Wednesday, July 16, 2014

16 July



 
 
တစ်ကယ်ပါ. ငါ့ကိုငါ မြောင်းထဲ ရောက်နေသလို ခံစားရတယ် မြောင်းထဲကို ငါဘဲ ခုန်ဆင်းခဲ့တာ။ နိုင်ငံခြားမှာ ဆရာဝန်လုပ်တာ နှစ်ပေါင်းများစွာ. Master ဘွဲ့တစ်ခုလဲ အပိုယူခဲ့သေးတယ်။ ဒါပမဲ ငါ MRCP မဖတ်ဖြစ်ခဲ့လိုက်ဘူး. ပျော်တာလေ. ပျော်နေတာ မောင်က ဆူတယ် မဆူပါဘူး ပြန် review လုပ်ပြတာ. ငါ လဲသွားတယ်။ စိတ်ထိခိုက်လို့ ကိုယ့်ကိုယ် ကို guilty ဖြစ်ပါတယ်။ ဖြစ်ခဲ့ပါတယ် ဒါပေမဲ့ အားလုံးပြီးခဲ့ပြီး ဘွဲ့လွန် တစ်ခုတောင် ရအောင် ယူနိုင်တဲ့ငါ MRCP ဆက်ဖတ်လိုက်ရင် ပြီးသွားမှ ကို မနက် သုံးနာရီအထိ မအိပ်မနေဘလော့တွေ ရေး ဖဘ တွေဖတ်. လူလေး သုံးဆယ်လောက်က မမ ..မမ နဲ့ မြှောက်ပင့်နေတာ ကို သာယာနေတာ အခု မင်းကို သိတ်ကောင်းပါတယ်ဆိုတဲ့ လူတွေ ဘယ်ရောက်သွားသလဲ တဲ့ ငါလဲ မသိတော့ဘူးလေ. သူတို့မှ မဆက်သွယ်ကြတော့ဘု...... ဟုတ်ကဲ့မ.........ဖုံးဆက်လိုက်လိုက်မယ်နော် ဖုံးပြန်ဆက်လိုက်မယ်ဆိုပြီး ပျောက်သွားကြတာဘဲ။ ပြန်ခါနီး အစ်မဆီ ဖုံးဆက်ပါ ပြောစရာရှိလို့ ဆိုတာလဲ ဟုတ်ကဲ့ ဆိုပြီး ပြန်မဆက်ကြဘူးဘဲ. ချစ်ပါတယ် ပြောတဲ့သူတွေ လဲ လေနဲ့ဘဲ ချစ်တာ. နောက်ဆုံး ငါတစ်ယောက်ထဲ ကျန်ခဲ့တာဘဲ။ အချိန်တွေ ပြီးခဲ့ပြီ ငါလဲ မြန်မာ ပြည် ပြနရောက်သွားပြီ. 



