Monday, December 2, 2013

Yangon 10 (Taunggyi)



 
 
ညောင်ရွေ .တောင်ကြီးသည် သိတ်မကြာလိုက်...... ဒတ်ဆန်းကားသည် သွက်သည်.မိနစ်လေးဆယ် တစ်နာရီအောက်ခန့်သာ ထင်မိသည်တောင်ကြီးသို့ရောက်လာ၏. ကားဆရာကို မြို့လည်ခေါင် ဈေးချိုသော တည်းခိုခန်းတွင် ချပေးရန်မေတာရပ်ခံထားရာ အစ်မ ရောက်ပြီ ဆင်းလို့ရပြီ ရှေ့ဆက်ရှောက် ရှေမှာ တည်းခိုခန်းဘဲ ဆို၏ ရောက်ပါပြီ သုံးထောင်ကျပ် ဆိုရာ ဟာ ဟု ထင်ရလောက်အောင် ဈေးပေါ၏။ 



အခန်းတက်ကြည့်သည် သိတ်အကာင်းကြီးမဟုတ်လှ သုံးထောင်ကျပ် သုံးထောင်ကျပ်ပေါ့. .ရေချိုးခန်းအိမ်သာ တွဲရက်မပါ. သုံးထပ်သားကန့်သည် ထင်သည် အသံကူး၏. အခန်းလုံသည် ။ တည်းခိုခန်းပြောင်းဥါ်ီမလား စိတ်ကူးသော်လည်း lcoation ကို ကြို့်နေသည်တစ်ကယ် မြို့လည်ခေါင်ဖြစ်သည်။ တောင်ကြီးဈေးနင့် အနီးငယ်သာကွာသည် စားသောက်ဆိုင်များရှိသည် မုန့်ဆိုင်များရှိသည် လူစည်သည် မော်တော် ဆိုင်ကယ်များရှိသည် ဆိုင်ကယ်ကယ်ရီရှိသည်. တစ်ညအိပ်ဘဲ ငါလဲ ညဘက်ဘဲထိုးဝင်အိပ်မှာဘဲ မိုးလင်းရင် ထပြီး သွားမှာဘဲ သိတ်၈ျီးမများလေနဲ့ဟု ကိုယ့်ကိုကိုယ်နားချကာ အမှန်က သိတ်လည်းမရွေ့ချင်တော့ချေ. ကျေချရွေ့ ရလျင် ရပြီမဟုတ်လော။

အထုတ်ကို တည်းခိုခန်းမှ လိုက်ပို့ပေးသည် ။ အထုတ်ခ.ျ. ကျောခဏလှဲပြီး. ရေချိုးသည် တောင်ကြိးရေသည် အတော်ကြီးကို အေးစိမ့်သည်။ ပါလာသောဆပ်ြ့ပာကို ထုတသ်ည သွားတိုက်ဆေး သွားပွတ်တံထုတ်သည်. သုံးပြီေးသည် ဘေးခဏ တင်ထားရာ သွားပွတ်တံပြုတ်ကျသွားရာ ပြန်ကောက်ပြီ လွတ်ပစ်ခဲ့သည်. စိတ်မသန့်ချေ. ကိုယ့်ပါးစပ်ထဲပြန်ထည့်ရမှာ မဟုတ်လား။ ကြီးကလဲ ကြီးကျယ်သည်. ။ဖြစ်သလိုနေသည်ကလည်းနစ်ယောက်မရှိ.။

မိတ်ကပ်ဘူးမပါ သနပ်ခါး အခဲတစ်တုံးနင့် မျက်ခုံးမွေးခြစတံတ်စချောင်းသာ ပါ၏ အသက်ကြိးဘီ ဘယ်လိုပြင်ပြင် မလှ. မထူး. သနပ်ခါးသာ တင့်တယ်၏။ စကာပူကောင်ေလေးသည်နင့်ပါးပေါါ်ဘာတွေ လိမ်းထားတာလဲ မေးသည်ကို သတိရမိသေးသည်.။ သူလဲအဆင်ပြေမှာပါလေ ဘာမှ ပူစရာမရှိ.။ ငါ့ထက်လည်လို့တောင်တစ်ယောက်ထဲ စကာပူမှ မြန်မာပြည်လာလည်သေးသည်ဘဲ.

