ကိုယ့်အကြောင်း ကိုယ် သိ လို့ မပြ ပါရစေနဲ့ ဆိုတာကို အ တင်း ကြည့် ချင် တယ်ဆိုတော့ လည်း…
.
ကမန်းကတန်း ပန်းကန်တွေဘာတွေ ဆေး။ အရေးထဲ အကြော်ထုတ် ကပျောက်နေလို့ ရှာရသေး..
ဘဲဥ (အမှန်ကတော့ ကြက်ဥ ပါ။ စလုံးသားတွေ ကတော့သိပါတယ်။) ကိုလဲ ..
ကမန်းကတန်း ပန်းကန်တွေဘာတွေ ဆေး။ အရေးထဲ အကြော်ထုတ် ကပျောက်နေလို့ ရှာရသေး..
ဘဲဥ (အမှန်ကတော့ ကြက်ဥ ပါ။ စလုံးသားတွေ ကတော့သိပါတယ်။) ကိုလဲ ..
ခင်လွန်းလို့ ကျွေးတာပါ။ ရှက်ရှက်နဲ့..
တပန်းကန် မကုန်ရင်တော့အသိဘဲ။
41 comments:
ဟေးစားလို့ရပြီ
အားးးးးးးနောက်ကျသွားပြီကွ နံပါတ်၂ ။
ကာကာက အရင်ဦးသွားတယ်။ အကုန်စားသွားပြီ သူ မန့် နေတုန်း လင်းက မုန့် ဟင်းခါးကိုအကုန်တီးလိုက်တယ်။ သူမစားလိုက်ရဘူး
အစ်မ မစားရမှာစိုးလို့ ငန်းပဲ ငန်းသွားပါတယ်
နောက်တစ်ပန်းကန်ပေးပါဦး မခင်ထွေးဦးရီမေ....
မုန့်ဟင်းခါးစားချင်လိုက်တာ။ ပုံထဲကနေပဲစားသွားတယ်။ ၆မိနစ်နောက်ကျသွားလို့ နံပါတ် ၅ပဲရတယ်။ :P
Oops! စာရိုက်နေတာ သူများဦးသွားသေးတယ်။
အမ.. ဟင်းရည်... အဆစ်လေး.. ပဲကြော်နဲ့..
ဟိဟိ...
ငါ့ မမက ဘယ်မှာဆိုးလို့လဲ......
အကုန်စားသွားတယ်နော်
မမဂွိ ပဲကြော်ထုပ်က ပျောက်သေးတာလား။
ဘဲဥ (ကြက်ဥ) ကိုရော ပျာယာပျာယာလှီးထားတာလား။
ပဲကြော်လေး နိနိကို ပေးပါ။
မုန့်ဟင်းခါးမကျွေးချင်နေ ပဲကြော်ဝေစုရချင်တယ်။
စေတနာတွေစားသွားတယ်။
များကြီးစားသွားမယ်နော် မမဂွိ။
မမ ခင်ထွေးရီ က အဒူတုန်း။
မမနာမည်က ခင်ဦးမေပါ။
သြော် မခင်ထွေးရီကို မုန့်ဟင်းခါးကျွေးတာလား။
ပြေးပြီ။ လိုက်ရိုက်မှာစိုးလို့။
ကွိကွိ
မမခင်ဦးရေ...
နဲနဲလေးနောက်ကျ သွားတယ်.. ဟီးဟီး.. ကျန်သေးလို့ တော်သေးတယ်.. ဟဲဟဲ..
ခင်တဲ့... :P
နေလင်း
နိနိမေးသလိုပဲ..
ခင်ထွေးရီ ဆိုတာ ဘာလဲ မမ..
နံနံပင်မပါတဲ့ မုန့်ဟင်းငါး က...
သနပ်ခါးမပါတဲ့ မိန်းမလို့လဲ..
ကြည့်ရလည်းဆိုးတယ်..မွှေးလည်းမမွှေးဘူး..
(အဟီးး)
ကိုယ့်ဟာကိုယ်..ထည့်စားပြီ..
(...ထုံ)
ဘယ်လိုပြောရမလဲ..
ကောင်းတယ်လို့ပဲ ပြောရတော့မှာပေါ့။
ကိုယ့်မမကြီး ချက်တာဆိုတော့.. :D
ဟင်းချက်တာမှာ တမူးပိုရှူသွားပြန်ပြီဟေ့..
