Saturday, September 17, 2011

ခင်ဦးမေ အတွေး..........



ဈေးသိတ်မကြိးသောဆိုင်များသည်ခင်ဦးမေ၏. မွေရာနေရာများဖြစ်ပါသည်. ဈေးကြီးသောနေရာများသည် ဘာဆက်ရေးရမှန်းမသိအောင်အားနာရပါသည်. ဘာမှန်းမသိသောပစ္စည်းကလေးများသည် ခင်ဦးမေ၏ ကိုင်ကြည့်စရာပစ္စည်းကလေးများဖြစ်ပါသည်. ထိုအရာသည် လက်ဂေ့ခ်ျတွင်ချိတ်သော name plate ပုံစံလေးဖြစ်သည် အရောင်တော်တော်များများလာသည် အစိမ်းအပြာ အစရှိသရွေ့..ခင်ဦးမေစိတ်ဝင်စားသွားသည်. ခင်ဦးမေ၏ဒုကတ်မှာ ပစ္စည်းရွေးရာတွင် လည်နေသော အပတ်ကြီးမှ မိမိ၏အထုတ်ကို ရွေးမရခြင်းပင်ဖြစ်သည် အိတ်များမှာလည်းခပ်ဆင်ဆင်ဖြစ်ရာ ဆွဲချပြီးကာမှ မိမိအထုတ်ဟုတ်မဟုတ်မသေချာသလိုဖြစ်ကာ ထိုအထုတ်ကိုဘေးချပြီး ရှီသောသော့ဖြင့်ဖွင့်ကြည့်ကာ ပြီးကာမှ ထိုအထုတ်သည် မိမိ၏ အထုတ်ဖြစ်သည်ဟု confirm နိုင်သောအရည်အချင်းရှိပါသည်. မင်းညံ့သကွာဟုပြောလျှင်လည်းခံရမည်သာ။ လင်းဒီပ ကိုမေးကြည့်ချင်ပါသည် သူသည်လည်းအထုတ်မည်ကဲ့သို့ရွေးသည်ကိုသိချင်ပါသေးသည်။ သုံးဖြစ်မသုံးဖြစ်တော့မသိသေးပါ အလေးချိန်သည်လည်းအရေးကြီးသည်. ကဒ်ပြားလေးတစ်ပြားချိတ်သွားလျင်တော့အဆင်ပြေမည်ဖြစ်သည် သို့သော်လည်းကဒ်ပြားလည်းမရှိ.ဈေးသည်လည်း သိတ်မများရင်ဝယ်ထားအလကား အဲလေ မမှားဘူးဟုယူဆကာဝယ်ပါသည်။



ရှေ့ပု့နောက်ပုံဖြစ်ပါသည် ထုတ်တော့မကြည့်ရသေးပါ။





ထိုအိတ်သည်လည်း ဘာမှန်းမသိ. ကိုယ်လည်းသုံးမည်မဟုတ်. အမျိုးတစ်ယောက် လက်ထဲရောက်သွား မည်မှာသေချာပါသည်. ရန်ကုန်တွင်မရှိဘူးလား. ရန်ကန်ုကအမျိုးတွက မသုံးနိင်လို့လားဟုမမေးစေချင်ပါ. တစ်ခါတစ်လေ. ထူးဆန်းသောအရာလေးများကိုနစ်သက်ပါသည်. စလုံးက ညီမလေးပေးတာဟုကြွားနိုင်ပါသည်. မိမိကိုယ်တိုင်လည်း ဈေးမကြီးသောအရာလေးမျာိးကုအမှတ်တရအနေနင့်လိုချင်ပါသည် ဈေးကြီးလျင်ေ တာကလည်းအားနာသောကြောင့်မယူရက်ပါ။ စလုံး မရောက်ခင်က ရောက်ခဲ့ဘူးသော ညီမတစ်ယောက်ပေးသော နစ်ခမ်းနီတစ်ဘူးကို နစ်သကစွာဆိုးခဲ့ဘူးသည်ကိုသတိရပါသည်. အမျိုးအကောင်းစားကြီးမဟုတ်သော်လည်း နိုင်ငံခြားကြီးများ ကတောင်လာတဟုကျေနပ်စွာသုံးပါသည်။ စလုံးအလည်သွားခဲ့ သသေညအစ်မတစ်ယောက်ပေးေ သာကီးချိန်းကိုလည်းနစ်သက်စွယယူခခဲ့ဘူးပါသည်။ အမေရိကားမှလာသော သူငယ်ချင်း.တူးတူးပေးသော clinique နှူတ်ခမ်းနီးကိုလည်းယူဘူးပါသည် ခင်မောင်သိန်းထွန်းဝင်ေးစလုံးမှ ဝယ်လာသော ပးသော့ YSL နှူတ်ခန်းနီ ကိုလည်းယူဘူပါသည် မောင်ဘာပေးသလဲမေးလျှင်တော့ မွေးနေ့တွင်ကားဝယ်ပေးသည်ဟု ရိုးသားစွာပြောလိုပါသည်. ။ (ဟိုတုံးကဖြစ်ပါသည်×။