သနပ်ခါးအခဲကို လက်ဖဝါးပေါ်တွင် သွေးသည် တစ်ကယ်ပါ . ထွက်လာသော သနပ်ခါးကို ပွတ်၏ မျက်ခုံးမွေးခြစ်တံဖြင့်ပါးကွက်ကိုခြစ်သည်. မျက်ခုံးကိုခြစ်သည် ဤတွင် အလှပြင်ခြင်းအမှူပြီးချေပြီ။ အလှပြင်ရေချိုး လိုက်ရာ အချိန်လင့်သွားသည် ဘိုက်ကလည်း ဆာသလိုရှိသည်  


ဆိုင်တွင် ရှမ်းခေါက်တဆွဲစားက တည်းခိုခန်းရှေ့မှာ ဆိုင်ကယ်သမားဖြင့်ဈေးညှိ၏. ယခုညနေ ဘုရားကြီး နင့်အေးသာယာတံတာ.
မနက်ဖြန် ကြိုက်သလိုသုံး (စည်းနင့်ကမ်းနင့်သုံး)  . စုစိုပေါင်းနစ်သောင်းဖြင့်ဈေးတည့်သွားသ်ည. အနည်းငယ်များသလိုခံစားရသော်လည်း. ကိုယ်သည် ဧည့်သည်ဖြစ်ရာ မြို့ခံလိုလေသည်. အမျိုး ရင်းသောသူသည် ထိုအရပ်ဒေသတွင် လူကြီးလုပ်နေသည် ကြာဘူးသော်လည်း မဆက်သွယ်ချေ. တစ်ရက်ထဲဖြင့် မဆက်သွယ်လိုတော့ ကိတ်စရှိမှသာလျှင် ဆက်သွယ်တော့မည်ဟု စိတ်ထားသည်ကိုယ့်ကို ဧညြ့်ခံရမည်ကို မလိုလား.

 



အေးသာယာဘက်သို့ထွက်လျင်ပင်မှောင်စပျိုး၏. တံတားသို့ရောက်သော်ဘာမျှ မမြင်ရတော့ချေ. မှောင်ပြီ မီးလက်လက်များမကိုသာမြင်ရ၏. စိတဒဒ်ါတ်ကျသွားသော်လည်း ဆိုင်ကယ်ပတ်စီး ရတာပေါ့ဟု တွေးရသည်.



 

 
 
ဘုရားသို့လိုက်ပို့သည် အနညးငယ်အေးလာ၏. အရမ်းကြီးတော့မအအး နေလို့ကောင်းရုံဖြစ်သည် ဘုရားတွင် အချိန် ခဏယူသည်.

ခလေးတစ်ချိုသည် သပ်ရွေမျက်နာကိုသပ်သည် ခင်ဦးမေက ဘာလုပ်တာလဲမေးသော် မဖြေချေ. အနိးရှိ လူက ဆုတောင်းညြေ့်တာပေါ့ စာမေးပွဲအောင်တာတို့ခရီးလမ်းသာတာတို့ဆိုသော် ခင်ဦးမေလည်းဝင်သပ်လေသည် ယုံကြည်မှူသည်ခွန်အားကိုဖြစ်စေ၏.

တယ်လီဖုံးလိုင်းများမိသော်လည်း အင်တာနက်သည် တစ်ချက်တစ်ချက်မမီချေ. မိသောအချိန်ကိုဖမ်းတင်ရ၏ ။


ဘုရားမှ ထွက်သော ဆိုင်ကယ်ဆရာသည် မီးပုံးပျံလွတ်မည့်ကွင်းသို့လိုက်ပို့သည်. တောင်ကြီးတန်ဆောင်တိုင် ကို ကပ်လွတ်မည့်ခင်ဦးမေအစားမချင့်မရဲဖြစ်သည် ခင်ဦးမေကောတ့ သိတ်ဝမ်းမနည်းလှချေ. ဒီလောက်ရောက်လာသည်ပင် ဝမ်းသာလှပြီ လောဘသိတ်တက်နေလို့မရ. ။ စည်တယ်စည်တယ်တွေ တွေ့ဘူးပေါင်းများလှပါပြလေ ဟု စပျစ်သီးချဉ်၏.


မီးပုံပျံကွင်းကာမှောင်မဲနေ၏ အလင်းရောင်အနည်းငယ်သာရှိသည် ပြင်တုံးဆင်တုံးပေ. ကွင်းအဟောင်းသို့လည်းပို့သည်. ကွင်းအသစ်ထဲသို့လည်း ခေါ်ပြ၏  မုန့်ဆိုင် လေးအချို့မီးကလေးမှိတ်တုတ်ဖြငစ်ရှိသည် နောက်ရက်မကြာခင်တိုးမပေါက်အောင်စည်ကးမည်ကိုသာ မြင်ယောင်ခဲ့လိုက်ရသည်.


