နောက်တစ်ခု ကိုယ့်မီဘ ချမ်းသာတဲ့သူများ .. ပိုက်ဆံရှိတဲ့သူများ။ အများဆုံးမှားတတ် တဲ့ အြ့ပူအမူ အလေ့အထ တစ်ခု..တစ်ဦးတည်း သောသား များမှာ ပိုဖြစ်တယ်။ ဒါမှ မဟုတ်လည်း အကြောင်း အမျိုးမျှိုးနဲ့ လူကြီး မိဘ အမွေကို ရနိုင်ခွင့်ရှိသူများ မှာ ယေဘုယျ အားဖြင့်အဲဒီ အမျှားကို ကျူးလွန်တတ်ကြတယ်။
အနီးဆုံးဥပမာ. ကိုယ့်အဖေ..သားအကြီးဆုံး အလိမ်မာ ဆုံး မိဘ ကို ပိုက်ဆံ အထောက်ဆုံ့းဖြစ်တဲ့ အပြင်။ သား သမီး မရှိတဲ့ ဦးလေး လင်မယားက လည်း သားအဖြစ် မွေးစားထားသေးတယ။် ကဲဒီ အမွေ မြေကြီး ..တို့။ ဘားလမ်း တိုက်ခန်း တို့ဟာ သူအပြင်ဘယ် သူရဘို့ရှီသေးလဲ သူ စဉ်းစားလား သူမစဉ်းစားလား မသိ. ။ အဖေဟာ ဘာကို မှ မဝယ်သွားဘူး..။
အမေ့အမေ ဘက် က အမွေ ရတော့ ဟိုခေတ်က မော်တော် ကားကြီ့းကိုဝယ် စီးတယ်။ မြို့ပိုင် နယ်ပိုင် ဆို တော့လဲ သွားလေရာမှာ အိမ် ကြီးကြီး ရှီတယ် ဆိုတော့ အိမ် ဟာ သူ့အတွက် ပူစရာ မဟုတ်ခဲ့ဘူး။ ကဲ. ပူတာအိုသွားမယ် ဆိုတော့ မော်တော်ကားကို ညီလေး က အစ်ကိုရယ် ကျွန်တော့်ကို ပေးထားခဲ့ ကျွန်တော်ကြည့်ပေးထားမယ် လို့ဆိုတယ်။ ..ပေးထားခဲ့တယ်။ အဖေ ပူတာအို ..နဲ့ မိုးညှင်း ကနေ ပြန် လာတော့ မော်တော်ကား က ဂျုံးဂျှူံးကျနေပြီ.. လမ်းသွားရင်းနဲ့ ပြင်ရတာ ခဏခဏ..နောက်ဆု့းင်္ သားသမီး များက လည်း အရွယ်ရောက်လာ တက္ကသိုလ် စရိတ် တွေ ကလည်းကြီးလာ..အစိုးရအိမ် မရခင် အိမ်ငျှားနေ တော့ စရိတ် ကလည်းတက်.။ ကားကို ရောင်းတာလည်း ဘယ်လောက် မှ သိတ်မရတော့ ဘူးထင်တာဘဲ။
သူမျော်လင့်တယ်လီု့ ကိုယ်ထင်မိတဲ့ အဖေ့မိဘ မြေကြီး ကလည်း သူ့အမေ က သားရယ် သားညီမ နှစ်ယောက် ကသမီး မိန်းကလေးတွေ အမေ ပေးလိုက်တော့မယ် ဆိုောတ့လည်း လိမ်မာတဲ့သားကြီး ဘာ ပြောမလဲ။ ပေးလိုက်ပါ အမေ ပေါ့။ မွေးစားအဖေ ဦးလေး က လည်း အဒေါါ် ဆုံးတော့ နောက် အိမ်ထောင်ပြူ.. ဦးလေ.းမဆုံး ခင်မှာဘဲ ဘားလမ်း တိုက်ခန်းကို ရောင်းလို့ ဒေါပုံ ပြောင်းနေကြတယ် ။ အဖေ မျော်လင့်သလား. မမျော်လင့်သလားမသိ.. ။ ဘာ မှ မရခဲ့ဘူး။ အစိုးရပေးတဲ့ အခန်းမှာဘဲ နောက်ဆုံး အချိန် ထိ နေခဲ့သွားတယ်။ အရာရှိကြိး တစ်ဦး ဟာ မြေတစ်ကွက် တောင် မဝယ်ထားခဲ့မိဘူး။
