Friday, October 18, 2013

17th October 2013

 


လေယဉ်ပျံလက်မှတ်များဈေးချသည်. လွန်ခဲ့သောနစ်လ က ဆစ်ခ်အဲလ် လေကြောင်းလိုငးကြီးကို လေယဉ်အသစ်ကြီး စီးစေချင်လွန်းသောကြောင်းစလုံးသုံးရာ ကီလို နစ်ဆယ် ဖြင့်ဝယ်ထားရသည် ။ ခွင့်ရ့က်များသေချာမတွက်အားဘဲ လက်မှတ်မရမည် ကို စိုးရီမ်သောကြောင့်ဝယ်ထည့်လိုက်ရာ ခွင့်ရက် နင့်မကိုက်မည်စိုးသောကြောင့်သော ကအတော်ဖြစ်ခဲ့ရသည်။

ယခု တစ်ဖန် သွားမေးပြန်သော ၂၈၉ ကျပ် ဖြစ်သည်. ဈေးတောင်ကျသွား၏ ကီလိုနစ်ဆယ် ဘဲဖြစ်သည်. ပိုက်ဆံအလိုက်ပေးလျင် ကီလို ထပ်ဝယ်လို့ရသေးသည် ခင်သည် ကီလို ထပ်ဝယ်ချင်လှသည် ယခုလက်မှတ်သည် ကီလို အပိုပေးမဝယ်ချေ. နောက်ဆိုလျှင် သွားခါနီးမှ ကပ်ဝယ်တော့မည်. ယခင်ကနားလည်သည်မှာ ဝေးဝေးကဝယ်လျှင်သက်သာသည်ဖြစ်သည် ယခုသော်တယ်မထူးလှ.

တစ်အိမ်လုံးသယ်ချင်၏. မသယ်နိုင်လျှင် လွတ်ပစ်ရမည် ဖြစ်သည် တီဗွီ သုံးလုံး ရှိရာ ဘယ်သူ့မှ မပေးချင်။ ကြည့်လည်းမကြည့် ။ နောက်ဆုံး ပေါ်တစ်လုံးကိုတော့ကြည့်သည် ကျန်သောနစ်လုံးမှာ မျက်နာငယ်သည် ။ နောက်ဆုံးတော့ ပေးပစ်ရမည် သယဖြစ်သည်

ယခုခတ်ေထဲတွင် တီဗွီိကို ပုံးနင့် ကြည့်သောသူရှားချေပြီ. ကြာလျ်ျင် ပြတိုက်ထဲရောက်တော့မည်။

 

 

တယ်လီဖုံး ရက် ၅၀ တန် ကဒ် prepaid ကဒ်ဝဝ်ထားရာ လွန်ခဲ့သော ဆယ်ရက် က top up လုပ်ရန်သတိရသည် ဆယ်ရက်ခန့်ကျန်သေးရာ နမျောသောကြောင့် မလုပ်လုကိိမိ ယနေ့သတိရသော် ရက်လွန်သွားချေပြီ။ နမျှောလှသည် ထိုကဒ်ပြားထဲတွှုပိုက်ဆံအတော်ရှိသည်။ မေ့လျှင် invalid ဖြစ်သည်မှာလည်းနမျှောလှသည်။ နောက်ကဒ် တစ်ခု ထပ်တိုးရန်တွန့်နေ၏. မတိုးလို့လဲ မရ. သူသည်လည် အသုံးဝဝင်သည်

အကျီများသွားကြည့်သည် ခင်ဝတ်လျှင် မလှ. ပိုက်ဆံအိတ်ဝယ်ချင်သေးသည်. အောင့်အည်းပြီးပြန်လာသည်။


 

 
အိပ်ခါနီးတိုင်း ဖဘကို deactivate လုပ်ရန် စိတ်ကူးရသည် ခင် အနည်းငယ် active မဖြစ်လျင် စိတ်မပူရန်ဖြစ်သည် ဖဘတွင် အချိန်ကုန်လွန်းလှသည်ကို လူတုင်း နားလည်ပေးနိုင်မည် ဖြစ်သည်။

