Friday, December 27, 2013

27th December 2013

(၁)

ပြန်ရောက်ပြီ။
no one helping you တဲ့လား ကားဆရာကြီးက မေးတယ်။ ကားခ စကာပူ ၄၀ နီးပါးကျတယ် peak our နဲ့. လေဆီိပ်ခွန်နဲ့. ရင်ဖြိ့ပီးပေးရတယ် ။ ဘာတွေ မှန်းတော့မသိဘူး။ slip တော့ပေးနိုင်မှာတော့ကြည့်မနေနဲ့. ပေးလိုက်တော့.။နစ်ယောက်လောက်စီးရရင်တန်မှာ.

ရန်ကုန်မှာ check in ဝင်ပြီးရင် ပြန်မထွက်ရဘူးလား ပြန်ထွက်လို့ရလား. ပြောပြီးထွက်ပေါ့တဲ့ ပေးမထွက်ပေါင်။ visitor ကဒ် ပြားက ဘယ်လိုလုပ်ရတာလဲ ချက်ချင်းလုပ်ရင် ရတာဘဲလား ကြိုတင်ရတာလား ချက်ချင်းသွားလုပတော့လဲ မရပါ။ နစ်နာရီ လောက်ကြိုပြီး check in ဝင်ထားရင် အထဲမှာ ဘာလုပ်ရမှာလဲ ဟင်။ နားလည်ထားတာ check in ဝင်ပြီးရင်ပြန်ထွက်လို့ရရာမှာပေါ့.။ လဝက ကိုလည်းမဖြတ်ရသေး. departure hall ထဲလဲ မရောက်သေး

စကာပူမှာတော့ အစောဆုံး ချက်ခ်အင် ဝင်တာဘဲ ဝင်ပြီးရင် လိုကပို့တဲ့သူရှိ၇င် စကားထိုင်ပြော. လိုက်ပို့သူမရှိရင်တော့လဲ departure လဝက ထဲဖြတ်ပြီးရင် လေဆိပ်ထဲက duty free မှာမော့ပြီး ကော်ဖီဆိုင်မှာ ဇိမ်ကလေးနဲ့ ထိုင်လိုက်ရင် အချိန်က လောက်တောင် မလောက်ဘူး။ အခုတော့ ကိနာရာ ချောင်းခြားတော့မလို့။

လေဆိပ်ထဲက ဆိုင်တွေ ကလည်း ကိုယ့်မျက်စိနဲ့တော့ဈေးကြီးပေါ့ အစုတ်ကလေးတွေ လို့ထင်တာကို အစိမ်းတစ်ကျပ်ဘဲ။ အိမ်မှာ လွတ်ပစ်ထားတာ အများကြီး. ။ မြန်မာဖြစ်အိတ်ကလေး ပါးပါေးလး အစိမ်းရှစ်ကျပ်တဲက ဒါလဲ အခန်းထဲမှာ လျှောက်ကောက်ရင် ထွက်လာဦးမှာ။ ယွန်းအုပ်ကလေး လက်ဘက်စားတာ သေးသေးလေး. အစိမ်း ၂၀ တဲ . ငါတို့လို တောသားများနဲ့ လားလားမှ မထိုက်. ဝေးဝေးကသာ နေပါကွယ်။

လေယဉ်မယ်ကလေးက ချစ်စရာလေး မောင်ကေးလတွေ လဲ ချစ်စရာကေားင်ပါတယ် ငါ့တူမ တစ်နေ့တစ်မျိုး ဖြစ်ချင်တယ်က လေယဉ်မယ်လုပ်မယ်တဲ့ မလုပ်ချင်ပါနဲ့ကွယ်။ ပင်ပန်းလိုက်တာ.။ ခရီးသည် တွေ ကို ဝေလိုက်ပြန်သိမ်းလိုက်။ တောင်းဆိုတာ ပေးလိုက်. ဒါတောင် ငါ မတောင်းဆိုပါဘူး သူများတွေ စောင်တောင်း လိုက် ရေတောင်းသောက်လိုက် ငါတော့ ရေလဲ ဝအောင်သောက်လာတယ် သုံးခွက်. deparutere ထဲမှာ အလကားရတယ်လေ. အိမ်သာလဲဝင်လာတယ် အပြီး။ စောင်ပါး တောင်းရတာ ရတဲ့အခါလဲ ရ တောင်းတဲ့သူများရင် ကိုယ်လွတ်ကျန်တဲ့အခါလည်းကျန် . မတောင်းချင်တော့ဘူ ကိုယ့်စောင်လေးနဲ့ဘဲ ကိုယ်လာတော့တယ်။

