Saturday, December 20, 2008

making story




ပျင်းနေလို့ သူ့ဖာသာ သူနေတဲ့ မြေကြီး ပေါါ်က ပိန်းပန်း ကလေးကို ဓါတ်ပုံ သွား ရိုက် တယ်။ မှောင်နေတာနဲ့ ဓါတ်မီး ထိုးပြီး သေချာ ချိန်ရိုက်တယ်။ စိတ်ကြိုက်မရပေမဲ့ ၂ ခါ ရိုက်ဘို့ အခြေအနေ မရခဲ့ဘူး။

29 comments:

RePublic said...

ပထမ ဆုံးဗျ .. မဂွိရေ ၊၊ ပုံတောင်ကောင်းကောင်းမကြည့်ရသေး ၊၊

RePublic said...

ရိုက်ချက်တွေ ကောင်းတယ်ဗျာ ၊၊ ညဘက်ကြီး ဓာတ်မီး ထိုးပြီးရိုက်လို့ ထင်ပါတယ် ၊၊ စိတ်ကျေနပ်လိုက်ပါ မဂွိ ၊၊ အဆင့်မှီပါ တယ်ဗျာ ၊၊

Welcome said...

ဆားချက်တာ ဆားငံဘူး။ (စတာပါ)
ဓာတ်ပုံဆြာကြီးတွေတော့ ထမင်းငတ်ပြီပဲ။

http://winzaw-mdy.blogspot.com

Anonymous said...

အလွမ်းတွေ နှိပ်စက်လို့ မအိပ်နိုင်ဘူး ထင်တယ်။ ပြန်လာဖို့ တစ်နေ့ထက် တစ်နေ့ ပိုနီးလာပါပြီ အမရဲ့။
ပန်းကလေးကလည်း တစ်ပွင့်တည်း.....သနားစရာ။ သြော် မဟုတ်ဘူး။ သူ့ဘေးမှာ အဖော်ရှိပါတယ်...အမှောင်ထဲမှာ ပုန်းနေလို့။
ညဖက်ကြီး အပြင် သိပ်မထွက်ပါနဲ့။ လူဆွဲသွားမှာ စိုးလို့ ဟိ။

ကြယ်ပြာ said...

ပုံလေးက ကြည့်ကောင်းပါတယ်....

Anonymous said...

အမ ဟုတ်တယ်ဗျ ... blogger ဟာ သူ့ရဲ့ စိတ်ထဲမှာ ခံစားရသမျှကို blog မှာ တင်ပြခွင့်ရှိတယ်

Anonymous said...

ပန်းရောင်လေးသန်းပြီးလှပါတယ်.. အနော်ရိုက်ရင်တောင် အဲ့လောက်လှမှာမဟုတ်..း(

ဗေဒါရီ said...

မခင်ဦးမေရဲ့ လျှပ်တပြက်မဟုတ်သော ရိုက်ချက်ကလေး လာကြည့်သွားပါတယ်။
ပန်းကလေးက တပွင့်ထဲ ...
အထီးကျန်နေတာပေါ့နော် ...

Anonymous said...

kom ဟိုPost မြန်မြန်ပျောက်အောင်တော့လုပ်နေပြီ ဟဟ။
နောင်ဆိုမြက်တို့မြေကြီးတို့လဲရိုက်။

ThuHninSee said...

တီဇက်အေနဲ့ အပြိုင်ရိုက်နေတာလား။
ဓါတ်မီးနဲ့တောင် ထိုးရိုက်ရတယ် ဟားဟား။

strike said...

အေးပေါ့လေ ဆင်သွားရာ Road ဖြစ်တာကိုး၊တချို့ Blogger မမတွေလိုအော် ငေါက်၊ဆူ၊ပူပြီးလာမန့်ခိုင်းစရာလဲ မလို၊
အပင်ရိုက်ရိုက်၊လမ်းရိုက်ရိုက်၊အပွင့် ရိုက်ရိုက်မှုံတိမှုံဝါး
(tza ကိုသနားတောင်လာတယ်)လဲအားပေးကြ၊အင်း ကံကောင်းတယ်ပဲပြောရမလား အနေအထိုင်တတ်တယ်ပဲပြောရမလား၊ မလားချင်းများစွာဖြင့်။
သင့်ရဲ
:P

ရွှန်းမီ said...

နောက်ဆို အခြေအနေရရင် များများရိုက်ပါ..။ :-)

Anonymous said...

မမ ဓာတ်မီးက ဘယ်သူထိုးပေးတာလဲ။

:P said...