ငှက်ပျောအူလေးတွေပါလား။
နံနံပင် မပါတာတော့ လွမ်းစရာ။
လာရောက်လည်ပတ်ဖတ်ရှုသွားပါတယ်ခင်ဗျား။
ဒီကလေးတွေ ခင်ထွေးရီ မုန့်ဟင်းခါးတောင် မသိတော့ပါလား။
ဧကန္တ ခင်ထွေးရီ မုန့်ဟင်းခါးက ပြုတ်သွားပြီ ထင်တယ်။
အမ်းမားလဲ ၂၉ လမ်းထဲ နေတာပဲလား...။
ဘယ်ဘလောက်ပါလိမ့်...။ မှန်းစမ်း...။
ပဲကြော်နဲ့ နှစ်ပွဲပေးပါ။ ခင်ထွေးရီမုန့်ဟင်းခါးကို ပြောတာမဟုတ်လား မမ။ ၃၄ လမ်းကလား။
ခင်ထွေးရီ မုန့် ဟင်းခါး မကြီးလက်ရာလေးပေါ့။ အ၀တင်စားသွားပြီးဗျာ။
ဗြဲ............................... အပြင်လေးသွားလိုက်ပါတယ်.. တန်းစီပြီးစားသွားကြတယ်.. ငတ်း(
လှလိုက်တယ့်"Dress for your Audience"စားပွဲခင်း၊ ဒါမျိုးဒီက"Harrods"မှာတောင်ရှိမှာမဟုတ်ဘူး။
ဟာ.. ကာကာ အရင်ဆုံးပါလား။ စားလို့ကောင်းမယ့်ပုံ ပါပဲ မမရဲ့။ သံပုရာသီးလေး ရမလားဟင်.. အဲ..နံနံပင်လေး နဲနဲလောက်.. အား..ကောင်းလိုက်တာ..ငရုပ်သီးလေးက မွှေးနေတာပဲ.. အင်း..ဗိုက်ပြည့်သွားပြီ။( ထမင်းပန်းကန်ဘေးချပြီး ကွန်မက် ရေးတာဖြစ်သောကြောင့်)
မုန့် ဟင်းခါး စားသွားတယ် အစ်မ။
ဟာ မုန့်ဟင်းခါးကွ
တစ်ပန်းကန်မဟုတ်ဘူး
သုံးပန်ကန်လုံး အကုန် တွယ်သွားပြီဗျို့...
မဂွိလည်း ခင်ဦးမေ မုန့်ဟင်းခါး ဆိုပြီး စင်ကာပူမှာ ရောင်းပါ့လား။ KFC လို အွန်လိုင်းကနေ မှာလို့ရတယ်ဆို ပိုရောင်းကောင်းမှာ သေချာတယ်။ :D
စားချင်လိုက်တာဗျာ..
ဘယ်လိုဖြစ်သွားမှန်းမသိဘူး..
:D
လူတွေအများကြီးဆိုတော့ ကုန်ပီထင်ပါ့
ကျန်ဦးမှာပါနော် မကျန်လဲ လုစားသွားတယ်
စားတယ် စားတယ် .. စားသွားပါတယ် =)
khin,I want to eat .thanks
ပါဆယ်ထုပ်လို့ရမလားအမ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
မနက်အိပ်ယာက အနိုးမှာ မုန့်ဟင်းခါးလေးတွေ့တာ အတော်ပဲ အမရေ။ တစ်ပန်းကန် ကုန်အောင်စားသွားတယ်နော်။
(((တောက်)))
ပန်ကန်ဆေးပြီးပဲ ပြန်သွားတယ်.. ကျနော်ဖို့ မကျန်တော့ဘူးး(..
နောက်တစ်ခါချက်ရင် ဗူးသီးကြော်လေးပါထည့်ဗျာ..နော်။
ဗိုက်ဆာနေချိန်ကျမှဗျာ....း(
မမKOMရေ...
"တစ်ပန်းကန် မကုန်ရင်တော့ အသိပဲ" ဆိုတော့
နှစ်ပန်းကန် စားချင်ရင်ရော... :P
ကျွေးမယ်မလား...
ဒီနေ့လဲ ထပ်စားသွားတယ်။ ကောင်းသေးလားတော့ မသိဘူး။ :D
ဒီနေ့လဲကြရော ဟင်းရည်အိုးထဲမှာအရိုးပြိုင်းပြိုင်းကြနေတယ့် အိမ်မြှောင်၂ကောင်တွေ့တယ်။
ဆေးပြီးသား ပန်းကန် လေးတွေကိုသာ ကြည့်ပြီး ပြန်သွားပါတယ် မမဂွိ ၊၊
ခင်တွေးရီနှင့် နှစ်ပါးသွားခဲ့ရသော ကျောင်းသားဘ၀ရဲ့ မနက်ခင်းများကို ပြန်ပြောင်းသတိရပါသည်။
ဝါးသွားတယ်ဗျို့
တစ်ပွဲတည်းကို ရှေ့က ၃၉ ယောက်စားသွားတယ်၊ ပြန် ၀ယ်ကျွေးဗျာ ... အမ kom.
အနော်ကတော့ ခုမှရောက်လို့ စားလိုက်ရဘူး။ နောက်တစ်ခေါက် တော့ သတိထားမှ........
Post a Comment