မလုပ်စေချင်တဲ့အထဲမှာ သူနာပြုလဲပါတာဘဲ သိတ်ပင်ပန်းတယ် ကျန်တာတွေ ကောမပင်ပန်းလား ပင်ပန်းတာပါဘဲ ဒါပေမဲ့ မတူဘူး ဘယ်လိုမတူဘူးလဲ ဆိုတာ သူနာပြုတွေ ကို ဆရာဝန်တွေ က သိတ်အော်ဒါပေးတာဘဲ . လေယဉ်မယ်လေးတွေ ကတော့ငါ့ကိုစိတ်ဆိုးမယ် ဆိုးချင်ဆိုးပါကွယ် ငါ့တူမလေး ကို ဟိုလူက ဒီဟာ...ယုခိုင်း ဒီလုက ဒီဟာ ယူခိုင်း မလုပ်စေချင်ပါဘူး. ငါတောင် မခိုင်းရက်တာ . နင့်အမေက ဆို လိုလေးသေးမရှိ .သမီးသဘောထားတာ. ငါ ဖုံးဆက်ပြောဦးမယ် ငါ့တူမ လေယဉ်မယ်လုပ်ချင်နေတယ် ဆိုတာ ငါ စောစောကမှ သိလိုက်ရလို့.

ငါ့တူ အငယ်က ကျောင်းသားအဖွဲ့အစည်းမှာပါတယ်တဲ့ ဘာအဖွဲ့အစည်းလဲ ဘုရား ဘုရား အခုထွက်စမ်း. အဖွဲ့တွေ ထဲမှာ ပါရင် မဟုတ်တာတွေ ဆိုရင် ကျောင်းထုတ်ခံနေရဦးမယ် ဆိုတော့ youth ဘာဖြစ်တယ်ဆိုလား ဘာတွေ လုပ်ရလဲ ပြောပါဦးသားရယ်ဆိုတာတော့ guest speaker ကိုဖိတ် ကျောင်းမထားတဲ့ ကျောင်းသားမိဘတွေါ မိဘကို ကူနေလို့ကျော်ငးမမှန်တဲ့ကလေးမိဘ တွေ ကိုဆိုလား အဲသာတွေကို ပင့်ဖိတ်ပြီး ပညာပေးတာတွေ မှာ ကူညီရတယ်တဲ့

ဘုရားဘုရားသားရယ် အဲသာ တွေ မလုပ်စမ်းပါနဲ့ အဲဒါ မင်းတို့လို နားမလည်ပါးမလည် ကလေးတွေ ကို အသုံ့းချနေတာ သူတို့ နာမည်ကောင်းရဘို့အတွက် . ကဲ မင်းတို့ ခေါင်းဆောင်က ဘယ်သူလဲ ဆိုတော့ မသိဘူး ဆိုလား မရှီဘူးဆိုလား ခေါင်း ဆောင်မရှီတဲ့ Organization မရှီပါဘူး သားရယ် မလုပ်နဲ့ နော် . သားမှာ တစ်နေ့ကို နစ် ဆယ့်လေးနာရီဘဲ ရှီတယ် ခြောက်နာရီ အိပ် နစ်နာရီ လမ်းမှ ဘာညာသုံး.၁၆ နာရီဘဲ ကိုယ့်အတွက် ကျန်တယ် ကိုယ့်အချိန် ကိုယ်သုံးပါကွယ် . အတန်းကြီးလာပြီ စာတွေ များတယ့်ွဲ့ ဒါတွေ လုပ်နေရင် အချိန်ကုန်မယ် စိတ်လေမယ် စိတ်လေရင် အမှတ်နည်းမယ် အမှတ်နည်းရငmaster သွားလိုီ့မရဘူး။ အခုအမှတ်ဟာ သား အသက် ငါးဆယ်ခြော ကဆယ် အထိ carry လုပ်သွားရမှာကွဲ့။ CV က အသက် ငါးဆယ့်ငါးမှာလဲ ပေးနေရတုံးဘဲ. ဒီအမှတ်တွေ ဒီဘွဲ့လက်မှတ်တွေ က တစ်သက်လုံးသယ်သွားရမှာ သားကူညီချင်ရင် ကျောင်းပြီါ်တော့မှ ကူညီနော် အခုတော့ကိုယ့်အတွက် ဘဲ ကိုယ်အချိန်သုံးပါ သားရယ် သားလေး လိမ်မာတေယ်နော်အာပေါက်အောင်ပြော. ချစ်တာကိုး ကိုယ့်သားလေး. ကိုယ်ချစ်တာပေါ့. အားနေရင် နားနေ ကွဲ့ . အဟိ.


