Sunday, December 9, 2012

passport























ကားသည် ဝပ်လျော့ဟု ထင်ရဘက်သို့ချိုးကွေ့လိုက်သည် ကားမောင်းသော ကားဆရာကြီးသည် ကားကိုပြင်ရန် အစ်မက ပြောထားပြီးကြောင်း ကားတစ်ခါးပြင်ရန် ပြောသည် .  ရပါတယ်လေ. အနီးအနားမှာစောင့်နေတာ ပေါ့ ဟု သူက ပြန်ပြောကာ ကားပေါ်မှဆင်းသည်. ဟိုနားဒီနားလျောက်ပြီး ပိုက်ဆံအိတ်ရှင်းဦးမှ ဟု ဆိုကာ ပိုက်ဆံအိတ်ထုတ်ရှင်းသည် စာရွက်စုတ်များကို လွတ်ပစ်သည် တွေ့ကရာထည့်ထားသောပိုက်ဆံများကို ကောက်သည်. . အကြွေများကို အကြွေအိတ်ထဲသို့ စနစ်တစ်ကျပြန်ထည့်သည်.။ ပိုက်ဆံအိတ်ကို ထုတ်သည် တယ်လီဖုံးနစ်လုံးကိုနေရာချသည် ပတ်စပို့ထည့်သော အိတ်ပျောက်နေသည် ။ရင်ပူသွား၏.ဒီန်းကနဲဖြစ်သွားသော ရင်ကို ဖိကာ သေချာ ပြန်ထုတ်ပြန်ထည့်သည် ပတ်စပို့ထည့်ထားသောပတ်စပို့ပါသောအိတ်ရှာမတွေ့။ ပျောက်ပြီထင်သည် ဘယ်နားကျခဲ့ပါလိမ့်. စဉ်းစားသည် စဉ်းစားေ၇ွ့မရ. သွားသောနေရာများ များလှသည်.ဘယ်လိုမှ စဉ်းစားမရ. ခါတိုင်း သွားနေကျ နေရာများသာ ဖြစ်မည်.။ မည်သို့ပြန်ရှာရမည်နည်း. မှောင်စပျိုးနေဘီ. နီးရာအိမ်မှအသိ တစ်ယောက်ထွက်လာသည် ဘာဖြစ်တာလဲ မေးသည်. ပတ်စ့ပို့ပျောက်နေလို့ ဟု သူဖြေသည်. ဘယ်နယ့်လုပ်ရပါ့တွေးသည် မိတူတွေ ရှိသလား ရှိသည် သို့သော်အားလုံးသည် စကာပူရှိအိမ်တွင်ဖြစ်သည်။ မည်သို့ ပြန်ယူရမည်နည်း။

ပတ်စပို့မရှိလျင် ဘယ်လိုလုပ်မလဲ ဘေးက လူက မေးသည် . သေချာတာက အခု ည စကာပူပြန်လို့မရတော့ဘူးပေါ့. စာအုပ်ရှိမှ လဝက က ဖြတ်လို့ရတာ. စာအုပ်မပါရင် ဘယ်လိုဖြတ်မလဲ။ မလေးရှားတွင်နေရန် အိမ်ရှိသလားစဉ်းစားသည် ရှိသည် ခဏနေေ၇ွ့ရသည် အကျီအဝတ်အစားမ၇ှိ. ညအိပ်လေ့မရှိသောကြောင့်အဝတ်အစားများ မထားဖြစ်. ခဏ လဲဝတ်သော လုံချည် အကျီတစ်စုံသာရှိသည်။ အပြင်ထွက်ရန်ဝတ်ရန် အကျီ်တောင်မရှိ. ဒါက ကိတ်စမရှိ. ဝယ်ဝတ်လို့ရည် မလေးရှားပိုက်ဆံရှိသလား လောာက်လောက်လားလားမရှိသောလည်း အသေးသုံးအတွက်တော့လူံလောကသည်.။

ဘယ်လိုလုပ်မလဲ မှောင်လာပြီ  သူရင်ပူကာ အားငယ်လာသည်.။ ကေအယ်သွားရမည်ပေါ့. စာအုပ်ပျောက်သည် ဘယ်နယ့်လုပ်လဲ ကေအယ် က မြန်မာသံရုံးကို သွားရမည် စာအုပ်ပျောက်ကြောင်းအကြောင်းကြားရမည် ရဲထောက်ခံစာများလိုဦးမလား ဘာစရွက်စာတမ်းမှလဲ မပါ. စကာပူအိမ်ကလည်းသော့ခတ်ခဲ့သည် စာရွက်စာတမ်းဆိုသည်က လည်းသူသိမ်းသည် ဖြစ်ရာ သော့ကလည်းသူနင့်ပါလာသည် . စာရွက်များသိမ်းရာဖိုင်တွေကလည်းအများကြီးသူကိုယ်တိုင်ပင်မနည်းပြန်ရှာရမည် ဖြစ်သည်.