ကိုယ့်အဖေ ပင်စင် ယူတော့အစိုးရအိမ် ကနေ ဖယ်ရမလိုဖြစ်တယ်။ မိသားစုဝင် တစ်ယောက် က အစိုးရ အလုပ် လုပ်ရင်တော့ နဲနဲကြည့်ရှူ ပေးနိုင်တယ် ဆိုလို့ စာသိတ် တော်တဲ့ ကံမကောင်းလို့ ဆေးကျောင်း နဲ့ လွဲသွားတဲ့ ကိုယ့်အစ်မအလတ် မဟာ .. ရာဇူး chemistry မှာ Msc တက်ခွင့်ရရဲံသားနဲ့ မိသားစုကို ငဲ့ပြီး အလုပ်ခွင် ကို အသက် ကလေးငယ် ငယ်နဲ့ဝင်ခဲ့ရတယ်။
အဖေဟာ ခေတ်ကောင်းလား ကောင်းကောင်း မှီခဲ့ပါတယ။် ဘာမှ မရှိဘူး လို့ကိုယ်တီု့ယူဆခဲ့တဲ့သူ့ညီ ကိုယ့် ဦးလေး ဟာ သင်္ကကျွါန်း ဘက်မှာ မြေလေးတစ်ကွက် ကို မြန်မာငွေ သုံးရာ နဲ့ ဝယ်ခဲ့တယ်။ အခု အတော် ဈေးရှိရုံ့မက သူ့တသက်တင် မက အခု မြေး လက်ထက် မှာပါ မပူမပင် နေနေရရဲ့၊ သူဝယ်ထားတဲ့ မြေဟာသူ့မြေပေါ့ ။ .အစိုးရအိမ် ဆို တာ အလုပ်လုပ်တဲ့ကာလမှာ ဘဲ နေခွငှ်ုရှိတယ် ဆိုတဲ့သဘာဝကို နားလည်ခဲ့ဘို့လိုတယ။်
မှတ်မိတတ်ရင် ပညာယူတတ်ရင် ဖတ်သမျှ.စာတွေ ထဲက ပညာယူလီု့ရနိုင်တယ။် သော်တာဆွေ စာအုပ်ဟာ ပညာရှိ စာအုပ်ကြီးဘဲ။ ပညာတွေ သူ့စာအုပ်အထဲမှာ အများကြီးရှိတယ်။ ယူတတ် ဘို့တော့လိုတယ်။
မှတ်မိမလား..သော်တာဆွေ ..မေနဲ့ အိမ်ထောင်ပြူပြီး ခုနစ်မိုင် ရွာတန်းရှည် ကလေး မှာ တစ်လ အစိတ် နဲ့သွားပြီး ငှားနေကြတယ။် အဲဒီ အိမ် ကလေးကို သူတို့သိတ်ကြိုက်တယ်။ မိုးကုတ်မြမောင်တို့ အားလုံး လာလာပြီးစတည်း ချကြတယ။် သူတို့သိတ်ပျော်ခဲ့ကြတယ်။ မိုးကုတ် မြမောင် ဆိုတာ ငွေ ကို ရေလိုသုံးသူ မက လေ လိုသုံးသူ လို့ပါ နာမည်ကြီးလောက်အောင် ချမ်းသာပါတယ်။