.......................................

(၂)

လေဆိပ်ထဲမှာ departure ထဲမှာ ရေသောက်လို့ရတယ် ရေခဲရေ. တစ်ခါသုံးခွက်ကလေးတွေ နဲ့ အဆင့်မြင့်လာပြီ တီဗွီလဲ ပြပါရဲ မကြည့်ဖြစ်လိုက်ပါဘူး။ remote control နဲ့ မောင်းတဲ့ ကားတွေ လေယဉ့်ပျံလေးတွေ မယူလာရဘူးနော်တဲု့ဆိုင်းဘုတ်ရေးထာတးယ် အခုက ထွက်ခွာမှာလေ ပြန်လာရင်မယူခဲ့နဲလို့ပြောချင်တာလား ယူလာပြီးတဲ့ အပြင်ကလူကတော့သိမှာမဟုတ်ပါဘူး ဆရာဝန်တွေ က Public ကို အသိပညာပေးတာကို Hellth education ခေါ်တယ် အခု education ကလဲ ငါ့လို ခဏခဏ ဖြတ်နေတဲ့ သူတွေ မှ သိမှာ ကြားတယ်နော် မမ ပြော့ပမယ် မယူခဲ့ပါနဲ့တဲ့

လေယဉ်ပေါ်မှာ သတင်းစာတောင်းဖတ်တယ် မြန်မာလို ဖတ်မယ် စိတ်ကူးပြီးမှ အင်္ဂလိပ်လို ဖတ်လိုက်တယ် myanmar time ငါါအတော်ဖတ်တတ်ာသေးတာဘဲ . ကန်တော်ကြီး ကို develper တွေ က ဆောက်မယ် ဆိုတာ Laywer တွေ က ကန့်ကွက်မယ်ဆိုလား သူတို့နဲ့ဘာဆိုငလို့ပါလိမ့်.

မြန်မာတွေ ဘောလုံးပွဲမှ မီးရှီု့တာက လဲ ဒါတ်ပုံအကြီးကြီး ကြောက်စရာကြီးပါလား ငါ့ကို ငါ့မိတ်ဆွေ တွေ ကမေးကြတော့မှာဘဲ နင် တို့ တွေ အဲသလိုဘဲ လား ဆိုရင် ဘာဖြေရမှာလဲ ခက်လိုက်တာ ငါ တို့လူယဉ်ကျေးတွေ ပါ။ ယုံပါ့မလား ဟင်။

ဘောလုံးပွဲ အတွက် ယောက်ယက်ခက်သွားတဲ့ ဖဘ ကြီါ် ငါဘာမှ မသိလိုက်လို့ပါကွယ်။ ကွန်နက်ရှင်မကောင်းဘူးလေ. မကောင်းတာ က တော်တော်လေး မကောင်းတာ ငါနေတဲ့ ရပ်ကွက် က မကောင်းတာ ထင်ပါရဲ့ မြင်တာလေးဖတ်လိုက် မမြင်ရတာ က များနေတယ်။ ငါ ကိတ်မုန့်ထိုင်စားနေတာ မဟုတ်ရပါဘူး။

