Friday, December 26, 2008

Bottleneck

Strait times သတင်းစာ ဖတ်တယ်။
Bottleneck လို့ တစ်နေရာမှာ တွေ့တယ်။
ကိုကိုရေ.. ဟောဒီမှာ အင်္ဂလိပ်စကားက ငါတို့မြန်မာစကားအတိုင်းဘဲဗျ. ။

လည်ပင်းညောင်ရေအိုး ဖြစ်နြေ့ပီလို့ဆိုဘဲ….. လို့ ဆိုတဲ့အခါ.. ကိုယ့်ကို အရမ်း စိတ်ကုန်တဲ့ မျက်နှာထားနဲ့ ကြည့်တယ်။

ကဲ… သေချာသိသူများ ဝင် မဖြေပါနဲ့။ တကယ်ပြောတာ….

တစ်ခါမှ မကြားဘူးတဲ့သူ... ဝိုးတိုးဝါးတား.သိတဲ့သူ.......ဖြေပါ. /
.
အင်တာနက် ကို ရှာမကြည့်ရ.။
စာအုပ်မဖွင့်ရ..။
သူများကို မမေးရ..စည်းကမ်းလိုက်နာပါ..။.

ကိုယ့်လို လူမျိုးဘယ် နှစ်ယောက် ရှိသလဲလို့…

34 comments:

Anonymous said...

အေးမီးမီးပထမပါပဲကွယ်

MrDBA said...

ဟီးဟီး ..

Anonymous said...

အဲဗျ ... :)

Anonymous said...

ထုံစကွဲ တော့ဖြစ်ပြီထင်တယ် တခါမှ မကြားဘူးပါကြောင်း။

လင်းထုံ

Anonymous said...

Your blog itself is a sort of bottleneck :P because the content is just a little bit but the number of comments are a lots :) I am proud of you, in deed. BTW, anybody ever use http://www.myanmarvisaxpress.com/paytax.htm I'd like to know the experiences. (As a consequence, bottleneck may turn to congestion... oops am I a rule breaker?)

ATN said...

ဗမာပြည်မှာတော့ Dr. Nyi Nyi စခဲ့တဲ့ Bottleneck Policy ကြောင့် ပညာရေးမှာ ခုထက်ထိ ကိုယ်သင်ချင်ရာ မသင်ရတဲ့ ဘ၀ကို ကျောင်းသားတိုင်း ရောက်နေကြဆဲပါပဲ...
အသေးစိတ် သိချင်ရင်တော့ ရှာဖတ်ကြပေါ့ကွယ်...း)

Anonymous said...

တရုတ်လိုတော့လဲရှိတယ်..
ဆိုလိုချင်တာတူမလားတော့မသိ..
ဒီက ခပ်ထုံထုံရယ်...
我..遇上瓶頸 ..

瓶頸 = bottleneck



xထုံ...

ကလူသစ် said...

ဝင်မပြောပဲနေရင်လဲ သိတယ်လို့ထင်တော့မယ်။ ၀င်ပြောပြန်ရင်လဲ မသိဘူးလို့ထင်တော့မယ်။ ဘယ်လိုလုပ်ရပါ့ :(

Ko Boyz said...

internet တော့ မရှာဘူးကွယ်...။လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က ကွန်ပြူတာ ဂျာနယ်ထဲ ဖတ်ဖူးခဲ့တဲ့ အတိုင်း ပြောရရင်... (ဥပမာ ပေးမှ ရတော့မယ်။)

မြန်မာပြည်မှာ ပြည်တွင်းမှာ အင်တာနက်သုံးသူတိုင်း အပေါက်တစ်ပေါက်ထဲကနေပြီး အပြင်ကို ပြုံတိုးထွက်ကြရတယ်...။ ပုလင်းထဲက ရေကို အပြင်ကို သွန်ထုတ်သလို တော်တော်နဲ့ မကျနိုင်ဘူး...။ အထဲက အပြင်ကို ထုတ်ဖို့ အချိန်ယူရသလို ထွက်သွားတဲ့ ရေတွေ နေရာကို ပြန်ဝင်ဖို့ လေတွေ ပြန်ဝင်ဖို့ နေရာကလဲ ပေးရသေးတယ်...။
ဆိုတော့ အဲဒီနေရာမှာ အ၀င်အထွက် ကျပ်သိပ်ပိတ်ဆို့မှုတွေ ဖြစ်ပြီး traffic ဖြစ်လာတာပေါ့ကွယ်...။
အဲဒါကို BottleNeck လည်ပင်းညောင်ရေအိုး ... အဲ.. အဲ ပုလင်းလည်ပင်းလို့ ခေါ်တာပေါ့ကွယ်...။

သိပလား...။

RePublic said...

မဂွိ က စာလုံးရှာတာ တော်ပါ့ ၊၊
ကျနော်လည်း မမဂွိ လိုလူမျိုးပါ၊၊ Bottleneck ပေါ့ ၊၊

May Moe said...

အကျဉ်းအကြပ်အခြေအနေကိုပြောချင်တာလား ဘာလားညာလားဟိုလိုလားဒီလိုလား :P

Anonymous said...