မမဆားသည်ကြီးးးးးးး
ဓါတ်မီးကိုဖွင့်ပြီး ဒူးနှစ်ဖက်ဖြင့်ညှပ်၊
ကင်မရာကို လက်နှစ်ဖက်နှင့် ကိုင်ကာ၊
ခက်ခဲစွာ ရိုက်သည်ဟုထင်ပါသည်။

Anonymous said...

ူလွမ်း၂နဲ့ ဓါတ်ပုံတွေ စွတ်ရိုက်နေပါတယ်ဗျို့ 

လင်း

ksanchaung said...

ဘာလိုလိုနဲ့ ဓါတ်ပုံရောဂါစနေပြီ။ သူဌေးရောဂါတွေထဲ တစ်ခုအပါအ၀င်ပဲ။ ရှေ့ရှောက် ပိုက်ဆံကုန်ဖို့သာပြင်။ ဒါပဲ ပြောချင်တယ်။

kay said...

လာကြည့်ပီ မ-ရေ-
ပုံလေးကို ကြည့်ပြီး..` တိတ်တိတ်လေး´ လို့ နံမယ်တခု ပေးလိုက်တယ်။

မာ့ခ် said...

ဆောင့်ကြောင့်ထိုင်ပြီး ဘယ်ဘက်လက်နဲ့ လက်နှိပ်ဓာတ်မီးကို ကိုင် ညာဘက်လက်နဲ့ ကင်မရာခလုတ်နှိပ်ထားတာလို့ထင်ပါတယ်။ ညာသန်ဖြစ်ရမယ်။ :P

Dr. Yi Yi Win said...

ကိုယ်ပိုင်ဖန်တီးမှူလေးတွေပေါ့။ အနုပညာ အတော်ပါပါတယ်။
ဒါနဲ့ အမ မွေးနေ့ အတွက် မီးမီး ဘက်ဒိတ်နဲ့ ပြန်ကျွေးဦးမယ်သိလား။ စားစရာတွေရှိတယ်။

tg.nwai said...

မမ..ဓာတ်မီးထိုးပြီး ရိုက်တာကို စဉ်းစားနေတာ..။ တစ်ယောက်ထဲဆိုရင် တော်တော်တော်တော်တော်..(ဆောရီး အရှိန်လွန်သွားလို့).. တာပဲလို့ ပြောချင်တာပါ။

Moe Cho Thinn said...

တကယ်က kmsl ပြန်ရောက်နေပါပြီ။ မမက သူ့ခေါင်းစဉ်ကို making story လို့ ပြောနေပါပကော..
စာမရေးချင်လို့ ညကြီးမှာ kmsl ကို လက်နှိပ်ဓာတ်မီးထိုးခိုင်းပြီး သူက ရိုက်လိုက်တာပါ။ မမဆီလာလာဖတ်နေတဲ့ ထုံညီအမတွေကို သနားလို့ ပုံလေးရိုက်ပြီး နှစ်သိမ့်လိုက်တာပါ။
(ကဲ..မမရေ၊ လှထုံ ဒီလောက် မထုံသေးပါကြောင်း သက်သေပြသွားပါတယ်..:)))
မှန်ရင် တိုးတိုးတိတ်တိတ် လာဝန်ခံပါ။

Anonymous said...

ပန်းပွင့်ဘ၀လဲကြည့်ရင်းကြည့်ရင်း သနားလာသလိုလိုပဲ၊
အမြင်မတော်တာတွေတွေ့လိုက်လို့အပူမိပြီးနောက်ရက်
တောင်ရှိသေးရဲ့လား

WWKM said...

မမလည်း မီးမီးလိုပဲ ဆားချက်နေတယ်..ဟီးးး

GreenGirl said...

ဓါတ်ပုံဆရာ ရှုံလောက်မယ့် ငါ့မမလက်ရာ :)

ကလူသစ် said...

ဒီလောက်ပျင်းနေရင်လဲ ကုတင်ပေါ် ဂျွမ်းထိုးနေပါလား ဟင် :)

Unknown said...

Ama,
I always read ur posts! I like ur writing style.

ဒီဇင်ဘာနှင်း said...

မမရေ ညဘက်မှာရိုက်ထားတာကလဲ တစ်မျိုးလေးလှနေတာပဲ မမကတော့ ထူးထူးဆန်းဆန်းလေးတွေလုပ်တတ်တယ် တော်တယ်

byakga said...

သြော်.. ပိန်းပန်းပုံလား.. ရုတ်တရက်တွေ့လိုက်တော့ တရုတ်မကြီးတစ်ယောက် ချုံထဲမှာ ရှူးရှူးထိုင်ပေါက်နေတဲ့ပုံ ထင်နေတာ..

Anonymous said...

byakga တရုတ်မ မဟုတ်ဘူးဗျို့အဲ့ဒါ kom ကြီး