အဲသည်နေ့က သုဝဏကွင်းဘေး ရောက်တယ်. ရဲတွေ ကတားတယ် အဲသည်ရှေ့က ပပေးမဖြတ်ဘူး ကောင်းကောင်းမွန်မွနှ်ရှုးပြပါတယ် သကန်ဒကျွန်းဘက် သွားချင်တယ်ု ဆိုလို့လဲ လမ်းသေချာ ရှင်းပြတယ်။ သူများတွေ မောင်းတဲ့ဘက်လိုက်ရတာပါဘဲ နောက်ဆုံးတော့ရောက်သွားတယ် အဲသည်က နေပြန်ထွက်မယ် လုပ်တော့လဲ လမ်းပိတ်ထာြး့ပန်တ.ယ် ဘယ်လိုထွက်ရမှာလဲ ရှင်းပြတယ် သိတ်နားမလည်လှပါဘူး ငါမှ သကန်းကျွန်းသိတ်မကျွမမ်းကျင်တာ.

ထပ်မေးရပြန်ရော ရန်ဖြစ်နေတုံးဘဲလားတဲ လဘက်ရည်ဆိုင်က မေးတယ် ငါက လဘက်ရည်ဆိုင်ကို မေးတာကိုး။ အေးလေ. ခဲနဲ့ ကားတွေ ကိုပေါက်တယ် လို့ ရဲတွေ ကပြောတာဘဲ ဆိုတော့ ဘာ ......ရဲတွေကို ခဲနဲ့ပေါက်တယ် ဟုတ်လား. ဟယ် မဟုတ်ရပါဘူး ဟယ်မဟုတ် တာတေါ မပြောကြပါနဲ့ ဆိုတော့ကားနံပါတ်မှတ်ထားတယ်နော်တယ်ဲ့ အမလေး ဘုရားဘုရား ကောလဟာလများတယ်ကြောက်စရာ အဲသည်က ကားတစ်စီးက ကျွန်တော်သုဝဏဘက်သွားမှာ လိုက်ခဲ့အဲသည်က နေဆို ပြန်တတ်ရောပေါ့ ဆိုပြီး လမ်းကြားတွေ ထဲကနေ မောင်းသွားပြီး သူ့ကုကျေးဇူးတင်ခဲရတယ် ငါတို့မြန်မာတေါ ကူညီတတ်ပါတယ်။

..........................................................


(၃)

myanmar time ထဲမှာရေးထားသေးတယ် ရှစ်မိုင် လမ်းဆုံကို ကုန်းကျော်တံတားမလုပ်သင့်သေးဘူးတဲ့ ငါတော့ လုပ်စေချင်တာဘဲ ကားများပါတယ်ကွယ်။ စောင့်လိုက်ရတာ အဝေးကြီးကနေမြင်ရတယ်။ ဘယ်ဘက်ကကားက ညာဘက်ကိုဝင် ညာဘက်ကားက ဘယ်ဘက်ကိုဝင်. ပြည်လမးလဲ ဂျန်းရှင်းစကွဲ ကြီးဝင်လိုကတာ ပျက်စီးသွားတယ်ထင်တာဘဲ လမ်းပိတ်လိုက်တာ သောက်သောက်လဲ ကားရပ်စရာနေရာလဲ ရှား ငါလို ဥပဓိရုပ်ကောင်းလို့ ကြိုးတားထားတဲ့နေရာကို ဖယ်ပေးတယ် လမးတွေိပိတ်လိုက်တာ လူတွေ လဲဘယ်လိုသါားကြတယ် မသိဘူး.ကုန်းကျော်တံတားလေးနဲ့ စက်လှေကားလေးနဲု့လုပ်ပေးကြပါဦး

ကမာအေးလဲ ဆိုးတာဘဲ အမြန်ဆုံးလိုင်းက နေ speed နဲ့မောင်းလာ ပြီး. အရှေ့ကကားက ဟိုဘက် လမ်းဝင်မ.ယ်ဆိုပြိး ကွေ့ signal ပြလိုက်တော့မှ ညာဘက် အလယ်လိုင်းကို ကမန်းကတန်းဝင်. အတွင်းဆုံးလိုင်းကနေ စပိနဲ့ တက်လာပြီး အလယ်ကိုဝင် ဘတစ်ကားကြီးတွ က အပြင်လိုင်းကို ထွက်ဘတ်စကား လိုင်း ဂိတ်ရောက်ခါနီးမှာ ဘတ်စကားဂိတ်ကို ပြန်ဝင် အမယ်လေး လုပ်ချင်သလို လုပ်နေကြတော့တာဘဲ.