အဲလိုနဲ့နေလာရင်း သော်တာဆွေ တို့ အဲဒီ အိမ် ကလေး ကို ဝယ်ချင်လာတယ်။ တီးခေါက်ကြည့်တော့ အိမ်ရှင် ကလည်း ရောင်းချင်တယ် လို့ သတင်းရတယ် ။အဲလိုနုဲ့ သော်တာဆွေ စာမျုခ မျာများလေး ရတဲ့ တစ်နေ့မှာ အိမ်ရှင်နဲ့စကားပြောဖြစ်တယ်။ အိမ်ရှင် က တစ်ထောင့်နှစ်ရာ တောင်းတယ်။ (နဲနဲတော့ လွဲနိုင်တယ် အလွတ်ပြောတာမို့လုီ့ ခွင့်လွတ်ပါ) သော်တာဆွေ ကစဥင်္်းစား ပြီး ပေးမယ် ဗျာ ဆိုပြီး ဈေး ပြောပြီး ပြန်လာခဲ့ကြတယ်။ မေ ကတောင်.. မောင်ရယ် နဲနဲ လောက် ဆစ်ပါဦးလေား ဆိုတာ ကို သော်တာ ဆွေ က အို..မေ ကလဲ ကိုယ်တို့လဲ ပိုက်ဆံရှိနေတာဘဲ သူ တို့စိတ်ချမ်းသာ ပါစေ ဆိုပြီးတော့တောင် ပြောလိုက်သေးတယ် ။
နောက်နေ့လဲကျ ပိုက်ဆံလည်း သွားချေရော အိမ်ရှင် က အားနာနာနဲ့ အစ်ကိုရယ် ကျွန်တော် တို့ တစ်ထောင့်ငါးရာ ရမှ ရောင်းနိုင်မယ် လို့ ပြောတော့သော်တာဆွေ ကစိတ်ဆိုးပြီး စကားကိုဒီ လို ပြောင်းပြော တာ မကြိုက်ဘူးဆိုပြီး မဝယ်ခဲ့တော့ဘူး။. အဲဒါမှန် ပေမဲ့လဲ ကံကမကောင်းတော့ အမှား ဖြစ်သွားတယ် သူ့ဘဝ မှာ အချို့သော အခက်အခဲတွေ နဲ့ရင် ဆိုင်ခဲ့ရတယ် ။

အဲဒီ မြေကြီး ကိုမဝယ်ဖြစ်တဲ့ အချိန်မှာဘဲ ကံကောင်းတယ် ဆိုရမဲ့ တချိန်မှာ ကံမကောင်းဘူး လို့ ဆိုရမဲ့အဖြစ်နဲ့တွေ့တယ်။ ဘာလဲဆိုတော့ အဲဒီ အချိန် မှာ သူ့ညီ ဗိုလ်မှူးက အစ်ကို့အတွက် ကျွန်တော် အိမ်ဆောက် ပေးထားတယ် ဆိုပြီး မနီးမဝေးမှာဘဲ အဲဒီခေတ် က တစ်သောင်းခွဲ တန် အိမ် ဆိုတာ ကို သူမသိအောင် ဆောက်ပေးထားပြီး သူ့ကိုပေးနေပါတယ် ။ အဲဒီမှာ ညီအစ်ကိုချင်း မရှင်း ဖြစ်သွားတာ က အပိုင်ပေးတာလား.။ ခဏပေးနေ တာ လား ဆိုတာ စာအုပ်ထဲ မှာ ရေးထားတာ မသဲကွဲလိုက်ဘူး. ။ အဲလိုနဲ့ အဲဒီ အိမ်မှာ သော်တာဆွေ ဟာ နှစ်ပေါင်းများစွာ နေ ခဲ့တယ်။ အဲဒီတော့သူလဲ ဘဲ အိမ် ထပ်ဝယ်ဘို့ မကြိုးစားခဲ့ တော့ ဘူးလို့ယူဆရတယ်။ ပြီးတော့ သူအင်းစိန်ကို ပြောင်းတာ ကတော့ဖတ်ဘူး ကြပြီးပြီ လို့ယူဆပါတယ။် အားလုံး စာသမားတွေ ချည်းတွေ ဘဲဆိုတာ သိပြီးသားပါ။