 Master level ဖတ်နိုင်တဲ့ ငါ အင်္ဂလိပ်စာကို ဒေါင်းဒေါင်းပြေး ဖတ်နိုင်တဲ့ ငါ နဲနဲ အားသွန်ခွန်စိုက် ဖတ်လိုက်ရင် MRCP ပြီးခဲ့ရင် အခုလိုအချိန်မှာ private ဆေးရုံကို ဝင်တဲ့အခါ မမ ကတော့မာမာဘဲဖြစ်မယ် အခုတော့ငါခေါင်းငုံြ့ပီးဝင်ရမလား အသက်ကလည်းကြီးပြီ. ဖတ်နိုင်တဲ့အ၇ွယ်တုံးကမဖတ်ခဲ့ အခု ငါ့အချိန်တွေ ပြီးခဲ့ပြီ မျက်စိကလည်းမှူန်တာ oxford့handbook ဆိုတာ မျက်မှန်နဲ့တောင်မမြင်ရတော့ဘူး ခလေးတွေက ကိုယ့်နားတင်မက ကိုယ့်ရှေ့မှာ အများကြီး ဆေးခန်းဖွင့်မယ်ဆိုတော့ တောကြိုအုံကြားသွားရတော့မယ် MBBS တစ်ယောက်က ရိုးရိုးဆရာဝန်တွေ အများကြီးကြားထဲမှာ ငါဘယ်လိုတိုးရမလဲ ဘဝ ကို တစ်က ပြန်စရမယ် ငါသိတ်ဝမ်းနည်းတာဘဲ။ ငါ့မိုက်ပြစ်တွေဘဲ။ မလိုချင်ခဲ့တာ. ဟုတ်တယ် မလိုချင်ခဲ့ဘူး. ငါရထားတဲ့ နေရာ က ခိုင်မာတယ် အလုပ်ဆိုတာ ကိုယ်ထွက်မှ ထွက်ရမှာ သူက ထုတ်ဘို့ဆိုတာခဲယဉ်းတယ် လုပ်ငန်း secure ဖြစ်တဲ့နေရာ မောင်က ငါ့ကိုချစ်တယ် ငါတို့နစ်ယေက်ထဲ ရှိတယ်။ပိုက်ဆံတွေ သုံးပါလေ့. ငါ့အတွက် ပြည့်စုံရုံမက ပိုလျှံနေတာ ငါဘာလိ့ကြိုးစားမလဲ. ငါပျော်တဲ့ အလုပ်တစ်ခု ရှီတယ် မောင်ရှိတယ် မောင်ရှိတယ် ဆိုရင် အားလုံးပြည့်စုံပြီ. ငါမလိုချင်ခဲ့တာ ငါ့အပြစ်လား။


2.

traffic တွေ သိတ်ကြပ်တယ်။ မလိုလားအပ်လဲ ကြပ်နေတာ။ ရွေ ဂုံတိုင်တံတား ပေါ်က အဆင်းကော အတက် ကော ဆိုးတယ် ငါတို့ နိင်ငံရဲ့ လမ်းစနစ်ကဘဲ အဆင်မပြေတာလား ငါကဘဲ used to မဖြစ်တာလား ရွေရုံတိုင် တံတားပေါ်ကို မြို့ထဲကနေလာရင် အမြန်လမ်း speedy လိုင်းပေါ့်ကလာတဲ့ ကားတွေ ကတံတားပေါ်က အဆင်းမှာ ကမာအေးလမ်းပေါ့်မှာ ဖြတ်လိုင်းတွေ ကများလွန်းတယ် တံတာေးပ်ါက ဆင်းလာတဲ့ကားက အမြန်ဆုံးအလယ်လိုင်းကို ပြန်ယူရတယ် မဟုတ်ရင် ဖြတ်လိုင်းပေါ့်က ကားကို ဝင်အောင်းမိလိမ့်မယ် ကမာအေး တစ်လျှောက်လည်း ဖြတ်လိုင်းတွေ သိတ်များတယ် high speed lane ဆိုတာ အမြန်မောင်းဘို့ အမြန်လိုင်းပေါ်မှာ အမြန်မောင်းပြီး ဖြတ်မျဉ်ပေါ်က ကားတွေ က ဟိုဘက်ကို ဦးတည်ထားတော့သူတို့ ဖင်ကို ဝင်မတိုကင်ဘို့အတွက် အမြန်ဆုံးအလည်ကို ပြန်ပြန်ယူနေရတာ ရယ်စရာကြီး. နိုင်ငံခြားမှာတော့အားမနာဘူး အဝေးကြီးမောင်းခိုင်းပြီးမီးပွှီုင့်ရောက်မှ U turn နဲ့ပြန်သွားတယ် လူတွေ ကူးဘို့ ကုန်းကျော်တံတားဆောက်ပေးထာတးယ် လူတိုက်မိရင် လူ့ကံဝကံဘဲ. ကားလမ်းပေါ် လူဝင့်ကူးတာကိုး. ဒီမှာတော့လူလေးတွေ က လှစ်ကနဲ လှစ်ကနဲ ဟိုနေ့ ဘတစ်ကားပေါ့် ပြေးတက်တဲ့လူ ငါ့ကားရှေ့ကနေ ဝှစ်ကနဲ ကူးသွားတာ ဘုရားဘုရား သူ့ကို ဝင်မတိုက်မိဘို့ ငါ မနည်း ရှောင်လိုက်ရတယ်။ သူ့အပြစ်လဲ မဟုတ်ဘူး ဘတ်စကားက ဘတ်စကားလိုင်ငးက မသါားဘဲ အလည် lane ကနေသွားပြီးအဲသည် ကနေ အတင်အချအချလိုပ်တာ ဘုရားဘုရား. 