အပြန်လမ်းဆိုရင်လမ်း ဖရီးဝေးက ပထမပွှီုှ်ုင့်မှ နစ်ကြော ဒုတိယ. ပိုငွ့်မှ တစ်ကြော တတိယ ဆီဒိုးနားနာမှး နစ်ကြော နိုင်ငြာံခားသားမောင်းရင် ရူးသွားနိုင်တယ် ငါတောင် မှ ရူးတော့မလို့ အရူးတွေ ကတော့ အတင်း တက်လာပြီးမှ တစ်ကြောထဲ တွေ့လို့ ကမန်းကတန်း ဖြတ်ဝင်ကြ.

မီ့းပွှိုင့်တွေ ဆိုတာလဲ သောချာ ကြည့်ယူရတယ် စိမ်း နေတယ် 00 ဆိုတော့ ငါ speed လျှော့တာပေါ့ ပြီးတော့ အစိမ်း ဆက်ပြတယ် ဘယ်နစ်စကန့်ဆိုပြီး ကမန်းကတန်း speed ပြန်တင်ရပြန်ရော

အဝါဆိုတာ ကွေ့ကား ဆိုရင် ကွေ့ရမယ် မရပ်ရဘူး အတည့်ဆိုရင် ရပ်ရမယ် အော်. နင်မှ မရူးငါရူးမှာဘဲ အဝါကလဲ ခဏကလေးရယ် ကမန်းကတန်းကွေ့နိုင်မှ. ကွေ့မယ်ဆိုပြီ အတည့်လာနေတဲ့ကားကို စောင့်နေ. တေချင်းဆိုးက နီးမှ ကပ်ပြီး ကွေ့ signal ပြသွားတယ် နင့်ကို စောင့်နေတာ လဒရဲ့။.


.......................................

(၄)

ရွေဂုံတိုင် မီးပွိုင့်လုပ်လိုက်တော့အဲသည် မီးပွှိုင့်နားက သေငှေးရပ်ကွက်ကတော့ ထောသွားတာပေါ့ သူတို့အတွက် အရမ်းအဆင်ပြေသွားတယ် မီးပွှို့်င့်တပ်ွှို့ှ်ု်င့်ပျောက်သွားတယ်။ အဲသည်တော့ဘာဖြစ်သလဲ ကုတ်ကိုင်းမီးပွိုင်းမှာ လာကြပ်တာပေါ့ ချင်းချောင်း မီးပွှို်င့်လဲ က်ြပ်တာဘဲ

ဂမုန်းပွင့်ေ၇ှ့ တည့်တည် လမ်းပေါ်ရပ်ထားတဲ့ကားတွေ ဖမ်းနေတယ် ခရစ်စမတ်နေ့က နောက်နေ့ ထပ်ရပ်ထားကြတာ တွေ့တာဘဲ ဆက်ဖမ်းပေးပါဦး. သူတို့ရပ်ထားကြတော့ တကက်စ်ေီလေးတွေကလဲ ဂမုန်းပွင့်ထဲ က ထွက်လာတဲ့သူကို မျှော် ရပ်ထားရော လမ်းကြောက ပိတ်. (ပိုင်ရှုင့်ငါ့ ကို မရိုက်ကြေး . ငါလေ နောက်မှ lobby လုပ်ပေးပါမ့မယ် ငါပြန်လာရင် အလုပ်ကောင်းကောင်းခန့်ပေးပါ.)

ကြပ်တော့ဘာဖြစ်လဲ ကုန်းကျော်တံတားတောင်းဆိုချင်တာဘပေါ့ အဲသည်တှောု့  ငါတို့ လမ်းလေးတွေ လေဲ တောင်တက်သလို ဟိုနား ဆင်းလိုက် ဒီနားတက်လိုက် တောင်တက် တောင် ဆင်း ဖြစ်ပါလေရော.