အဲဒီ တစ်ထောင့်ငါးရာ မြေကြီးနဲ့ အိမ်ကလေး ကိုသာဝယ်ဖြစ်ခဲ့ရင် သော်တာဆွေ အသက်ကြီးလာတဲ့ အချိန်မှာ နဲနဲ ခွဲခွဲရောင်း သွားပြီး ထမင်းလေး စားသွားလို့ရတယ် ။ ယပ်ကလေးတောင် ခတ်နေ လို့ရ သေး တယ။် ခုနစ်မိုင် မှာပါ။ သဘောပေါက်။
ဆိုလိုချင်တာက ကိုယ့်မိဘ..မှာ ရှိခဲ့လည်း ကိုယ့်ဘာသာ ကိုယ် နေစရာကို ဖန်တည်းထားရမယ်။။ မိဘ ဆီ က မမျှော်ပါနဲ့ ။
တို့သူငယ်ချင်း သဘောင်္သား.. ဆရာဝန်ကြီး လင်မယားရဲ့သား.။ အတော်လေး ချမ်းသာပါတ။်ယ် အင်းယားလမ်း..နဲ့ ရွေတောင်ကြားမှာ မြေ သုံ့းကွက် ရှိပါတယ။် သားသမီး သုံးယောက်ဘာ ပြော ချင်သေးလဲ..တစ်ယောက်တစ်ကွက် သေချာသပေါ့။။ အေးအေးလေး နေရုံပါဘဲု လို့ထင်သလား မထင် သလား မသိတဲ့သူငယ်ချင်းဟာ မြေကွက် မဝယ်ပါဘူးး ကွန်ဒို ဘဲဝယ်ပြီးနေပါတယ။် အခုလားး.. အိမ်ပေါ်တောင် မတက်ဖြစ်ပါဘူး..သူရဘို့ မရဘို့ မရေရာတော့ပါဘူး။
ဆိုလိုချင်တာ ကတော့ကိုယ့်ရှိမှ ကိုယ်ရမယ် ဆိုတာကိုပါ။ အမြဲဘဲ ကိုယ့်ဘာသာ ကိုယ်ဝယ်ဘို့စဉ်းစားပါ။ မိဘ အမွေ ဆိုတာ ရချင်မှလဲ ရမယ်။ မရချင်လည်းမရဘူး။။ တို့အဖွားအပျိုကြီးတွေ အတွင်းပစည်း တွေ ကို တူမတွေ ကိုကျော်ပြီး ချစ်တဲ့ အတူနေမြေးမ တစ်ယောက် ကို ပေးခဲ့တယ။် တူမတွေ အားလုံး စိတ်ညင်္စ် သွားအောင်လုပ်ခဲ့တယ်။ ဒါတွေ ကိုစဉ်းစားရပါမယ်။။

35 comments:
စိတ်ဓါတ် အမွေ ရရင် ပြီးတာပါပဲဗျာ
ATN
စီမံခန့်ခွဲမူများကို ဖတ်သွားပါတယ် ။ စောင့်ဖတ်လျှက်။
အင်း။ အမေတို့လည်း အရင်က စိန်တွေ ရွှေတွေ မဝယ်ဘဲ ငွေစုစာချုပ်တွေချည်း ဝယ်ခဲ့တာ Inflation နဲ့ ဆိုတော့ စုထားသမျှ ဘာမှ အဖတ်မတင်ဘူး။ ဒီလိုပဲ ပြင်ဦးလွင်က မြေကွက်တစ်ကွက် လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ရောင်းလိုက်တာ တစ်သိန်းပဲ ရတယ်။ အခု အဲဒီနေရာက ရာကျော်တန်နေပြီ။ မြေဆိုတာတော့ ရှိရင်မမှားဘူး ထင်ရတာပဲ။
မမဆိုလိုချင်သလိုမျိုးပဲ.. သဘောပေါက်ပြီးကြတဲ့ သူတွေကတော့ လူလည်းမနေ.. လူငှားလည်း မထားပဲ..မြေကွက်တွေ..တိုက်ခန်းတွေ..ကွန်ဒိုတွေ..