သားသိတဲ့ bottleneck က လမ်းကျဉ်းလေးပဲ။း(
အခုကိုဘွိုင်းစ်ကြီးပြောသွားလို့သိပြီ။ ပုလင်းလည်ပင်းလေ။

မြရွက်ဝေ said...

ကြားကိုမကြားဘူးပါ၊ အမပြောမှ ကြားဘူးပါ၏။ :D

မာ့ခ် said...

seems like he is back :D

မာ့ခ် said...

bottleneck ဆိုတာ အဝင်ဝက နဲနဲကျဉ်းနေတာကိုပြောတာထင်တယ်။ တလွဲမတွေးပါနဲ့ :P

မီယာ said...

အရမ်းစိတ်ပျက်တဲ့ မျက်နှာကိုမှန်းကြည့်လိုက်တယ်။ သူ့ကိုအဲ့ဒီလို စိတ်လှုပ်ရှားမှုတွေ နေ့တိုင်းပေးနိုင်တဲ့ တို့မမကွ။

Dr. Yi Yi Win said...

ပုလင်းလည်ပင်းတော့သိပ်မသိဘူး။ မီးမီးတို့ ကချာဝန်ဆိုတော့လေ..ဟိုဟာတော့သိတယ်။ ပုလင်းဖင်ကိုပြောတာ။ အဲဒါကမျက်မှန်ထူထူကိုပြောတာလေ။

ksanchaung said...

(Bottleneck) (Traffic) (Bandwidth) (Utilization) သားတို့ သိပ်ကြောက်တဲ့ စကားလုံးတွေပေါ့။ အန်တီလုပ်မှပဲ ရယ်စရာတွေ ဖြစ်ကုန်တော့တယ်။ မှတ်သားသွားပါသတဲ့။

Anonymous said...

Broadcast strom ဆိုတာလေး ထပ်ထဲ့လိုက်ပါအုန်းရှင့်

ဖိုးဂျယ် said...

မမkomကတော့ ရှာရှာဖွေဖွေ ရှာတတ်ပါ့
တားတို့လဲ ဗဟုသုတရအောင်
ဝင်ကြည့်သွားတယ်

Steve Evergreen said...

Sorry I dont get it. maybe you are making a joke.:) But we must avoid young chaps misleading

In Burmese language, people use it when they long for someone to return or to see, waiting for a long time. In that situation, they use this word as if they neck would get longer after checking outside through windows repeatedly.

Bottleneck is different meaning. I think a few people have explained above. Yes, meainng like obstruction, jam, as far as I know.

Sorry I dont mean to ruin your feeling :)

သက်ဝေ said...

ဒီနေ့ တော့ ဗဟုသုတ ဖြစ်စရာ
စာတစ်လုံး တိုးလေပြီ...
ကျေးဇူးပါ မမရေ..

Dream said...

ကျောဖူး.. အတေတက်... ဟတ်ဟတ်... :P :P

မောင်ပိစိ said...

ဟီးး ပုလင်းလည်ပင်း :P
အမ်မားကလဲ ရှေ့က စာကြောင်းလေးတွေပါ ထည့်မှပေါ့
မီးနင်းတွေ က အများကြီးပဲ ဟာကို :D :D

မာ့ခ် ရေးသွားတာ သဘောကျတယ်...
ဟိဟိ :P

Anonymous said...

စိတ်ချမ်းသာသလိုလုပ်ပါ =)

Snip said...

yae . but as far as I know burmese and English bottle neck have different meaning and usage... nearly opposite pleasing

Moe Cho Thinn said...

မမက လိုရာဆွဲပြီး kmsl ရဲ့ အချစ်ကို ပုလင်းထဲ ထည့်လိုက်တဲ့ သဘောပါ :D
လှတဲ့ သင်းထုံ

အလင်းစေတမန် said...

ဟီး သိဘူး ဖြေပြ။

Anonymous said...

ဟိ.... ခပ်ဝါးဝါးတောင်မသိလို့ ဝင်မဖြေတော့ဘူး... မမန့်ရမနေနိုင်လို့ မန့်သွားတယ် :P

ဒီဇင်ဘာနှင်း said...

မမကမေးခွန်းထုတ်မှပဲ အဖြေကိုသိတော့တယ်။ဟိုနေ့ကလေ စာဖတ်ပြီးတော့ စဉ်းစားလိုက်တာ ဆံပင်တောင်ဖြူတော့မယ် မမ ရေ

ရွှန်းမီ said...

ဟီး.. ညီမက လည်ပင်းညောင်ရေအိုး ဆိုတာကို မရှင်းတာ..
ရှင်းပြပါဦး။

NangNyi said...

အော် လတ်စသတ်တော့ ဂလိုကိုး

သက်တန့် said...

မမKOMရေ...
oင်မမန့်ရင် သေချာသိတဲ့သူလို့ ထင်မှာစိုးတဲ့အတွက်ကြောင့် ၀င်မန့်သွားပါတယ်...
ဘာရယ် ညာရယ်တော့ မဟုတ်ပါဘူး...
ဂလိုပါပဲ... :P

Anonymous said...

It's from the Management Book named "The Goal". Story background is about the factory. Newly elected manger need to produce the mass products in short time line. So, he need to find where is the bottleneck is!! the rest is please enjoy in the book. It's really good book. It is OLD but nearly all management people know this.