး မျက်နာတည်လေရာ ဆရာမကြီးဂိုက်ထွက် ၏. အသက်ကြီးသော်ဆရာကြီးဖြစ်လေရာ ခင်ပြောလျေင် တော်တော်များများက နားထောင်ကြသည်။

နားကြပ်သည်ခင်အတွက် အန်မတန် အရေးပါသည်. အသက်ရှူသံ.မှန်မမှန်. အဆုတ်ကောင်းမကောင်း အသံထွက်မထွက် အသံနည်းမနည်း နလုံးကောင်းမကောင်းအသံများကို ဤနားကြပ်ဖြင့်နားထောင်သည် ကျောင်းသားဘဝက နားကြပ်ထုတ်ပေးသော ခေတ်ရှိခဲ့ဘူးသည် ထိုနားကြပ်ကေးလးဖြင့်သာ ကျောင်းပြီးခဲ့လေသည်။ ကျောင်းပြီးသော် နားကြပ်အသင့်အတင့်ကောင်းတာလေးရသည် သိတ်တောင်မှတ်မမိတော့သုံးလို့တော့ရလေသည်. စလုံးရောက်သော် သူငယ်ချင်း သဇင်က ခေါ်သွားပြီးနားကြပ်လိုက်ဝယ်ပေးသည်  Litaman နားကြပ် cardio III ဖြစ်သည် ဘာဘာညာညာ နားမလည် သဇင်သည် ဆရာမကြီးဖြစ်သည် သဇင် ပြောလျင် မှန်သည်.သို့ဖြစ်ရာ ဆေးရုံကြီးတွင် စုံစမ်းရာ ဈေးအသင့်အတင့်ကြီးသည်. ထိုသို့ဖြစ်ရာ နောက်တစ်နေရာ သို့ချီတက်သည် တက္ကစီဖြင့်သွားသည် သဇင်ဝယ်ပေးသော နားကြပ်ကိုယူသည် စလုံးသုံးရာနီးပါးဖြစ်သည် မနမျော. ဆရာဝန်ုလုပ်ရမှာဘဲ မှန်တာပေါ့ဝယ်ရမှာပေါ့ ဟု သုံးသပ်၏။

ထိုနားကြပ်သည် ပိုကောင်း၏ အသံမျာိးက ဒုံးဒုံးဖြင့်ကြားရသည် အချို့သော သူ ခဏ ငှားနားထောင်သော မကြည်ဖြူ သူ့နားထဲက ချေးတွေ ငါ့နားနဲ့နီးစပ်တော့မှာဘဲဟု ငြူစူသည်.တစ်ခါသော်သိတ်ပင်ပန်းသောအချိန်တွင် ကမူးရှူထိုးဖြင့်တက္ကစီပေါ်မှ ဆင်းရာ မေ့ကျန်ခဲ့၏. တက္ကစီဆရာကို တစ်ပတ်အတါင်းပြန်တွေ့သည် မေးကြည့်ရာမတွေ့ဟု ဆိုသည် စိတ်မကောင်းဖြစ်စွာ နောက်တစ်ခု ဝယ်ရသည် တစ်ခုဆို တစ်ခု နစမျောရ၏ ဈေးကြီးသည် မဟုတ်လား။

လက်ရှိသုံးနေသော နားကြပ်ကလေးသည် ငါးနစ်အောက်သာရှိသေးမည်. ယခုကျိုးချေပြီး ကျိုးမည်ပေါ့ အကိုင်ကြမ်းသည်ကိုး.ဝရန်တီငါးနစ်ရှိသည်ကို ယခုမှ သိသည် ဝယ်ထားသောဘောက်ချာပြလျင်ဝရန်တီထဲများဝင်ဦးမည်ထင်သည် သို့သေည်လည်းဘောက်ချာမသိမ်းမိ.

ထပ်ဝယ်ရပြီပေါ့. အစိမ်း. အနီ. အနက်. နီညိုများထဲတွင် အစိမ်းကို အာရုံ့ကျသည်.. ယခင်က 3M cardiology III ဖြစ်သည် ယခု cardiology III TM ဖြစ်သည် . ဖြစ်ရခြင်းအကြောင်းမှာ ဆိုင်က မရှိဟု ပြောခြင်းကြောင့်ဖြစ်သည်. ဆိုင်တွင် ဘူးများစွာထပ်နေပြီး တစ်ချက်ကြည့်ပြိးမ၇ှိတော့ဆိုသည်ကို မယုံချင်ပေ။ မရှိဆိုသည်ကို ဘာတတ်နိုင်မည်နည်း ငွေ မချေခင်ကသာ ယခုလိုပြောလျေင် ဝယ်ခဲ့မည်မဟုတ် ငွေချေပြီးမှ ပြောလေရာမကျေမချမ်းဖြင့်ယူလာရသည်. ဘာကွာသနည်း လိုက်ရှာဖတ်သော သိတ်တော့မကွာ လုံးပတ်အနည်းငယ်ကြီးသည် နား ear grip ပိုကောင်းသည် ဆိုသည် ။ သုံးနေကျနားကြပ်ကလေးကို စွဲလမ်းသောစိတ်က အရင်အတိုင်း ကွက်တိလိုချင်လေရာ စိတ်မကောင်းချေ.

ဝယ်လာပြီး ထားစရာနေရာမရှိ. အသစ်ကလေးကိုနမျောနေ၏.ခါတိုင်းလိုခေါက်ချိုး အိတ်ထဲမထည့်ရက် ထပ်ကျိုးမှာစိုးရိမ်နေသည်.။

 အဓိက ဆိုလိုသည်မှာ ဝယ်သူကိုစိတ်ချမ်းသာအောင်ဆက်ဆံစေလိုချင်းဖြစ်သည် စလုံးသုံးရာဝန်းကျင်သည် ခင့်အတွက် များသောပမာဏဖြစ်သည် စွန့်စားဝယ်ရသော ပမာဏဖြစ်သည်.။ သို့ဖြစ်လေရာ အနည်းငယ်တော့ customer ကိုစိတ်ချမ်းသာအောင်ဆက်ံဆံစေလိုသည် သို့ဖြစ်လေရာ နောက်နေ့တွင် ခင်သည် လူအများကိုပိုမို ရိုကျိုးလေးစားစွာဆက်ဆံပါမည်ဟုဆုံးဖြတ်သည်.။ တစ်ခုခုလိုချင်လျင် တစ်ခုခု ပေးဆပ်ရမည်ပေါ့့။

3 comments:

ko 9 said...

အဟောင်းသွား၇င် အသစ်လာမယ်လေ

ဇွန်မိုးစက် said...

မမနားကြပ်အသစ်လေးနဲ့ နှလုံးခုန်သံနားထောင်နေပုံကို မြင်ယောင်ကြည့်သွားတယ်။း)

Anonymous said...

ma ma kom, so you are a doctor?