အိမ်ယာတွေကို.. ကိုယ့်သားသမီး တွက်တင်တောင်မကဘူး.. မြေးမြစ်တီတွတ် အထိတောင် စဉ်းစားပြီး ရင်းနှီးမြှပ်နှံမှုတွေ လုပ်နေကြတယ်..။
မမပြောတာမှန်တယ်..။ ဒါမျိုးတွေ တွေ့ဖူးတယ်။ ပင်စင်ယူပြီးမှ ..နေစရာမရှိတာတွေ။ အနည်းဆုံးတော့ နေစရာ..တနေရာလေးတော့ ပိုင်ဆိုင်ဖို့ ကြိုးစားသင့်ပါတယ်..။
တော်ရှာပါတယ် မမရယ်
ပညာပေး ဗေဒင် - စုံထောက်ကျော် မမ
ဟုတ် ဟုတ် ဟုတ်ကဲ့ မမဂွိ။ ကိုဇနိကို မြေဝယ်ခိုင်းရမယ်။ မြေမပါဘူးလား။ မပါလို့ကတော့ လာရာလမ်း ပြန်ကြွပါ ကိုဇနိလို့ ပြောပစ်လိုက်တော့မယ်။
လာရာလမ်းက ပြန်ကြွပါတဲ့မမ လုပ်ပါဦး မမသင်ပေးတာနော် မမကြောင့် ပြန်စည်းရုံးပေး
မမရေ မိဘအမွေ ပစ္စည်းဥစ္စာဆိုတာ ထိုက်မှ ရတာမျိုးပါ။ မျှော်လင့်ကောင်းတဲ့ဟာ မဟုတ်ဘူးလို့ ယုံပါတယ်။ မိဘ ရှိတာ ကိုယ်ရှိတာမဟုတ်လို့ ဘယ်တော့မှ မျက်စောင်းတောင် မထိုးခဲ့ဘူး။
မမက လူကြီးတယောက်လို ဆုံးမတာ နားထောင်ရမှာပေါ့။ ပစ္စည်းဥစ္စာဆိုတာကလဲ ကိုယ့်ဖာသာကိုယ် ၀ယ်မယ်ဆိုတာတောင် ကိုယ်နဲ့ ထိုက်မှ ရတာလို့ ထင်မိတယ်။ မမပြောသလို ဆရာကြီးသော်တာဆွေ လိုပေါ့၊ ၀ယ်မယ် ဆုံးဖြတ်ထားတာတောင် မထိုက်တော့ မ၀ယ်မိပြန်ဘူး။ အဲဒီတော့ ကိုယ်အဆင်ပြေရင် ကိုယ်နဲ့ထိုက်ရင် ၀ယ်မိမယ်၊ အဆင်မပြေတော့လဲ ကိုယ်နဲ့ မထိုက်လို့ ဆိုပြီး အေးအေးပဲ နေချင်ပါတယ် မမရယ်။ ချိုသင်း အမြင်ပြောတာပါလေ။
ဖတ်ပြီးသားမှန်း သိပေမယ့်....
:D
၁။ http://www.scribd.com/doc/11472260/Thaw-Dar-Swe-Life-Part-1
၂။ http://www.scribd.com/doc/11472275/Thaw-Dar-Swe-Part-2
အမေတစ်ယောက်ကဲ့သို့ချစ်ခင်ရတယ့် အမေကွန်ရဲ့
ဆိုဆုံးမမှူ့များကိုဖတ်ရှုပြီးသံဝေဂရမိပါတယ်။
(အမေကွန်ရဲ့ Management များကို စုစည်းပြီးတက်ကျမ်းထုတ်ချင်တယ့် str)
အမေ့ကို သရက်ပင်လေးစိုက်ပါလားလို့ ပြောမိတာ ငါစားရမှာမှ မဟုတ်ပဲ တဲ့။ အဖွားကလည်း ဘုရားပေးမယ် ဆိုပြီး ဘာမှ မထားခဲ့ဘူး။ ကိုယ့်အားပဲ ကိုယ်ကိုးသင့်ပါတယ်။ အမွေဆိုတာ မမျှော်လင့်အပ် ပါဘူး။
အမ ကွန်ရေ ....
