Sunday, July 20, 2014

19th July 2014



 

လောကကြီးမှာ မထင်တာတွေ လဲဖြစ်တတ်တယ် ထင်တာတွေ လဲမဖြစ်တတ်ဘူး ဒကာမကြီးလို့ ဘုန်းကြီးဆီက မကြားနာရပေမဲ့လက်ခံနေရတယ်။လွန်ခဲ့တဲ့သုံးနစ်က မမျှော်လင့်ခဲ့တာတွေ ကို မြင်ရတယ် လွန်ခဲ့တဲ့သုံးနစ်က ငါ အခုလိုသုံးနစ်အကြာမှာ ရန်ကုန်ပြန်ရောက်နေမယ် မထင်ခဲ့ဘူး.သေတပန် သက်တစ်ဆုံးပင်စင် ယူတဲ့ အထိ မလေးရှားမှာဘဲ နေရမယ်ထင်ခဲ့တယ်။ ထင်ဲခဲ့တာတွေ အများကြီး.........မမျှော်လင့်ခဲ့တာတွေ အများကြီး ဖြစ်ချင်တန်ဖြစ် ပျက်ချင်တာ ပျက်ရတာဘဲ ဒကာမကြီးရယ် တရားမချပေမဲ့ တရာတွေ ရနေခဲ့တယ်။

မနက်က ဈေးသွားတယ်ဝယ်ချလိုက်တာ ရက်စက်တယ် ကြက်သားသည်ကို မြန်မာ ကြက်တစ်သောင်းဘို; CPကြက် ခြောက်ထောင်ဘိုး တစ်သောင်းခြောက် ထောင်ဘိုးမှာလိုက်တယ် မှာလိုက်ရင်းနဲ့ ဈေးပတ်တယ် အဖော်မခေါ်လာဘူး တစ်ယောက်ထဲဘဲ ဈေးခြင်းတောင်းကြီးကိုင်လို့.

သရက်သီး လေးလုံးတစ်ထောင် ငါးလုံးတစ်ထောင် နစ်ထောင်ဘိုးဝယ်တယ် မျှစ်ချဉ်တစ်ထုတ် ခုနစ်ရာ နစ်ထုတ် တစ်ထောင့်လေးရာ တစ်ထောင်နဲ့ယူသွားတဲ့. ပန်းဂေါာ်ဖီတစ်ထုတ် ခြောက်ရာ မျှစ်ငါးရာဘိုး နစ်ထုတ် တစ်ထောင်ကျပ်.မုန်ညင်း စည်း လေးရာကျပ်.စုစုပေါင်း ငါးထောင်လေးရာကျပ်. နောက်တဆိုင်ပြောင်း. ခရမ်းချဉ်သီး ငါးရာဘိုး.ငရုတ်သီးစိမ်းနစ်ရောဘိုးသံပရားံနစ်ရာ. စုစိုပေါင်း တစ်ထောင်နီးပါ. ဆိုတော့ ခြောက်ထောင့်လေးရာ နောက်တစ်စည်ပြောင်း ချှဉ်ပေါင် တစ်စည် ငါးဆယ် အဲသည် တစ်စည် ငါးဆယ်ချဉ်ပေါင်ကို စကာပူမှာ စလုံးတစ်ကျပ်ပေးရတယ်မြန်မာငွေ ခုနစ်ရာကျော်ပေါ့ တစ်စည်းငါးဆယ်နဲ့ ခြောက်စည်း သုံးရာကျပ်ဘိုး ကန်စွန်းတစ်စသည်း ငါုးဆယ် လေးစည် နစ်ရာဘိုး.ဘူးသီးတစ်စိတ် နစ်ရာကျပ်. ရွှောက်ရွက် တစ်စည်းငါးဆပ်ာကျေပ်. တို့စရာ ခရီးသီး နစ်ရာဘိုး ခရမ်းသီးနပ် တဲ့ခရပမ်းသီး တစ်လုံးတစ်ရာကျပ်.



 

ဂေါ်ရခါးသီးတစ်လုံး ၁၅၀ ကျပ် နစ်လုံး သုံးရာကျပ်
ဂျုးမြစ် သုံးရာဘိုး.
ပဲ့ပင်ပေါက် ပဲပြား နစ်ရာဘိုး.
သရက်သီးထပ်ဝယ် ငါးလုံး တစ်ထောင်.
ဘာမှန်းမသိတာတွေ ဟင်းသီးဟင်းရွက် တစ်သောင်းဘိုးခန့်.