 
 မနက်က ကလေးမလေးတစ်ယောက် လမ်းပေါ်က ဗွ့က်အိုင်တွေ ကို ကြည့်ရှောင်တယ် ငါ့ကားရှေ့တည့်တည့်မှာ ညီမလေးရယ် အောက်လဲကြည့်အပေါ်လဲ ကြည့်ဘေးလဲကြည့်ကားလည်းကြည့်ကွယ်လို့ တိုးတိုးပြောမိတယ်။ သူမပြောနဲ့ ငါကိုယ်တိုင် ကားလမ်းပေါ်မလျောက်ရဲဘူးလမ်းကူးချင်ရင် ကားနဲ့ကူးတယ် ခြေထောက်နဲ့မကူးဘူး ကားနဲ့ အလည်ကြောကို ယူ ဖြတ်မျဉ်းကနေ ဂငယ်ကွေ့ကွေ့ အဲသာဆို ရင် ပိုခရီးရောက်တယ် လမ်းပေါ်က ကူးရင် နစ်ဘက်လုံးက ကားတွေ ကမရပ်ပေးဘူး အလည်မှာ ခါးကို လိမ်ထားရတယ် င့ါ့ကိုဝင်တိုက်မိမှာ စိုးလို့။


 
 
 ရွေဂုံတိုင် တံတားကိုတော့တစ်ကယ်အသည်းယားတာ မြို့ထဲကလာရင် အဆင်းဆင်းချင်းမှာ ဖြတ်မျဉ်းလုပ်တာ. နစ်ဘက်လံုးးပါဘဲ မြို့ထဲကိုဝင်တော့ကော ဇီဝိတဆေး/ရုံဘက်ကို ချက်ခြင်း ဖြတ်မျဉ်းကနေ ကားတွေ ကူးဘို့ စီထားကြတာ့ high speed lane ကနေ အလည်ကို ချက်ချင်းပြောင်းမှ ဖင်မအောင်းမှာ.


၃။ မနက် ၁၁နာရီခွဲမှာ ဒဂုံတစ် ရှိတဲ့လမ်း သမတရုံ ယုဇနဂါးဒန်း ဟော်တယ်ေ၇ှ့က မဖြတ်ပါနဲ့ ငါမသိလို့ဖြတ်မိတယ် free way ဟာ free way မဟုတ်တော့ဘဲ တန်းစီလိုက်တာ ရွေဂုံတိုင်ကနေ ရေကျော်ကို မောင်းတာ တစ်နာရီကြာတယ် ငါကြာတာ မဟုတ်ဘူး လမ်းပိတ်တာ. အဲသည်ကျောင်းကို ငါရွေ့ခိုင်းမယ်။ ကျောင်းလာပို့တဲ့မိဘတေါ ကို လမ်းလျှောက်ခိုင်းမယ်။ ပိတ်လိုက်တာ ပိတ်လိုက်တာ မနည်းထွက်ယူရတယ် ဘယ်လိုမှ ထွက်မရဘူး signal ပေးလဲ မလျှော့ပေးကြဘူး သနားတဲ့ကားတစ်ီးလျှော့ပေးမှ ရေကျော်ဘက်ကို လိုင်းကူးလို့ရတယ်။ အဲသည်ကျောင်းလဲ ကျော်ပြီးရော ရှင်းလိုက်တဲ့လမ်း နင့်အဘဘဲ။ နေ့လည်ကပုံတင်သေးတယ် Only me လုပ်ပြီး ရေးတဲ့ပိုစ်တစ်ချို့ရှိတော့ only me ဖြစ်သွားတယ်။