မီးခြစ်ဖြစ်ပါသည် ။ ပြသာနာမရှိနိုင်ဟုတော့ထင်ပါသည်. လက်ဂေ့တွင်ထည့်နိုင်ပါသည်. မွတ်စတာဖာသွားစဥင်္က ဇစ်ပိုမီးခြစ်မျာိးကုသွားငေးခဲ့ပါသည်. စလုံး ၃၀ တန်တစ်ခုကိုတွေ့သည်. မျက်စေ့ကျမိသည်။ ည ဆယ်တစ်နာရီခွဲလျင်ေးဆလိပ်ထွက်သောက်တတ်သောသူတစ်ယောကိုသတိရသောကြော်င့ ထိုဇစ်ပိုကို ဝယ်ျင်သောလည်း ပိုက်ကိုငဲငြာရသောကြောင့် စေတနာကို ယခု မီးခြစ်နင့်သာတန်ဘိုးဖြတ်လိုက်ရသည်. ။့ ကံဆုံလျင်တော့ပေးခွင့်ကြုံနိုင်ပါမည်။ မွတ်စတာဖာသို့ပြန်ရောက်ခဲ့လျင်တော့ပြန်ဝယ်ဖြစ်မလားမပြောတတ်ပါ။ အရက်ပုလင်းပေးခဲ့သော်လည်းမယူသွားသောသူတစ်ယောက်ကိုသတိရပါသည်။ ငါးကျပ်တန်နာရီများလည်း ပေးခဲ့ဘူးသောသူမျးကိုသတိရပါသည်. သူတို့ကတော့မေ့ကုန်ပြိထင်ပါသည်။ ခင်ဦးမေကတော့သတိရဆဲဖြစ်ပါသည်. ။





အသိ အတစ်ယောက်က ကောင်းသည်ဆိုသော်ကြောင့်ထိုပြုံးပြုံးကြီးကိုဝယ်ဖြစ်ပါသည် ခပ်ညိုညိုအရည်များထွက်လာသောကြောင့်လန့်သွားသေးသည် အရောင်လှလှလေးများဖြစ်စေချင်သည် ဟိုတစ်လောက တစ်ခြား brand တစ်မျိုးဝယ်ရာ အမဲရောင်အရည်များထွက်လာသောကြောင့်လန့်ဖျက်ကာ လွတ်ပစ်လိုက်ပါသည်. ယခုအညိုဖျော့ဖျော့အ၇ည်ကိုောတ့ကြိုးစားသုံးကြည့်ပါဦးမည်။ အဝါရောင်ဘူးကလေးကတော့သုံးနေကျဖြစ်ပါသည်. မဆိုးပါ နစ်သက်ပါသည်. နာမည်ပေါင်းစုံလည်းသုံးကြည့်ဘူးပါပြီ. ။ ငယ်တုံးကတော့ တရော်ကင်ပွန်းနင့် သာကြီးပြင်းခဲ့ရသသောသူဖြစ်သည်။ ခေါင်းလျော်ဆိုင်များကိုနစ်သက်သောအချက်မျှာ ဒဒရိုင်ယာအဆွဲေ ကာင်းသောကြောင့်ဖြစ်သည်. အားနည်းချက်မှာခေါင်းကိုခေတ္နသာလျော်သောဆိုင်များနင့်အတွေ့များသည် ခင်ဦးမေ သည်အပူများသူဖြစ်ရာ ခေါင်းလျော်လျင်စိမ်ပြေနပြေ ခေါင်းကိုရေလောင်းလေ့ရှိသည်. ဆိုင်တွင်မူကားခေတ္တ သာလျော်လေရာ အားမရချေ။ ရေနွေးလည်းအသုံးများကြသည်ရေအေးသုံးရန်တောင်းဆိုရလေ့ရှိပါသည်။ treatment ထည့်ဝယ်ဦးမည်စိတ်ကူးသော်လည်း ဘတ်၈ျက်တော်လောက်ပြီမှန်းရွေ့ နောက်တစ်ခေါက်အတွက် မှန်းထားလိုက်သည်။





ဆံပင်စည်းသောကွင်းမှာဝယ်မလောက်ပါ.ဟိုနားချေထားတစ်ကွင်း ဒီနောကချထားတစ်ကွင်း.........ကလစ်မားလည်းဝယ်မဆုံး. ဟိုနားတစ်ကစလ် ဒိနားတစ်ကလစ်ဖြစ်သည်။