ရန်ကုန်သွားလျှင် အင်တာနက်မရှိခဘဲခင်နေနိုငပါ့မလားစိုးရိမ်သည် ပြီးခဲ့သော တစ်ခေါက်က ညပိုင်းများတွင် ပျင်းလှသည်. ဘာလုပ်ရမည် မသိ။ အင်တာနက်လဲမရှိ. အိမ်ထဲလဲ ထိုင်မနေချင်း. ကမာအေးဘုရားလမ်းမှ ပွင့်သစ်ဆန်းသည် ည ၁၂ ခင် သွားထိုင်ရာနေရာဖြစ်သည်။ 


 

အင်တာနက်သုံးချင်လျင် ss သို့သွားသည် ခင့်ဖုံးတွင် အင်တာနက်မရှိ. ဒီတစ်ခေါက်တော့အင်တာနက်ရှိရန် ကြံစည်ရဦးမည် ခင်သည် ကဒ်ပြားကို အိုင်ဖုံးတွင် ထည့်လိုသည် အိုင်ဖုးန်ပါ ထားခဲ့ရမလိုဖြစ်သည် ထားပြီးတော့ကော သုံးသည်က သုံးမည်လား ဖုံးတစ်လုံးထပ်ဝယ်ရမည်လား ခင်လိုချင်သည်မှာတော့ ဖုံးတစ်လုံးထပ်ဝယ်ပြီးအိုင်ဖုးန်ထဲ ထည့်လိုက်လျှင် ကောင်းမည်ထင်သည်. အရင်ဖုံးကိုလဲ နှောက်ယှက်ရာမရောက်. ခင်လဲ အင်တာနက်သုံးရမည်.

 

 ယနေ့ခေတ်ကြီးတွင် prepaid မဟုတ်သော ဖုံးသည် အင်တာနက်ကြး ဖွင်ရက်သားအိပ်ပျော်သွားလျှင်သော်လည်းကောင်းခင်မေ့တတ်ပုံမျိုးနင့်သော်လည်းကောင်း ဘီလ်လာမှသာ လျှင်ရင်ဖိရမည် သို့ဖြစ်ရာ prepaid သည်ခင်နင့်သင့်တော်မည်.

ယနေ့သည်သောကြာဖြစ်သည် အလုပ်ပါးချင်သည်။ အလုပ်ပါးလျင် နပ်ရသည်ပေါ့ စနေလည်း အလုပ်သွားရမည် ။အိမ်နင့်လူနင့်မကပ်.။ သွားလည်း နာနေတုံးဖြစ်သည် သွားနာသည်ထက် သွားဖုံးနာသည် ထင်သည် ရေခဲရေသောက်လျှင် ကျင်သည် ဆရာဝန် ပြန်သားပြ ရသီါ်မည် pain killer အလကားရတိုင်းသောက်နေတာ မကောင်း ငါ့ကျောက်ကပ်ကလေး စိတ်ပူသည်။

ခင်စကားများလျင်လည်းများသည်ပေါ့.ဖဘသည်သာ ခင့်ကို နားထောင်လေသည်.

3 comments:

Anonymous said...

ခင့်လက်ရာ အိမ်ဖျော် စတော်ဘယ်ရီ ဖျော်ရည်လေးထင်ပါရဲ.

Anonymous said...

ဟင့်အင်း ပွင့်သစ်ဆန်းကပါဆို

တန်ခူး said...

တန်ခူးသည် ခင်နှင့် အဖြစ်တူလွန်းလှသည်
လေယဉ်လက်မှတ်စောစီးစွာဝယ်ပြီး ဈေးကြီးမိသည်
ခင်အားသတိပေးလိုသည်မှာ တီဗွီများသယ်သွားပြီး အခွန်သာဆောင်ရလျင် ရင်နာစရာအဖြစ်နဲ့  ကြုံရမည်ကိုဖြစ်သည်
အချိတ်အဆက်ရှိမှ လုပ်ပါလေ
နို့ မို့  လေယဉ်လက်မှတ်ထက် ပိုဇာတ်နာနိုင်သည်