Friday, August 8, 2014

8th August 2014 1 am

မလေးရှားက သူငယ်ချင်းဆီက စာရတယ် မမျှော်လင့်ပါဘူး
သူတို့ငါ့ကိုချစ်မှန်းငါသိတယ်။ ရောက်ခါစကတော့နိုင်ငံခြားသား ရောက်လာတာ
စိမ်းတာပေါ့ ဒါပေမဲ့ဘယ်လောက်စိမ်းစိမ်းကြာတော့လဲကျက်သွားတယ်ဘဲငါ့ကိုခင်ကြတယ်.
ငါက စကားသိတ်မပြောဘူး နေရာလဲမယူဘူး. ရောက်တဲ့နေရာမှာ အဆင်ပြေအောင်နေတယ်
ကိုယ်က ဖောင်ဖျက်ပြီးစကာပူလာတာ ဆိုတော့ ဒီဖောင်ကိုထပ်ဖျက်လို့မဖြစ်ဘူး
ဘာဖြစ်ဖြစ် ငါမပြန်ဘူးဆိုတဲ့ ခံယူချက်ရှိတယ် ဖြစ်သမျှ
ပန်းနဲ့ပေါက်တယ်လို့ဘဲ ခံယူတယ် အချိန်တန် လခရတယ် ငါလုပ်ချင်တဲ့ ဆရာဝန်
လုပ်ခွင့်ရတယ် သည်းခံတယ် ကြာတော့လဲသူတို့ ငါ့စေတနာ ကို သဘောပေါက်လာတယ်။
ငါပြန်တော့သူတို့တားကြတယ်။ နည်းအမျိုးမျိုးမျှိုးနဲ့တားတယ်
ပြန်ဝင်ဘို့မလွယ်ဘူးလေ. ဒီနေရာရောက်ဘို့လဲ မလွယ်ဘူး ငါလဲ
အလုပ်ထွက်စာတင်ဘို့ဆယ်ရက်လောက် အချိန်ယူရတယ် စာရိုက်ဘို့ သုံးလေးရက်
အချိန်ယူတယ်။ အလုပ်ထွက်ဘို့လျှောက်လွာတင်ရတယ် တစ်လ ကြိုအကြောင်းကြားရတယ်
အခုအကြောင်းကြား အခုထွက်ရင် တစ်လ စာ ရော်ရတယ် တစ်လ NOTICE ပေးရင် တစ်လ
စာလဲရတယ်။ အလုပ်ထွက်မယ် ပြောထားော့သိတ်လဲ မခိုင်းတော့ဘူ ငါလဲ
တစ်ကယ်စိတ်ထိခိုက်ပါတယ် ထွက်စာ ကို သွားတင်ဘို့ သွားလိုက် လမ်းတစ်ဝက်ကနေ
ပြန်လှည့်လာလိုက်. ရုံးခန်းနဲ့ နီးသွားလိုက် ပြန်လှည့်လာလိုက်.
ပေးလိုက်တာ က လွယ်တယ် သူတို့နိုင်ငံမှာ ဒီမိုကရေစီ ဆိုတာ ငါနားမလည်တဲ့
ဘာသာရပ်ရှိတယ် မလုပ်ချင်ရင် အတင်းအကြပ်မတားဘူး ထွက်ချင်ရင် အကြောင်းကြား
ပေးထွက်တယ် ။ သူတို့ဘက် ကဖြုတ်ချင်ရင်လဲ အကြောင်းကြားတာဘဲ ထွက်ရတာဘဲ။
ငါငိုတယ် ။ ထွက်စာမပေးခင် Department head ကို personal အရင်ပြောတယ်။
ထွက်ချင်တယ် ဘာလို့ထွက်ချင်လဲ.မေးတယ် သူဘာကူညီရမလဲ မေးတယ် ဘာမကျေနပ်တာ
ရှိလဲ မေးတယ် ဖြေရှင်းပေးရမလားမေးတယ် လပိုင်း ခွင့်ယူချင်လားမေးတယ်
ကောင်းကြပါတယ် ငါ့ဘက် က ဆုံးဖြတ်ချက်သေချာရဲ့လားမေးတယ် ငါဝမ်းနည်းသလို
ငါ့အထက် အရာရှိလဲ ဝမ်းနည်းတယ် အားလုံးဝမ်းနည်းကြတယ်။ တားမရဘူးဆိုရင်တော့
ထွက်ပါ. ပြန်လာချင်ရင် လဲ ပြောပေါ့လို့ ဆိုတယ်။
ထွက်မယ်လို့ဆုံးဖြတ်ပြီးတော့ စာပေးလိုက်ပြီးတော့ ရင်နဲနဲပေါ့သွားတယ်
ငါဘယ်သူ့မှ မပြောဘူး ငါ့ကိုလာအားပေးမှာ စိုးလို့ဒါပေမဲ့ နံရံမှာ နားတွေ