ပုဇွန် သုံးဆယ်သား လေးထုတ် . တစ်သောင်း နစ်ထောင်ကပ်ျ
ငါးကြင်း နစ်ထောင်ဘိုး.

စုစုပေါ်င်းလေးသောင်းလောက်ဖြစ်တယ်။

city mart ထပ်ဝင်. တစ်ရှူးပေပါ. နွားနို့. . ကြက်ဥ လိုတာလေးတွေ ဝယ်. တစ်သောင်း. စုစုပေါင်း ငါးသောင်းကျပ် တော်သင့်ပြီး

ဆေးသမား ခုနစ်ထောင်ကျပ် လိုအပ်တာဝယ်ဘို့သုံးထောင်ကပ်ျ စုစုပေါ်င် တစ်သောင်ကျပ်.

အိမ်ပြန်လာ ဟင်းရွက်တွေ ဝိုင်ချွေ အိမ်ရှင်မပါ ချွေတယ် zipper bag ထဲထည့်တာ် ဈေးနေ့တိုင်းမသွားချင်ဘူး ပျင်းတယာ် ရသလောက်မဝဝယ်ဘဲနရမယ်။ ပုဇွန်တ်စောက်က ချွေတယ်။ မောသွားတယ် ပြန်ထွက်တယ် ပွင့်သစ်စန်းရောက်တယ်။ နံပြားနဲ့မလိုင် ငါကြိုက်တယ် ထောပတ်သီးငါကြို့်တယ် ငါတင်မက လူတိုင်းလိုလို ကြိုက်မှာဘြ ပါးစပ်ကြိးတွေ ပါကြတယ် လေ.စားချင်မှာပေါ့. ကော်ဖီဆက်သောက်တယ် လန်းသွားအောင်လို့ ရွာလိုက်တဲ့ မိုး.

အာဇာနည်န့လမ်းေ်လျောက်တာ တွေ့တယ် ဒါတ်ပုံရိုက်လိုက်တယ် ချိးကျုးတယ် ငါတော့ မလျာည်လှည်နုငိဘးး ကြောက်တယ် အခုလို အနေ အစားချောင်ချိနေ၇ာနေ ဆွဲသြွးရင်း ခက်ခဲ ပင်တပန်းတဲ့ ဘဝကို ရောက်မယ်မ မလုပ် မရှူပ်ဆိုရင် ကိုယ်ချမ်းသာတာလေးစားနေရတာပေါ့ ကြောက်စရာကြီး. မလုပ်ရဲပေါင်.

မြေနီကုန်းသွတာ်း အိမ်မှာ handphone တစ်လုံးကို အထိုင်ဖုံးလုပ်ထားတယ် အစိုးရဆီက ငါးသိန်းနဲ့ သွင်းထားတဲ ပိုက်ဆံ ဖုံး. အထိုင်ဖုံး မှာ ဘက်ထရီကုန်နေတယ် ဘတ်ထရီ ဟိုမေးဒီနေမးနဲ့ ငါးထောင်ကျပ် ကုန်သွားတယ် စောင့်ကြည့်ရဦးမယမ် ဘယ်နစ်ရေက်ခံမလဲလို့.

ဘုရားသွားတယ် ဗိုလ်တစ်ထောင်ဘုရားမှောင်ရီပျိုး ပြီးတော့အိမ်ပြန်လာတယ်။ ထမင်း လျှော့စားတယ် ဒီနေ့မဆိုးဘဲ နဲနဲ လျော့်နိုင်တယ် လန်းဘို့သင်ရဦးမယ်။ လော့ကကြီးကိ ပျော်ဘို့သင်ရဦးမယ်





3 comments:

Anonymous said...

ဝိတ်လျှော့တာ အောင်မြင်တဲ့အခါ ပြောပြပါအုန်းခင်။
ဟုတ်တယ်နော် လောကကြီးမှာ နေပျော်အောင်သင်ရအုန်းမယ်။
နေတတ်ရင် ကျေနပ်စရာပါ။

ko 9 said...

၇န်ကုန်ကို ခါးစောင်းတင်နိုင်တော့ မယ် နီးလာပြီ.....
ဘလော့ တောင် တင်တတ်လာပြီ..:)

Anonymous said...

လန်းဘို့နဲ့ ပျော်ဖို့ သင်ပီးရင် ပြန်သင်ပေးပါ ... မလန်းတာ မပျော်တာကြာပေါ့