၎. အခုတစ်လော တအားစားတယ် စားစရာတွေ ကလည်းပေါတာကိုးကိုယ်ကိုတိုင်ကလည်း လှည့်ပတ်စားနေတာ. မနက်က ချင်္စတီးထမင်းစားတယ် ရွှေမြို့တော်မှာ ၂၆၀၀ ကျပ် ဈေးတက်သွားတယ်။ စားပြီး ဒီန်ခဲ တစ်ပွဲ ဆက်သောက်တယ် အားလုံးကုန်တယ် ချစ်တီးထမင်း ဓါတ်ပုံမရှိုက်လိုက်မိဘူး စားပြီးမှ သတိရတယ်။ ဆိတ်သားပက်ဖ် တစ်ခု သုံးရ်ာခြောက်ခု ဝယ်တယ်။


၅။ အခန်းတစ်ခန်းက အိမ်သာ ပိုက် ရေကျလို့ ဆိုပြီးဖုံးဆက်ခေါ်တယ်။ အဲသည်အခန်းနားက ရေကျတာ ငါတို့ပေးစရာလားလို့ ကွိုင်ရှာလိုက်တယ် အခန်းအားလုံးစုရှင်းကြပေါ့လို့ ပြောလိုက်တယ်။ စည်ပင်ကို တိုင်မယ်တဲ့ တိုင်ချင်တာ တိုင်လို့ ပြောလိုက်တယ်။ ငါ့လာ မခြိမ်းခြောက်နဲ့ ငါရှင်းနိုင်တယ်လို့ ပြောလိုက်တယ်။ ငါခလုပ်နိပ်တတ်သွားပြီ စည်ပင်ကို ဖုံဆက်ုပြီး မေးတယ်။ တစ်နေစ်နေရင် ခါးစောင်းတင်မယ်ရန်ကုန်မြို့ကြီးကို အခုတော့ အလုပ်မရှိ အကိုင်မရှိဝင်ငွေ မရှိတော့ မျက်နာငယ်တယ်။ ဒါပေမဲ သေချာတာက ငါ အဲသည်ကိတ်စကို နောက်တစ်ယောက်ကို လွဲပေးမှ ဖြစ်မယ် ငါတို့လို နိင်ငံခြားက ပြန်လာတဲ့လူမျိုးနဲ့ ဒီလူတွေ မကိုက်ဘူး.ငါတို့က သောက်ကြီးသောက်ကျယ်။ ဒီလောက်ပိုက်ဆံကို ဂ့ရုမစိုက်ပေမဲ့ ဘာမဟုတ်နဲ့ကောင်တွေ က လာဟောက်တာ မခံနိုင်တော့ အဆင်မပြေဘူး ဒီရန်ကုန် မြို့ကြီးမှာက စကားကို ချိုချိုသာသာပြော. လှည့်စား ဟောက်စားနိုင်မှ တော်ရုံကျမှာ ငါက လခစား ငါ့အလုပ်ငါလုပ်တယ် လုပ်တဲ့ပိုက်ဆံလခရတယ် ငါ့လခ ငါလောက်တယ်။ ပိုပိုလျှ့လျှံပျော်ပျော်ရွင်ရွင် သုံးနိုင်တယ်။ ဒီလောက်ပိုက်ဆံလေးနဲ့ စည်ပင်ကို တိုင်လုကိမယ်တေါ ဘာတေါ ညာတွေ ငါ့လာမဟောက်နဲ အောက်တန်းစားတွေ 