ခင်ပြန်လာသော အတန်ညည့်နက်ပြီ ဖြစ်သည်. ခင်ဦးမေသည်လည်း ငါနားသင့်ပြီ ထင်တယ်ဆိုကာ ပြန်လာသော်လည်း ညဈေးကိုမြင်သော် မနေနိုင် ဆိုင်က်ယဆရာကို ထိုနေရာတွင် ချခိုင်းကာ ဈေးကိုဝင်၏. ဈေးထဲတွှု အနွေးထည် များတစ်ထည်ကို တစ်ထောင့်ငါးရာဖြင့်သုံထည်ဝယ်သည် တရုတ်ဘောင်းဘီ ပွ့ပွကြီးကို သုံးထောင်ပေးကာဝယ်သ်ည ဆိုင်ကယ် စိးရမည် မဟုတ်လားလုံချည်သာ ပါသည်.ဘောင်းဘီ မယူခဲ့မိချေ. ငါ့အိမ်မှာအများကြီး ဒီထက်လှတယ် ဟု တစ်ဖျစ်တေက်တောက်ဖြစ်သည်. အမှနောတကလဲ ဒီလောက်ရှိသည်မဟုတ် . ခေါင်းစွပ်များကို တစ်စွပ် နစ်ထောင့်ငါးရာဖြင့် နစ်စွပ်ဝယ်သည်. လကိအိပ် ဝယ်သည် ချမ်းမည် ထင်သည်မဟုတ်ာလား တစ်ထောင်ကျပ်ထင်တာပါဘဲ.

စားတော့မစားရဲ ပန်းမှာကြောက်သေးသည်။ ဈေးထိပ်မှာ အိတ်တန်းတွင် လက်ဆွဲအိတ်စ်လုံးထပ်ဝယ်ရသည်ဝယ်သည်များများသွားပြီ. အိမ်မှာ အိတ်တွေ အများကြီးဟုေ၇ရွတ်ပြန်သည်. ရှစ်ထောငှ်ု့ငါးရာဖြစ်သည်  ဆိုင်သိမ်းခါနီ.းကဗျာကယာ ဝယ်ရာ သေငျေးဈေးဝဝ့်င်ဖြစ်သည် သေချာ မစစ်မိ. ပြီးမှေ၇ှ့အိတ် ဇစ် ကျိုးနေသည်ကိုသိရွာလွန်စွာ စိတ်ဆိုးသည်. ။

 
တည်းခိုခန်းသို့လမ်းလျောက်ပြန်သည် ည ဖြစ်သော်လည်း မြို့လည်ခေါင်ဖြစ်ရာ လူသိတ်မရှင်းလှ.။အဆင်ပြေသည်. တည်းခိုခန်း အနီးရှိစားသောက်ဆိုင်တွင် စားသည် တစ်ထောင့်နစ်ရာကျပ်ဖြစ်သည် ကောင်းသော်လည်းစာမဝင်လှ. ထုတ်သွားချင်သော်လည်းမသင့်ပါဘူးလေ. အခန်းထဲမှာလည်းနံကုန်မယ်ဆိုကာ မကုန် သည့်အတိုင်းထားခဲ့ရသည်.။

အခန်းရောက်သော်ေ ခြလက်သန့်စင်မ လုပ်. အေးစဖြစ်ပြီ ညဖစ်ရာသတိကို မရ. ဘုရားလဲမရှိခိုးဖြစ်. ပါလာသော စောင်ပါးလေးကိုထုတ်. သူတို့ပေးသော စောင်ကြီးကို မခြုံခြင် ခြုံချင်ဖြင့်ချိုံ ခြုံ. နစ်ချို့က်စွာ အိပ်မောကျသွာေးလသ်ည. တော်ငကြီးမြို့ မည်မျှ ချမ်းမှန်းပင်မသိလိုက်ချေ.

3 comments:

Anonymous said...

ခင့်အရေးအသားတွေကပီပြင်လှတယ်။

အအရ

Anonymous said...

ကိုယ်တိုင်မသွားရဘဲ ပို.စ်ဖတ်ရတာနဲ.တောင် ခင့်အစားမောလှတယ်။ ကိုယ်တိုင်သွားတဲ့ခင်တော့ ဘယ်လိုနေမလဲမသိ။

blackroze said...

တောင်ကြီးမြို့ ပုံတွေကြည့်ပြီး ပြန်လာချင်စိတ်ပေါက်
နေပြီ ခင်ရယ်..
ဘယ်လိုလုပ်ရပါ့