ဟုတ်ပါ့ဗျာ၊ အမွေကုဋေရှစ်ဆယ်ရတဲ့ သူဋ္ဌေးသားလို မိဘရဲ့ အမွေအမြောက်အမြားရခဲ့ပေမယ့် တိုးပွားအောင် မလုပ်ပဲ ထိုင်စားနေရင်၊ မစီမံမခန့်ခွဲတတ်ရင်၊ အမျှော်အမြင်မရှိခဲ့ရင် အမွေစားအမွေခံရဲ့ လက်ထက်မှာ တက်တက်စင်ပြောင်နိုင်တာပါပဲဗျာ။
နောက်တစ်ခုရှိပါသေးတယ် ကျွန်တော့် အမြင်ပေါ့ ဟိုးအရင်ခေတ်က လူကြီးတွေရဲ့ အမြင်နဲ့ သူတို့ စီမံခဲ့ကြတာတွေ က အခုခေတ်မှာ လွဲနေတတ်ကြတာကို အခုပိုစ့်မှာ မြင်နေရတယ်။ (ဥပမာပေါ့- မြေ၀ယ်တဲ့ကိစ္စ၊ ကားရောင်းလိုက်တဲ့ ကိစ္စ စတာတွေပေါ့) ဘယ်နေရာက ဘယ်လို အကျိုးရှိမယ်၊ ဘယ်လို စီးပွားဖြစ်မယ် ဆိုတာတွေကို သူတို့ မသိ၊ အမျှော်အမြင်မရှိခဲ့တာတော့ မဖြစ်နိုင်ပါဘူး အမကွန်၊ ခေတ်တစ်ခုနဲ့ တစ်ခု ကူးအပြောင်းမှာ မထင်မှတ်တဲ့မြေနေရာတွေ၊ တိုက်ခန်းတွေ၊ ပိုင်ဆိုင်မှုတွေက ဈေးကွက်ဝင်၊ ရေပန်းစားတတ်တဲ့နေရာတွေ ဖြစ်လာတာမျိုးကျတော့ ဖြစ်လည်း ဖြစ်တတ်သလို အဲဒါက သိပ်ကို ပြောရခက်သွားတဲ့ အခြေအနေတစ်ရပ်လည်း ဖြစ်သွားတယ်ဗျာ။ ကျွန်တော့်အထင်ပြောရရင် အရင်ခေတ်တွေတုန်းက အခုခေတ်တွေလို IT ခေတ်၊ နည်းပညာခေတ်၊ မီဒီယာ၊ သတင်းအချက်အလက်ခေတ်တွေလို အမြင်ကျယ်မှုတွေ မရှိသလောက် နည်းပါးနေပြီး၊ Management နဲ့ ပတ်သက်မှုအပိုင်းတွေကို လက်တလောစားဝတ်နေရေးပြေလည်စေမယ့် အပိုင်းတွေနဲ့ အစားထိုးခဲ့မိလို့ဆိုတာကို တွေးထင်မိတယ်။ Plan အတွက် လုပ်ရမယ့် အမြင်တွေ နည်းခဲ့လို့လို့ ယူဆမိတယ်။ တကယ် Do တဲ့အခါကျတော့ အခက်အခဲဖြစ်စေတာလို့ ထင်မိပါတယ်။ အပြစ်တင်တဲ့ သဘောမျိုးမဟုတ်ပဲ သုံးသပ်ကြည့်မိတဲ့ သဘောပါ။ စံချိန် စံညွှန်းတွေ ကျသွားတဲ့ အတွက်လည်း ပါမယ်ခင်ဗျ ... ။
အခု ဒါတွေကို ကျွန်တော်တို့ သင်ခန်းစာယူပြီး နောက်အရှည်အတွက် မျှော်မြင်မှုနဲ့ ကွက်ကျော်မြင်တတ်မှုတို့ အရေးတကြီးလိုအပ်နေပြီလို့ သဘောပေါက် နားလည်လိုက်မိတယ်။ ဒါပေမယ့် အနာဂတ်မှာ ဘာတွေ ဆက်ဖြစ်လာဦးမယ်ဆိုတာကတော့ ဘယ်သူမှ မသိနိုင်သမို့ ခန့်မှန်းတွက်ချက်ပြီး အနီးစပ်ဆုံးတော့ ကြိုးစားဦးမယ်ဆိုတာကိုလည်း နောက်ဆက်တွဲ သဘောထပ်ပေါက်မိပါတယ်။
အခုပိုစ့်စီးရီးအတွဲကိုတော့ တော်တော့်ကို အားရမိတယ်၊ အားပါးတရလည်း ဖတ်မိသလို၊ အားပါးတရလည်း မန့်မိတယ်၊ အခုလို သုံးသပ်ပြနိုင်တဲ့ အမကွန်ကိုလည်း လေးစားပါတယ်။ တကယ် ကြိုဆိုတယ်ဗျာ၊ အခုလို ပိုစ့်နောက် 4,5,6,7 ထက်မက နောက်ထပ်လည်း ရေးပါလို့ တောင်းဆိုလိုကပါတယ်။ သဘောကျတယ်ဗျ ... ။
ခင်မင်လေးစားလျှက်
ပိုနက်နဲလာပီ၊၊ မဂွိစ် အရေးအသားတွေ သဘောကျနေတယ် ၊၊ မှတ်ပီ ၊၊
မမရေ....