 
ကားရပ်ရင် နစ်ရာကျပ်ပေးရတယ် တစ်နာရီကျော်သွားရင် နစ်ရာကျပ် ကနေ လေးရာ ကနေ ခြောက်ရာကျပ်ဖြစ်တယ်။ ရပ်တုံး လူမလာဘဲရ့ပ်ပြီးရင် ပိုက်ဆံလာတောင်းတယ် ဒီနေ့ စိတ်မရွင်တာနဲ့ နေ့တိုင်းမရွှုင်တာပါဘဲ။ အဲသာနဲ့ ကားစောင်တဲ့လူကို ဟွန်းတီးပြီး ခေါ်တယ်ငါနဲနဲ တော့ရိုင်းသွားတယ်။ တစ်နေ့တစ်ခြား လူဆိုးမကြီးဖြစ်လာပြီ။ တောင်းတတ်ရင် ကြည့်တတ်ရမှာပေါ့ နစ်ရာထဲ နဲ့ လို့လာမပြောနဲ့ ဝိုင်းကြည့်ပေးဦး ငါတစ်ယောက်ထဲ မောင်းတာ ဒီကားလဲ အတိုင်းမမှတ်မိသေးဘူး နောက်ဝင်အောင်းရင် ခက်မယ်။ ဟိုနေ့က တစ်ယောက်ကို ကြည့်ပေးရင်းနဲ့ ကို နောက်ဝင်အောင်းတာ တွေ့လိုက်တယ် ကြည့်သူအ့ပစ်လားမောင်းသူအပြစ်လား ဂွမ်းကနဲဘဲ ဘန်ပါတော့ကျိုးပြီလို့ကြားထဲကနေ နမျှောပေးရတယ်။


၆။ မော်တော်ကား ရေသွားဆေးတယ်. အထဲပါ သန့်ရှုးရေးလုပ်ပေးတယ် နစ်ထောင်ကျပ် ။ သက်သာတယ်။ ငါ့ကားလဲ ညစ်ပတ်နေတာ ဘဲ ဟိုနေ့က ဝါးပင်အောက်ရပ်ထားတာ ဝါးရွက်လေးတွေ ကြွေကျနေတာ ကပ်ပြီး ပန်းချီဆွဲထားသလိုဘဲ လှမှလှ။ ဗွ့်က်တောထဲ ဇွိကနဲ နင်းထားတဲ့ ဖိနပ်နဲ့ကားကို စီးနေတာ ပလက်စတစ်အခင်း ခွက် ခင်းထားလို့တော်သေးတာပေါ့။


၇။ မုန့်ထပ်စားတယ် မစားချင်ပါဘူး မစားချင်ဘဲ စားရတာ ထမင်းအာလူးသုပ် ချဉ်ငံစပ် အိမ်မှာသုတ်လဲရတာဘဲ. သိတ်တော့မကွာလှဘူး ဒါပေမဲ့ လမ်းပေါ်တွေ့ စားလိုက်တာဘဲ သုံးပန်လှ လက်ဘက်ရည်ဆိုင်ကို ငါ appreciate ဖြစ်တယ် ရေနွေးခွက်ကို တစ်ခွက် ချင်းစီ customer ကိုလာချပေးတယ် လဘက်ရည်ဆိုင်မှာ ငါရေနွေးမသောက်တာ ကြာပြီ ရွံလို့ ခွက်စိမ်ထားတဲ့ ရေခွက်ကို ငါလက်ဘဲ ဆေးတယ်။ မသောက်ဘူး။ စားပြီးလက်ဆေးဘို့ အလွယ်တစ်ကူ ဘေစင် ထားပေးတယ် အမှိုက်ခွက်တွေ ခုံတိုင်းအောက်လိုလိုမှာ ရှိတယ် အိမ်သာ လဲသန့်တယ် မဆိုးဘူး သန့်တယ် တစ်ချို့ဆိုင်က သိတ်သန့်ပြန့်ပြီး တစ်ခါတစ်ခါစား per head ငါးထောင်က ငါ ဒေါ်လာစား နေစဉ်ကာလက စားတာ အခုက တစ်ခါတစ်လေဘဲ စားနိုင်တယ် များသောအားဖြစ်တော့ နစ်ထောင်လောက်ဘဲဘတ်ဂျက်ထားတယ်။ စားချင်ရင်တော့လဲစားမှာပေါ့ ပိုက်ဆံဘာလုပ်ဘို့လဲ သုံးဘို့ဘဲ ဟာ.ပြီးတော့ ထေပတ်သီးဖျော်ရည် သောက်တယ် ကုန်တာဘဲ။ 