ရှိတယ် တစ်ယောက်ပြီးတစ်ယောက်သိကုန်ကြတယ် ငါ ကိုမြင်ရင် hug လာလုပ်တယ်
ခရယ် ဘယ်လို ဖြစ်တာလဲ့hug လုပ်ရင် ငါမျက်ရည်ဝိုင်းပြီ. တစ်ကယ်ပါ
decades ဆိုတဲ့သံယောဇဥင်္ဟာ နည်းတာ မဟုတ်ဘူး ။ ငါမျက်ရည်ဝိုင်းရင
်ူတို့အားပေးကြတယ်။ ငါ့ကိုဘာမှလဲ သိတ်မပြောတော့ဘူး မခိုင်းတော့ဘူး
လူပိုထားပေးတယ် ငါစိတ်ချမ်းသာအောင် ထားတယ် အဲဒီတစ်လ ငါဘာမှ
သိတ်မယ်မယ်ရရအလုပ်မလုပ်ခဲ့ရဘူး နစ်ယောက်ထားရမဲ့နေရာသုံးယောက်ထားပေးတယ်
ငါလုပ်ချင်လဲ ဖြစ်တယ် ငါမလုပ်ချင်လဲဖြစ်တယ်။ နိုင်ငံတစ်ခုက ဆုတ်ခွာတယ်
ဆိုတာ မလွယ်ဘူး ။ ငါ့ကို အသိမပေးဘဲ သူတို့ တိတ်တိတ်ကလေး fare ware party
လုပ်ဘို့ တိုင်ပင်ကြတယ်။ ငါ့ကို လုပ်ခိုင်းတော့ငါက မလုပ်ဘူးလေ
ဘာလို့မလုပ်ဘူးလဲ မေးတော့ ငါမငိုချင်ဘူးလို့ငါဖြေတယ် ငါဟာ စိတ်မာသလို
စိတ်လဲ နုတယ် လူတစ်ယောက်ဖြစ်တော့ဝမ်းလဲ နည်းတတ်တယ် အတင်းဘဲ သူတို့ဘာသာ
သူတို့စီစဉ်ပြီး fare ware လုပ်တယ်။ ငါ့ကို နောက်ဆုံးမှ အကြောင်းကြားတယ်
တက်ရောက်ဘို့အားလုံးစီစဥင်္ပြီးမှ အကြောင်းကြားတယ်။ department က
လူအားလုံးလာတယ် ပုံမှန်အားဖြင့် လူအားလုံးလာလေ့မရှိဘူး အားလုံးမှာ
့heavy job ကိုယ်စီရှိကြတယ် ဒါပေမဲ့ သူတို့အလုပ်သူတို့ဖျက်ပြီးလာကြတယ်။
အနည်းဆုံးဘယ်လိုမှ မအားတဲ့သူတောင်အမြန်ဆင်းလာပြီး ဝင် join တယ် ဒီလောက်
လူစုံတဲ့ fare ware မရှိဘူး ငါ department့ heaad က ငိုမလို
မျက်နာပျက်တယ်။ သူကအတော်ကြီးဝမန်းည်းသယောင် ရှိတယ် ငါ့
လုပ်ဖော်ကိုင်ဖက်တွေက်လည်း ငါဝမ်းမနည်းအောင် လျှောက်ပြောကြတယ် ငါ့ကို
လက်ဆောင်တွေ ပေးကြတယ် department head က ရွေပြားလေး ပေးတယ် ဟိုတစ်လောက
မင်္ဂလောဆောင်တဲ ကောင်လေးက စိတ်ကောက်ချင်ယောင် ဆောင်တယ် ငါ့ကိုလက်ဖွဲ့တာ
နင့်လောက်မကြိးဘူ ဘာညာတဲ့ စိတ်ကောက်တယ်။ ငါလဲ ဓါတ်ပုံရိုက်ခဲပေမဲ့
အဲသည်နေ့က အတော် ရိုက်ဖြစ်တယ်။အားလုံးနဲ့ဘဲ တစ်သက်
ပြန်မတွေ့ရဘူးလို့ထင်မိတယ်။ fare ware party ပြီးတဲ့အထိ ငါ့ department
head က နေတယ် သူအရမ်းစိတ်မကောင်းဖြစ်တယ် လူတော်တစ်ယောကို လက်လွတ်ရသလို
သူလဲ ငါ့ကိုချစ်မှာပါ ငါလည်းချစ်ပါတယ်။ ငါ ဆေးရုံက ပြန်ကာနီး
နောက်ဆုံးအချိန်မှာ fadzli က ဖုံးဆက်တယ်။ သူနောက်ဆုံးဘဲပေါ့ ခရယ် ဘဝမှာ