ပြန်တွေ့သောသူပြန်ပေးရန် လိုလားသည် ပြန်စဥင်္းစားကြည့်သော်ကောက်ရသောသူသည် မည်သို့ပြန်ပေးမည်နည်း. စာအုပ်တွင် စာအုပ်နံပတ်နင့်ထုတ်ပေးရာ အရပ်စကာပူသာ ပါသည် သူ့ထံဆက်သွယ်ရန် လိပ်စာ ဖုံးနံပါတ် မ့ါပါရှိ. ငါဘာလို့ဒီလောက်တောင်ပေါ့ရတာပါလိမ့် ပြန်ကောက်သူ ပြန်ပေးရန် ဖုံးနံပါတ်လေး ရေးပေးထားလျင် ကောက်ရသူသညိစိတ်ကောင်းရှိသူများရာ သူ့ထံ့သို့ဆက်သွယ်ပေလိမ့်မည် ယခုသော်စာအုပ်ကလေး ကောက်ရသူသည်လည်းစာအုပ်ကလေး ကိုင်က ဘာလုပ်ရမည် သိမည်မဟုတ်ချေ။

တွေးရင်းနင့်မောလာသည်. စာအုပ်ကလေးကို သတိရသည် မြင်ယောင်လာသည် ငါ့စာအုပ်ကလေးရယ်ငါ့ဆီပြန်လာပါ. ငါအိမ်ပြန်ချင်တယ်ဟု တွေးသည်။ အလုပ်လုပ်ရာ ရုံးတွင် ပတ်စပို့မိတူပေးထားသည် ကို သတိရသည် ဒါဆိုရင်တော့ အလုပ်မှ သွားယူရင် မနက်ဖြန် မနက် ပတ်စပို့မိတ်ူ ရုံးက သွားယူ ရဲစခန်းသွား အကြော်းကြား. ယခုည မလေးရှားမှာအိပ် ပိုက်ဆံကို သူငယ်ချင်းဆီမှ ခေတ္တချေး. စာအုပ်အတွက်တော အသစ်ထုတ်လျင် မည်မျှ ကျရွေ့ မည်မျှ ကြာမည်နည်း သူမသိ. ။ အဲသာဆိုရင် တစ်ခေါက်ပြန်လာ အလုပ်ပြန်တက်. ပြန်သွားယူရမည်လား တစ်ခါတည်း ရခဲ့မည်လား သူမသိ. သူထုတ်သော စာအုပ်မှာ စကာပူမှ  ဖြစ်ရာမလေးရှား မြန်မာသံရုံးသည်စကာပူ မှ ထုတ်ပေးသော ရုံးနင့်မည်သို့မည်ပုံ ဆက်သွယ်ချိတ်ဆက်မည်နည်း တစ်ခုခုတော့ရှိမည် ထင်သည် နောက်ကို စာအုပ်ကို သေချာသိမ်းရန်. တစ်ချိန်လုံးဂရုစိုက်နေရန် ပိုသတိရသည် ယခု အပတ်အလုပ်များလွန်းရာ ကိုယ့်ုကိုယ်ကိုယ်ပင်စောင့်ရှောက်ချိန်မရ. စာအုပ်ကို စောင့်ရှောက်ရန် မေ့သွားသည်။

ပတ်စပို့ထည့်သောအိတ်ကလေးကို ချိတ်ကလေးချိတ်ကြီးနင့်တွဲ့ကာချိတ်ထားရန်. အာရုံသိတ်များနေသည်။ ထည့်ထားသော အိတ်ကလေးတွင် အမည်လိပ်စာ ဖုံးနံ့ပတ်. typping နင့်ရေးရန် သူလက်ရေးကိုမည်သူမျှ မဖတ်တတ်ကြ.။ စာအုပ်မိတ်ူ အစုံ မလေးရှား အိမ်တွင်ထားရန် အဝတ်အစားအပိုနည်းနည်း ယူထားရန်. ညအိပ်ညနေအရေးကြုံက အိပ်ရန် မလေးရှားဘဏ်တွင် ပိုက်ဆံအနည်းငယ်ပိုထားရန် ကိုယ့ိုကိုယ်ကိုယ်သတိပေးသည် လူမိုက်နောက်မှ နောင်တရ.

