Friday, March 7, 2014

ရန်ကုန်ည



ထိုည က ခင် ကားမပါချေ.။ ခုနစ်မိနစ်ခရီးကို တစ်က္ကစီ တစ်ထောင်ကျပ်ပေးရသည် ထိုနေရာတွင် ဟိုလျောက် ဒီလျောက် လျှောက်ပြီး. နောက်တစ်နေရာသို့ သွားသည် . နောက်တစ်နေရာသည်စားသောက် ဆိုင်ရိုးရိုးဖြစ်သည် ညဘက် ဖွင့်သည်. ခင်နေသော အိမ်နင့် ဆယ်မိနစ် ဆယ်ငါးမိနစ်ခင်္န့ရှိမည် ထင်သည်။ ခင်သည် အထုတ်အပိုးများပါသည်သွာေးလရာ သယ်တတ်သော အနွေးထည်. ရေဘုးး အစုံပလုံထည့်ကာ လျောက်သွားတတ်သ်ည.

ပြန်သောအချိန်တွင်ညည့်နက် ပြီ မဆိုသာသ်ေလည်းအတော်လေးတော့မှောင်နေပြီ ဖြစ်သည်. ခင့် ထံသို့ တက္ကစီ ဆရာများဝိုင်းလာသည်. ကားနင့်ခေါ်သော သူများတော့ဝိုင်းမလာပါ.

တကကစီစဆရာများနင့် ဈေးညြှိသည် ခင့်အနေအထားကတော့ တစ်ထောငှ်ုငါးရာခန့်ပေးနိုင်သည် ရန်ကုန် ရောက်စ အနေအထားဖြင့် ဟိုနား ဒီနား နစ်ထောင်ကို လက်မခံနိုင်ချေ. ခင်တို့ငယ်စဉ်းက ဆိုက်ကားများကို တမ်းတမိသည်. ခုတော့ ဟိုနားဒီနားတစ်ထောင့်ငါးရာမက. နစ်ထောင် တောင်းလေ ရာ ခင်မကျေနပ် လုံးဝမကျေနပ်. ခင်သည် စကားပြော ညင်သာသည် ချိုသည်. အပြောချို အမူကောင်းသော်လည်း ထုံးစံပါဘဲ ဆိုသော တက္ကစီဆရာများ၏. စကားကို မနိုင် ခင်သည် ငါးရာ ကို ပြောချင်သောကြောင့်မဟုတ် ခင်သတ်မှတ်သော တစ်ထာငှ်ုငါးရာကျပ်နငင့်သူတို့သတ်မှတ်သော နစ်ထောင်ကျပ် ဟနေသည် ခင့်အိတ်ထဲ တွင် သိန်းချီရှိသည် .ငါးရာ ကိုလွတ်ပလိုက်နိုင်သေည် သို့သော်လည်း ခင် နစ်ထောင်ကျပ် မပေးချင်ပါ။

မည် သို့မျှျှ ညှိမရသော် ခင်သည် ဘာမှ ဆက်မပြောတော့ချေ. အထုတ်ကို ညာဘက် ပုခုံးသို့ပစ်တင်ကာ စတင် လမ်းလျောက်သည် မောင် ငိုမယ် မိုးသည်းထဲမှာကို သတိရသည် မိုးမရွာသော်လည်း ခင် မငို နှတ်ခမ်းကို ကိုက်၏. လျှောက်မယ် လျောက်တာပေါ့ ဘာဖြစ်လဲ အချိန်တန် အိမ်ရောက်မှာဘဲ ဟု စဉ်းစားသည် ဖုံးဆက်ကာ ခေါ်လိုက်လျင် ရောက်လာမည် ဟု သေချာသူ မသေချာသူများကို ခေါင်းထဲ မထည့်တော့ .ခင်လမ်းလျောက်လျှင် စိတ်မကောင်းဖြစ်မည့်သူများကိုခေါင်းထဲ မထည့်တော့ လျောက်မည် လျှောက်မည်ပေါ့ ယခုလည်းတစ်နေ့တစ်နေ့လျှောက်နေသည် မှာ မိုင်ချီသည် မနက် ခူုနစ်နာရီမထိုးခင်က အိမ်က စထွက်ကာ ည ၁၁ နာရီမှ ပြန်ရောက်သောခ င့်လမ်းလျောက်သော ခင့်ခြေသလုံး ဆိုက်ကားသမားခြေသလုံးကို သူတို့ မမြင်.

ခင်လျောက်သည်. အေးအေးဆေးဆေး နှူတ်ခမ်းကိုက်ကာ လျှောက်သည်. အတော် လျှောက်လာပြီးသော်တက္ကစီတစ်စီးအ နောက်က လိုက်လာလေသည် ခင့်ဘေးတွင် ရပ်သည် ချိုချိုသာသာ ပြောသည် အစ်မ ကားပေါ်တက်ပါ ကျွန်တော် တစ်ထောင့်ငါးရာကျပ်ဖြင့်ပို့ပါမယ်ဟု တောင်းတောင်းပန်ပန် ပြောသည် ဝမ်းနည်းနေသော ခင်သည် စကားတစ်ခွန်းမ မပြော ကားပေါ်သို့တက်ထိုင်သည်နောက်ခန်းတစ်ကား ကို ဆွဲ ဖွင့်ကာ ထိုင်သည ညာမောင်းများဖြစ်ရာကားမောင်းသူ နောက်ခန်း ဖြစ်သည်.