ဘယ်လောက်ဘဲ ကြီးတဲ့ အနာဘဲ ဖြစ်ဖြစ် တစ်ချိန်ချိန် ကျက်သွားမှာပါတဲ့
နင်စိတ်ချမ်းသာအောင်နေပါတဲ့ အဂ်လိပ်လိုပြောတာပေါ့ မလေးရှားက ဆရာဝန်တွေ
အားလုံးအင်္ဂလိပ်လို ပြောတတ်တယ် မလေးစကားတတ်တယ်။ တရုတ်လိုတတ်တဲ့
လူတောင်ရှိသေး. သူတို့မှာ အင်္ဂလိပ် တရုတ် မလေး အီဒိယ ဘာသာ
စကားကြီးလေးမျိုးရှိတယ်။ ငါတစ်ကယ်လွမ်းပါတယ် viber မှာ ငါမြင်နေရသားဘဲ
ငါမခေါ်ပါဘူး ဝမ်းနည်းတယ်။ မေ့လိုက်ချင်တယ်။ ဘဝရဲ့အပိုင်းတစ်ခု
ဒီနေ့ အတော်ခင်တဲ့ poh ဆိုတဲ့ကောင်လေးဆီက အီးမေလ်ရတယ် သူတို့နဲ့
ငါခွဲခွာသွားတာ လပိုင်ရှိပြီးဘာလုပ်နေလဲ သတိရပါတယ်ဆိုပြီး။ ငါခင်ပေမဲ့
personal ချင်းသိတ်မခင်ဘူးသူ့မင်္ဂလာဆောင်ဖိတ်ရမလား ဆိုတာတောင် ငါက
မဖိတ်ပါနဲ့ ပြောတာ သူတို့ဆီမှာ မင်္ဂလာဆောင်ကလဲ seat နဲ့ ဆိုတော့
ကြိုမေးရတာပေါ့ ငါ့ဝင်တုံးက သူက အလုပ်သင်ဆရာဝန် ပြီးတော့ အထူးကု
ဖြစ်သွားရော ငါကတော့ chronic MOဘဲ ဒါပေမဲ့ ငါပျော်ပါတယ် ငါ
အိမ်ထောင်ရေးအဆင်ပြေတယ် ငါပြောထးသလိုဘဲ ငါပိုကဆံရှိတယ်
ဆက်ကြိုးစားစရာမလိုဘူး ကြိုးစားချင်စိတ်လဲ မရှိဘဲ ငါလုပ်ချင်တဲ့ဆရာဝန်
ငါလုပ်ခွင့်ရတယ်။ ယောကျာ်းရှိတယ် ကျေနပ်တယ်ဘဝက ပြည့်စုံတယ်
။ဘွဲ့ကြီါ်မရှီပေမဲ့ ငါဆေးကုတတ်တယ် ငါ့ ချာတိတ်က အထူးကု ဖြစ်သွားလဲ
အေးအေးဆေးဆေးဘဲ သူတိုကလဲ ငါ့ကို respect ပေးတယ်
အန်မတန်စိတ်ချမ်းသာစရာကောင်းတဲ့လုပ်ငးန်ခွင်ဘဲ ဒါကြောင့်မို့ သကြိန်တုံးက
ငါအမူးသောက်ပြီး ငိုတယ်. သူငယ်ချင်းတွေ ကိုလွမ်းတယ် သောက်ပြီး ငိုတာလား
ငိုချင်လို့သောက်တာလားတစ်ကယ်ငိုတယ် သကြန်ရေနဲ့ အတူ တိုင်ကို
ဖက်ပြီးငိုတယ်။ သူအီးမေလ်ပို့တာ အန်မတန် သတိရလို့ပို့တာ ငါနားလည်တယ်
ငါစာပြန်မလို့ဘဲ အင်္ဂလိပ်လိုမရေးတတ်တော့ဘူးဆိုတာထက် ငါသူ့ဆီ
စာပြန်ဘို့အားမရှိသေးဘူး

3 comments:

ဆုမြတ်မိုး said...

ခင့်ကိုသနားလိုက်တာ...။

း(

ပျော်ရာမှာမနေရ တော်ရာမှာနေရမှာပေါ့မမရယ်..။ သတိရနေပါတယ်.. ပြန်သွားတော့မှပဲစာတွေခဏခဏပိုဖတ်ရတယ် ။ ဘွဲ့ဆိုတာ အထူးကုဆိုတာ အလကားပါ..။ ဆရာဝန်အလုပ်ကအတွေ့အကြုံနဲ့တင် ဆ၇ာကျသူတွေအများကြီးပါ...။ ဖိုက်တင်း......မမ..။

Anonymous said...

sad
sad
sad

Amber said...

Poor Khin.
You must be a very kind and good doctor. Try something interest in yangon. Fighting.