 
၈ . အိမ်ပြန်လာတယ် မောင်နဲ့ ငါနဲ့ အခု ကားတစ်စီးစီ. .နစ်ယောက်တစ်စီးကြတော့ အဆင်မပြေဘူး တစ်ယောက်တစ်စီးကြတော့လဲ ဝေးသွားတယ် ဘယ်တတ်နိုင်မလဲ တစ်ခါတစ်လေ နဲ့ နေ့တိုင်းလိုလို မနက် ကော ညကော မောင် ငါ့ကားလာစီးတယ် ငါမောင်းတာပေါ့ သူက ပတ်ဝန်းကျင်ကို ကြည့်ရတာဝါသနာပါတယ် ငါ့ကို ရှင်းပြတယ် မောင်းနေရင် ပတ်ဝန်းကျင်ကို သိတ်မကြည့်နိုင်ဘူး အခုခေတ်က သိတဲ့အတိုင်းဘဲ မမောင်းတတတ်တဲ့ကောင်တွေ တက်မောင်းနေကြတဲ့ ခေတတ်. တက်ကစီတွေ လဲဈေးတက်တယ် ပြောတယ် traffic က တအားပိတ်တာကိုး.။ မောင်က ငါ့ကို ငါ အချိန်တွေ ဖြုန်းပြီး ငါ့အချိန်တွေ ပြီးခဲ့ပြီ ဆိုတော့ငါစိတ်ထိခိုက်သွားတာနဲ့ ကြက်ကြော်လိုက်ျေကျွးတယ် သူက စကာပူအလွမ်းပြေဘဲ ကြက်ကြော်က ပထမစားတော့စကာပူနေဲ့တော့သိတ်မတူသလိုဘဲ အခုတော့လဲ ဒါအကောင်းဆုံးစားရတော့ကြို့က်လာပါပြီ ကြက်ကြော်နစ်တုံးနဲ့ အအေးနစ်ခွက်ကို ငါေးထာင် ရေခဲမုန့် တစ်ခု စကူခွက်က ၈၅၀ ကျပ် နဲနဲတော့ဈေးကြီးတယ် အာလူးကြော်လဲ မပါဘူး အအေးက နဲနဲ နည်းတယ် ငါ့အလိုအရ ဆိုရင်တာ့ Large လိုချင်တယ် သူပေးတဲ့ အအေးငါမဝဘူး ဒါပေမဲ့ အနေအထား music အားလုံး Singapore ဆန်တယ် ကျေနပ်တယ် ကိုးရီးယားတော်တော်များများတွေ့တယ်။ အိမ်ရောက်တော့ မောင် ထမင်းနဲနဲထ ပ်စားတယ် ငါက မောင် ဆီက သရက်သီး ဆက်စားတယ်။ မောင့်ကို သိပ်ပြီးတော့ ကွန်ပြူတာရှေ့ငါရောက်လာတယ်။ ငါ မောင့်ကို ချစ်တယ်။

6 comments:

Anonymous said...

မောင့်ကိုချစ်တယ် :)

Anonymous said...

ဒီလောက်အစစအရာရာ ပြည့်စုံနေတဲ့ ဘ၀မှာ ခင်ရယ် ပျော်အောင်နေပါ..။ စိတ်ကို ချမ်းသာအောင်ထားပါ..။

Anonymous said...