ထိုသူသည် တောင်းပန်၏ အစကတည်းက ကျွန်တော် တစ်ထောင့်ငါးရာနဲ့လိုက်မလို့ပါ ဒါပေမဲ့ ကျွန်တော်တို့က အလှည့်နဲ့ လိုက်တာမဟုတ်လား ကျွန်တော့အနေနဲ့ ကြားဖြတ် ဈေးနဲ့ လိုက်လို့မရလို့ပါ ဟု ပြန်ပြောသည.် ခင်သည် ဘာမျှ ပြန်မပြောချေ. ငိုမိမှာ စိုးသောကြောင့်ဖြစ်သည်. အိမ်သို့ပြန်ရောက်သည်ခင်သည် ဘာမျှ မပြော တစ်ထောင်တန် နစ်ရွက် ကို ထုတ်ကာ ကားမောင်းသူကို ရိုရိုသေသေ ပေးသည် ကားပေါ်မှ တိတ်တိတ်ဆိတ်ဆိတ်ဆင်းသည်. ကျေးဇူးပါနော် ဟု တိုးတိုးပြောသည်. ။

ခင်မငိုပါ. နားထောင်သူများ ငိုသွားကြသည်။

9 comments:

Anonymous said...

အဲ့လိုပဲ အမ ခင်ဦး၊ ခုရန်ကုန်မှာက ဟိုနားဒီနားတောင် ၁၅၀၀ ခတ်ဖြစ်နေပြီလေ၊ ကားတွေ ကြပ်လို့ဆိုပြီးပေါ့ :)

ပထမဦးရောက်ပီး ရန်ကုန်ည လေး ဖတ်သွားပါရဲ့ အမ ခင်ဦး :)

Anonymous said...

so funny. I love you Ma KOM.

ဟန်ကြည် said...

ခင်မငိုပါ နားထောင်နေသူများ ငိုသွားကြသည်...ဖတ်တဲ့လူခမျာ ခင့်နောက်လိုက်ရနိုးနိုး နားထောင်တဲ့လူနောက် လိုက်ရနိုးနိုး ဖြစ်သွားပါသည်...း)

Ousai said...

Please keep posting about ygn experience. Interesting...

စုချစ် said...

As for me, I love yr post, ma, no matter what post you write...
even though I got struggle a bit of difficulty in reading of some spellings...
And whenever I read yr post, I miss Kyi Aye...

တန်ခူး said...

လှလိုက်တာခင်. အလှဆုံးက နောက်ဆုံး တထောင်တန်၂ရွက်ပေးခဲ့တဲ့အခန်းလေးပါ.
တန်ခူး တို့ ရပ်ကွက်နားတော့ ဆိုက်ကားတွေရှိတယ်ခင်. ပြန်တိုင်း တချို့ ခရီးတိုလေးတွေဆိုက်ကားနဲ့ သွားဖြစ်ပါတယ်. တက်စီတွေ ပလူပျံနေတဲ့ခေတ်ကြီးမှာ စီးပွားရေးမကောင်းလို့ စိတ်ညစ်နေတဲ့ ဆိုက်ကားဆရာကြီးတွေ သနားလို့ ပါ

Anonymous said...

Most of the taxi driver doesn't owned the car which was rented from car owner, hence have to pay rental fee per day+ gasoline cost + mean cost, so every shift they have to find 30 fairs (customers) to breakeven. Some days when engine breakdown, car accidents and others unseen events caused to return to owner without any money at all. Sometimes, free service or donation to the traffic polices from their take home pay. Its not easy to make a living as taxi driver, if you ask me why?, because its the only thing they learned how to make money for their money

Anonymous said...

Most of the taxi driver doesn't owned the car which was rented from car owner, hence have to pay rental fee per day+ gasoline cost + meal cost, so every shift they have to find 30 fairs (customers) to breakeven. Some days when engine breakdown, car accidents and others unseen events caused to return the car to the owner without any money at all. Sometimes, free service or donation to the traffic polices from their take home pay. Its not easy to make a living as taxi driver, if you ask me why?, because its the only thing they learned how to make money for their family.

KNSL said...

မမ

တကယ်မျက်ရည်ဝဲသွားတယ်

ငါးရာနဲ့မပေးချင်တာနားလည်တယ်သိလား
အဲ့ဒီ့ခံစားချက်ကို

အမြဲသွားနေကျနှုန်းထက်ပိုပြောပြီး မလျှော့ပဲ ဒါပုံမှန်ပဲပြောရင်သိပ်စိတ်တိုတာပဲ