တကယ်ပဲ မှတ်သားစရာတွေပါတယ်....။
ရေးချက် သိပ်သိပ်မိုက်...။ ချပြထားတာ တော်တော်ထောင့်စေ့တာပဲ... အေးလေ ဒါကြောင့်လဲ.. မKOM ကြီးရယ်လို့ ဟိုးဟိုးကျော်ပေသကိုး။
ဆက်ဆွဲပါအုံးဗျို့...
Management တွေ အတွဲ လိုက်ကြီး လာဖတ်သွားတယ်.....
မှတ်သား စရာလေး တွေ..
တရား ရစရာလေးတွေ နဲ့..
အတော် ကောင်း တဲ့ဆီးရီးစ် လေးပါ..
ကံ ..ကံ ၏ အကျိုး ကလဲ..ရှိသေး သပေါ့နော်...
နောက်လဲ ဆက်ရေးပါ အုံး..
အစ်မ kom .. ..
Lecture လာလိုက်ပါတယ်။ ကို့စ် ကုန်ရင် pdf နဲ့ download လုပ်ချင်ပါတယ်။
လေးစားလျက်
ဝင်းဇော်
အစ်မ ဒီတစ်ခါတော့ ရေးဖြစ်သွားပြီ
သိပ်ကောင်းတာပဲ
ဒါမျိုးက ဘယ် MBA Course မှာမှ မပါနိုင်တာတွေ
သိပ်လဲ ကျေးဇူးတင်ပါတယ်
မွေခံထိုက်စေ ဆိုတဲ့ စကားရှိတယ်လေ...
ကိုယ်ပိုင်လုပ်အားဖြင့် ရထားသော အရာသည်သာ မိမိ၏ ပိုင်ဆိုင်မှုသာဖြစ်သည်။
မှတ်သားစရာများ...မှတ်သွားပါ၏။
ကျွန်တော် ငယ်ငယ်က။ နှစ်တန်းသုံးတန်းလောက်လို့ ထင်တယ်။ ပါရမီ မဉ္ဖူလမ်းမှာ ပေတစ်ရာပတ်လည် မြေတစ်ကွက်ကို ရောင်းချင်လို့ ကျွန်တော့်မိဘတွေကို လာစပ်တယ်။ တစ်သိန်းနဲ့ပါ။ နောက်ဆုံး ကိုးသောင်းခွဲအထိ ဈေးလျှော့လာတယ်။ ခက်တာက လက်ထဲမှာ ကိုးသောင်းပဲ ရှိလို့ အဖွားက ငါးသောင်းထုတ်ပေးတယ်။
ဇာတ်လမ်းဆုံးတော့ မ၀ယ်ဖြစ်ဘူး။ ပတ်ဝန်းကျင် လူမသန့်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။ ရာထူးရာခံတွေနဲ့ အရမ်းအဆင်ပြေနေချိန်ဆိုတော့ မိဘ(ကျွန်တော့်အဖွား)ဆီ အကြွေးမယူချင်တာလည်း ပါတယ်။ ထုံးစံအတိုင်း ကားဝယ်စီးလိုက်တယ်။ ဒါပါပဲ။
When I read this post, I feel like that my parents are guiding me.
Thanks a lot
ကျုရှင်လာတက်တာ ။ သေချာမှတ်သွားပါတယ်။
မခင်ဦးမွန်၊ လာမေးထားတဲ့၊ ပိုက်ပိုက်တွေ ဘာနားမှာထားလဲငှင်၊
ဘယ်နားမှာထားလဲဆိုတော့ “လျှို့ဝှက်”။
မြန်မာပြည်မှာ နှစ်ကိုယ်တူအိမ် ဆောက်မလို့၊
မြေဘိုးတောင် မပြည့်သေးဘူး၊
အမနဲ့သာ စောစောသိရင်၊ စောစော စုမိမှာပေါ့။
ခုတော့........