ရွေဂုံန်တိုင် တံတားအောက်လဲ ပြင်ပေးပါဦး အမ်းတောင်ကြားသွားလမ်းကားလမ်းဖြစ်နေပြီ ကားမောင်းရင် ငါ့ကားဘီးကလေး ဘယ်နေ့ပေါက်သွားမလဲ ရင် မနေရတယ် ရင်လေးတာပေါ့ ဟီးဟီး

ရွေဂုံတိုင် တံတားအောက်က တိုင်လုံးကြီးတွေနဲ့ကွန်ကရစ်အကြီးကြီး နားမလည်ဘူး ဘာလုပ်တာလဲဟင်. ကားသွားစရာ လမ်းတစ်လမ်းဘဲ ကျန်တယ်။ တိုင်လုံးကြီးတွေ ကို ဝင်တိုက်မှာ စိုးလို့လား ပုံမှန်ေမောင်းရင်တော့တိုက်ယမ်မထင်ဘူး. မူးပြီးမောင်း တိုက်တဲ့ကောင် စိတ်ပူလို့လား မူးပြီးမှ မမောင်းရတာ ဒင်း တိုက်ချင်တိုက်ပေါ့ အခုတော့ မနည်းကို တစ်လမ်း မောင်း တစ်ကားမောင်းတောင် ထိန်းမောင်းနေရတယ်။

ရွေဂုံတိုင် တံတားကြီးကောင်းပါတယ် ဒါပေမဲ့ အတက်မှာ မျှားပြတာ လဲ အားနည်တးတယ် တစ်ချိုကားတွေ အထာမသိသေးဘူး အပေါ်တက်မလိုလိုအောက်တတက်မလိုလို လုပ်နေကြတယ် မောင်းတော့ပါချဲရိုကြီး နားမလည်နိုင်ပေါင်. ဒီလောက်ညံ့ရင် လဲအသည်ကားကြီးမမောင်းနဲ့ပေါ့........... if you do not know how to drive. do not drive pajaro lah. ဟိ.

တံတားကြီးကလဲ ကွေ့လိုက်တာ မြွေလိန်မြွေကောက်လိုဘဲ မယုံရင် မောင်းကြည့် ၅၀ မကျော်ရဘူးတဲ့ ကြားတာဘဲ ငါ လေးဆယ်ကီလိုမီတာ နဲ့မောင်းတာတောင် မူးချင်တယ် အသက်က စကားပြောတာကိုး. တံတားပေါ်မှာ နစ်လိုင်းရှီတာ ခွမောင်းရင်တော့အနရယ်ကငက်းတာပေါ့. အနရယ်ကင်းတာပေါ့. ဘယ်ဘက်ကပ်ရင် မဆိုးဘူးခွမောင်းတဲ့ ကြားမှာ ထစ်ကလေးတွေ ထားသေးတယ် ထစ်ထစ် ထစ်ထစ်နဲ့ကားက တုန်သွားတယ် ညာသိတ်ကပ်တော့လဲ ဘောင်ဝင်တိုက်မှာစိုးရတယ် ငါလိုဖြည်းဖြည်းမောင်းတဲကောင်တောင် မူးတယ် အမူးသမားတေါ အတွက်စိုးရိမ်မိတယ်။

.............................................

(၅)

ရွေဂုံတိုင်မီ့းပွိုင့်နားမှာ ကမောဇ ဘဏ်ကြီးနဲ တယ်လီဖုံးရုံးကြီးမျက်နာချင်းဆိုင်ရှိတယ် လူ့ကူးမျဥင်္းကြားမရှိဘူး ဒီလိုဘဲ ကူးနေကြတာဘဲ ငါတော့ မကူးတတ်ပေါင် ဘဝမေ့သွားဘီ. လမ်းမကူးတတ်တော့ဘူး. ကယ်တော်မူကြပါ။