ခင်ဦးမေ ရေးသည်မှာဘာရယ်မဟုတ် မနှိုင်းဝံ့သော်လည်း. ငယ်စဉ်ကရွေဥဒေါင်း. သော်တာဆွေ ကိုကြို့်ပါသည် သူတြိ့ကြောင်သူ့ရေးသည်ကိုပင်ဖတ်မညီးပါ. သုမောင်သည်လည်းကောင်. သိပ္ပွမောင်ဝသည်လေည်ေးကာင်း. သနွာစမ်းမှ အလွမ်းစာရေးသောသူကို လည်ေးကာင်း. ထိုသို့သောသူများရေးသည်ကိုသဘောကျပါသည်. စကားပြောစရာ ရှားပါးသောသူတစ်ဦးလည်းဖြစ်ရာ မိမိပြောချင်သည်များကို ထိုင်ရေးခြင်ါ်ဖြစ်သည်။ ကေအယ်မှလူများ ကေအယ်တွင် တစ်သက်လုံးနေပြီးခင်ဦးမေက တစ်ညသွားကာ ဆယ်ရက်ရေးပါသည်. စလုံတွင်မြန်မာ များစွာနေသော်လည်းခင်ဦးမေသည် အထူးအဆ်းလုပ်ကာေ၇းပသါည်။ ကွန်ပလိမ့်တက်သော်ဖြေရှင်းရန်ရှိပါသည်. ဘာဖြေရှင်းမလဲ မမေးရင်တော့လဲမသိပါ။

သို့သော်ငြားလည်း ကိုစိုးထက်၏ ဖဘ status တွင်မြင်သောအောင်မြင်မှုကိုမြင်သောအခါ သူ့အတွက်ဝမ်းသာဂုဏ်ယူမိသလို ဘလော့ လုပ်မိသော မိမိကိုယ်မိမိ အတွက်အချိန်အနည်းမျှ စိတ်မကောင်းဖြစ်မိပါသည်. . သူသည်အရမ်ေးအာင်မြင်နေသောအချိန်တွင် ဘလော့ကို ပိတ်သွားသူဖြစ်ပါသည်.။ မိမိ အွန်လိုင်းကျုရှင် ယူထားသောလခကို သတိရသောကြောင့်စိတ်မကောင်းဖြစ်ပသါည်.။ ဖဘ။ဘလော့တွင် တွင် balance ဖြင့် ငြိမ်သက်စွာ နေသူများကိုအားကျမိပါသည်. ။ ခင်ဦးမေ အနည်းငယ်တိတ်ဆိတ်လျှင်ဝမ်းသာစေကြလိုပါသည်။ နာမည်ကြီးဘောလ့ဂါကြီး (ကိုယ့်ဘာသာကိုယ်ထင်) လုပ်သည်မှာမကောင်းပါ အချိန်ကုန်ပါသည်.။ အိပ်ရေးပျက်ပသည် ပြောပါများသောကြောင့် ဟုန်လောက်ပြီဖြစ်သည်. နောက်လူများ သတိပြုဆင်ခြင်စေလိုပါသည်။ ဟိုတစ်လောက တစ်နေရာ သွားရာ ကောင်မလေးတစ်ယောက်သည် နစ်နစ်အတွင်းတရုတ်စကားကိုကောင်းမွန်စွာပြောတတ်ပြီ ဆိုသောအခါ မိမိ၏ ညံ့ဖျင်းမှူကို သတိရစေပါသည်. ရောက်သညမှာ ကြာပြီဖြစ်သော်လည်းအင်္ဂလိပ်လို အသင့်အတင့်အမျှသာ . ကျန်သောဘာသာစကားများကို ကိုယ်နင့်မဆိုင်သလိုထိုင်နေသည်မှာ ဆိုးလှသည်။

14 comments:

Anonymous said...

First..........

KLNG

မိုးယံ said...

ဇစ်ပို မီးခြစ်ပေးလျှင် စေတနာကို အသိအမှတ်ပြုသည့်အနေဖြင့် မိမိကိုယ်ကို အရစ်ကျ ပြန်သတ်ပါမည်။
ကေအယ်လ်အကြောင်းဆယ်ရက်တောင် ရေးနိုင်တဲ့ အတွေးကို လေးစားသည်။ (ကိုယ်မရေးနိုင်ပါ။ပျင်းသည်)

နံမည်မရှိ ဘလော့ဂ်ဂါ...ဒါပေမယ့် အိပ်ရေး အားကြီးပျက်သည်။


အင်္ဂလိပ်လိုပြောတတ်တာနဲ့ထင် အထင်ကြီးသည်။

:P said...

ကောင်းပါသည်.
.
.
ဘာကောင်းတာလဲမမေးစေလိုပါ

လင်းဒီပ said...