ူသူအားငယ်လာသည် မငိုချင်သေည်လညိးစိတ်ရှူပ်လာသည် အလုပ်များသည် ဆိုပါမှ. စာအုပ်ကလေးတစ်အုပ်သည် တန်ဘိုးကြီး အလုပ်များလှသည်. သူအိပ်နေသည် ဟု ရုတ်တစ်ရက် သတိရသွားသည် . သူသည် အိပ်ရာပေါ်မှာဖြစ်သည် ရုတ်တရက် ထိတ်ကနဲဝမ်းသာသွားသည် ငါအိပ်ရာပေါ်မှာဆိုရင် အိပ်နေတာပေါ့ ဒါဆို စကာပူက အိမ်မှာဘဲ ဒါဆိုရင် စာအုပ်ပါလို့သာငါစကာပူရောက်ခဲ့တာပေါ့.။ ဒါဆိုရင် ပိုက်ဆံအိတ်ထဲမှာ ရှိမယ်ထင်တယ်။ အိပ်ရာမှ အသာထသည် အသက်ကို အအောင့ကာအိမ်ခန်းရှေှ့သို့သူ ထွက်လာသည်. ပိုက်ဆံအိတ်နစ်လုံးဖြစ်နေသည် မနေ့က စနေ လမ်းထွက်သောအိတ်နင့် မလေးရှားသွားလျင် သုံးသောအိတ်. နစ်လုံးရှိရာ မလေးအိတ်ထဲသို့အသာလေးချောင်းကြည့်သည် အသက်အောင့်ထားမိသည် ဒါဆို သေချာပါပြီ. ငါစကာပူရောက်နေမှတော့စာအုပ်ပါရမှာပေါ့. မလေးအိတ်ထဲတွင် စာအုပ်ထည့်သောအိတ်ကလေးကို သူမြင်နေရသည် ရင်ဘတ်ထဲမှ အလုံး သက်သာသွားသည်မှာြေ့ပာစရာမရှ.ိ.

သူ့စာအုပ်ပြန်ရပြီ။
သက်ပြင်းချလိုက်သည်။

Friday, December 7, 2012

7th December


မနက်ခြောက်နာရီ alarm မြည်လျင် ကုတင်ပေါ်မှ ကုန်းရုံးထကာ အလန်းနောက်တစ်ခု မမြည်ခင် ဖုံးကိုဆွဲကာအိမ်ရှေ့ထွက်ကာ ဆက်လက် ငိုက်သည်။ 6:30 am ဆိုလျင်တာ့မရတော့ ဘုရားရေလဲခြင်း သောက်တော်ရေလဲခြင်း. အကျီကို အ့ပုံထဲမှ ဆွှဲထုတ်ကာမီးပူတိုက်ခြင်း များကိုသုတ်သုတ်လုပ်သည် ရေချိုး မျက်နာသစ်လုပ်သည် ရ နာရီမထိုးခင် ဆယ်မိနစ်အိမ်ကထွက်နိုင်လျင်သင့်တော်သည် ဒီထက်နောက်ကျလျင်တော့တက်ကစီ. ၁၅ ကျပ် ထုတ်ထားရန်ဖြစ်သည်။

လမ်းလျောက်သည်ဘတစ်စကားစောင့်သည် ဘတ်စကားစီးသည် လမ်းလျောက်သည် ရထားစောင့်သည် ရထားစီးသည်.ရထားပေါ်မှဆင်းသည် လမ်းလျောက်သည် ပေါက်စီဝင်ဝယ်သည် လမ်းလျောက်သည်ဘ တ်စကားစောင့်သည် ဘတစ်ကားစီးသည် . ဘတ်စကားပေါ်မှ ဆင်းသည် လမ်းလျောက်သည် အပေါ်တက်သည် လမ်းလျောက်သည် အောက်ဆင်းသည် ဘတစ်ကားစောင့်သည် ဘတ်စကားစီးသည် လမ်းလျောက်သည်. ထပ်တစ်ခါက်လျောက်သည်. လျောက်ပြီးရင်လျေက်သည် ခြေလှမ်းတစ်ထောင်ခန့်ထပ်လျောက်သည်. ကာဖီ နစ်ဘူး ရေဘူးတစ်ဘူးဝင်ဝယသ်ည လမ်းဆက်လျောက်သည်။ လျောက်သည် ပြေးဆင်းသည် တတ်ကစီစောင့်သည် တစ်ကစီစီးသည်။ တက္ကစီပေါ်မှဆင်းသည်လမ်းလျောက်သည် ရောက်ပြီ