လူတွေ ကလည်းအဆင်ပြေသလိုကူး နိုင်ငံခြားက လာတဲ့ငါအတွက်တော့ မမြင်ရဘူး မှောင်ထယ် ထင်တာဘဲ သူများတွေ ကတော့အေးဆေးပါ ခြောက်ဆယ်တိုတာ ပုံန်မန်တှောု ငါကတော့လေးဆယ် ဘဲ ရှေ့ကားနဲ့လဲ ခွာထားသေးတယ် အရူးတွေ နဲ့ အတူနေနိုင်ဘူး သူတို့ကလုပ်ချင်ရာလုပ်တာ တက္ကစီတွ လဲ ဆိုးတာဘဲ တင်္စစီးလောက်တောင်းဝင် ပေးလိုက်တာပါဘဲ

အခုနောက်ပိုင်းတော့တစ်ီစီေးလာက်ယဥင်္ကျေးမှူတောင်ပျောက်ချင်လာပြီ မီးပွှီု်င့် မှာ လစ်ရင် လစ်သလို ကိုယ့်ရှေ့ကကိုဝင်ထိုးပြီါ် ငါကွ ဆိုပြီး အောင်မြင် စွာ ထွက်သွားတဲ့ကားတွေ ကိုအနောက်ကနေ လိုက်တိုက်ချင်တယ်။ ငါ့ကား နမျှောလို့ရယ် . ကားဆိုတာ ရှေ့ကို တည့်တည့်မောင်းဘို့ ဟိုထိုး ဒီထိုးဘို့မဟုတ်ဘူး လစ်ရင လစ်သလိုဖြတ်ဝင်ဘို့မဟုတ်ဘူး


.........................

(၆)

ငါတို့က ရေကျော်သူလေ. ရေကျော်ဈေးနားက ကွန်ဂရစ်ပလက်ဖောင်းကြီးလျှောက်ကြည့်ပါဦး နည်းလိုက်တဲ့ ပလက်ဖောင်းကြီးမဟုတ်ဘူး. မြင့်လိုက်တာ လူနေအိမ်တွေ ဘက်မှာမြေညီထပ် တိုက်ခန်းတွေ က အောက်မှ ကျန်ခဲကတယ် ပလက်ဖောင်းကြီးက အမြင့်ပြီး သစ်ပင်ကို တွေ့ရင်ဝိုက်ထားတယ် ကွန်ကရစ်နဲ့ ငါလည်း ဝိုက်ပြီး လျှောက်ရတာပေါ့ လမ်းတွေ့ရင် အဆင်းလေးနေဲ အထစ်ကလေးတွေ နဲ့ ငါလည်းအထစ်ထစ်ကလေးတွေ ကို ထိန်းပြီး ဆင်းရတာပေါ့ ဒါတ်တိုင်လား ဘာတိုင်လား ကွန်ကရစ်နဲ့ ဝိုက်ထားသေး ရှောင်ရှောက်ပေါ့. ရှောင် လျှောက်ပေါ့ ပလက်ဖောင်းလုပ်နည်း နည်းသျှိနည်းကလေးများ ....မျှပေးကြပါကွယ်။

ကန်ထရိုက်တိုက်ခန်းတွေ တက်ရင် ငါတော့ လက်နိပ်ဒါတ်မီးလေးတစ်ထိုးထိုးနဲ့ တက်တာဘဲ. မျက်စေ့ကလဲ မှုန်တယ်လေ လက်နိပ်ဒါတ်မီးလေးနဲ ဆိုတော့အားရတယ် လမ်းလျှောက်လဲါငါတော့လက်နိပ်ဒ်ါတီးလေးယူသွားတာဘဲ. ဟိုထိုးဒီထိုး ပေါ့ကွယ် ဟီးဟီး.

........................

https://www.facebook.com/khin.o.may     

5 comments:

Anonymous said...

Such a nice post.
Very entertaining!
Ah Ah Ya

yellowtree said...

မှန်လိုက်တဲ့ ရန်ကုန်သွား တောလား...

Anonymous said...

မဖတ်ရတာကြာပြီ၊ အားရအောင်ဖတ်လိုက်ရပါ၏

Unknown said...

မောလိုက်တာခင်ရယ်

MAUNG MAUNG MYINT LWIN said...

Very entertaining and I strongly believe you can be bestseller if you write novel.
Thx for your post and it is very fascinating to me. Hope others would feel the same.