မမ
စင်ကာပူမှာ တစ်နှစ်နေခဲ့ဖူးပြီး ပြန်အလာ ရန်ကုန်မြို့ဟာ ဖုန်အလူးလူးနဲ့ ငိုချင်သလိုဖြစ်ခဲ့ဖူးတာ မမ အခုကြုံတွေ့ရတာက ပိုဆိုးမှာပဲ။
သန့်ရှင်းသပ်ရပ်အဆင်ပြေတဲ့စနစ်နဲ့အသားကျလာတဲ့လူတစ်ယောက်အဖို့ မလွယ်လှဘူး။
လူတွေအကုန်လုံး လုပ်သင့်တာတွေပဲတစ်ချိန်လုံးလုပ်နေခဲ့ရင် ပျင်းစရာကြီးမမရယ်။ မမခင်ဦးမေ ဒေါက်တာပဲလုပ်နေရင် ဆေးခန်းပြမှ သိမှာပေါ့။ အခုလို သိရဖို့မလွယ်လှပါဘူး။
ဘာပဲဖြစ်ဖြစ် မမ ပျော်ခဲ့တာပဲ။ အဲဒါတစ်ခုထဲနဲ့ တန်ပါတယ်။ ချစ်ခင်တဲ့လူဆိုတာ ဥာဏ်ကောင်းပြီး စာကြည့်နိုင်တာနဲ့ ရတာမျိုးမှ မဟုတ်တာ။ အကြောင်းရေစက်တော်တော်ဆုံပါမှ ကြုံတွေ့နိုင်တဲ့အရာမျိုးပါ။
တခါတလေ အချိုးအကွေ့ဖြစ်လာတတ်တာမျိုးဟာ ကိုယ်မျှော်လင့်မထားနိုင်တဲ့ အလှည့်အပြောင်းမျိုး ကြုံရဖို့လည်း ဖြစ်တတ်ပါတယ်။
မမ ရယ် ဦးနှောက်တွေ ငယ်ကလို မဟုတ်ရင်တောင် အတွေ့အကြုံ နဲ့ ဆက်စပ်တွေးတောနိုင်မှုဟာ အများကြီးကွာပါတယ်။
မျက်စိတွေမှုံနေပီဆိုပေမယ့် မမ လုပ်ချင်ရပါတယ် ဖတ်ချင်ရင်ရပါတယ်။ စိတ်ကလေး mood ကလေးသွင်းပြီး လုပ်ချင်တာကို ဖြစ်အောင်လုပ်ပြီး ဘ၀ကို ပျော်ပျော်နေနိုင်ပါစေ။
( ဆြာကြီး လေသံပေါက်သွားရင်လည်း ခွင့်လွှတ်ပါ။ တို့မမက အခုကွန်မန့်ပေးသလောက် တော့ သိပြီးသား ဆိုတာလည်း သိပါတယ် )

Anonymous said...

အဲလိုရိုးရှင်းစွာနဲ. ပွင့်ပွင့်လင်းလင်း ရေးသားလို.လဲ လေးစားပြီး ချစ်ဖို.သိပ်ကောင်းတဲ့ ခင်ရယ်ပါ။
ခင့်ရဲ. အတွေ.အကြုံသစ်တွေ မျှဝေပေးလို. ကျေးဇူးပါနော်။

Tun Tun said...

KOM ကို အခုမှ ဆ၇ာဝန်မ မှန်းသိတော့တယ်။ ဟုတ်တယ် ဖဘ တို.မှာ အ၇မ်းချစ်ပြပြီး ဟန်ဆောင်နေတာတွေ အမြင်ကတ်တယ်။ အ၇ည်မ၇ အဖတ်မ၇တွေ။

Mrs. Bagel said...

မမ နောင်တ မရ ပါနဲ့။ အချိန်မီပါသေးတယ်။ ပညာလို အိုသည်မရှိ။ OHCM မဖတ်နိုင်ရင် Davidson's ဖတ်ပါ။ ပိုရှင်းတယ် မမ။