လေဆိပ်တွင် မြန်မာစာလုံးကြီးများ မညီမညာ အကြီးကြီးရေးထားတတ်သော luggage များကို တွေ့ရတိုင်း မကြာခဏ ပြုံးမိ၏ ။ သူတို့ကတော့ စိုးရိမ်စိတ်ကို ဟန်မဆောင်တတ်သူများဖြစ်နိုင်သည် ။ ကျွန်ုပ်သည်လည်း ထူးမခြားနားပေ။ ကဒ်ပြားသေးသေးလေးတွင် နာမည် ဖုန်းနံပါတ်(မြန်မာ/စင်ကာပူ) အီးမေးလ်များရေးကာ ပလတ်စတစ်လောင်းထားသည့်ကဒ်ကလေးကို အထုပ်မှန်သမျှ luggageမှန်သမျှတွင် ချိတ်ထားပေး၏ ။ ထိုကြောင့် ထိုကဒ်ပြားလေးများ လေးငါးပြား လက်ထဲတွင် အမြဲရှိလေသည် ။စနစ်တကျ စိုးရိမ်တတ်သူဆိုလည်း မမှားပေ ။ :P

xxxxxxxxxxxxxx


မောင်ဘာပေးသလဲမေးလျှင်တော့ မွေးနေ့တွင်ကားဝယ်ပေးသည်ဟု ရိုးသားစွာပြောလိုပါသည်. ။ (ဟိုတုံးကဖြစ်ပါသည်×။
.......
:)

Anonymous said...

ကျန်ုပ်အား ဘာတွေပေးခဲ့သလဲဟုမေးပါက နောင်တများပေးခဲ့သည်ဟုဖြေရန်မှတပါး အခြားမရှိပါ :(

ညိမ်းနိုင် said...

ကျွန်တော်ဆို အိပ်မှာ ဆော့ပင်နဲ့ ကိုယ့်နာမည်ကို အကြီးကြီးရေးထားလိုက်တယ်....ပြီးရော....:)
အစ်မကွန် အနည်းငယ်တိတ်ဆိတ်သွားရင်တော့ ဝမ်းသာ
ပါရဲ့ အများကြီးတိတ်ဆိတ်သွားရင်တော့ ဝမ်းနည်းရမှာပဲ
ဗျ....။

NweYoe said...

း)

ဘာမှဟုတ်ဘူး၊ ဘလော့ဂ်တွေ မကျော်ရမှပဲ ရောက်ဖြစ်လို့ ရောက်တုန်း ဝင်ရေးခဲ့တာ :D

Anonymous said...

ဖတ်သွားပါပြီ။ ကားဝယ်ပေးတယ်ဆိုလို့ အားကျသွားပါသည်။ လေဆိပ်တွင် အထုတ်ပိုးများစိတ်မချဖြစ်တတ်ပေမယ့် သူများလေဆိပ်တွင်စိတ်ချပြီး မြန်မာပြည်လေဆိပ်တွင် သောကပွားရဖူးပါသည်။

မောင်ဘကြိုင်

San San Htun said...

ကေအယ်အကြောင်း ဆယ်ရက်တောင် ရေးနိုင်တဲ့ လျှော့ပင်းထွက်နိုင်သူကြီးကို အားကျသွားပါတယ်...

kokoseinygn said...

မခင်ဦမေ စိတ်ရောကိုယ်ပါကျန်းမာချမးသာပါစေ။

Yan said...

စလုံတွင်မြန်မာ များစွာနေသော်လည်းခင်ဦးမေသည် အထူးအဆ်းလုပ်ကာေ၇းပသါည်။ ကွန်ပလိမ့်တက်သော်ဖြေရှင်းရန်ရှိပါသည်. ဘာဖြေရှင်းမလဲ မမေးရင်တော့လဲမသိပါ။


မခင်ဦးမေတစ်ယောက်ကတော့လေ. ရေးလိုက်ရင် တကယ်စိတ်ထဲမှာ ကျလိကျလိ ဖြစ်သွားတယ်.
အထူးအဆန်းတွေပဲ ဆက်ရေးပါ. ကွန်ပလိန့်တက်ရင် ဝိုင်းဖြေရှင်းပေးမယ်. Keep it up, Sis! :)

Y.

Ko Ko said...

အမ NTUC ကကြမ်းပိုးဆေးလေး နာမည် တချက်လောက် ပြောပြပါလား ဘူး အစိမ်းနဲ့ ဆိုတာလေ

Ko Ko said...

အမ NTUC ကကြမ်းပိုးဆေးလေး နာမည် တချက်လောက် ပြောပြပါလား ဘူး အစိမ်းနဲ့ ဆိုတာလေ

khin oo may said...

Baygon, အမှန်တော့အားလုံး သုံးလို့ရမှာပါ. အဲသည်တုံးကအဲသာ သုံးလိုက်မိတယ် ထင်တာဘဲ.