စုတုန်း ...စုတုန်း။
တက်ကျမ်းတွေကို လာဖတ်တယ် ....
မှန်ဧ။် ထောက်ခံဧ။်... The meaning of PhD is one has done a lot of reading. That's my definition though... Surly, you agree with me right? Keep it up sis.
မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်တဲ့။
တိုက်တာတွေအမွေပေးမယ့်လူတော့ ရှိဘူးရယ်။
တယ်ဟုတ်ပါလားဂျီးဒေါ်ရ.. အတော်ရေးနိုင် တွေးနိုင်ပါပေတယ်.. မှန်ပါတယ် မိဘမှီခိုအားကိုးနေလို့ မဖြစ်ပါဘူး။ မိဘချမ်းသာသာ၊ ဆင်းရဲရဲ ကိုယ်ကပဲ မိဘကိုထောက်ပံ့ချင်တာ.. ကိုယ်ကပဲလုပ်ကျွေးချင်တာ မိဘဆွေမျိုးမောင်နှမဆီက မျှော်မနေချင်ဘူး။ ကိုယ်ကပဲ ဖြစ်နိုင်ရင် တစ်မျိုးလုံးကို ထောက်ပံ့ချင်တာလေ။
အဖြစ်ကတော့ ပြောချင်တော့ဘူး အနာဟောင်း တွေ ဒုတ် နဲ့ တင် မဟုတ်ပဲ သေသေ ချာချာ မီးညှပ် နဲ့ပါ ဆွနေသလို ခံစား သွားရတယ် ဟီး ဟီး ..။
လာရောက်ဖတ်မှတ်သွားပါတယ်မမ။
ဖတ်တော့ ဖတ်ဖြစ်ပါတယ်။
သားတို့က အဲဒီလောက် မချမ်းသာတော့လည်း
:P
Management ကပိုမိုနက်နဲ၊နက်ရှိုင်းလာလို့နောက်ဆက်
တွဲတွေမြန်မြန်ဆက်ရေးပါဗျို့ အမေကွမ်(ဒေါ်ချိုပြုံးအား
မေချို ဟုခေါ်သကဲ့သို့ခေါ်နိုင်ပါသည်)
တို့များမှာတော့ စုဖို့ဝေးလို့ အသုံးသမားမို့ မျက်နှာငယ် ငှယ်..ငှယ်...
မမရေ အခုမှ စ,စုရင်ကော ရသေးလားဟင်?
သားသားလေးနှစ်ယောက်ကိုကော စုပြီးသားစာရင်းထဲ ထည့်လို့ရမလား? (ဖြတ်လမ်းလေးများ လိုက်လို့ရမလားလို့ပါ။)
သားတို့ကို အမွေလေးတော့ ပေးချင်သား။
မမရေ… သိပ်တန်ဖိုးရှိတဲ့ ပို့ စ်လေးတွေပါ… ဟုတ်တယ်နော်… ကျွန်မလဲ သားလေးတယောက်ထဲရှိပေမယ့် သူ့ ဆီက ဘာမှ မမျှော်ကိုးဘူး… ယောင်္ကျားကို အခုထဲက ပြောထားတယ်… အိုစာမင်းစာလေး ကိုယ့်ဘာသာစုထားမှလို့ …
အခုခေတ်မှာ နေစရာ ဖန်တီးဖို့ ကလည်း တော်ရုံတန်ရုံ ၀င်ငွေနဲ့ က မရလေတော့ အမ်းမားရေ ရွာထိပ်က ညောင်ပင်အောက်မှာပဲ အဖီလေးထိုးနေရမလို ဖြစ်နေပြီဗျ။ အမွေကတော့ သိတတ်စကတည်းက လုံးဝကို မမျှော်လင့်ဖူးပါဘူးဗျာ။ ကိုယ့်အားကိုယ်ကိုးပါပဲ။
Post a Comment