ဓါတ်လျေခါးထဲတွင် လိုအပ်သည်များကို ထုတ်သည် အသက်မရှူနင်ဘဲပြေးဝင်သည် ရဖန်ရခါပြေးမဝင်ခင် ပြေးဝင်ရန် ဖုံးကော်လရရှိသည် မနက်ရှစ်နာရီမှ နေ့လည်တစ်နာရီထိ မထိုင်္ငရ. က့ကောင်းလျင် ထမင်းစား ရနိုင်သည်. မည်သူမျှ ဖဘ မကြည့်ပါ.  ဘယ်ကဖုံးမှ မလာကြပါ အလုပ်လုပ်ကြသည်.။ ညနေ ငါးနာရီပြန်ရလျင် ကံကောင်းသညယခုတစ်လော ကံမကောာင်းသောကြောင့်ခြောက်နာရီဖြစ်လိုဖြစ် ခုနစ်နာရီဖြစ်လိုဖြစ်. ခေတ်ကောင်းခဲ့သောအချိန်များကိုပေးဆပ်နေရသည်။ တယ်လီဖုံးသည် broadband ဖြစ်သောကြောင့် အမြဲ မီးစိမ်းနေသည်။ သို့သောလည်းဖဘ ၈ျီတတော့မကြည့်ဖြစ်.  အလုပ်အားသောအချိန်နည်းနည်းရှိလျင် နည်းနည်ကြည့်လို့ရသည် ဖုံးမပြောဖြစ်ပါ. သူနင့ိုကိုယ်နင့်များသည် အချိန်များတူကြသူများမဟုတ်.

တယ်လီဖုံးဘိုးကို အတော် အကုန်ခံသူဖြစ်သည်. လစဉ်ကြေးများစွာပေးထားသောကြောင်မိနစ်ဖရီးများရှိသည် မပြောဖြစ်ပါ။ ကိုယ်ပြောချင်သည် ကို နားထောင် နိုင်သောနားများ အချိန်မအားကြသောကြောင့်ဖြစ်သည် ။ ဂျီတော့များစွာကို ဒလိလုပ်ထားသည် ။ဘာကို မျှ မဖတ်ချင်တော့သောကြောင့်ဖြစ်သည် ဘလော့အန်မတန် ဖတ်ချင်သော်လည်းဖတ်နိုင်သော အချိန် ရှားနေသည် ဖဘ မှာသူငယ်ချင်းများလွန်းသောကြောင့် လှည့်ပတ်ရသည်မှာလက်မလည်ပါ။

အားလုံးကိုချစ်ခင်သော်လည်း မဆက်သွယ်ဖြစ်ပါ. မည်သူ့ကိုမျှ မဆက်သွယ်ဖြစ်သလောက်ဖြစ်သည် တစ်ယောက်ထည်းနေသည်များသည်။တွေးသည်များသည်။ မက်ဆေ့များကို ပြန်သည့်အခါပြန်သည် မပြန်သည့်အခါမပြန်. အလုပ်တစ်ခု အနေနင့်မပြန်လိုပါ။ မတူသလို မတန်သလို လုပ်ခံရတဲ့ အတွက် စိတ်မကောင်းပါဘူး။ ဆိုသူကို ရှင်းပြရန်ခက်ခဲသည် ဘယ်သူ့ကိုမှ ဘာမှ မလုပ်သူကို လာပြောသူကိုစိတ်ညစ်သည် မည်သူ့ကိုမျှ အထူးတလည် မလုပ်သ်ည ကို ဆိုလျင်အားလုံးကို မတူမတန်လုပ်သည်ဟုသာ ဆိုရမည်. mone tel . block mel ဆိုသူကို စိတ်မကောင်းပါ. ဘာမှ မလုပ်ဘဲ block သွားလျင်လည်းခံရမည်သာဖြစ်သည် အထွေ အထူးရှင်းြ့ပချင်စိတ်မရှိပါ. စိတ်မကောင်းခြင်းကတော့ဖြစ်ရသည်။

လောကတွင် ခြေနစ်ချောင်းပေါ်ရပ်ကာ မလဲအောင်ကြံကြံခံနေရသူကို ပြောချင်သပဆိုလိုလျင်ဘယ်နားလိုက်ပြောမည်နည်း။။။။။

Monday, December 3, 2012

December 2.



















ဆရာသူငယ်ချင်း နိုင်ငံခြားမှ လာသည်။ ဂူအောင်းရာမှ ထွက်ရန်ပြင်ဆင်နေသော ခဥမသည် ဆရာသူငယ်ချင်း ကိုချိန်းလိုက်သည် appointment ကမန်းကတန်းရသော ကမန်းကတန်းရှိတာလေးတွေ ကောက်ထည့်ကာ ကန်တော့ရန်ပြင်သည်။ ဂျုရောင်းပိုင့်တွင် ချိန်းသည်. Jurong point သည် ဘာလို့ Jorong east MRT station နားတွင်မရှိဘဲ boon lay တွင် ရှိနေမှန်းနားမလည်နိုင်. တနဂ်နွေ ဖြစ်သောကြောင့် တက္ကစီစီးသည် ဘာကြေးညာကြေးသက်သာသည်. စလုံး ကိုးကျပ် ကျသင့်သည်. လမ်းဘေးခုံတွင် ဈေးခင်းကာ ဘာပါလာသည်ကြည့်သည်။
























သူ့အတွက် တီ၇ျပ်တစ်ထည် မိုးရွာလျှင်သုံးရန် Hang ten ထီးတစ်ထည်။
























ဆရာကတော်အတွက် ပါဝါနစ်ထည်.
























ပါတိတ်တစ်ထည်. ပိုက်ဆံအများကြီးထည့်ရန် ပိုက်ဆံအိတ်တစ်လုံး ဈေးလျော့ချိန်က ဝယ်ထားသည် တစ်ဆယ်ဖြစ်သည် ပုံမှန် တစ်ဆယ်အထက်ဖြစ်သည်။ ဆရာကတော်ခရီးသွားလျင်သုံးရန် လိုင်နာဘူးတစ်ဘူး။ ထိုမျှသာ ဖြစ်သည်ထို့ထက်မက ကန်တော့ချင်သော်လည်း သိတ်အပိုသုံ့းမရှိလှ။   
























အလယ်တွင် ပိုက်ဆံအိတ်များ ဈေးလျော့နေသည် ဈေးလျော့အပြီး စလုံးတစ်ရာကျပ် ငါးဆယ်ကျပ် တစ်ရာငါ့ဆယ်ကျပပ်တ လေးဆယ်ကျပ်. နစ်အိပ် ရှစ်ဆယ်။ ခဥမ မဝယ်ရက်ပါ. ပိုက်ဆံရှာရသည်မှာမလွယ်။ သူများတွေ တော့တစ်ရွှတ်ရွတ်ဝယ်ကြသည် ဝယ်နိုင်သူများအတွက်ဝမ်းသာပါသည်။ 

























ဆရာ Mg Han      
စားချင်သော KFC ကြက်ကြော်ကို အဝေးမှ နေရွေ့ ပို့သလိုက်ရပါသည် ဆရာ။























မုန့်ဆိုင်ထိုင်ကာ စကားပြောကြသည်























 ဆရာသူ့ငယ်ချင်းတစ်ယောက် ရောက်လာကာ ထပ်ပြောကြသည်။ နှူတ်ဆက်ကြသည် မတွေ့ရသည်မှာ ခုနစ်နစ်ခန့်ရှိရော့မည်. နောင် ဘယ်အချိန်ပြန်တွေ့မည်မသိသေးခင်ဥမသည် လူများနင့် တွေ့ရန် ဝန်လေးသောအကျင့်ကို ပြင်ရမည်။ ဆရာကိုစီုးမင်း လာတုံးက ဧည်မခံလိုက်မိသည်ကို စိတ်မကောင်း. သူမလိုအပ်သောလည်း သူ့ဘက်က ဧည့်ခံသင့်သည် နောက်တစ်ခါပြန်လာပါ။ 




















ရေခဲမုန့်သည် စလုံးနစ်ကျပ်ခွဲ (မမ ငွေ တစ်ထောင့် ခုနစ်ရာခန့်.) Fruit ဘူးလေးသည် စလုံးနစ်ကျပ် (မမငွေ တစ်ထောင့်သုံးရာကျပ်ခန့်) ဖြစ်သည်။